This site uses cookies. By continuing to browse the site you are agreeing to our use of cookies. Read our private policy>

အခြားအရာများ

သင့်စီးပွားရေးတိုးတက်မှုအတွက် အွန်လိုင်းအကူအညီ နှင့် မှတ်တမ်းများမျှဝေခြင်းအပါအဝင် အခြားဝန်ဆောင်မှုများကို ကျွန်ုပ်တို့အပြည့်အစုံပံ့ပိုးပေးနေပါသည်။

စီးပွားဖက်ရင်းမြစ်များ

  • Huaweiသည် ပြည်တွင်းလူထုအဖွဲ့အစည်းနှင့် ICT ကဏ္ဍအပေါ် တာဝန်သိကြောင်း၊ တာဝန်ခံကြောင်း၊ ကတိက၀တ်တည်ကြောင်းကို Myanmar CSR Report ဖြင့် သက်သေပြ

    ရန်ကုန်၊ မြန်မာ။ အောက်တိုဘာ ၂၉၊ ၂၀၁၇ – ကမ္ဘာ့ထိပ်တန်းသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ICT Solutions Provider ဖြစ်သော Huawei က “ပိုမိုချိတ်ဆက်မှုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ခြင်း” အမည်ရှိ ၂၀၁၆ -၂၀၁၇ ခုနှစ် Huawei Myanmar ကုမ္ပဏီ၏ CSR အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်း အနားကို ယနေ့ကျင်းပပြုလုပ်ပါသည်။ ယင်းကုမ္ပဏီ  မြန်မာနိုင်တစ်ဝန်းရှိ နည်းပညာတက္ကသိုလ် ၁၅ ခုနှင့် ကွန်ပျူတာတက္ကသိုလ် ၅ ခုတို့မှ ထူးချွန်ကျောင်းသား ၅၀ ကိုလည်း အခမ်းအနားကျင်းပသည့် Melia Hotel ၏ Innya Ballroom တွင် ပညာသင်ဆုများချီးမြှင့်ခဲ့ပါသည်။ ယခုပွဲသို့ တက်ရောက်သူ ၂၀၀ ကျော် ရှိခဲ့ပါသည်။ 

    2017-10-29
  • Huawei မှ သီတင်းကျွတ်ကုသိုလ်အဖြစ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ အဆင့်မြင့်မီးဖိုဆောင်တည်ဆောက်မှုတွင် အမေရိကန်ဒေါ်လာ၂၄၀၀၀ ထည့်ဝင်လှူဒါန်း

    ရန်ကုန်၊မြန်မာ၊ ၂၀၁၇ အောက်တိုဘာ ၁ ရက် - မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် နိုင်ငံသားများ အလေးထားရဆုံးသောရိုးရာပွဲတော်ကြီးများထဲမှတစ်ခုအပါအ၀င်ဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကိုကြိုဆိုသည့် အနေဖြင့် Huawei သည် Care Myanmar အစီအစဉ်မှ တဆင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ လှူဒါန်းကုသိုလ်ယူမှုများကို စက်တင်ဘာ(၃၀)ရက်နေ့ နေ့ခင်းကပြုလုပ်ခဲ့ပါသည်။ လူမှုအကျိုးပြုအစီအစဉ်များကို တစိုက်မတ်မတ်လုပ်ဆောင်လျှက်ရှိသည့် Care Myanmar အစီအစဉ်မှတဆင့်လှူဒါန်းမှုတွင် Huawei ၏ အလုပ်အမှုဆောင်ချုပ် Mr.Zhang Liman အပါအ၀င် Huawei ၀န်ထမ်း-- နှင့်၎င်းတို့၏ဆွေမျိုးမိတ်သင်္ဂဟများမှ ကိုယ်တိုင်ကိုယ်ကျ မီးပုံးများချိတ်ဆွဲခြင်း၊ အဘိုးအဘွားများကို လမုန့်လှူဒါန်းကုသိုလ်ယူခြင်းများကို ၀မ်းမြောက်ပျော်ရွှင်စွာအတူတကွလုပ်ဆောင်ခဲ့ကြသည်။

    2017-10-01
  • တပ်မတော် ပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများကို ထောက်ပံ့ရန်အတွက် Huawei ၏ “Care Myanmar” အစီအစဉ်မှ ပါဝင်ကူညီဆောင်ရွက်

