ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ၏ AI အထောက်အကူပြု နည်းပညာဝန်ဆောင်မှုများက အာရှပစိဖိတ်ဒေသတွင်း COVID-19 တိုက်ဖျက်ရေးတွင် အကူအညီပေးလျက်ရှိ

Huawei ၏ AI နည်းပညာသုံး ရောဂါဆန်းစစ်မှု solution များက COVID-19 သံသယလူနာများကို မြန်ဆန်စွာ ဆန်းစစ်အတည်ပြုပေးသောကြောင့် ရောဂါဆန်းစစ်မှု ကြာချိန်ကို သိသာစွာ လျှော့ချပေးရုံမက ရောဂါ၏ ကနဦး အခြေအနေ၊ အားကောင်းသည့် အခြေအနေ၊ ပြင်းထန်သည့် အခြေအနေများကို သိသာစွာ ခွဲခြားပေးနိုင်သဖြင့် ကုသရေးအတွက် အချိန်ကို ချွေတာနိုင်သလို အလုပ်များပိခြင်းကိုလည်း လျှော့ချပေးနိုင်သည်။
2020.04.15

AI-diagnosis1

[ရန်ကုန်၊ မြန်မာ - ဧပြီလ ၁၄ ရက်၊ ၂၀၂၀] သုံးစွဲသူများကို COVID-19 တိုက်ဖျက်ရေး အကောင်အထည်ဖော်မှုအစီအစဉ် ၏ တစိတ်တပိုင်းအနေဖြင့် Huawei က ယင်း၏ AI ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်၊ ကြိုးမဲ့ကွန်ရက် လွှမ်းခြုံမှုနှင့် စမတ်ဖုန်းများကို အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများသို့ ပံ့ပိုးလျက် ရှိသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပြီး ချိတ်ဆက်မှုများကို သေချာစေရန်နှင့် ဆန်းသစ်သည့် နည်းပညာများ၊ အရေးတကြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်တို့အတွက် Huawei က အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများတို့နှင့် လက်တွဲထားပြီး ဖြစ်သည်။

ကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် ပထမဦးဆုံး အရေးကြီးသည်မှာ ကျန်းမာရေး စနစ်များ ဖြစ်သည်။ Huawei ၏ ဆက်သွယ်ရေး ဆေးပညာ (telemedicine) လုပ်ထုံးများကို ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခေါ်ဆိုမှု၊ အဝေးရောက် ပူးပေါင်းလုပ်ကိုင်မှု၊ အဝေးထိန်း ရောဂါဆန်းစစ်မှု၊ အဝေးထိန်း အကာအကွယ်ပေးမှု စသည့် အဓိက အချက် လေးချက်တွင် အခြေခံကာ လက်တွေ့ လုပ်ကိုင်ဆန်းသစ်ထားခြင်းဖြစ်သည်။ ယင်းအဓိက အချက်များအားလုံးကို အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများတွင် လက်တွေ့သုံးစွဲလျက် ရှိကြသည်။ 

AI-diagnosis2

ထိုင်းနိုင်ငံတွင်  ဆေးရုံများနှင့် ရောဂါထိန်းချုပ်ရေးဌာနတို့တွင် အသုံးပြုနေသည့် Huawei ၏ ဆက်သွယ်ရေး ဆေးပညာ ဗီဒီယိုဆွေးနွေးပွဲ solution က အစိုးရနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များကို ကပ်ရောဂါ ကာကွယ်ခြင်း၊ လူအများအပြား ပူးပေါင်းချိတ်ဆက်ခြင်း၊ အွန်လိုင်းဆွေးနွေးခြင်းနှင့် အပြန်အလှန်ချိတ်ဆက် သင်ကြားခြင်းများ ပြုလုပ်စေနိုင်ရန်အကူအညီပေးခဲ့သည်။ ယင်းက  ရောဂါရှာဖွေမှု၏ စွမ်းဆောင်ရည်ကိုသာ တိုးတက်စေသည် မဟုတ်ဘဲ  ဆေးဘက်အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ရောဂါကူးစက်နိုင်ချေကိုပါ လျော့နည်းစေသည်။

ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးရာ ဝန်ကြီးက အားထားရသည့် အမြန်နှုန်းမြင့်မား၍ အားထားရပြီး ဒေတာအကူးအပြောင်းကြာချိန် (latency )အလွန်နည်းပါးသော Huawei ၏5G solution နှင့် AIနည်းပညာသုံး ရောဂါရှာဖွေမှုနှင့် ကုသမှုစနစ်တို့ကို မိတ်ဆက်ခဲ့သည်။ ယင်းတို့က နိုင်ငံ၏ ကပ်ရောဂါ ကုသရေးကို များစွာ တိုးတက်စေမည် ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ Baguio အထွေထွေ ဆေးရုံနှင့် ဆေးပညာဌာနက ဆရာဝန်များ COVID-19 ရောဂါ ရှာဖွေဆန်းစစ် ရာတွင် အကူအညီပေးရန်အတွက် Huawei ၏ AI နည်းပညာသုံး CT Screening စနစ်ကို တပ်ဆင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျန်းမာရေးနှင့် မိသားစုရေးရာ ဝန်ကြီး၊ ကျန်းမာရေးနှင့် ဝန်ဆောင်မှုများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က ကပ်ရောဂါတိုက်ဖျက်ရန်၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဆေးဘက် အဖွဲ့အစည်းများအပေါ် ရောဂါကူးစက်နိုင်ချေကို လျှော့ချရန်တို့အတွက် Huawei ၏ ဗီဒီယိုဆွေးနွေးပွဲစနစ်ကို အသုံးပြုခဲ့သည်။

