ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ကော်ပိုရိတ်အုပ်ချုပ်မှု

သုံးစွဲသူဗဟိုပြုခြင်းနှင့် အာရုံစူးစိုက် လုပ်ဆောင်ခြင်းတို့ကြောင့် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ်တိုးတက်နေသော ကော်ပိုရိတ်အုပ်ချုပ်မှုပုံစံ၊ အဖွဲ့အစည်း၊ လုပ်ငန်းစဉ် နှင့် အကဲဖြတ်စနစ်တို့်မှ တစ်ဆင့် တိုးတက်မှုများကို ရေရှည်အားဖြင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။  

အစုရှင်များ၏ အစည်းအဝေးသည် ကုမ္ပဏီအတွင်း၌ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာစုဖြစ်ပြီး ကုမ္ပဏီ၏ ရင်းနှီးငွေတိုးမြှင့်ခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်း နှင့်၊ ဒါရိုက်တာဘုတ်အဖွဲ့/ကြီးကြပ်ရေးဘုတ်အဖွဲ့ ရွေးချယ်ခြင်း ကဲ့သို့သော အဓိကကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။

ဒါရိုက်တာ ဘုတ်အဖွဲ့ (BOD) သည် ကော်ပိုရိတ်မဟာဗျူဟာ ၊ စီမံခန့်ခွဲမှုနှင့် သုံးစွဲသူ စိတ်ကျေနပ်စေရေးတို့အတကွက်  အဓိကတာဝန်ရှိသော အဖွဲ့ဖြစ်သည်။ BOD ၏ အဓိကတာဝန်မှာ ကုမ္ပဏီ ရှေ့သို့ ဆက်လက်လျှောက်လှမ်းနိုင်အောင် ဦးဆောင်ရန်ဖြစ်သည်။ ၎င်းသည် ကော်ပိုရိတ် မဟာဗျူဟာ နှင့် စီမံခန့်ခွဲမှုများအတွက် ဆုံးဖြတ်ချက် ချပေးရပြီး သုံးစွဲသူများနှင့် ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောက်ရှောက်ပေးရသည်။

ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် ၎င်း၏ အမှုဆောင်အရာရှိ ကော်မတီအဖွဲ့ဝင်များကို အလှည့်ကျ ဥက္ကဌများမှ စီမံကွပ်ကဲသည်။  စည်းမျဉ်းအားဖြင့် အလှည့်ကျဥက္ကဌများသည် ကုမ္ပဏီ၏ အဓိကအကျဆုံး ဦးဆာင်သူများအဖြစ် ဆောင်ရွက်သည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဓိကတာဝန်များတွင် အတွင်းစည်းကမ်းလိုက်နာမှုနှင့် ပြင်ပစည်းကမ်းလိုက်နာမှုကိစ္စကို ဆုံးဖြတ်ရန်၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် လည်ပတ်မှုအခြေအနေကို စစ်ဆေးရန်၊ BOD အဖွဲ့ဝင်များနှင့် စီနီယာစီမံအုပ်ချုပ်သူများ၏ တာဝန်ဆောင်ရွက်မှုကို စောင့်ကြည့်စိစစ်ခြင်းအပြင် BOD လုပ်ငန်းများကို စံညွှန်းသတ်မှတ်ခြင်းတို့ ပါဝင်သည်။

KPMG သည် 2000 ခုနှစ်ကတည်းကစတင်ကာ Huawei ၏ လွတ်လပ်သော စာရင်းစစ်ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ကုမ္ပဏီ၏ တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်များကို စာရင်းစစ်ရန် တာဝန်ရှိသည်။ ဆိုင်ရာငွေစာရင်းစံညွှန်းနှင့် စာရင်းစစ်လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရေးထုတ်ပြန်ချက်များ မှန်၊မမှန် သင့်၊မသင့်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်ပေးနိုင်သည်။


