ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

5G ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ Huawei မှ အိတ်ဖွင့်ပေးစာ

2019.07.04

အခုရက်ပိုင်းတွေမှာ  5G အကြောင်းပြောနေကြတာတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အချို့လည်းအကောင်းပြောတယ်။ အချို့လည်း အဆိုးပြောတယ်။ အချို့ကလည်း အကြောင်းမဲ့  ကဖျက်ကယက်လုပ်နေကြပါတယ်။

နောက်လာမယ့် ၁၅ နှစ်အတွင်း 5G က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုအမေရိကန်ဒေါ်လာ 2.2 ထရီလျံ အထောက်အကူပြုလိမ့်မယ်လို့ Groupe Speciale Mobile Association (GSMA) အဖွဲ့အစည်းက လတ်တလော ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ လတ်တလောလုပ်ရပ်တွေက မသေချာတဲ့ အမျိုးသားလုံခြုံရေး တောင်းဆိုမှုတွေပေါ်အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ 5G ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို  အနှောက်အယှက်ဖြစ်ဖို့ ခြိမ်းခြောက်နေပါတယ်။

5G အောင်မြင်ဖို့ဆိုရင် လူတွေအနေနဲ့ အဲဒါကို ယုံကြည်ဖို့လိုအပ်တယ်။ အဲဒီယုံကြည်မှုတွေကလည်း အချက်အလက်တွေအပေါ် အခြေခံဖို့လိုအပ်ပြီး  အဲဒီအချက်အလက်တွေကို လည်းစိ စစ်အတည်ပြုနိုင်ရပါမယ်။  နိုင်ငံရေးတွေကို အသာဖယ်ထားပြီး ဒစ်ဂျစ်တယ်ကမ္ဘာကြီးအတွက် လုံခြုံရေးကို အတူတကွလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။ လုံခြုံရေးဆိုတာ စီးပွားရေးတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူ။ ဒါဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့အရာပါ။

အသစ်ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဘယ်နည်းပညာအတွက်မဆို လုံခြုံရေးကို လုပ်ဆောင်ရတာ စိန်ခေါ်မှုပါ။ အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ အခြား stakeholder တွေအများကြီး ပါဝင်ပါတယ်။  အားနည်းချက်တစ်ခု တည်းကို ဒါမှမဟုတ်အချိန်တစ်ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတစ်ခုအပေါ်မှာ  အာရုံစိုက်ခြင်းအားဖြင့် ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ လူတွေယုံကြည်နိုင်ပြီလုံ ခြုံတဲ့ဒစ်ဂျစ်တယ်ကမ္ဘာကြီးကိုတည်ဆောက်ဖို့အတွက် အပြုသဘောဆောင်တဲ့  ရည်ရွယ်ချက်နဲ့အတူ အစိုးရနဲ့ လုပ်ငန်းတွေ အတူတကွလုပ်ဆောင်ရပါမယ်။

အတူတကွ မျှဝေအသုံးပြုနိုင်တဲ့ စံချိန်စံနှုန်းတွေလိုအပ်ပါတယ်။ ပေါင်းစည်းထားတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စံချိန်စံနှုန်းတွေဖြစ်ပေါ်လာဖို့ အစိုးရနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့အတူတကွပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ၎င်းစံချိန်စံနှုန်းတွေကလည်း နည်းပညာအရဘက်လို က်မှုမရှိဘဲ ကုမ္ပဏီနဲ့ ကွန်ရက်တွေအာလုံးအတွက် ညီမျှစွာအကျိုးသက်ရောက်ဖို့ လိုအပ်ပါတယ်။ GSMA နဲ့ 3GPP လိုမျိုး  လုပ်ငန်းဆိုင်ရာ စံချိန်စံနှုန်းအဖွဲ့အစည်းတွေက သူတို့ရဲ့ ကွန်ရက် ကိရိယာ လုံခြုံရေး အာမခံချက်အစီအစဉ် (NESAS) နဲ့ပတ်သတ်ပြီး တိုးတက်မှုတွေများစွာပြုလုပ်နေကြပါတယ်။  ဒါဟာ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေရဲ့ လုံခြုံရေးအကဲဖြတ်ခြင်း အတွက် အရမ်းအသုံးဝင်ပြီး အခုလို အဖွဲ့အစည်းတွေ အများအပြား ထွက်ပေါ် လာဖို့လည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်။

ရောင်းချသူအားလုံးအတွက် လွတ်လပ်သော စီစစ်အတည်ပြုခြင်းများလည်း ကျွန်တော်တို့ လိုအပ်ပါတယ်။  အခုဆိုရင် လုပ်ငန်းတော်တော်များများက ကမ္ဘာလုံးဆိုင်ရာ supply chain အပေါ်မှာ အမှီပြုနေရပါတယ်။ ရောင်းချသူတွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းအားလုံးကို တူညီသော နည်းလမ်းနဲ့ စိစစ်အကဲဖြတ်ဖို့လည်း လိုအပ်ပါတယ်။ ယုံကြည်ခြင်းနဲ့ မယုံကြည်ခြင်းနှစ်မျိုးလုံးကို ခံစားချက်ပေါ်အခြေခံဆုံးဖြတ်ခြင်းမဟုတ်ဘဲ  သက်သေအချက်အလက်များပေါ်မှာ အခြေခံတယ်ဆိုတာသေချာစေဖို့ တတိယအဖွဲ့အစည်းတွေရဲ့ သုံးသပ်ရေး ယန္တရားတွေကိုလည်း တည်ဆောက်ဖို့လိုအပ်ပါတယ်။ ဥရောပရဲ့ ရည်မှန်းချက်နဲ့ ၊ စံချိန်စံနှုန်းကို အခြေခံပြီး ဘက်လိုက်ခြင်းမရှိသော ချည်းကပ်မှု ကို ကျွန်တော်တို့အပြည့်အဝထောက်ခံပါတယ်။

ဆိုက်ဘာလုံခြုံရေးသည် Huawei ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး သုံးစွဲသူကွန်ရက်များ ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အမြဲကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ ကမ္ဘာ့လူဦးရေး သုံးဘီလျံကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။  ကြီးမားသော ကွန်ရက်ချို့ယွင်း ကျွန်တော်တို့ ပစ္စည်းကိရိယာများတွင် တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးပါ။ ကြီးမားသော ဆိုက်ဘာလုံခြုံရေး ဖျောက်ဖျက်မှုကိုလည်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါ။ Huawei က သုံးစွဲသူကွန်ရက် ဒါမှမဟုတ် သူတို့ရဲ့ စက်ပစ္စည်းများရဲ့ လုံခြုံရေးကို ထိခိုက်စေခဲ့သည်ဟူ၍လည်း မည်သည့် သက်သေမှမရှိပါ။

အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ ပညာရပ်သင်ကြားမှု  အသိုင်းအဝိုင်းအားလုံး စုပေါင်း လုပ်ဆောင်နိုင်မယ့်  ကမ္ဘာလုံးဆိုင်ရာ တူညီတဲ့ရည်မှန်းချက်ဖြစ်တာနဲ့အညီ လုံခြုံရေးကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။အချက်အလက်၊သက်သေ၊ စံချိန်စံနှုန်းနဲ့ လွတ်လပ်သောစီစစ်မှုတွေအပေါ်မှာအခြေခံတဲ့  ယုံကြည်မှုအုတ်မြစ်ကိုတည်ဆောက်ဖို့  ဒစ်ဂျစ်တယ် ဂေဟစနစ်အတွင်းမှာရှိတဲ့ ပါဝင်သူအားလုံးကို တိုက်တွန်းပါတယ်။