    ရန်ကုန်၊ မြန်မာ (၂၇ ဇွန် ၂၀၁၇) – Huawei ၏ လျာထားချက်အတိုင်း “Care Myanmar” အများအကျိုးပြု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် Huawei Myanmar သည် ဇွန်လ အစောပိုင်းတွင် ဖြစ်ပွားခဲ့သော Y-8 တပ်မတော် ပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများ၏ မိသားစုများအတွက် ငွေကျပ် သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူမှုအဖွဲ့အစည်းများကို ပံ့ပိုးကူညီလိုသည်မှာ Huawei Myanmar ၏ ဆန္ဒဖြစ်ပြီး “Care Myanmar” သည် မြန်မာပြည်သူများ လိုအပ်ချက်ပေါ်မူတည်၍ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပါသည်။


    2017-06-27
  • Huawei ၏ Care Myanmar အစီအစဉ်ကို အထက်မြန်မာပြည်တိုင် တိုးချဲ့

    မန္တလေး၊ မြန်မာ၊ ဇွန်လ ၁၉ ရက်၊ ၂၀၁၇။  ။Huawei ၏ လျာထားချက်အတိုင်း “Care Myanmar”  အများအကျိုးပြု လုပ်ငန်းစဉ်များကို အကောင်ထည်ဖော် ဆောင်ရွက်သည့်အနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ်မှ သာသနာ့အောင်မြေ မူလတန်းလွန် ဘုန်းတော်ကြီး စာသင်ကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ လှည်းသွင်းရွာ စာသင်ကျောင်းတို့တွင် လိုအပ်သည်များကိုလှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံတဝန်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများကို ကျပ်သိန်း ၂၇၀ လှုဒါန်းရန် ပေးထားသည့် ကတိကဝတ်များအတိုင်းHuawei ၏ လူထုအကျိုးပြု အစီအစဉ်မှ ထောက်ပံ့လှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယခုမန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လှူဒါန်းမှုများကို Huawei ၏ ဒေသခံလူမှု အဖွဲ့အစည်းများကို ထောက်ပံ့ ကူညီလိုသည့် ဆန္ဒဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။  

    2017-06-19
  • Huawei မှ Care Myanmar အစီအစဉ်ဖြင့် လမ်းခင်းရန်နှင့်ပညာရေးအတွက်ကျပ်သိန်း(၆၀)လှူဒါန်း

    ရန်ကုန်၊မြန်မာ (၈၊ဇွန်၊၂၀၁၇)။            ။ Huawei Myanmar သည်နိုင်ငံတော်သံဃမဟာနာယကတွဲဖက်အကျိုးဆောင်ဆရာတော်ဘဒ္ဒန္တ ကုဏိကာဘိဝံသနှင့် ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရအားအမှူးပြုပြီး မင်္ဂလာဒုံမြို့နယ်၊ ၁/ကရပ်ကွက်ရှိလမ်းပြုပြင်ရေးအတွက်လိုအပ်သည့် ဘိလပ်မြေ၊ သဲ၊ကျောက်စသည်များနှင့် မော်လမြိုင်ကျွန်း(၉)ရပ်ကွက်ရှိ မစ္ဆိမာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် လိုအပ်သည့် ဆန်၊ဆီ၊ဆားနှင့်စာရေးကိရိယာများကို ယခုလအတွင်းလှူဒါန်းခဲ့ကြသည်။။ Huawei Myanmar သည် မေလအတွင်း သံလျင်မြို့ရှိ သီလရှင်သင်ပညာရေးကျောင်းသို့လှူဒါန်းမှုပြုခဲ့ပြီးနောက် မိုးရာသီအတွင်း နောက်ဆက်တွဲအလှူဒါန(၂)ခုကိုဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

    2017-06-08
  • “ဒစ်ဂျစ်တယ်အသုံးချမှုကွဲပြားခြင်းသည် ကြီးမားသောဒစ်ဂျစ်တယ် ကွာဟမှုတစ်ခုဖြစ်လာစေသည်” ဒစ်ဂျစ်တယ်နည်းပညာတွင် မညီမျှမှုများ ကျယ်ပြန့်လာသည် ဟု Huawei ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး အညွန်းကိန်း ၂၀၁၇ (Global Connectivity Index) အစီရင်ခံစာတွင် ဖော်ပြ

