ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဆက်တိုက်ကျင်းပလျက်ရှိသည့် Huawei Myanmar ၏ Youth Open Day အစီအစဉ်တွင် နည်းပညာနှင့် ကွန်ပျူတာ ကျောင်းသားကျောင်းသူများ ပါဝင်လေ့လာလျက်ရှိ

[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ရက်] – Huawei Myanmar ၏ Youth Open Day အစီအစဉ်ကို ပြီးခဲ့သည့် မေလအတွင်း သုံးကြိမ်တိုင်ကျင်းပခဲ့ရာ ဒေသအသီးသီးရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ  ကျောင်းသားကျောင်းသူ ၉၀ နီးပါး ပါဝင်တက်ရောက်ခဲ့ပြီးဖြစ်သည်။  ရန်ကုန်မြို့ရှိ Huawei Myanmar ရုံးချုပ်တွင် ကျင်းပသည့် Youth Open Day အစီအစဉ်တွင် ပါဝင်သည့် ကျောင်းသားကျောင်းသူများအနေဖြင့် 5G၊ AI စသည့်နောက်ဆုံးပေါ် နည်းပညာများ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှု အသစ်များနှင့် အနာဂတ် အိုင်စီတီကဏ္ဍ အလားအလာများအကြောင်း လေ့လာခွင့်ရရှိမည်ဖြစ်သည်။

Youth Open Day အစီအစဉ်ကျင်းပရခြင်းရည်ရွယ်ချက်မှာ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် နည်းပညာနှင့် အိုင်စီတီကဏ္ဍအလားအလာကို သိရှိနားလည်ကာ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖံွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ပါမောက္ခချုပ်များကော်မတီနှင့် Huawei Myanmar တို့အကြား အိုင်စီတီထူးချွန်လူ ငယ်များမွေးထုတ်ပေးရေးအစီအစဉ် (ICT Talent Development Program) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့ သည့်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ကဏ္ဍ ၆ ခုတွင် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ရာ Youth Open Day အစီအစဉ်လည်း အပါအ၀င်ဖြစ်သည်။

Youth Open Day အစီအစဉ်အရ တစ်ကြိမ်လျှင် ကျောင်းသားကျောင်းသူ ၃၀ ယောက်ကိုဖိတ်ကြားမည်ဖြစ်ပြီး၊ Huawei Myanmar က  ၂၀၁၉ ခုနှစ်အတွင်း Youth Open Day အစီအစဉ်ကို ၁၄ ကြိမ်အထိ ကျင်းပသွားမည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၊ကွန်ပျူတာ တက္ကသိုလ် (ကလေး)၊ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) စသည့် တက္ကသိုလ် ၂၅ ခုမှ ကျောင်းသားကျောင်း သူပေါင်း ၄၂၀ သည် Huawei Myanmar ၏ Youth Open Day အစီအစဉ်တွင် ပါဝင်ကာ နောက်ဆုံးပေါ် နည်းပညာ များနှင့် အိုင်စီတီကဏ္ဍအကြောင့် လေ့လာကြမည်ဖြစ်သည်။

Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Zhang Liman က ပြောကြားသည်မှာ “ထူးချွန်ထက် မြက်သူမရှိရင် အနာဂတ်ဆိုတာလည်း မရှိပါဘူး။ လူငယ်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ။ ICT ကဏ္ဍမှာ မြန်မာနိုင်ငံ သားတွေရဲ့ နည်းပညာကျွမ်းကျင်တက်မြောက်မှုကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ Huawei ကုမ္ပဏီက ကတိပြုထား ပါတယ်။ ICT နည်းပညာထူးချွန်သူတွေ မွေးထုတ်ပေးနိုင်ဖို့ ‘ICT Talent Development’ ဆိုတဲ့ တာဝန်သိလူမှုရေး လုပ်ငန်းစဉ် (CSR) တစ်ခုကို ၂၀၂၃ ခုနှစ်ကတည်းက ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။”