သီးခြားလွတ်လပ်သော စာရင်းစစ်အဖွဲ့
သီးခြားလွတ်လပ်သော စာရင်းစစ်တစ်ဦးသည် ကုမ္ပဏီ၏ တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်များကို စာရင်းစစ်ရန်အတွက် တာဝန်ရှိသည်။ ဆိုင်ရာငွေစာရင်းစံညွှန်းနှင့် စာရင်းစစ်လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရေးထုတ်ပြန်ချက်များ မှန်၊မမှန် သင့်၊မသင့်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်ပေးနိုင်သည်။
ဘဏ္ဍာရေးဆိုင်ရာ စာရင်းစစ်နှင့် တစ်နှစ်တာ စာရင်းစစ်ရလဒ်များနှင့်ဆိုင်သော အပိုင်းကို စာရင်းစစ်ကော်မတီက ပြန်ဆန်းစစ်ရသည်။ သီးခြားလွတ်လပ်သော စာရင်းစစ်၏ ဓမ္မဓိဋ္ဌာန်ကျကျ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ခြေအလားအလာရှိသည့် မည်သည့်ဆက်ဆံရေးမဆို (သို့) ဝန်ဆောင်မှုမဆို စာရင်းစစ်ကော်မတီနှင့် ဆွေးနွေးနိုင်သည်။ သီးခြားလွတ်လပ်သော စာရင်းစစ်သည် ဘဏ္ဍရေးစာရင်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဖော်ပြထားသော မည်သည့်ကိစ္စများမဆို (သို့) ရင်ဆိုင်ရသော မည်သည့်အခက်အခဲများမဆို ၎င်းကို စာရင်းစစ်ကော်မတီနှင့် ဆွေးနွေးနိုင်သည်။
KPMG သည် 2000 ခုနှစ်ကတည်းကစတင်ကာ Huawei ၏ လွတ်လပ်သော စာရင်းစစ်ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။