ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ ICT ကဏ္ဍတွင်း ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂ နှစ်တာ သက်တမ်းရှိ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုး

2019.04.22

 Read English Version

[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်] - ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းထောက်ပံ့သူ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့သည် မျိုးဆက်သစ် အင်ဂျင်နီယာများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် အထောက်အပံ့ပေးရန် နှင့် အဆောက်အဦးတွင်းကွန်ရက် လွှမ်းခြုံမှုထုတ်လွှင့်ရေးနှင့် တိုးတက်လာရေး၊ FTTH စံချိန်စံညွှန်းမြင့်မားလာရေးတို့ကို   ပူးပေါင်းဆောင်ရွက် ကြရန်အတွက် သဘောတူညီချက်စာချုပ်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေး ထိုးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက် တွင် Huawei CSIC ခန်းမ၌  ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် မြန်မာနိုင်ငံတွင်းရှိ အင်ဂျင်နီယာအားလုံးပါဝင်နိုင်သည့် ပထမဆုံး အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကွန်ဂရက်ကို အခြေခံ၍ ၁၉၂၇ ခုနှစ်တွင် အသစ်ဖွဲ့စည်းခဲ့ သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာများအတွက် သင်တန်းများနှင့်အထောက် အပံ့များ ပေးအပ်လျက်ရှိပြီး အလုပ်သင်အစီအစဉ်များအတွက်လည်း တက္ကသိုလ်များနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှင့် Huawei တို့က အစိုးရများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ နယ်ပယ်တွင်းရှိ လေ့လာစမ်းစစ်သည့်အဖွဲ့အစည်းများ၊ အခြားသောသြဇာရှိအဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းကာ အဆောက်အဦးတွင်းကွန်ရက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ဆောင်ရွက် ရန် ကတိကဝတ်ပြုထားသည်။ အဆိုပါသဘောတူညီချက်အရ Huawei နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့သည် အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးထိပ်သီးအစည်း အဝေးပွဲများကို ရေရှည်ပူးပေါင်းကျင်းပရန်၊ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှု နှင့် FTTH စံချိန်စံညွှန်းများကို အကောင်အထည်ဖော်ဆောင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေး နှင့် အရောင်းမြှင့်တင်ရေးတို့တွင် အကူအညီ  ပေးရန် သဘောတူညီခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် cloud၊ e-learning ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ပေးသည့် အစီအစဉ်များ နှင့် အလုပ်သင်အစီအစဉ်များအပါအဝင် အခြား နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်Huawei နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “အိုင်စီတီ ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြဖို့  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ ၂ နှစ်တာ သက်တမ်းရှိ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တာ ကို ထုတ်ပြန်ကြေညာရတာ Huawei အနေနဲ့ ဂုဏ်ယူမိပါတယ်။  မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးဆဲ ICT ကဏ္ဍ အတွက် Huawei ရဲ့ နည်းပညာကျွမ်းကျင်မှုအထောက်အပံ့တွေပေးခွင့်ရတဲ့အတွက်လည်း ကျွန်တော်တို့ Huaweiက  ကျေးဇူးတင်ပါတယ်။ မြန်မာအင်ဂျင်နီယာတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေပေးတာက အနာဂတ် ဒစ်ဂျစ်တယ်ကမ္ဘာကိုအရောက်လှမ်းနိုင်စေဖို့လည်း အကူအညီဖြစ်စေမှာပါ။  မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း  ရေး ထိပ်သီးအစည်းအဝေးပွဲ (Myanmar Indoor Coverage Digitalization Summit) ကိုလည်း မကြာခင် မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုရဲ့အင်မတန်အရေးပါပုံနဲ့ မြန်မာ ICS/FTTH နယ်ပယ်အတွက် စံချိန်စံညွှန်းတွေသတ်မှတ်ဖို့လိုနေပြီဆိုတာကို ဒီပွဲကနေတဆင့် မိတ်ဖက်အဖွဲ့အစည်းတွေ ကို အသိပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ နိုင်ငံရဲ့ အိုင်စီတီ ဖွံ့ဖြိုးရေးမှာ သက်ရောက်မှုကောင်းတွေ  ရေရှည် တည်တံ့စေဖို့အတွက်လည်း အဖွဲ့အစည်းနှစ်ခုလုံးရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစည်းပြီး လက်တွဲညီညီ ကြိုးပမ်းသွားဖို့ နှစ်ဖက်လုံးက ကတိကဝတ်ပြုထားကြပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့် ကမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နဲ့ Huawei တို့အနေနဲ့ နိုင်ငံရဲ့ အင်ဂျင်နီယာမျိုးဆက်သစ်တွေရဲ့ အရည်အသွေးကို အဆင့်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူခဲ့ကြပါတယ်။ သဘောတူညီချက်အရ မန်မာ့ အိုင်စီတီ ကဏ္ဍရဲ့ ဘက်ပေါင်းစုံတိုးတက်ဖွံ့ဖြိုးရေးအတွက် ICT ကဏ္ဍမှာကမ္ဘာ့ဦးဆောင်ဖြစ်တဲ့ Huawei လို ကုမ္ပဏီနဲ့ လက်တွဲ ခွင့်ရတာ အင်မတန်မှဝမ်းမြောက်စရာပါ။ မြန်မာနိုင်ငံအတွင်းဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ထိပ်သီးအစည်းအဝေး (Myanmar Indoor Coverage Digitalization Summit) ကို ကျွန်တော်တို့အဖွဲ့အစည်းနှစ်ခု ပူးပေါင်းကျင်းပသွားမှာဖြစ်ပြီးတော့ ဒီထိပ်သီးအစည်းအဝေးကနေ အဆောက်အဦးတွင်း ကွန်ရက်လွှမ်းခြုံမှုတွေ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းလာရေး အကောင်အထည်ဖော်ဆောင်မှုတွေကို မြှင့်တင်  ပေးသွားမှာဖြစ်ပြီးတော့ သက်ဆိုင်ရာခေါင်းစဉ်နဲ့ လူကြိုက်များလာနိုင်မယ့် အဆောက်အဦးတွင်းကွန်ရက်လွှမ်းခြုံရေး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်သွားမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်အနေနဲ့ အခုလို ပူးပေါင်းကူညီပေးမှုအတွက် Huawei ကို ကျေးဇူးတင်ရှိပါတယ်။ ရေရှည်မှာလည်း ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ဟု ပြောကြားခဲ့သည်။