    ရန်ကုန်၊ မြန်မာ။ ဇွန် ၁၊ ၂၀၁၇ - သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ နယ်ပယ် ဖွံ့ဖြိုးရေးတိုးတက်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုကြီးမားလာခြင်းကြောင့် ကမ္ဘာတလွှားရှိ ဒစ်ဂျစ်တယ်ပိုင်းဖွံ့ဖြိုးပြီး စီးပွားရေးလုပ်ငန်းများလည်းပိုမိုတိုးတက်များပြားလာနေပါသည်။ တစ်ချိန်တည်းမှာပင် ယင်းဒစ်ဂျစ်တယ်ပိုင်း ဖွံ့ဖြိုးပြီးစီးပွားရေးလုပ်ငန်းများ သည် ICT စွမ်းဆောင်ရည်များ နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဉ်များတွင် မဟာဗျူဟာကျကျ  ရင်းနှီးမြှုပ်နှံမှုအရှိန်ကို စတင်တိုးမြှင့်လာကြသောကြောင့် နိုင်ငံများကြား စီးပွားရေးကွာဟမှုမှာလည်း ဆက်လက်မြင့်မားနေပါသည်။  

    2017-06-01
  • Huawei က “Mini Mobile World Congress 2017” အခမ်းအနားကို မြန်မာပြည်တွင် ဦးဆောင်ကျင်းပ

    ရန်ကုန်၊ မြန်မာ (27 မေ၊ ၂၀၁၇) —  မြန်မာ့တယ်လီကွန်းဆက်သွယ်ရေးဈေးကွက်ကို အထူးရည်ရွယ်သည့် “Mini Mobile World Congress 2017”ကို Huawei ၏ Customer Solution Innovation and Integration Center တွင် မေလတစ်လလုံးကျင်းပခဲ့ပါသည်။ “Open ROADS to a Better Connected Myanmar ” ဟူသော အဓိကအကြောင်းအရာအောက်တွင် ပြပွဲများချိတ်ဆက်ပြသခြင်းများ၊ လုပ်ငန်းဆိုင်ရာဟောပြောခြင်းများနှင့် အမှန်တကယ်ကြုံတွေ့ရသည့် ကိစ္စရပ်များ လေ့လာခြင်းတို့ အပါအ၀င် လှုပ်ရှားဆောင်ရွက်မှု ပေါင်းများစွာကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြင့် Huawei သည် နိုင်ငံတကာအသိအမှတ်ပြု အခမ်းအနားကို ရန်ကုန်မြို့ရှိသုံးစွဲသူများ နှင့် လုပ်ငန်းမိတ်ဖက်များ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခဲ့ပြီး ဖြစ်ပါသည်။

    2017-05-27
  • Huawei ၏ ကမ္ဘာ့အထင်ကရ CSR အစီအစဉ် “အနာဂတ်၏ မျိုးဆက်သစ်လေးများ” မြန်မာနိုင်ငံသို့ရောက်ရှိ

    ရန်ကုန်၊ မြန်မာ [၆ ဧပြီ ၂၀၁၇]: ကမ္ဘာ့ထိပ်တန်းသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) များကိုထောက်ပံ့သောကုမ္ပဏီတစ်ခုဖြစ်သည့် Huawei က မြန်မာနိုင်ငံရှိ တက္ကသိုလ်နှစ်ခုမှ ထိပ်တန်းကျောင်းသား ၁၀ ဦးအား လေ့ကျင့်သင်ကြားရန်အတွက် တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ် စေလွှတ်ခြင်းဖြင့် ၎င်း၏ ကမ္ဘာ့အထင်ကရဖြစ်သော CSR အစီအစဉ် “အနာဂတ်၏ မျိုးဆက်သစ်လေးများ” ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။

    2017-04-06
  • အခြေခံအဆောက်အအုံဆိုင်ရာအထူးပူးပေါင်းဆောင်ရွက်မှုပြုရန် Myanmar Infrastructure Summit အတွင်း တယ်လီကွန်းဆက်သွယ်ရေး ကဏ္ဌ တောင်းဆို

