ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
အော်ပရေတာများနှင့်အတူတွဲပြီး ပေါ့ပါးသွက်လက်သော Leased Line Services များကို ၀န်ဆောင်မှု အတွေ့အကြုံများဖြင့် ဆောင်ရွက်မည်ဟု Huawei ၏ Rotating CEO ဖြစ်သူ Eric Xu က ကတိပြုပြောကြား
ရန်ကုန်။ မြန်မာ အောက်တိုဘာ ၂၄၊ ၂၀၁၇။ တယ်လီကွမ်ဆက်သွယ်ရေးလုပ်ငန်း၊ အခြားဆက်စပ်လုပ်ငန်း များ၊ စည်းမျဉ်းစည်းကမ်းထိန်းချုပ်သည့်အဖွဲ့များ၊ စံသတ်မှတ်သည့်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများမှ အမှုဆောင်အရာရှိများနှင့် ပညာရှင်များ ၈၀၀ ကျော် စုဝေးတက်ရောက်ကြသည့် စတုတ္ထအကြိမ် မြောက် Ultra-Broadband Forum (UBBF) ကို Hangzhou International Expo Center တွင် Huawei က ကျင်းပပြုလုပ်ခဲ့ပြီး ၄င်းအခမ်းအနား၏ Theme မှာ All-Cloud ကွန်ရက်နှင့်အတူ ဖွံ့ဖြိုးတိုးတက် ခြင်း "Grow with All-Cloud Network" ဖြစ်ကာ တယ်လီကွန်းအော်ပရေတာလုပ်ငန်းဆောင်ရွက်ကြသူများ အနေဖြင့် လုပ်ငန်းအဖွဲ့အစည်းများဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် မဟာဗျူဟာမြောက်သော အခွင့်အလမ်း များကို ဆုပ်ကိုင်ရယူနိုင်ရန်နှင့် တိုးတက်ကြီးပွားမှုအသစ်များရရှိရန်အတွက် ထည့်သွင်းစဉ်းစားနိုင်သည့် အဆင့် များကို အသားပေးဆွေးနွေးခဲ့ပါသည်။
ကမ္ဘာတလွှားလုပ်ငန်းကြီးများသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများကို အလျင်အမြန်ဆောင်ရွက်လာကြပါ သည်။ တစ်ချိန်က IT ပစ္စည်းများအတွက် အသုံးစရိတ်ခွဲဝေသတ်မှတ်ခဲ့ကြသည့် ကုမ္ပဏီများသည် ယခုအခါ တွင်မူ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းများ၏ ဧရိယာကျယ်ပြန့်လာသောကွန်ရက်များတွင် တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်လာနိုင်ရန်အတွက် အခြေခံကျကျတိုးချဲ့လာရင်း Cloud Service များကို ၀ယ်ယူလာကြပါသည်။ Cloud Service အတွက် လိုအပ်သော Bandwidth က ဆယ်ဆတက်လာပြီး ဒေတာကူးပြောင်းမှုအချိန်မြန်ဆန် ရန် မလွဲမသွေလိုအပ်လာပါသည်။ လုပ်ငန်းများအတွက်ဖိုင်ဘာ Fiber-to-the-enterprise (FTTE) က မဖြစ်မနေ ရှိရမည့် အခြေခံအဆောက်အအုံဖြစ်လာသည်။ Cloud Service ရှာဖွေသည့် ကုမ္ပဏီအရေအတွက်များပြား လာသောကြောင့် B2B ကဏ္ဍတွင် လုပ်ငန်းခွဲရုံးများကိုဆက်သွယ်ပေးသည့် leased line service ပံ့ပိုးပေးခြင်း သည် တယ်လီကွမ်ဆက်သွယ်ရေးလုပ်ငန်းများအား ကြီးပွားတိုးတက်စေမည့် အကြောင်းရင်းမြစ်အသစ်တစ်ခု ဖြစ်လာပါသည်။
ဓာတ်ပုံ-UBBF 2017 တွင် အမှာစကားပြောကြားနေသော Huawei ၏ Rotating CEO Eric Xu