စင်ကာပူ၏ 7-Network က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နေ့စဉ် ကျန်းမာရေး မှတ်တမ်း ပလက်ဖောင်းအဖြစ် HUAWEI CLOUD ၏ solution များကို တွင်ကျယ်စွာ အသုံးချလျက် ရှိသည်။

HUAWEI CLOUD ပလက်ဖောင်းပေါ်တွင် အခြေခံထားသည့် Huawei ၏ AI နည်းပညာသုံး ရောဂါဆန်းစစ်မှု solution များက COVID-19 သံသယလူနာများကို မြန်ဆန်စွာ ဆန်းစစ်အတည်ပြုပေးသောကြောင့် ရောဂါဆန်းစစ်မှု ကြာချိန်ကို သိသာစွာ လျှော့ချပေးသည်။ ရောဂါ၏ ကနဦး အခြေအနေ၊ အားကောင်းသည့် အခြေအနေ၊ ပြင်းထန်သည့် အခြေအနေများကို သိသာစွာ ခွဲခြားပေးနိုင်သဖြင့် ကုသရေးအတွက် အချိန်ကို ချွေတာနိုင်သလို အလုပ်များပိခြင်းကိုလည်း လျှော့ချပေးနိုင်သည်။ 

COVID-19 တိုက်ဖျက်ရေး အကောင်အထည်ဖော်မှုအစီအစဉ်၏ တစိတ်တပိုင်းဖြစ်သည့် HUAWEI CLOUD ၏ COVID-19 ဆန့်ကျင်ရေး မိတ်ဖက်အစီအစဉ်သည် အဝေးထိန်းရုံးလုပ်ငန်းများ၊ AI အထောက်အကူ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အထောက်အကူ၊ စမတ် ကျန်းမာရေးစောင့်ရှောက်မှု၊ အွန်လိုင်းပညာရေး စသည့် ကဏ္ဍ ငါးရပ်တွင် အလေးပေး ဆောင်ရွက်လျက် ရှိသည်။ ယခု အစီအစဉ်တွင် ပါဝင်သည့် မိတ်ဖက်များသည် အဘက်ဘက်မှ ပြည့်စုံသည့် လုပ်ငန်းဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် ဈေးကွက်ဆိုင်ရာ အထောက်အပံ့များကို ရရှိနိုင်မည်သာမက USD $30,000 အထိ တန်ကြေးရှိသည့် အခမဲ့ cloud အရင်းအမြစ်များ ရရှိနိုင်သည့် အခွင့်အရေးလည်း ရှိသည်။

ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်တွင် HUAWEI CLOUD က  မျိုးရိုးဗီဇပစ္စည်း (genome) ပျံ့နှံ့မှုကို  စောင့်ကြည့်ခြင်း၊  ပျံ့နှံ့မ့ တားဆီးသည့် ဆေးဝါးကို silo screening စနစ်တွင် အသုံးပြုခြင်းနှင့် AI နည်းပညာသုံး CT ဖြင့် လူနာဆန်းစစ်ခြင်း ဝန်ဆောင်မှုများ ပံ့ပိုးလျက် ရှိသည်။

စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် HUAWEI CLOUD က လုပ်ငန်းများကို cloud သို့ ရွှေ့ပြောင်းစေပြီး ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လုပ်ငန်းလုပ်ကိုင်များ ဆက်လက်လည်ပတ်စေနိုင်ရန် အကူအညီပေးသည်။

ပညာရေးကဏ္ဍတွင် ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်းများအတွက် အွန်လိုင်းပညာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးရန် HUAWEI CLOUD က မိတ်ဖက်များနှင့် အတူ လုပ်ကိုင်လျက် ရှိသည်။ ဂျာကာတာမြို့၊ Muhammadiyah တက္ကသိုလ်တွင် အွန်လိုင်းပညာရေး solution တစ်ခုမိတ်ဆက်ရန် အင်ဒိုနီးရှား၏ Ulearning က HUAWEI CLOUD နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

မကြာသေးမီက Huawei သည် UNESCO IITE၊ UNESCO ICHEI တို့နှင့် ပူးပေါင်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ယင်း၏ Learn ON အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ ယင်းအစီအစဉ်က COVID-19 အကျပ်အတည်းကာလအတွင်း မတူညီသည့် နေရာဒေသများမှ အုပ်စုများစွာအတွက် ကောင်းမွန်သည့် ပညာရေးများ ရရှိစေရန်အတွက် ဆန်းသစ်သည့် ICT နည်းပညာများကို အသုံးပြုသွားမည် ဖြစ်သည်။ ကိုယ်တိုင်သင်ယူနိုင်သည့် အွန်လိုင်းသင်တန်းများမှ တဆင့် ကျောင်းသူကျောင်းသားဦးရေ ၅၀,၀၀၀ ကျော်ကို သင်ကြားလေ့ကျင့်ပေးနိုင်ရန် မျှော်မှန်းထားပြီး အစီအစဉ်၏ တစိတ်တပိုင်းအနေ့ဖြင့် ၂၀၂၀ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကြားတွင် “ဆရာ ဆရာမများအား သင်ကြားလေ့ကျင့်ခြင်း (train the trainer) “အွန်လိုင်းအတန်းပေါင်း ၁၀၀ ကျော်တို့မှ တဆင့် ဆရာဆရာမဦးရေ ၁၅၀၀ ကျော်တို့ကို သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်သည်။