ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

နှစ်ပေါင်း(၄၀)အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော မွန်ပြည်နယ်၊ ရေးမြို့ရေကြီးမှုအတွက် Huawei မှ အစားအသောက်နှင့် အသက်ကယ်အင်္ကျီများ သွားရောက်လှူဒါန်းခဲ့

[ရန်ကုန်၊ မြန်မာ ဇွန်လ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်] – ဇွန်လ ၁၆ ရက် ညနေပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်မှုကြောင့် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိရာ Huawei မှ ၎င်း၏ ‘Care Myanmar’ အမည်ရ လူထုအကျိုးပြုအစီအစဉ်တစ်ရပ်ဖြင့် ရေးမြို့ရှိ ရေဘေးဒုက္ခခံစားနေရသူများအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့် ညီမျှသော အစားအသောက်နှင့် အသက်ကယ်အင်္ကျီတို့အား ဇွန်လ(၁၈) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့သည်။

မြန်မာပြည်အနှံအပြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်၌ နှစ်ပေါင်း(၄၀)အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ပေါ်လျှက်ရှိသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့ရွာများ၊ ရပ်ကွက်များ၊ ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ကာ ကျိုက်သလ္လံတောင်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်နေမှုကြောင့် ပြည်နယ်အတွင်းရှိ မြို့ရွာနေပြည်သူများ လတ်တလောစားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

သို့ဖြစ်ရာ Huawei မှ မွန်ပြည်နယ် ရေးမြို့ရှိ ရေဘေးဒုက္ခခံစားနေရသည့် ပြည်သူများအား တစ်ထောင့် တစ်နေရာမှ အကူအညီပေးလိုသောအားဖြင့် သောက်ရေသန့် (၇၅၀) ပါကင် ၊ ဘီစကစ် (၃၈) ပါကင်၊ ခေါက်ဆွဲခြောက် (၂၂၇)ပါကင်၊ အသက်ကယ်အင်္ကျီ(၅)ပါကင် စသည်တို့ကို သွားရောက်လှူဒါန်းခဲ့သည်။

Life jackets donated by Huawei Myanmar to flood victims of Ye

ဓာတ်ပုံ- လှူဒါန်းထားသော အသက်ကယ်အင်္ကျီများ

လှူဒါန်းမှုနှင့်ပတ်သက်ပြီး Huawei Myanmar ၏ CEO ဖြစ်သူး Mr. Zhang Liman က “ကျွန်တော်တို့ Huawei ဟာ လုပ်ငန်းတည်ရှိရာအရပ်ဒေသတိုင်းရဲ့ လူမှုအသိုက်အ၀န်းတိုင်းမှာ တာဝန်သိပြည်သူတစ်ဦး အဖြစ် ရပ်တည်လျက်ရှိပါတယ်။ အခုလို မြန်မာပြည်တွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်မှုကြောင့် ရေဘေးဒုက္ခတွေ ခံစားနေရတဲ့ ပြည်သူလူထုအတွက်လည်း ကိုယ်ချင်းစာနာပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် သတင်းကြားကြားချင်း Huawei Myanmar ဝန်ထမ်းတွေဟာ ရေးမြို့မှာရှိတဲ့ ရေဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေအတွက် လက်လှမ်းမီသလောက်လှူဒါန်းနိုင်ဖို့ ညတွင်းချင်းပဲ ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။ မြန်မာပြည်သူ၊ ပြည်သားအားလုံး သဘာဝဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာ၊ ချမ်းသာကြပါစေလို့လည်း Huawei က ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။

Huawei သည် ဆက်သွယ်ရေးပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် ရည်သန်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူအဖြစ် ဦးဆောင်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ Huawei ၏ ဦးစားပေး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ လူမှုအသိုင်းအ၀ိုင်းတိုးတက်ဖွံ့ဖြိုးမှုကို အားပေးကူညီရေးနှင့် လိုအပ်သည့်အခါ ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရေးတို့ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ‘Huawei, Care Myanmar’ မှ မြန်မာကျပ်ငွေ ၂၇,၀၀၀,၀၀၀ တန်ဖိုးရှိ စာသောက်ဖွယ်ရာများနှင့် အထောက်အပံ့ပစ္စည်းများကို ကျောင်းများနှင့် မိဘမဲ့ကျောင်းများသို့ လှူဒါန်းခဲ့ကာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင်လည်း အမေရိကန်ဒေါ်လာ ၂၄၀၀၀ ကျော်တန်ဖိုးရှိ မီဖိုးချောင်သုံးပစ္စည်းများကို နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ၍ Huawei မှ Care Myanmar အမည်ရ လူထုအကျိုးပြုအစီအစဉ်တစ်ရပ်ကို စတင်ပြီး မိဘမဲ့ကလေးများ၊ ဘိုးဘွားရိပ်သာများ၊ နားမကြားကျောင်းများကို လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား အစားအသောက်၊ နေ့စဉ်သုံးပစ္စည်းများနှင့် စာရေးကိရိယာကို လှူဒါန်းပြီး ကောလိပ်ကျောင်းသားများ၏ သွေးလှူဒါန်းပွဲကို ပံ့ပိုးပေးခဲ့ရုံသာမက ပြည်တွင်းရှိ စေတီပုထိုးများပြုပြင်ရေးအတွက်လည်း အလှူငွေများထည့်ဝင်လှူဒါန်းကာ လူ(၁)သန်းကျော်ကိုအကျိုးပြုနိုင်ခဲ့သည်။

Huawei သည် တာဝန်သိ၊ လူမှုစိတ်ဓာတ်ရှိရှိဖြင့် ‘Care Myanmar’ အမည်ရ လူထုအကျိုးပြု အစီအစဉ်တစ်ရပ်ကို တစ်စိုက်မတ်မတ် ဆောင်ရွက်ကာ လူ့အဖွဲ့အစည်း၏ အကျိုးကို ထမ်းဆောင်လျက် ရှိသည့်အပြင် Huawei Myanmar ၏ CSR လုပ်ငန်းစဉ်များက မြန်မာနိုင်ငံတွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များကိုလည်း အလေးပေး ဖော်ဆောင်လျှက်ရှိပါသည်။