    [ရန်ကုန်၊ မြန်မာ။ ၃၀ မတ် ၂၀၁၇] မြန်မာ့စီးပွားရေးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန် ရည်ရွယ်၍ တတိယအကြိမ်မြောက် Myanmar Infrastructure Summit (မြန်မာ့အခြေခံအဆောက်အအုံညီလာခံ) ကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ထိပ်တန်းသတင်း၊ အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပံ့ပိုးသည့် Huawei ကုမ္ပဏီက အိုင်စီတီကဏ္ဍကိုယ်စားပြုကာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် လူမှုကုန်ကျစရိတ်သက်သာပြီး အကျိုးဖြစ်ထွန်းထိရောက်မှုမြင့်မားစေရန်အတွက်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် အခြေခံအဆောက်အအုံဆိုင်ရာ သက်ဆိုင်သူအားလုံးသို့ ပန်ကြားလိုက်သည်။ 

    2017-03-30
  • Huawei မှ ရုံးချုပ်အသစ်၌ ကုသိုလ်မျှဝေခြင်း အခမ်းအနားကျင်းပပြုလုပ်

    ရန်ကုန်မြို့၊ မြန်မာ (၁၀၊ ဇန်နဝါရီလ၊ ၂၀၁၇) – Huawei Technologies(Yangon) Co., Ltd. သည် ရန်ကုန်မြို့ မြန်မာပလာဇာရှိ Huawei ရုံးချုပ်၌ ကုသိုလ်မျှဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ (၇) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Huawei မှ မြန်မာကျပ်ငွေ ၂၇,၀၀၀,၀၀၀ နှင့်ညီမျှသော ထောက်ပံ့ရေး ပစ္စည်းများကို ပြည်တွင်းရှိကျောင်းများနှင့် မိဘမဲ့ဂေဟာ ၉ ကျောင်းအတွက် လှူဒါန်းခဲ့ပါသည်။


    2017-01-10
  • Huawei Customer Service Center ဖွင့်ပွဲအခမ်းအနားကျင်းပ

    ။ ယနေ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် Huawei Customer Service Center ဖွင့်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Huawei Customer Service Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မီဒီယာများ၊ Huawei fans များ၊ သုံးစွဲသူများ၊ Huawei မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Huawei မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ Huawei Consumer Business Group Global Service Director, Ms. Tracy Guo မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံခြင်းဖြင့် ဖွင့်ပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

    2016-10-27
  • Myanmar Broadband Forum 2016 ကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အောင်မြင်စွာ ကျင်းပ

    ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ Huawei မှ ၀ိုင်းဝန်းကူညီပေးသော “Better Connected Myanmar” ခေါင်းစဉ်ဖြင့် Myanmar Broadband Forum ကို ပထမဦးဆုံးအကြိမ်အဖြစ် နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပခဲ့ပါသည်။ ထိုပွဲသည် တစ်နေ့တာ ကျင်းပသော ပွဲစဉ်တစ်ခုဖြစ်ပြီး လုပ်ငန်းဂေဟစနစ်တစ်လျှောက်လုံး အရှိန်မြှင့်လာသည့် Broadband တိုးတက်လာရေးအတွက် အစိုးရ၀န်ကြီးရုံးများ၊ ပြည်တွင်းအော်ပရေတာများ၊ ပြည်တွင်း ၀န်ဆောင်မှု ပေးသူများမှ စုဝေးပြီး ပြောကြားမည့် တစ်နေ့ တာပွဲတစ်ခု ဖြစ်ပါသည်။

    2016-10-08
  • မြန်မာနိုင်ငံ၏ ဒုတိယသမ္မတသည် Huawei မှ ကိုယ်စားလှယ်အရာရှိများနှင့် နမ်နင်းတွင် တွေ့ဆုံကာ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့

    မြန်မာနိုင်ငံ၏ ဒုတိယသမ္မတဖြစ်သူ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပလျက်ရှိသော ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း Huawei မှ ဒုတိယဥက္ကဌ Mr. Pang Jimin ၊ Huawei နည်းပညာကုမ္ပဏီ (ရန်ကုန်) ၏ အမှုဆောင်အရာရှိချုပ် Mr. Zhang Liman တို့အပါအ၀င် Huawei မှ ကိုယ်စားလှယ်အရာရှိများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် e-government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ထည်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ၏ လုပ်ငန်းစဉ်များအပါအ၀င် အခြားလက်တွဲဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါသည်။

    2016-09-11
  • မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ပြုပြင်ရန် Huawei မှ မြန်မာကျပ်ငွေသိန်း ၁၀၀၀ နှင့်ညီမျှသည့်အထောက်အပံ့များ ပေးအပ်လှူဒါန်းခြင်း

    ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ ရစ်ချက်တာစကေး ၆.၈ အဆင့်ရှိ မြေငလျင်တစ်ခုဖြစ်ပွားခဲ့မှုကြောင့် မြန်မာ့သမိုင်းဝင်အဖိုးတန် ယဉ်ကျေးမှုနယ်မြေများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ သက်ဆိုင်ရာမှ လိုအပ်သည့်ပြန်လည်ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်နိုင်ရန် Huawei P9 မော်ဒယ်အလုံးတစ်ရာနှင့်တကွ မြန်မာကျပ်ငွေသိန်း ၅၀၀၊ စုစုပေါင်းကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော တန်ဖိုးပမာဏကို ပေးလှူသွားမည် ဖြစ်ပါသည်။

    2016-08-23
  • Huawei မှ ကိုယ်စားလှယ်တော်များ မြန်မာအစိုးရနှင့်အဖွဲ့အား ဘေဂျင်းတွင် ဧည့်ခံတွေ့ဆုံ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့တွင် အစိုးရ ခရီးစဉ်ဖြင့် ရောက်ရှိနေသဖြင့် Huawei မှ တာဝန်ရှိသူများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ခရီးစဉ်တွင်ပါဝင်ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ၀န်ကြီးများနှင့် ဘေဂျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံကာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုခေတ်ဖြစ်ထွန်းလာစေရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

    2016-08-22
  • ဟွာဝေး UBB Summit အရှေ့တောင်အာရှနိုင်ငံတွင်းလှည့်လည်ကျင်းပရာတွင် ပထမဆုံးဟောင်ကောင်မြို့တွင်စတင်ကျင်းပခြင်းအခမ်းအနား 2016 (ultra-broadband ထိပ်သီးအစည်းအဝေး)။

    ၂၀၁၆၊ ဧပြီလ ၂၈ရက်နေ့ဟောင်ကောင်တွင် ဟွာဝေး၏ UBBS (ultra-broadband ထိပ်သီးအစည်းအဝေး) ဖွင့်ပွဲကိုတွေ့မြင်ရပြီး၊ ကမ္ဘာပေါ်တွင် အိုင်စီတီနည်းပညာဆိုင်ရာ ဖြေရှင်းမှုနည်းလမ်းများအား စဉ်ဆက်မပြတ်ပံ့ပိုးသူအနေဖြင့် ဟွာဝေးကုမ္ပဏီသည် အနာဂတ် ultra-broadband ကမ္ဘာ၊ နေရာအနှံ့အသုံးပြုနိုင်သော broadband အပါအဝင်၊ သာလွန်ကောင်းမွန်သော ဗီဒီယိုအတွေ့အကြုံနှင့် smart home ဝန်ဆောင်မှုများကိုမိတ်ဆက် ပြသခဲ့ပါသည်။

    2016-04-28
  • Huawei မှ ICT ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် HAINA ၂၀၁၆ အစီအစဉ်ကို နည်းပညာတက္ကသိုလ်(သန်လျင်)တွင် ဖွင့်လှစ်

    ။ Huawei နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းကာ HAINA 2016 (Huawei Authorized Information and Network Academy (HAINA program) အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက်က နည်းပညာတက္ကသိုလ် (သန်လျင်) တွင်ကျင်းပခဲ့သည်။ အဆိုပါ HAINA အစီအစဉ်သည် Huawei ၏ တက္ကသိုလ်များနှင့်အတူတကွပြုလုပ်နေသော မိတ်ဖက်အစီအစဉ်တစ်ခုဖြစ်ပြီး Huawei ၏ လေ့ကျင့်မှုနှင့် အသိအမှတ်ပြုလက်မှတ်ရသင်တန်းများကို အဆိုပါကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းစေခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးတွင် ICT နည်းပညာဖွံ့ဖြိုးတိုးတက်လာရေးကို ထောက်ပံ့ပေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ Huawei သည် နည်းပညာတက္ကသိုလ် (သန်လျင်)တွင် လက်တွေ့အသုံးပြုနိုင်မည့် စက်ပစ္စည်းများ၊ တက္ကသိုလ် ပါမောက္ခများကို သင်တန်းပေးခြင်းနှင့် ကျောင်းသားကျောင်းသူများအတွက် အထူးပြုစုထားသော သင်ရိုးညွှန်းတမ်းများကို ပံ့ပိုးကူညီပေးလျက်ရှိသည်။

