ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

တတိယအကြိမ်မြောက် Huawei Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံ၌ နောက်ဆုံးပေါ် ICT နည်းပညာများ သွားရောက်လေ့လာမည်

Read English Version

[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ မေလ ရက်] - မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်  နေသည့် Huawei ၏ နှစ်စဉ်အစီအစဉ်များအနက်မှတစ်ခုဖြစ်သည့် Seeds for the Future အစီအစဉ်က မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်များမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တရုတ်နိုင်ငံ ICT လေ့လာရေးခရီးစဉ်စတင်ရန် တတိယအကြိမ်မြောက်  ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာ နိုင်ငံပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီတို့နှင့် ပူးပေါင်း ကာ စတင်ခဲ့သည့် အဆိုပါအစီအစဉ်အတွက် အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ရှိ Huawei Customer Solution Innovation Center ၌ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွေးချယ်ခံရသည့်ကျောင်းသား၊ ကျောင်းသူများသည် တရုတ်နိုင်ငံသို့ မေလ ၄ ရက်နေ့မှ ၁၇ ရက်နေ့ အထိ ၂ ပတ်အကြာ သွားရောက်ရမည်ဖြစ်ပြီး ပထမတစ်ပတ်တာကာလအတွင်း ပေကျင်းတွင် မတူညီသည့် ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ကြကာ ကျန်ရှိသည့် တပတ်တာကာလအတွင်း 5G ၊ LTE နှင့် cloud computing ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများကို ရှန်းကျန်းမြို့တွင် တည်ရှိသော Huawei ရုံးချုပ်၌ လေ့လာမည်ဖြစ်သည်။

Mr. Zhang Liman, Huawei Myanmar CEO, Dr. Nyi Hla Nge, Vice Chairman of National Education Policy Commission, Dr. Zaw Wai Soe, Chairman of Rectors’ Committee, Daw San San Htwe, Deputy Director of Directorate of Investment and Company Administration, together with the selected top 10 students

Huawei Myanmar CEO Mr. Zhang Liman ၊အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာ ညီလှငယ် ၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး ၊ ရင်းနှီးမြှပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွေး တို့အား ရွေးချယ်ထားသော ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှင့်အတူ တွေ့ရစဉ်

