ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဒါရိုက်တာဘုတ်အဖွဲ့

ဒါရိုက်တာဘုတ်အဖွဲ့၏ အကြောင်းအရာ

ဒါရိုက်တာဘုတ်အဖွဲ့ (BOD) များသည် ကော်ပိုရိတ်မဟာဗျူဟာ၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် သုံးစွဲသူစိတ်ကျေနပ်ရေးအတွက် ဆုံးဖြတ်ချက်ချသော တာဝန်အရှိဆုံးသူများဖြစ်သည်။ BOD ၏ ရည်မှန်းချက်မှာ ကုမ္ပဏီိရှေ့သို့တက်လှမ်းနိုင်ရန်ဦးဆောင်ရန်ဖြစ်သည်။ BOD သည် လုပ်ငန်းလည်ပတ်မှုအလုံးစုံကို လမ်းညွှန်၍ ကြီးကြပ်ကွပ်ကဲသည့်အပြင် မဟာဗျူဟာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အရေးကြီးကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။

  • ကော်ပိုရိတ်အုပ်ချုပ်မှုအတွက် အဆိုပြုချက်များကို အကောင်ထည်ဖော်ခြင်း
  • ကုမ္ပဏီ၏ စာရင်းသွင်း အရင်းတည်ငွေ၏ တိုးတက်လာမှု၊ လျော့ချသွားမှုများ၏ အဆိုပြုချက်များနှင့် အရှူံးအမြတ်နှင့် သက်ဆိုင်သောအဆိုပြုများကို စီစစ်ပေးခြင်း
  • ကုမ္ပဏီ၏ ရှယ်ယာ ရွေးချယ်မှုအစီအစဉ် နှင့် အခြား ရေရှည် စီမံကိန်းများကို စီစစ်ပေးခြင်း
  • ကွဲပြားခြားနားသော လုပ်ငန်းပိုင်းဆိုင်ရာများသို့ ဝင်ရောက်ခြင်းနှင့် ဆုတ်ခွာခြင်းအစီအစဉ်များကို စီစစ်ပေးပြီး အတည်ပြုပေးကာ ကုမ္ပဏီ၏ မဟာဗျူဟာကိုအတည်ပြုပေးခြင်း
  • အဖွဲ့အစည်း၏ အဓိကပြုလည်ဖွဲ့စည်းရေး၊ စီမံခန့်ခွဲမှုတိုးတက်ရေးနှ င့် စီးပွားရေးအသွင်ကူးပြောင်းမှုများကို အတည်ပြုပေးခြင်း
  • ကုမ္ပဏီိ၏ အဓိကကျသော ဘဏ္ဍာရေးပေါ်လစီများ၊ ဘဏ္ဍာရေးအစီအစဉ်ချခြင်းများ နှင့် စီးပွားရေးအရောင်းအဝယ်များကို အတည်ပြုပေးခြင်း
  • ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအစီရင်ခံစာ၊ ဘဏ္ဍာရေးရလဒ်များ နှင့် ဘဏ္ဍာရေးထုတ်ပြန်ချက်များကို အတည်ပြုပေးခြင်း
  • အကြီးတန်း စီမံအုပ်ချုပ်သူများအား အလုပ်ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း နှင့် နစ်နာကြေားပေးခြင်း၊  ရေရှည်ရရှိခံစားခွင့်ရရှိရေး များကိုအတည်ပြုပေးခြင်း
  • ကော်ပိုရိတ် အဆင့်ရှိသော အဓိက HR စည်းမျဉ်းများနှင့် အစီအစဉ်များကိုအတည်ပြုပေးခြင်း
  • အဓိက အခက်အခဲများကို နှင့် အရေပေါ်ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းအဆိုပြုချက်များကို အတည်ပြုပေးခြင်း
  • လုပ်ငန်းတွင်းပိုင်ဆိုင်ရာထိန်းချုပ်မှု တိုးတက်ရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုက်နာခြင်းစနစ်များကို အတည်ပြုပေးခြင်း


ယခုလက်ရှိ BOD တွင် ကိုယ်စားပြု ကော်မရှင်များမှ ရွေးချယ်ထားပြီး ရှယ်ယာအစုရှင် အစည်းအဝေးပွဲမှ မဲပေးထားသော အဖွဲ့ဝင် ၁၇ ဦးဖြင့် ။ မတ်လ ၂၀၁၈ ခုနှစ်တွင် ကိုယ်စားပြုကော်မရှင်နှင့် ရှယ်ယာအစုရှင် အစည်းအဝေးမှ ပုံသေနှင့်အလှည့်ကျအဖွဲ့ဝင်ဟူ၍ ဘုတ်အဖွဲ့သစ်များကိုရွေးချယ်ခဲ့ပါသည်။

ဘုတ်အဖွဲ့၏ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်အရာကော်မတီဝင်အဖွဲ့များ BOD မှရွေးချယ်ခဲ့သည်။ ဘုတ်အဖွဲ့အတွင် လစ်လပ်နေရာရှိပါက် အလှည့်ကျ အဖွဲ့ဝင်များသည် ကြိုတင်စီစဉ်ထားသော အစီအစဉ်အတိုင်း ဝင်ရောက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