ကျွန်ုပ်တို့၏ အိုင်စီတီ အခြေခံအဆောက်အအုံ စီးပွားရေး end-to-end စီမံခန့်ခွဲမှုများခိုင်မာစေရန် ကုမ္ပဏီသည် အိုင်စီတီ အခြေခံအဆောက်အအုံ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ တည်ထောင်ခဲ့သည်။ ၎င်းဘုတ်အဖွဲ့သည် အိုင်စီတီ အခြေခံအဆောက်အအုံ စီးပွားရေးအတွက် ကျွန်ုပ်တို့ ၏ စီးပွားရေး မဟာဗျူဟာ၊ လုပ်ငန်းလည်ပတ် စီမံခန့်ခွဲမှု နှင့် သုံးစွဲသူစိတ်ကျေနပ်ရေးတို့အတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

  • Carrier စီးပွားရေးလုပ်ငန်းစု နှင့် Enterprise စီးပွားရေးလုပ်ငန်းစု တို့သည် ဆက်သွယ်ရေး လုပ်ငန်း အသုံးပြုသူများနှင့်  စီးပွားရေးလုပ်ငန်းအသုံးပြုသူ အသီးသီးတို့အား ပစ်မှတ်ထား၍ ရောင်းဝယ်ရေး၊  နှင့် ဝန်ဆောင်မှုများအတွက် ဖြေရှင်းနည်းများကို ပံ့ပိုးပေးသည်။  စီးပွားရေးလုပ်ငန်းစု  နှစ်ခုလုံးသည် ကုမ္ပဏီ၏ စီးပွားရေးအားပြိုင်မှုနှင့် ဝယ်ယူသူစိတ်ကျေနပ်မှုအတွက် အဆက်မပြတ် ပိုကောင်းအောင် ပြုလုပ်စဉ်အတွင်း စီးပွားရေးလက္ခဏာများနှင့် ဝယ်ယူသူအမျိုးမျိုး သုံးနိုင်သောပုံစံများကို အခြေခံ၍ ဆန်းသစ်တီထွင်သော၊ ကွဲပြားသော၊ အဆင့်မြင့်သော ဖြေရှင်းနည်းများကို ပံ့ပိုးပေးသည်။
  • ကွန်ရက် ထုန်ကုန်၊ ဖြေရှင်းနည်းများနှင့်  Cloud နှင့် ဉာဏ်ရည်တု (AI) ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် ဆက်သွယ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်း အသုံးပြုသူများအတွက် ပေါင်းစည်းထားသော ICT solution များကိုပံ့ပိုးပေးသည်။   ကုန်ထုတ်စီမံကိန်း၊ ဖွံ့ဖြိုးမှု နှင့်၊ ကုန်ပို့ပေးခြင်းတို့အပြင်၊ သာလွန်သော အသုံးပြုသူအတွေ့အကြုံပေးရန်နှင့် ကုမ္ပဏီ၏လုပ်ငန်းအောင်မြင်မှုကို ပံ့ပိုးပေးရန်အလို့ငှာ၊ ဤအဖွဲ့အစည်းတွင်လည်း ကုန်ပစ္စည်းအားပြိုင်မှု ဖွံ့ဖြိုးစေမည့် တည်ဆောက်ပြုပြင်ရေးများအတွက် တာဝန်ရှိသည်။ ကွန်ရက် ထုတ်ကုန် နှင့် ဖြေရှင်းနည်း၏ ရည်မှန်းချက်မှာ ကမ္ဘာ့အကောင်းဆုံး၊ အသိဉာဏ်အမြင့်ဆုံး နှင့် ဈေးနှုန်းအသက်သာဆုံး ချိတ်ဆက်မှုကို တည်ဆောက်ပေးရန်ဖြစ်သည်။ Cloud နှင့် ဉာဏ်ရည်တု (AI) ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ရည်မှန်းချက်မှာ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်သောကမ္ဘာကြီးကို ကူညီတည်ဆောက်ရန်  computing နှင့် cloud ဝန်ဆောင်မှုများအတွက် “Huawei ‌မြေဆီလွှာ”  အခြေခံ အုတ်မြစ်ဖန်တီးရန် ဖြစ်သည်။
