ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဒီဂျစ်တယ်အရည်အချင်းမြှင့်တင်ပေးရန်နှင့် ဒီဂျစ်တယ်ဂေဟစနစ်ကို အားကောင်းစေရန်အတွက် Huawei က အာဆီယံ အကယ်ဒမီကို မိတ်ဆက်

2020.05.22
asean academy 1

 ဒေသတွင်း ဒီဂျစ်တယ်အရည်အချင်း မြှင့်တင်ပေးရန် ဖန်တီးထားသည့် သင်ကြားမှု စနစ်ဖြင့် Huawei အာဆီယံအကယ်ဒမီကို Malaysia တွင် ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့သည်။ လာမည့် ငါးနှစ်တာအတွင်း ကျွမ်းကျင်သူ ၅၀,၀၀၀ ကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်သည်ဟု Huawei က ကတိကဝတ်ပြုခဲ့သည်။ ဒီဂျစ်တယ်အရည်အချင်းမြှင့်တင်ပေးရန်အတွက် ယင်းအကယ်ဒမီက ကျွမ်းကျင်သည့် သင်ကြားသူ ၁၀၀ တို့ဖြင့် ICT သင်တန်းအရေအတွက်ပေါင်း ၃,၀၀၀ ကျော် ပေးသွားမည် ဖြစ်သည်။

“မလေးရှားနိုင်ငံက Huawei အာဆီယံအကယ်ဒမီဟာ အာရှပစိဖိတ်ဒေသမှာ ပထမဦးဆုံး ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်မယ့် ICT တိုးတက်မှုမှာ အာရှပစိဖိတ်ဒေသဟာ အဓိကနေရာက အရေးပါပါတယ်။ ဒေသခံ အရည်အချင်းရှိသူတွေအနေနဲ့ အစဉ်ပြောင်းလဲနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းကို အမီလိုက်နိုင်မယ့် သင့်တင့်တဲ့ ICT ဗဟုသုတတွေကို ကောင်းကောင်း ပိုင်ဆိုင်ထားတာ သေချာတဲ့ အထိ လေ့ကျင့်ပျိုးထောင်ပေးဖို့ဟာ အရင်ထက် ပိုပြီး အရေးကြီးလာပါတယ်။ ဆက်သွယ်ရေးနှင့် Multimedia ဝန်ကြီးဌာန (KKMM) နဲ့ Huawei တို့ဟာ Huawei Technologies စတင် တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ICT ကဏ္ဍမှာ ရေရှည်လက်တွဲလုပ်ဆောင်လာခဲ့တာ ဖြစ်ပြီး အနာဂတ်မှာလည်း ဒီဂျစ်တယ်စီးပွားရေးကို လမ်းကြောင်းမှန်ကန်စွာ ပဲ့ကိုင်မောင်းနှင်သွားဖို့အတွက် ပူးပေါင်းဆောင်ရွက်တွေ ပိုမို ရှိလာစေဖို့ မျှော်လင့်ပါတယ် “ဟု မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် Multimedia ဝန်ကြီးဌာန ဝန်ကြီး YB Dato Saifuddin Abdullah က ဆိုသည်။

အကယ်ဒမီ၏ ICT လေ့ကျင့်သင်ကြားရေး အစီအစဉ်များနှင့် သင်တန်းများကို အစိုးရဌာနဝန်ထမ်းများ၊ လုပ်ငန်းခွင်တွင် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေကြသူများနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် ဦးတည်သင်ကြားပေးရန် ရည်ရွယ်ထားပြီး နိုင်ငံ၏ ICT ဂေဟစနစ် ဖွံ့ဖြိုးရေးအတွက် ဘက်စုံလမ်းကြောင်းစုံဖြင့် ချဉ်းကပ်သင်ကြားသွားမည် ဖြစ်သည်။ ယင်းတွင် အခြေအနေအလိုက် လက်တွေ့သင်ကြားမှုများ၊ အွန်လိုင်း တိုက်ရိုက်သင်ကြားမှုများ၊ ပြည်ပ လေ့လာရေးခရီးစဉ်များ စသည့် စနစ်တကျ တည်ဆောက်ထားသည့် ကြွယ်ဝစုံလင်သော ပညာရေး နည်းလမ်းများကို အသုံးပြုသွားမည် ဖြစ်သည်။ Enterprise လုပ်ငန်းများ၏ လက်ရှိ အရည်အချင်းလိုအပ်မှုများနှင့် ထိရောက်ကိုက်ညီသည့် ဖြေရှင်းမှုနည်းလမ်း (solutions) များ ဖြစ်စေရန်အတွက် အရည်အချင်းအမျိုးမျိုး၊ အဆင့်အမျိုးမျိုးအတွက် ရှုထောင့်စုံလင်သည့် ဖြေရှင်းမှုနည်းလမ်းများကို ပေးသွားမည် ဖြစ်သည်။ 