Huawei သည် အရည်အသွေးမြင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို တရုတ်နိုင်ငံသို့ နှစ်စဉ်စေလွှတ်ပေးနေသည့် Seeds for the Future နိုင်ငံတကာဆိုင်ရာလှုပ်ရှားမှု၊ ထူးချွန် တက္ကသိုလ်ကျောင်းသားကျောင်းသူ ၅၀ အတွက် ပညာသင်ဆုများနှစ်စဉ်ပေးအပ်နေသည့် ICT Talent Scholarship အစီအစဉ်နှင့်နည်းပညာကျောင်းသားလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် ဆောင်ရွက်ပေးနေသည့် အလုပ်သင်အစီအစဉ်များအပါအဝင် ၎င်း၏ များစွာသော နှစ်စဉ်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကာ မြန်မာ ICT ကဏ္ဍအတွက် တက်တက်ကြွကြွအထောက်အပံ့ပြုနေသည့် ကုမ္ပဏီဖြစ်သည်။ ထို့အပြင် အနာဂတ်ဒစ်ဂျစ်တယ်နိုင်ငံတည်ဆောက်ရေးအတွက် ပိုမိုအားဖြည့်ပေးနိုင်ရန် ICT Talent Development နားလည်မှုစာချွန်လွှာတစ်စောင်ကိုလည်း Huawei နှင့် ပါမောက္ခချုပ်များ ကော်မတီ ယမန်နှစ်နှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ် မြင့်မားသည့် မြန်မာနိုင်ငံဖြစ်လာရန်အတွက် ပွင့်လင်းမြင်သာပြီး ပူးပေါင်းဆောင်ရွက်နိုင်ကာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသည့် နယ်ပယ်ဂေဟစနစ်တစ်ခုဖန်တီးပေးနိုင်ရန်အတွက်လည်း Huawei က ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်သည်။