Seeds for the Future သည် နိုင်ငံတွင်း ICT အလားအလာရှိသူများမွေးထုတ်ရေး၊ အသိပညာဗဟုသုတ ဖလှယ်မှုမြှင့်တင်ရေး၊ ICT နယ်ပယ်အပေါ်နိုင်ငံသားများ၏ နားလည်မှုနှင့် စိတ်ပါဝင်စားမှုတိုးမြှင့်ရေး၊ သက်ဆိုင်ရာနယ်မြေအလိုက် ဒစ်ဂျစ်တယ်လူမှုပတ်ဝန်းကျင်တည်ဆောက်ရေးကို တွန်းအားပေးရေးနှင့်  ပါဝင်ဆောင်ရွက်မှုမြင့်တက်လာစေရေးစသော ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေသည့် Huawei ၏ နိုင်ငံတကာထိပ်တန်းလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Huawei နှင့် ပါမောက္ခချုပ်များကော်မတီတို့ကြားတွင် (၃) နှစ်တာ ICT Talent Development Program အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ကြမည့်ကဏ္ဍ (၆) ခု အနက်မှ တစ်ခုဖြစ် သည့် အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်အထိ မြန်မာ ကျောင်းသား၊  ကျောင်းသူ အယောက် ၃၀ အပါအဝင် ကမ္ဘာအနှံ့အပြားရှိတက္ကသိုလ်ပေါင်း ၄၀၀ ကျော်မှ နိုင်ငံတကာကျောင်းသား၊  ကျောင်းသူပေါင်း ၄,၅၀၀ ကျော် ပါဝင်ပြီးဖြစ်သည်။ အစီအစဉ်တွင် ပါဝင်ခွင့်ရသည့် ကျောင်းသား၊  ကျောင်းသူများအနေဖြင့် Huawei ၏ အဆင့်မြင့်လက်တွေ့စမ်းသပ်ခန်းများမှ အဆန်းသစ်ဆုံး သော  နောက်ဆုံးပေါ် solutions များကို လေ့လာနေစဉ်တွင် မြန်မာနှင့်ကွဲပြားသည့် ယဉ်ကျေးမှုများကိုလည်း  သေချာစွာ လေ့လာနိုင်မည်ဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “မြန်မာတက္ကသိုလ်ကျောင်းသား၊ ကျောင်း သူတွေအနေနဲ့ နောက်ဆုံးပေါ် ICT ဆန်းသစ်တီထွင်မှုတွေကို လေ့လာရင်း ယဉ်ကျေးမှုအပြန်အလှန်ဖလှယ် ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းအတွေ့အကြုံတွေရရှိစေဖို့ ၂၀၁၇ ခုနှစ်ကစပြီး Huawei က တတ်နိုင်သမျှပံ့ပိုး လာခဲ့ပါတယ်။ ဒီနှစ်မှာ ဒီအစီအစဉ်ကို တတိယအကြိမ်ဆောင်ရွက်ပေးရတာအတွက် ဝမ်းမြောက်မိပါတယ်။ အစီအစဉ်စတင်ချိန်ကနေ လက်ရှိအချိန်အထိ အလားအလာရှိတဲ့ကျောင်းသား၊ ကျောင်းသူအယောက် ၃၀ ကို တရုတ်နိုင်ငံစေလွှတ်နိုင်ခဲ့ပါပြီ။ အနာဂတ်ဖွံ့ဖြိုးရေးအစီအစဉ်အောင်မြင်ဖို့အတွက် ICT နည်းပညာအပေါ် အားကိုးအားထားပြုနေရတဲ့နိုင်ငံတစ်ခုမှာ အနာဂတ်ဒစ်ဂျစ်တယ်ကမ္ဘာတည်ဆောက်နိုင်ဖို့အတွက်တော့ မျိုးဆက်သစ်လူငယ်တွေက အကောင်းဆုံးမျှော်လင့်ချက်ပါပဲ။ ICT နယ်ပယ်ဖွံ့ဖြိုးမှုအတွက် အလိုအပ်ဆုံး အရာဖြစ်တဲ့ အလားအလာရှိသူတွေကို  မွေးထုတ်ပေးခြင်းက မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတွေကို တိုးတက်စေနိုင်ပြီး ကဏ္ဍအသီးသီးရဲ့ ဖွံ့ဖြိုးမှုကို အရှိန်မြှင့်ပေးနိုင်သလို သာယာဝပြောတဲ့ ဒစ်ဂျစ်တယ်စီးပွား  ရေးစနစ်ရဲ့ အခြေခံအုတ်မြစ်ကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။ အခုအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့  ကျောင်းသား၊ ကျောင်းသူလေးတွေဟာ တစ်နေ့မှာ  မြန်မာနိုင်ငံ ICT အခင်းအကျင်းကို နောက်ထပ်တစ်ဆင့်  မြှင့်တင်ပေးမယ့် ICT ကျွမ်းကျင်ပညာရှင်တွေဖြစ်လာဖို့ Huawei က မျှော်လင့်ပါတယ်။ကhhjoowehr” ဟု ပြောကြားသည်။


Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman မှ အမှာစကားပြောကြားစဉ်

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman မှ အမှာစကားပြောကြားစဉ်

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာညီလှငယ် က “ICT နဲ့ ဆက်စပ်ဘာသာရပ်  တွေကို သင်ယူနေကြတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက် တရုတ်နိုင်ငံကို အလည်အပတ်သွား  ရောက်ပြီး  Huawei ရဲ့ အဆင့်မြင့်နည်းပညာတွေကို ဆက်လက်လေ့လာနိုင်ကြစေဖို့ Huawei ရဲ့ Seeds for the Future အစီအစဉ် ရေရှည်တည်တံ့ပါစေလို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်က  ကျောင်းသား၊  ကျောင်းသူတွေကို မြန်မာနိုင်ငံရဲ့ICT ခေါင်းဆောင်တွေအဖြစ်နဲ့ အောင်မြင်စွာ အသက်မွေးဝမ်းကြောင်းပြု နိုင်ဖို့ တွန်းအားပေးနေတဲ့ အစီအစဉ်ပါပဲ။” ဟု ပြောကြားသည်။

Dr. Nyi Hla Nge, Vice Chairman of National Education Policy Commission, giving welcome speech

အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာ ညီလှငယ်  မှ အဖွင့်အမှာစကားပြောကြားစဉ်

ပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ဇော်ဝေစိုး ကလည်း “ကျောင်းသား၊ ကျောင်းသူတွေ အားလုံးအတွက် ဂုဏ်ယူပါတယ်။ ရွေးချယ်ခံခဲ့ရတဲ့ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာ ICT နယ်ပယ်ရဲ့ အနာဂတ်ဖြစ်သွားပါပြီ။ ဒါကြောင့် မြန်မာ ICT နယ်ပယ်ဖွံ့ဖြိုးရေးကိုတွေးပြီး အကောင်းဆုံး ကြိုးစားကြဖို့ မှာချင်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ ICT အနေအထားကို သွားလေ့လာနိုင်တော့မှာ ဖြစ်ပြီးတော့ Huawei က ဘယ်လိုလုပ်ငန်းဆောင်ရွက်နေတယ်ဆိုတာကိုလည်း တွေ့မြင်ရမယ်။ အခုအခွင့် အရေးက တစ်ဦးတစ်ယောက်ချင်းဆီအတွက်လည်း အကျိုးရှိစေမှာပါ။ တစ်ဦးတစ်ယောက်ချင်း တိုးတက်ရာ ကနေ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေပိုပြီးဖွံ့ဖြိုးလာဖို့ ကူညီနိုင်လာမယ်။ ဒါကြောင့်  ကျောင်းသား၊ ကျောင်းသူတွေကိုရော မြန်မာတက္ကသိုလ်တွေကိုပါ အခွင့်အရေးတွေရရှိစေမယ့် ဒီအစီအစဉ်ကို ဆောင်ရွက်ပေးတဲ့ Huawei ကို ကျေးဇူးအထူးတင်ပါတယ်။ ဒါက အနာဂတ်မှာ အရမ်းကို အကူအညီ ဖြစ်လာမယ်ဆိုတာ အသေအချာ ပါပဲ။” ဟု ပြောကြားသည်။


Dr. Zaw Wai Soe, Chairman of Rectors’ Committee, delivering speech

ပါမောက္ခချုပ်များကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး မှ အမှာစကားပြောကြားစဉ်

“Seeds for the Future အစီအစဉ်ရဲ့ကျောင်းသားဟောင်းတွေက ပြန်မျှဝေပေးတဲ့ အတွေ့အကြုံနဲ့ အသိပညာဗဟုသုတတွေကြောင့် ကျွန်မတို့ကိုယ်တိုင် ဒီအစီအစဉ်ကိုပါဝင်ပြီး ICT နည်းပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို မြှင့်တင်ချင်လာပါတယ်။ ဒီလိုတန်ဖိုးရှိပြီးရခဲတဲ့အခွင့်အရေးက ကျွန်မတို့ရဲ့ အနာဂတ် သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနဲ့ ပညာလေ့လာဆည်းပူးရေးမှာ အများကြီး အထောက်အကူဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီအစီအစဉ်က လေ့လာခဲ့ရတဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး ဒစ်ဂျစ်တယ်မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ကျွန်မတို့အားလုံး ပိုပြီးထိထိရောက်ရောက် ပါဝင်ပေးနိုင်လာမှာပါ။” ဟု တတိယအကြိမ် Seeds for the Future အစီအစဉ်တွင် ရွေးချယ်ခံရသည့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်စား မဖူးပွင့်သဲခိုင် က ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်အတွက် ICT ကဏ္ဍတွင် အလားအလာရှိသူ အမြောက်အများလိုအပ်နေခြင်း  ကြောင့် Huawei က နိုင်ငံ၏ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် Huawei က HAINA (Huawei Authorized Information and Network Academy) အစီအစဉ်၊ မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များမှ ထူးချွန်ကျောင်းသားကျောင်းသူအယောက်၅၀ ကို ၎င်း၏ ပညာရေးလမ်းကြောင်းဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်စေရန်အတွက် ပညာသင်ဆုများပေး အပ်နေသည့် Huawei ICT Talent Scholarship အစီအစဉ်၊ Seeds for the Future အစီအစဉ် နှင့် ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတွင် လုပ်ငန်းအတွေ့အကြုံများ ရယူနိုင်စေရန် Huawei Myanmar တွင် အလုပ်သင်အစီအစဉ်များဆောင်ရွက်  ပေးကာ မြန်မာ ICT ကဏ္ဍအားအထောက်အပံ့ပေးနိုင်မည့် နည်းပညာအရင်းအမြစ်များ ပိုမိုများပြားလာစေ  ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။