လက်ရှိဘုတ်အဖွဲ့ဝင်များမှာ-

  • ဥက္ကဌ: Mr. Liang Hua
  • ဒု-ဥက္ကဌ: Mr. Guo Ping, Mr. Xu Zhijun, Mr. Hu Houkun, and Ms. Meng Wanzhou
  • အမှုဆောင်ဒါရိုက်တာများ : Mr. Ding Yun, Mr. Yu Chengdong, and Mr. Wang Tao
  • ဒါရိုက်တာများ : Mr. Xu Wenwei, Ms. Chen Lifang, Mr. Peng Zhongyang, Ms. He Tingbo, Mr. Li Yingtao, Mr. Ren Zhengfei, Mr. Yao Fuhai, Mr. Tao Jingwen, and Mr. Yan Lida
  • အလှည့်ကျ ဒါရိုက်တာများ : Mr. Li Jianguo, Mr. Peng Bo, and Mr. Zhao Ming

ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ၏ လုပ်ငန်းလည်ပတ်မှုများ 

၂၀၁၈ ခုနှစ်တွင် BOD များသည် အစည်းအဝေး ၁၀ ကြိမ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲတွင် BOD များသည် ကုမ္ပဏီ၏ အလယ်အလတ်မှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ၊ နှစ်စဉ်  ခန်းမှန်းခြေရသုံးရငွေစာရင်း၊ နှစ်စဉ်ဘဏ္ဍာရေးစီစစ်မှုအစီရင်ခံစာ၊ ကော်ပိုရိတ်အုပ်ချုပ်မှုဆိုရာ စည်းမျဉ်းများ၊ နှစ်စဉ် အမြတ် ခွဲဝေမှုများ၊ ရင်းနှီးမတည်ငွေတိုးတက်လာမှု၊ လိုက်နာမှု ကြီးကြပ်စနစ်နှင့် ဆိုက်ဘာလုံခြုံရေးတို့ကို စီစစ်ကာ အတည်ပြုပေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

BOD သည် အလုပ်အမှုဆောင် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး BOD ၏ စီမံဆုံးဖြတ်ခွင့်ရှိသောအဖွဲ့အစည်းအဖြစ်ရပ်တည်စေပါသည်။  BOD ၏အပ်နှံခြင်းခံရသောကြောင့်  ကုမ္ပဏီအတွင်းရှိ BOD ဆုံးဖြတ်ရန်လိုအပ်သောအအဓိက အကြောင်းကိစ္စများကို စစ်ဆေးဆုံးဖြတ်ခွင့်ရှိပါသည်။ ၂၀၁၈  ခုနှစ်တွင် အလုပ်အမှုဆောင်ကော်မတီသည် အစည်းအဝေး ၁၂ကြိမ်ကျင်းပခဲ့ပါသည်။

ဘုတ်အဖွဲ့ဝင် အမှုဆောင်အရာရှိကော်မတီတွင် Mr.Guo Ping ၊ Mr. Xu Zhijun ၊ Mr. Hu Houkun ၊ Ms. Meng Wanzhou ၊ Mr. Ding Yun ၊ Mr. Yu Chengdong နှင့် Mr. Wang Tao တို့ပါဝင်ပါသည်။

ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများနှင့် အရာရှိအမှုဆောင်များကော်မတီကို အလှည့်ကျ ဥက္ကဌများမှဦးဆောင်သွားမည်ဖြစ်ပါသည်။ စည်းကမ်းချက်အရ အလှည့်ကျဥက္ကဌသည် ကုမ္ပဏီ၏ အရေးပါဆုံးခေါင်းဆောင်ဖြစ်သွားမည်ဖြစ်ပါသည်။ အလှည့်ကျ ဥက္ကဌအဖြစ်ရပ်တည်မှုသည် တစ်ကြိမ်လျှင် ၆လကြာမြှင့်မည်ဖြစ်ပါသည်။ အလှည့်စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Mr. Xu Zhijun:

ဧပြီလ ၁ရက် ၂၀၁၈ မှ စက်တင်ဘာလ ၃၀ရက် ၂၀၁၈ အထိ

အောက်တိုဘာလ ၁ရက် ၂၀၁၉ မှ မတ်လ ၃၁ ၂၀၂၀အထိ

ဧပြီလ ၁ရက် ၂၀၂၁ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၁အထိ

အောက်တိုဘာလ ၁ရက် ၂၀၂၂ မှ မတ်လ ၃၁ရက် ၂၀၂၃ အထိ

Mr. Guo Ping:

အောက်တိုဘာလ ၁ရက် ၂၀၁၈ မှ မတ်လ ၃၁ရက် ၂၀၁၉ အထိ

ဧပြီလ ၁ရက် ၂၀၂၀ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၀ အထိ

အောက်တိုဘာလ ၁ရက် ၂၀၂၁ မှ မတ်လ ၃၁ရက် ၂၀၂၂ အထိ

Mr. Hu Houkun:

ဧပြီလ ၁ရက် ၂၀၁၉ မှ စက်တင်ဘာလ ၃၀ရက် ၂၀၁၉ အထိ

အောက်တိုဘာလ ၁ရက် ၂၀၂၀ မှ မတ်လ ၃၁ရက် ၂၀၂၁ အထိ

ဧပြီလ ၁ရက် ၂၀၂၂ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၂ အထိ


Other Corporate Governance

အားလုံးကို ကြည့်ရန်