ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ကြီးကြပ်ရေးဘုတ်အဖွဲ့

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြောင်းအရာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ပြဋ္ဌာန်းသော ကုမ္ပဏီဥပဒေ၏ သတ်မှတ်ချက်များအရ Huawei သည် ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဓိကတာဝန်များတွင် ဆုံးဖြတ်ရန်၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် လည်ပတ်မှုအခြေအနေကို စစ်ဆေးရန်၊ BOD အဖွဲ့ဝင်များနှင့် စီနီယာစီမံအုပ်ချုပ်သူများ၏ တာဝန်ဆောင်ရွက်မှုကို စောင့်ကြည့်စီစစ်ခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့် ဘဏ္ဍာရေးအခြေအနေများကိုစောင့်ကြည့်သုံးသပ်ခြင်းနှင့် အတွင်းစည်းကမ်းလိုက်နာမှုနှင့် ပြင်ပစည်းကမ်းလိုက်နာမှုကိစ္စကိုညွှန်ကြားခြင်းများပါဝင်ပါသည်။ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များသည် BOD အစည်းအဝေးများကို မဲပေးခွင့်မရှိပါဝင်သူများအနေနှင့် တက်ရောက်ကြသည်။


ကြီးကြပ်ရေးဘုတ်ကို ကိုယ်စားလှယ်များ၏ ကော်မရှင်မှရွေးကောက်ထားပြီး ရှယ်ယာရှင်များ၏အစည်းအဝေးတွင် ရွေးကောက်ထားသည့် အဖွဲ့ဝင် ၁၀ဦးဖြင့်ဖွဲ့စည်းထားသည်။

လက်ရှိ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များမှာ

  • ဥက္ကဋ္ဌ : Mr. Li Jie
  • အလုပ်အမှုဆောင်အဖွဲ့ဝင်များ : Mr. Zhou Daiqi, Mr. Ren Shulu, Mr. Yin Xuquan, Mr. Li Jin’ge, and Mr. Li Dafeng
  • အဖွဲ့ဝင်များ : Mr. Song Liuping, Mr. Tian Feng, Mr. Yi Xiang, and Mr. Li Jian.

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ငန်းများ

၂၀၁၈ ခုနှစ်တွင် ကြီးကြပ်ရေးဘုတ်အဖွဲ့မှ အစည်းအဝေး ၁၀ကြိမ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် BOD အဖွဲ့ဝင်များ၏ ၂၀၁၇ ခုနှစ်အတွင်း တာဝန်ကျေပွန်မှုများကို အကဲဖြတ်ခဲ့ပြီး ကုမ္ပဏီ၏ ဘဏ္ဍာရေး အနေအထားကို စီစစ်ကာ ကုမ္ပဏီ၏ ကြီးကြပ်လိုက်နာမှုစနစ်၊  နိုင်ငံရပ်ခြား ကုမ္ပဏီခွဲများ ကြီးကြပ်မှုအပေါ် အစီရင်ခံစာများကို လက်ခံခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီခွဲများ၏ လိုက်နာမှု အပေါ်ပြန်လည်သုံးသပ်ခဲ့သည်။  

တစ်နှစ်ပတ်လုံးတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များသည် BOD အစည်းအဝေး အားလုံးကို မဲပေးခွင့်မရှိပါဝင်သူများအနေနှင့် တက်ရောက်ခဲ့ရပြီး BOD များ၏ ဆုံးဖြတ်ချက်နှင့် လုပ်ငန်းလည်ပတ်မှုများ၏ တရားဝင်မှုကို ကြည့်ရူရသည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး၊ ကော်မတီသည် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီမံဆုံးဖြတ်ခွင့်ရှိသောအဖွဲ့အစည်းအဖြစ်ရပ်တည်စေပါသည်။  အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များတွင် Mr. Li Jie, Mr. Zhou Daiqi, Mr. Ren Shulu, Mr. Yin Xuquan, Mr. Li Jin’ge, and Mr. Li Dafeng.တို့ ပါဝင်သည်။



Other Corporate Governance

အားလုံးကို ကြည့်ရန်