Huawei နှင့် Leica မှ နည်းပညာ၏ အလှတရားကို အနက်အဓိပ္ပါယ်သစ် ဖွင့်ဆိုခဲ့
Leica ကင်မရာများ တပ်ဆင်အားဖြည့်ထားတဲ့ Huawei စမတ်ဖုန်းများကို Huawei မှ မိတ်ဆက်ပေးခဲ့ပြီး မကြာမီမှာပဲ Facebook လူမှုစာမျက်နှာပေါ်တစ်ခွင်မှာ သုံးစွဲသူတွေအတွက် အမှတ်တရအခိုက်အတန့်ကောင်းလေးတွေကို ဖန်တီးနေပြီဖြစ်ပါသည်။ အဆိုပါဓာတ်ပုံတွေထဲမှာ ပါဝင်တဲ့ အပြုံးလေးများနဲ့ ရှုခင်းလေးတွေရဲ့ နောက်ကွယ်က Huawei နဲ့ နာမည်ကျော် Leica ကုမ္ပဏီတို့ ပူးပေါင်းမှုရဲ့ ရလဒ်အသီးအပွင့်တွေကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေရပါတယ်။ ခေတ်ရေစီးကို တစ်ကျော့ပြန်ပုံဖော်ကာ အမြဲတသသ ဖြစ်နေစေမယ့် အမှတ်တရကောင်းလေးတွေ ကို ဖန်တီးပေးနေခြင်းပင် ဖြစ်ပါတယ်။
“ဓါတ်ပုံပညာရပ်ကို ကျွန်တော်တို့  မတီထွင်ခဲ့ပါဘူး။ ဒါပေမယ့် ဓါတ်ပုံရိုက်ဖို့  ပညာရပ်ကိုတော့ ကျွန်တော်တို့ တီထွင်ခဲ့ပါတယ်” ယင်းဖော်ပြချက်က Leica အတွက် ကြော်ငြာစာသားတစ်ခု ဖြစ်ခဲ့ရုံမကဘဲ ရာစုနှစ်တစ်ခုတိုင် Leica ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုစာသားအဖြစ် ရပ်တည်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်များစွာက ဓာတ်ပုံဆရာတွေဟာ ဓာတ်ပုံရိုက်ကူးရာမှာ သေတ္တာပုံးလေးထဲ ထည့်ပြီး ရိုက်ကူးခဲ့ရပါတယ်။ ဒါ့ကြောင့် လက်တွင်ကိုင်ဆောင်နိုင်တဲ့ Leica ကင်မရာထွက်ပေါ်လာ ချိန်မှာ ဓာတ်ပုံရိုက်ကူးခြင်းအတွက် ပိုမိုလွတ်လပ်လွယ်ကူလာခဲ့ပြီး လူတို့ရဲ့စိတ်နှလုံးကို လှုပ်ရမ်းနိုင်ခဲ့ကာ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေအတွက်လည်း ဦးစားပေး နံပါတ်တစ် ကင်မရာ ဖြစ်လာပါတယ်။
ထိုစဉ်အခါကတည်းကပင် Leica အမှတ်တံဆိပ်သည် စေ့စပ်တိကျခြင်း၊ ခိုင်ခံ့မာကျောခြင်း၊ အရည်အသွေးမြင့်မားခြင်းစတဲ့အချက်တွေနဲ့ ဂုဏ်သတင်းကျော်ဇောခဲ့ပါတယ်။ ဓာတ်ပုံလောကရဲ့ နာမည် အကျော်ကြားဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ကြောင်းကို အစဉ်အဆက်က နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုရိုက်ကူးလာခဲ့ကြတဲ့ ဓာတ်ပုံဆရာတွေက သက်သေထူနေပါတယ်။ ဒါ့အပြင် စစ်ပွဲ ကာလတွေကဖြစ်စေ၊ ငြိမ်းချမ်းရေးကာလတွေကဖြစ်စေ လူတို့ရဲ့သမိုင်းတစ်လျှောက် အရေးကြီး အချိန်ကာလတွေကို မှတ်ကျောက်တင်ပေးနိုင်ခဲ့သည်မှာလည်း Leica ပင် ဖြစ်ပါတယ်။
Leica မှ ယူဆောင်ပေးလာတဲ့ အတွေ့အကြုံတွေက သူရဲ့ပရိသတ်တွေအတွက် အချိန်တိုင်းမှာ စွဲမက်ဖွယ်ပင် ဖြစ်ပါတယ်။ တစ်ခါက Leica ကင်မရာစုဆောင်းသူတစ်ဦးဟာ ညဥ့်လယ်တိုင်း နိုးထလာကာ ကင်မရာ Shutter ခလုတ်လေးကို နှိပ်ပြီး ယင်းက ထွက်ပေါ်လာတဲ့ ပြားချပ်လေးတွေရဲ့ တိုးတိတ်ညင်သာစွာရိုက်ခတ်သံလေးကို နားဆင်ပြီးမှ ပြန်လည်အိပ်စက်လေ့ ရှိတဲ့အထိ Leica ကင်မရာကို ရူးသွပ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။
