ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
Huawei မှ Ken Hu က စီးပွားရေးယုံကြည်မှုနဲ့ အနာဂတ်စိန်ခေါ်မှုအကြောင်း ထုတ်ဖော်ပြောကြား
[ဒေါင်းဂွမ်း၊ တရုတ်၊ ဒီဇင်ဘာလ၊ ၂၀၁၈]နိုင်ငံတကာမီဒီယာသတင်းတွေနဲ့ဈေးကွက်စိန်ခေါ်မှုသတင်းတွေပြင်းထန်လာနေတဲ့ကြားကပဲ အလှည့်ကျ ဥက္ကဌ ကင်ဟူ က ဒီဇင်ဘာလ ၁၈ ရက် အင်္ဂါနေ့က ဒေါင်ဂွမ်း ပရ၀ုဏ်သစ်မှာ ကမ္ဘာ့အထင်ကရ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ 5G တိုးတက်ရေးအတွက် ခင်းကျင်းပြသထားတဲ့ လက်တွေ့စမ်းသပ်ခန်းတွေနဲ့ လွတ်လပ်တဲ့ ဆိုက်ဘာလုံခြုံရေးလက်တွေ့စမ်းသပ်ခန်းတစ်ခန်းကို မီဒီယာတွေကို ပထမဆုံးအကြိမ်အဖြစ်ဖွင့်လှစ်ပြသခဲ့တာဟာ အရေးပါတဲ့ပွင့်လင်းမှုကို အချက်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို အမေရိကန်ပြည်ထောင်စု ၊ ဥရောပနဲ့အာရှက သတင်းစာလုပ်ငန်း အသံလွှင့်လုပ်ငန်းနဲ့ ကုန်သွယ်မှုပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း ၂၂ ခုတက်ရောက်ခဲ့ကြပါတယ်။
မစ္စတာ ဟူ က ရာနဲ့ချီတဲ့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းတွေ ၊ Fortune ကုမ္ပဏီ ၅၀၀ အနက် ထက်ဝက်ခန့်နဲ့ သန်းပေါင်းထောင်ချီနေတဲ့ သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ကိုးကားပြီး Huawei လုပ်ငန်းရဲ့ ဖွံ့ဖြိုးမှုနဲ့အလားအလာ တွေအပေါ်မှာရှိတဲ့ ယုံကြည်မှုကို အခိုင်အမာပြောကြားသွားခဲ့ပါတယ်။ Huawei ရဲ့ဝင်ငွေကတော့ ၂၀၁၈ ခုနှစ်မှာ အမရေိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်မယ်လို့မျှော်မှန်းထားပါတယ်။ ဟူက ကုမ္ပဏီရဲ့လုံခြုံရေး မှတ်တမ်းဟာ အရှူပ်အရှင်း ကင်းရှင်းတဲ့အတွက် ဘာမှအထူးပြောစရာမလိုကြောင်းထပ်လောင်းပြောကြားရင်း Huawei အပေါ်စွပ်စွဲချက်ကို ပြောင်းပြောင်တင်းတင်းငြင်းဆိုလိုက်ပါတယ်။Huawei ဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ကြီးမားတဲ့ ဆိုက်ဘာလုံခြုံရေးဖြစ်ရပ်ပေါ်ပေါက်ခြင်းမရှိခဲ့ပါဘူး။
5G ။ Huawei ဟာ ကုန်သွယ်မှုသဘောတူစာချုပ် ၂၅ ခုကို အခိုင်အမာချုပ်ဆိုထားတဲ့ အဆင့်တစ်မှာ ရပ်တည်နေတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တာနဲ့အညီ အခြေစိုက်စခန်းပေါင်း ၁၀,၀၀၀ ကျော်ကိုလည်း ကမ္ဘာအဝှမ်းမှာ တည်ထောင်ထားပြီးဖြစ်ပါတယ်။ ကွန်ယက် သုံးစွဲသူအားလုံးနီးပါးကတော့ Huawei ကိုအလိုရှိကြကြောင်း ရည်ညွှန်းပြောဆိုထားကြပါတယ်။ဘာကြောင့်လည်းဆိုတော့ ပိုမိုမြန်ဆန်ပြီး ဈေးနှုန်းချိုချိုသာသာနဲ့ 5Gကို အဆင့်မြှင့်ပေးနိုင်ဖို့အတွက် နောက်လာမယ့် ၁၂ လကနေ ၁၈ လအထိ အကောင်းဆုံးပစ္စည်းတွေနဲ့ ဈေးကွက်ကို ဦးဆာင်နိုင်မှာဖြစ်လို့ပါပဲ။ 5G အတွက်နည်းပညာပေါ်အခြေခံတဲ့ လုံခြုံရေးကိစ္စအချို့ဟာ တရားဝင်ရုံသာမကလုပ်ငန်းရှင်တွေ အစိုးရတွေနဲ့ပူးပေါင်းပြီး ပိုမိုပီပြင်ရှင်းလင်းလာအောင် ဒါမှမဟုတ် လျော့ကျ သွားအောင် ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ " သဘောတရားရေးဆိုင်ရာ ဒါမှမဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ သုံးသပ်မှုတွေကိုအခြေခံပြီး အခြေအမြစ်မရှိတဲ့မှန်းဆချက်တွေနဲ့ 5G ပြဿနာတွေကို ပုံကြီးချဲ့တဲ့နိုင်ငံ အချို့မှာတော့ "ရှားပါးလှတဲ့ ဖြစ်ရပ်ကလေးတွေ" ရှိခဲ့မှာပါ။ ဈေးကွက်ယှဉ်ပြိုင်မှုကိုပိတ်ဆို့ဖို့ဆင်ခြေဆင်လက် အဖြစ် သွေးရိုးသားရိုးမဟုတ်ဘဲ ပေါ်ပေါက်လာတဲ့တခြားလုံခြုံရေးကိစ္စတွေက နည်းပညာသစ်ရွေးချယ် လက်ခံဖို့ကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်ပြီး Network ဖြန့်ကျက်မှုစရိတ်ကို မြင့်တက်လာစေမှာဖြစ်တဲ့အပြင် သုံးစွဲသူတွေအတွက် ဈေးနှုန်းကိုလည်းမြင့်တက်လာစေမှာဖြစ်ပါတယ်။ တကယ်လို့သာ Huawei ဟာ ၂၀၁၇ ခုနှစ်ကနေပြီး ၂၀၂၀ပြည့်နှစ်အထိ အမေရိကန်ပြည်ထောင်စုအတွင်းမှာ 5G ဖြန့်ကျက်ဖို့ယှဉ်ပြိုင်မယ်ဆိုရင် ၀ိုင်ယာလက်အခြေခံအဆောက်အဦတွေမှာ ငွေလုံးငွေရင်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ လောက် သက်သာသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေကသုံးသပ်ထားပါတယ်။
ဆိုက်ဘာလုံခြုံရေး။ ဆိုက်ဘာလုံခြုံရေးဟာ Huawei ရဲ့ အမြင့်ဆုံးဦးစားပေးဖြစ်ပြီး အရာတိုင်းရဲ့အဓိကအချက် ဖြစ်ပါတယ်။ လုံခြုံရေးကိစ္စတွေကို ဖြေရှင်းဖို့နဲ့ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့ UK ၊ကနေဒါ နဲ့ ဂျာမနီနိုင်ငံတွေကိုဗဟိုပြုပြီး အမေရိကန်ပြည်ထာင်စုနဲ့ သြစတြေးလျ လိုနေရာတွေမှာဆိုက်ဘာလုံခြုံရေး အကဲဖြတ်စင်တာတွေ တည်ထောင်ထားတဲ့ကိစ္စအပေါ် မစ္စတာ ဟူ ကအချေအတင်ဆွေးနွေးသွားခဲ့ပါတယ်။ လုံခြုံရေးကိစ္စတွေကို နားလည်သဘောပေါက်တာနဲ့အမျှ Huawei က တင်းကျပ်တဲ့သုံးသပ်မှုတွေ စီမံခန့်ခွဲ သူတွေနဲ့သုံးစွဲသူတွေရဲ့ စိစစ်မှုတွေကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ Huawei ပစ္စည်းကိရိယာ တွေကြောင့် လုံခြုံရေးခြိမ်းခြောက်မှုပေါ်ပေါက်တယ်ဆိုတဲ့ ခိုင်မာတဲ့သသက်သေအထောက်အထားမတွေ့ရှိခဲ့ ပါဘူး။ ကုမ္ပဏီတွေက တရားမျှတမှုမရှိတဲ့နည်းလမ်းတွေချမှတ်ထားရမယ်လို့ ဘယ်ဥပဒေကမှပြဌာန်းမထား ပါဘူးလို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်ရှင်းလင်းပြောကြားထားပါတယ်။ ကုမ္ပဏီက ၎င်းရဲ့ ရိုးသားမှု ပွင့်လင်းမြင်သာမှု လွတ်လပ်မှုနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ပေးထားပါတယ်။ သက်သေ ဒါမှမဟုတ် အထောက်အထားတစ်စုံတစ်ရာကိုမဆို Huawei အတွက်သာမက အများပြည်သူအတွက်ပါ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့မျှဝေနိုင်ပါတယ်။