“ပုံမှန်အနေအထားအသစ်(New Normal)တစ်ရပ် ဖြစ်လာတဲ့ social distancing ကို ကူးပြောင်းကျင့်သုံးလာတဲ့ အခါမှာ အင်အားကောင်းတဲ့ ဒီဂျစ်တယ်ကွန်ရက်နဲ့ အခြေခံအဆောက်အအုံတွေ ရှိဖို့ဟာ ခါတိုင်းထက် သိသိသာသာ ပိုမိုအရေးကြီးလာပါတယ်။ အင်အားကောင်းတဲ့ ဒီဂျစ်တယ်ကွန်ရက်နဲ့ အခြေခံအဆောက်အအုံအတွက် ကျောရိုးဟာ နိုင်ငံသားတွေအတွက် အဲဒီ ဝန်ဆောင်မှုတွေ ပေးနေတဲ့ သူတွေဆီမှာ မှီခိုနေပါတယ်။ အာဆီယံအကယ်ဒမီက ပံ့ပိုးပေးမယ့် သင်ကြားရေးတွေ၊ အစီအစဉ်တွေဟာ ဒေသခံ အရည်အချင်းရှိသူတွေကို အနာဂတ်အတွက် အဆင်သင့်ဖြစ်စေဖို့နဲ့ နိုင်ငံရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်တင်ရေးမှာ ပါဝင်ကူညီနိုင်စေဖို့ လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု Huawei Malaysia ၏ CEO ဖြစ်သူ Micheal Yuan က ဆိုသည်။

လုပ်ငန်းခွင်လိုအပ်ချက်များပေါ် အခြေခံပြီး အကယ်ဒမီက နိုင်ငံ၏ အရည်အချင်းဆိုင်ရာ ပင်မမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ICT လုပ်ငန်းခွင် လမ်းကြောင်းဆိုင်ရာ လမ်းညွှန်ခြင်း၊ ဂေဟစနစ် အရည်အချင်းရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုများ တိုးတက်စေခြင်းဆိုင်ရာ ကိစ္စရပ်များ အတွင်းမှ ပြဿနာရပ်များကို ဖြေရှင်းပေးမည် ဖြစ်သည်။ အကယ်ဒမီသည် ကျွမ်းကျင်မှုနှင့် အရည်အချင်းဖွံ့ဖြိုးရေးအတွက် နည်းပညာကို အဓိက အသုံးပြုပြီး နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ဖန်တီးပေးမည် ဖြစ်သည်။

ကမ္ဘာတွင် ဦးဆောင်လျက်ရှိသည့် ICT ဖြေရှင်းမှု နည်းလမ်း ပံ့ပိုးသူ Huawei က လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ပွင့်လင်း၍ ပူးပေါင်းဆောင်ရွက်သော၊ မျှဝေသော ICT အရည်အချင်းဆိုင်ရာ ဂေဟစနစ်တစ်ခုကို မြှင့်တင်ဖော်ဆောင်လျက် ရှိသည်။ Huawei အာဆီယံအကယ်ဒမီက ဒေသခံ ICT အရည်အချင်းမြှင့်တင်ရေးနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် Huawei ၏ ခရီးစဉ်တွင် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုပင် ဖြစ်ပါသည်။