ဤကဲ့သို့ နာမည်ကျော် Leica ကုမ္ပဏီနဲ့ Huawei တို့ရဲ့ လိုက်ဖက်ညီညီ လက်တွဲမှုက ကမ္ဘာ့အကောင်းဆုံးကင်မရာစမတ်ဖုန်း ထွက်ပေါ်လာစေဖို့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ “Make It Possible” ဆိုတဲ့ ဆောင်ပုဒ်နဲ့ Huawei ဟာ Leica ကို တစ်ဖန်နုပျို စေပြီး ကင်မရာစမတ်ဖုန်းလောကမှာ အောင်မြင်မှုကြီးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အစဉ်အဆက်က အသုံးပြုခဲ့တဲ့ application တွေကနေ ကွဲထွက်ကာ Huawei ဟာ ၎င်းရဲ့ စမတ်ဖုန်းတွေမှာ Leica မိသားစုရဲ့ နာမည်ကျော် Leica Summarith မှန်ဘီလူးတွေကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ Huawei ရဲ့ စမတ်ဖုန်းတွေနဲ့ လိုက်လျောညီထွေမှုရှိစေဖို့ Huawei ရဲ့ သုတေသနဌာနဟာ ကိုယ်ပိုင်ချပ်စ်များ ထုတ်လုပ်ပြီး မှန်ဘီလူးဒီဇိုင်းကို ပြန်လည်ရေးဆွဲကာ တစ်ဖက်မှာလည်း Leica နဲ့ ပူးပေါင်းပြီး ဓာတ်ပုံအရည်အသွေးပိုမိုကောင်းမွန်စေဖို့ ပြသာနာအဖြေရှာရင်း တောင့်တင်းတဲ့ထိန်းချုပ်မှုစနစ်၊ အဆင့်မြှင့်ထားတဲ့ စစ်ဆေးမှုတွေကို တိုးပြီးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထိုနည်းအားဖြင့် အတွဲညီညီပူးပေါင်းနိုင်ခဲ့ခြင်းတို့ကြောင့် Huawei ဟာ Leica ရဲ့ အသိအမှတ်ပြု ကင်မရာနှစ်လုံးတွဲဖက်အသုံးပြုမှုကို ကမ္ဘာမှာ အောင်မြင်စွာနဲ့ တီထွင်ဆန်းသစ် ချပြနိုင်ခဲ့ပါတယ်။
Huawei ဟာ စမတ်ဖုန်းသုံးစွဲသူတွေရဲ့ အသည်းကျော်အမှတ်တံဆိပ်တစ်ခုအဖြစ် မြန်မာနိုင်ငံ မှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လျက်ရှိပါတယ်။ သုံးစွဲသူအချို့က Huawei ဆိုတဲ့အမည်ထက် Leica ကင်မရာဖုန်းဟူ၍ပင် ပိုပြီး ညွှန်းဆိုလိုကြောင်း ဆိုကြပါတယ်။ Leica စာလုံးနဲ့ အမှတ်တံဆိပ်တပ်ထားတာကပင် သုံးစွဲသူအချင်းချင်း ဓာတ်ပုံများဝေမျှရာမှာ ဂုဏ်ယူဖွယ်၊ ပျော်ရွှင်ဖွယ်တစ်ခု ဖြစ်ပါတယ်။
ကျွန်တော်က Huawei ပါ။
Leica နဲ့ ကျွန်တော်တို့ကြားက အဖြစ်အပျက်လေးတွေအကြောင်း ကျွန်တော့်လိုပဲ မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသူတွေနဲ့ မျှဝေပြောပြချင်ပါသေးတယ်။
မိတ်ဖက်လုပ်ငန်းတွေနဲ့ လက်တွဲဆောင်ရွက်တဲ့အခါမှာလည်း အဆိုပါပူးပေါင်းမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ကျွန်တော်တို့ ယုံကြည်သလို ICT ဖွံ့ဖြိုးတဲ့ လူမှုအသိုင်းအ၀န်းတစ်ခုကို ဖော်ဆောင်ပေးတဲ့၊ ဆက်သွယ်ရေး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာလောကကြီးကို ဖန်တီးတည်ဆောက်ပေးမယ့် တွန်းအားကြီး တစ်ခုဖြစ်စေဖို့ လည်း ကျွန်တော်တို့ ရည်သန်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
နောက်ပြီးတော့ ကျွန်တော်တို့ Huawei နဲ့ နာမည်ကျော် Leica တို့ဟာ ဆန်းသစ်မှုတွေ ဖော်ထုတ်ပေးမယ့် သုတေသနစမ်းသပ်ခန်းတွေကို ပူးတွဲဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဤဆောင်းပါး အဆုံးမသတ်ခင်မှာ ၀မ်းပန်းတသာနဲ့ ပြောပြချင်ပါသေးတယ်။ အဆိုပါ သုတေသနစမ်းသပ်ခန်းတွေ ကတစ်ဆင့် အမြင်အာရုံခံစနစ်အသစ်တွေ၊ ကွန်ပျူတာအသုံးပြုပုံရိပ်တွေ၊ Virtual Reality ၊ Advanced Reality တို့အတွက် နည်းလမ်းတွေကို ပူးပေါင်း တီထွင်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် အကောင်းတကာ့ အကောင်းဆုံးတွေကို ဖန်တီးယူဆောင်ပေးသွားဖို့ ကျွန်တော်တို့ဟာ မဆုတ်မနစ်သောဇွဲလုံ့လ၊ ၀ီရိယတွေနဲ့ ယခုလိုကြိုးစားအားထုတ်နေခြင်းပဲ ဖြစ်ပါတယ်။
နည်းပညာတွေရဲ့ လှပမှုတွေကို မျှဝေဖို့ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲလိုက်ပါ။