လေးစားလိုက်နာမှု။ မီဒီယာတွေက ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးနဲ့ပတ်သက်လို့မေးမြန်းခဲ့ကြရာ မစ္စတာ ဟူ က ဆောင်ရွက်နေဆဲဥပဒေလုပ်ငန်းစဉ်များကြောင့် သုံးသပ်ခြင်းမပြုနိုင်ပါကြောင်းပြောကြားခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှုတွေကိုထိခိုက်ခြင်းမရှိတဲ့အပြင် အလုပ်အမှုဆောင်တွေရဲ့ ခရီးစဉ်တွေကိုလည်း ထိခိုက်မှု မရှိခဲ့ပါဘူး။ Huawei အနေနဲ့ ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ၎င်းရဲ့ကုန်သွယ်ရေးလေးစားလိုက်နာမှုနဲ့ ပတ်သက်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ကနေဒါနဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တရားရေးစနစ်ရဲ့ တရားမျှတမှုနဲ့လွတ်လပ်မှုအပေါ် ယုံကြည်ထားပါတယ်။
မစ္စတာ ဟူက ကုမ္ပဏီရဲ့ လတ်တလောအောင်မြင်မှုတွေက စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်းဖော်ပြခဲ့ပြီး သူ့ရဲ့ Huawei နဲ့ နှစ်ပေါင်း ၃၀ နီးပါးလက်တွဲခဲ့တဲ့ကာလအတွင်း ကုမ္ပဏီရဲ့လူများ ယဉ်ကျေးမှုနဲ့စီမံခန့်ခွဲမှု ဖွံ့ဖြိုး တိုးတက်ခဲ့ပုံကိုလည်း " ဒါဟာ ကျွန်တော်တို့ကို မထင်ရှားတဲ့ အရောင်းသမားဘ၀ကနေပြီး 5G ခေါင်းဆောင် ဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးခရီးရှည်ကြီးတစ်ခုပါပဲ"လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စိန်ခေါ်မှုတွေရှိနေပြီး အလုပ်သမားတွေ သုံးစွဲသူတွေနဲ့ရှယ်ယာရှင်တွေအတွက် တုံ့ပြန်ဆွေးနွေး လျှောက်လှဲမှု တွေကို စိတ်ဝင်စားကြတဲ့အတွက် မီဒီယာများကိုကျေးဇူးတင်ပါကြောင်း မစ္စတာဟူ ကအသိအမှတ်ပြုပြောကြားခဲ့ပါတယ်။၎င်းက"ပြင်သစ်စာရေးဆရာကြီး ရိုမိန်း ရော်လန်း(၁၉၁၅ ခုနှစ်တွင် စာပေ ဆိုင်ရာ နိုဘယ်လ်ဆုရစာရေးဆရာ) ရဲ့ အဆိုအမိန့်တစ်ခုကိုဝေမျှလိုပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်မှာ ကမ္ဘာကြီးကို ပကတိအတိုင်းရှုမြင်ပြီး ကမ္ဘာကြီးကိုချစ်တတ်တဲ့ သူရဲကောင်းတစ်ဦးတည်းပဲရှိပါတယ်တဲ့။ Huawei မှာ ကျွန်တော်တို့ကြုံတွေ့တဲ့အရာကိုရှုမြင်ပြီးကျွန်တော်တို့လုပ်နေရာအရာကိုမြတ်နိုးနေကြဆဲပါပဲ။ တရုတ် စကားပုံတစ်ခုရှိပါတယ်။ အဲဒါကတော့ ရှေ့ဆက်မယ့်ခရီးက ရှည်လျားကြမ်းတမ်းပေမဲ့ ကျွန်ုပ်တို့ ပန်းတိုင်ရောက်တဲ့အထိဆက်လျှောက်ကြရမယ်။ဘာကြောင့်လဲဆိုတော့ အဲဒီခရီးလမ်းကြောင်းပေါ် ကျွန်ုပ်တို့ ခြေချပြီးဖြစ်လို့ပါပဲ တဲ့။" ဆက်လက်ပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ရပ်လုံး၏ဖော်ပြချက်အပြည့်အစုံကို http://www.huawei.com/en/press-events/news/2018/12/kenhu-express-confidence-in-business တွင်ကြည့်ပါရန်။