  • အိုင်စီတီ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ကုမ္ပဏီ၏ ဒေသဆိုင်ရာအိုင်စီတီ လုပ်ငန်းလည်ပတ်မှုများစင်တာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေသတွင်း ရင်းမြစ်များနှင့် လုပ်နိုင်စွမ်းများကို ချဲ့ထွင်၍ အကျိုးရှိရှိ အသုံးချရန်နှင့် ၎င်းဒေသများအတွင်း ကုမ္ပဏီ၏ အိုင်စီတီစီးပွားရေးမဟာဗျူဟာကို လုပ်ဆောင်ရန် အတွက် တာဝန်ရှိသည်။ ကုမ္ပဏီသည် ဒေသဆိုင်ရာအဖွဲ့အစည်းများကို အလျဉ်မပြတ် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး လုပ်ငန်းခွဲရုံးအတွက် လုပ်ပိုင်ခွင့်အာဏာ လွဲအပ်မှုကို အရှိန်အဟုန်တိုးထားပေးသည်။ ကွပ်ကဲမှုနှင့် အလုပ်ခွင်အတွင်းဆုံးဖြတ်ချက်ချသော လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားလှယ်ရုံးသို့ ဖြည်းဖြည်းချင်း လွှဲအပ်ပေးသည်။ သုံးစွဲသူလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ထိရောက်မှုနှင့် တုန့်ပြန်မှုတိုးတက်လာစေရန်အတွက် ကုမ္ပဏီသည် စာချုပ်အတည်ပြုမှုများကို အချို့နိုင်ငံများရှိ ကိုယ်စားလှယ်ရုံးအဆင့်တွင်ပင် ဦးဆောင်ဦးဆောင်ပြု ဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူများကို အနီးကပ်မိတ်ဖက်များအဖြစ် အခြေခိုင်အောင်ပြုလုပ်ပြီး ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရန် ကူညီလုပ်ဆောင်နေစဉ်မှာပင် ဒေသဆိုင်ရာ အိုင်စီတီ အဖွဲ့အစည်းများသည် အိုင်စီတီ စီမံခန့်ခွဲမှုစနစ်များ၊           ဆိုက်ဘာလုံခြုံရေး နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ရေး စီမံခန့်ခွဲမှုစနစ်များ၊ အတွင်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်များ နှင့် ဒေသတွင်း စည်းကမ်းလိုက်နာမှုဆိုင်ရာ စနစ်များ တိုးတက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည်။ ထိုပြင် ကုမ္ပဏီ၏ ရေရှည်ခိုင်မာတည်တံ့သော အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးမှုကိုလည်း ဆက်လက် ပံ့ပိုးပေးသည်။
  • အုပ်စုလုပ်ငန်းစုများအနေနှင့် စီးပွားရေးထောက်ကူဝန်ဆောင်မှုများ နှင့် ကြီးကြပ်မှုတို့ကို စီစဉ်သည်။ ၎င်းတို့အတွက် လုံလောက်သော လုပ်ပိုင်ခွင့်အာဏာကို လွှဲအပ်ထားသော်လည်း လုပ်ငန်းခွဲရုံးများအတွက် တိကျမှန်ကန်သော၊ အချိန်မှန်သော၊ ထိရောက်သော ဝန်ဆောင်မှုများပေးရန်နှင့် ကြီးကြပ်မှုများ အားကောင်းလာစေရန် နေရာပေးထားခြင်းဖြစ်သည်။