    2016-02-29
  • Huawei Customer Service Center ကို မန္တလေးမြို့တွင် ဖွင့်လှစ်

    ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်၊ မန္တလေးမြို့။ ။ Huawei ၏ Customer Service Center ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲသို့ မန္တလေးမှ မီဒီယာများ၊ ဧည့်သည်တော်များနှင့် Huawei မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Huawei ၏ SEA Region Device Service Manager မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အခမ်းအနားမှူးက Huawei မှ ပေးအပ်လျက်ရှိသော ၀န်ဆောင်မှုများကို ရှင်းပြခြင်းများပြုလုပ်ခဲ့ပြီး Huawei မှ တာဝန်ရှိသူများက Huawei Customer Service Center ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

    2015-12-25
  • စတင်ရောင်းချသည့်နေ့တစ်နာရီအတွင်းမှာပင် ပစ္စည်းပြတ်လပ်သည်အထိ ရောင်းထွက်ခဲ့သည့် Huawei P8

    Huawei P8 ကို ယနေ့ ၆.၆.၂၀၁၅ မှစပြီး ၅၂၉၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆိုင်ပေါင်း (၂၈)ဆိုင်တွင် စတင်ရောင်းချခဲ့ပါသည်။ Huawei P8 ကို ၂၃.၅.၂၀၁၅ မှ ၅.၆.၂၀၁၅ရက်နေ့အတွင်း ကြိုတင်မှာယူမှုများကို လက်ခံခဲ့သည်။

    2015-06-06
  • Huawei မှ မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူ ၅၀ ဦးအား ပညာသင်ဆုချီးမြှင့်ခြင်းနှင့်အတူ သန်လျင်နည်းပညာတက္ကသိုလ်သို့ ဆက်သွယ်ရေး နည်းပညာသင်ရိုးညွန်းတမ်း HANA Program ကိုလှူဒါန်းခြင်း

    Huawei ကုမ္ပဏီသည် သန်လျင်နည်းပညာ တက္ကသိုလ်သို့ ဆက်သွယ်ရေး နည်းပညာသင်ရိုးညွှန်းတမ်း HANA Program ကို လှူဒါန်းပွဲနှင့် တက္ကသိုလ် လေးခုမှ ကျောင်းသားကျောင်းသူ အယောက် (၅၀) ကို ပညာသင်ဆုချီးမြင့်ပွဲကို မတ်လ ၁၃ရက် သောကြာနေ့တွင် ဒိုးနာဟိုတယ်၌ အောင်မြင်စွာ ကျင်းပခဲ့သည်။

    2015-03-13
  • Huawei မှ Care Myanmar အစီအစဉ်ဖြင့် လမ်းခင်းရန်နှင့်ပညာရေးအတွက်ကျပ်သိန်း(၆၀)လှူဒါန်း

    ရန်ကုန်၊မြန်မာ (၈၊ဇွန်၊၂၀၁၇)။            ။ Huawei Myanmar သည်နိုင်ငံတော်သံဃမဟာနာယကတွဲဖက်အကျိုးဆောင်ဆရာတော်ဘဒ္ဒန္တ ကုဏိကာဘိဝံသနှင့် ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရအားအမှူးပြုပြီး မင်္ဂလာဒုံမြို့နယ်၊ ၁/ကရပ်ကွက်ရှိလမ်းပြုပြင်ရေးအတွက်လိုအပ်သည့် ဘိလပ်မြေ၊ သဲ၊ကျောက်စသည်များနှင့် မော်လမြိုင်ကျွန်း(၉)ရပ်ကွက်ရှိ မစ္ဆိမာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် လိုအပ်သည့် ဆန်၊ဆီ၊ဆားနှင့်စာရေးကိရိယာများကို ယခုလအတွင်းလှူဒါန်းခဲ့ကြသည်။။ Huawei Myanmar သည် မေလအတွင်း သံလျင်မြို့ရှိ သီလရှင်သင်ပညာရေးကျောင်းသို့လှူဒါန်းမှုပြုခဲ့ပြီးနောက် မိုးရာသီအတွင်း နောက်ဆက်တွဲအလှူဒါန(၂)ခုကိုဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။