Consumer စီးပွားလုပ်ငန်းအတွက် မဟာဗျူဟာ နှင့် အန္တာရယ်ဆိုင်ရာ စီးမံခန့်ခွဲမှု အားကောင်းလာစေရန်နှင့် ဆုံဖြတ်ချက်ချရတွင် ထိရောက်မှုပိုမိုမြင့်တက်လာစေရန် ကုမ္ပဏီသည် သုံးစှဲသူစီးပွားရေး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၎င်းအဖွဲ့သည် consumer စီးပွားရေးလုပ်ငန်း၏ စီးပွားရေး မဟာဗျူဟာ ၊ လုပ်ငန်း စီမံခန့်ခွဲမှု နှင့် သုံးစွဲသူ စိတ်ကျေနပ်မှုတို့အတွက် အဓိက တာဝန်ရှိသည်။

  • Consumer စီးပွားရေးလုပ်ငန်းစု သည် သုံးစွဲသူများအတွက် ဝန်ဆောင်ပေးရန် အာရုံစိုက်ထားပြီး သုံးစွဲသူအမြင်ကို ရှု့ထောင့်အားလုံးမှ ဖြေရှင်းပေးသည်။ ၎င်းအုပ်စုသည် စီးပွားရေးဆောင်ရွက်မှု၊ အန္တရာယ်ထိန်းချုပ်မှုများ၊ ဈေးကွက်အားပြိုင်မှု နှင့်၊ သုံးစွဲသူအခြေပြုစီးပွားရေးတွင် ဝယ်သူစိတ်ကျေနပ်မှုအတွက် တာဝန်ရှိသည်။
  • Consumer စီးပွားရေးလုပ်ငန်းစု၏ ဒေသဆိုင်ရာအဖွဲ့အစည်းသည် ဒေသဆိုင်ရာ consumer စီးပွားရေးလုပ်ငန်း၏ စီးပွားရေးရလဒ်၊ သုံးစွဲသူ စိတ်ကျေနပ်မှု နှင့် ကုန်အမှတ်တံဆိပ် ကျော်စောမှုများတွက် တာဝန်ရှိသည်။ ထိုအပြင် ကုန်ပစ္စည်းအသစ်များမိတ်ဆက်ခြင်း၊ ထုတ်ကုန်ပစ္စည်း ဖြစ်စဉ် စီမံခန့်ခွဲမှုများ၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ ပွဲအခမ်းအနားများ စီစဉ်အကောင်အထည်ဖော်ခြင်း နှင့် ဒေသတွင်းတွင်  ချန်နယ်များ၊ အရောင်းဆိုင်များ ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက်လည်းပဲ တာဝန်ရှိသည်။ မိတ်ဖက် ဆက်ဆံရေး တိုးတက်စေရေးနှင့် ထိန်းသိမ်းရေး၊ အများကြိုက်နှစ်သက်သော စီးပွားရေး ဝန်းကျင်တစ်ခုဖန်တီးရေး နှင့် သက်ဆိုင်ရာ ဒေသ၏ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာပြီး ၎င်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရန်လည်း လိုအပ်သည်။

စီးပွားရေး လုပ်ငန်းများစွာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရေးနှင့် ကော်ပိုရိတ်မူဝါဒကို ဖန်တီးရေးတို့အတွက် မျှဝေအသုံးပြုနိုင်သော ဝန်ဆောင်မှု ပလက်ဖောင်းကို တဖြည်းဖြည်းချင်းတည်ဆောက်နိုင်ရန် ကုမ္ပဏီသည် ပလက်ဖောင်းညှိနှိုင်းရေး ကော်မတီကို တည်ထောင်သည်။ ၎င်းကော်မတီသည် အုပ်စုလုပ်ဆောင်ချက်များအကောင်ထည်ဖော်လုပ်ဆောင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့ကို ပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစေသည်။  ၎င်းအားဖြင့်  အုပ်စုလုပ်ဆောင်ချက်များသည် စီးပွားရေုးလုပ်ငန်းလည်ပတ်ရန် အကောင်းဆုံး ဝန်ဆောင်မှု အဖွဲ့အစည်းများဖြစ်လာလိမ့်မည်။ အုပ်စုလုပ်ဆောင်ချက်များသည် စီးပွားရေး အထောက်အပံ့၊ ဝန်ဆောင်မှုများ နှင့် ကြီးကြပ်ရေးတို့ကို ပံ့ပိုးပေးသည်။ တိကျပြီး အချိန်နှင့်တပြေးညီ ထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန် ၄င်းတို့အား ဒေသရုံးများကို ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြစ်ပြီး၊ ၄င်းတို့ကို ပေးအပ်ထားသော လုပ်ပိုင်ခွင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ခြုံငုံကြီးကြပ်နိုင်ရေး ခိုင်မာစေမည်ဖြစ်သည်။


Other Corporate Governance

အားလုံးကို ကြည့်ရန်