စိန်ခေါ်မှုနှင့်အခွင့်အလမ်းထူးထူးခြားခြားရောထွေးနေသည်ကို ပြောကြားရင်းHuawei ၏ Rotating CEO ဖြစ် သော Eric Xu က "B2B ကဏ္ဍအတွက် မဖြစ်မနေဆောင်ရွက်ရမယ့် leased line service တွေကို တည်ဆောက် ဖို့၊ Cloud service တွေကို လက်ခံသုံးစွဲမှုတိုးတက်ခြင်းကနေ ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုအခက်အခဲတွေကို ဖြေရှင်းပြီး အခွင့်အလမ်းတွေကိုအရယူနိုင်ဖို့ အော်ပရေတာတွေနဲ့အတူ လက်တွဲလုပ်ကိုင်မယ်လို့ Huawei က ကတိက၀တ်ပြုပါတယ်။" ဟု အလေးထားပြောကြားခဲ့ပါသည်။
Huawei ၏ လေ့လာဆန်းစစ်မှုတစ်ခုတွင် အစိုးရလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင် leased line services ဆောင်ရွက်ရန်အတွက် အဓိကလိုအပ်ချက် သုံးခုရှိကြောင်း၊ ယင်းတို့မှာ လိုအပ်ချိန်တွင်ညှိနှိုင်းရ လွယ်သောဝန်ဆောင်မှုကို ဈေးနှုန်းအမှန်ဖြင့်ရရှိခြင်း၊ လိုအပ်သော Bandwidth ကို လွယ်လူလျင်မြန်သော ၀န်ဆောင်မှုဖြင့် ပံ့ပိုးပေးခြင်း၊ လက်တွေ့မြင်နိုင် စစ်ဆေးနိုင် ယုံကြည်စိတ်ချနိုင်သော SLAs များဖြစ်ခြင်း တို့ဖြစ်ကြောင်းဖော်ပြထားပါသည်။
အော်ပရေတာများသည် လုပ်ငန်းမဟာဗျူဟာချမှတ်ဖော်ဆောင်ခြင်း၊ မိမိတို့လုပ်ငန်း၏ ထုတ်ကုန်ကိုစီမံခန့်ခွဲခြင်း၊ Customer အတွေ့အကြုံကို စီမံခန့်ခွဲခြင်း၊ ကွန်ရက်စီစဉ်ခြင်းနှင့်တိုးချဲ့ခြင်း စသည့် အချက်ပေါင်းများစွာကို တိုးတက်စေခြင်းဖြင့် သူတို့၏ leased line လုပ်ငန်း၏ပုံရိပ်ကို ပြောင်းလဲပစ်ရန်လို အပ်သည်ဟု Xu က ဆိုပါသည်။ မဖြစ်မနေလိုအပ်သော Customer အတွေ့အကြုံများ၊ သွက်လက်ပေါ့ပါးသည့် leased line services များဖြင့် ဆက်သွယ်ရေးလုပ်ငန်းများအား ပံ့ပိုးကူညီမည့် Huawei ၏ ကတိက၀တ်ကို Xu က ထပ်မံအတည်ပြုပြောကြားခဲ့ပါသည်။ ဤဈေးကွက်တွင် အော်ပရေတာများအား Huawei က ဆောင်ရွက်ပေးမည့် ကနဦးပံ့ပိုးကူညီမှု ငါးခုမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ cloud services များ၏တောင်းဆိုချက်ကို ဖြည့်မည်းပေးနိုင်မည့် cloud နည်းပညာအခြေခံ leased line solution ကို ပံ့ပိုးကူညီပေးခြင်း
၂။ Cloud ကွန်ရက်စုပေါင်းဆောင်ရွက်မှုတွင် မိမိကိုယ်ပိုင် စွမ်းရည်များကို သိရှိနားလည်စီမံတတ်အောင် ကူညီပေးပြီး၊ တယ်လီကွန်းလုပ်ငန်းများမှ ကမ်းလှမ်းလာ သော Cloud service နှင့် leased line connectivity ကို အဆင့်မြှင့်တင်ပေါင်းစပ်ပေးမည့် integrated solutions များကို လုပ်ငန်းမိတ်ဖက်များ နှင့်ဖက်စပ်၍ သို့မဟုတ် ကြားခံ Cloud service provider များမှ တစ်ဆင့် ပံ့ပိုးပေးခြင်း
၃။ လုပ်ငန်းအဖွဲ့အစည်းအမျိုးမျိုး၏ အမြဲပြောင်းလဲနေသောလိုအပ်ချက်များနှင့် ကိုက်ညီမည့် ပေါ့ပါးသွက်လက် သော leased line services များကို လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်အောင် တယ်လီကွန်းလုပ်ငန်းများ၏ ကွန်ရက်ကို Cloudify လုပ်ပေးခြင်းဖြင့် ပြိုင်ဘက်ကုမ္ပဏီများထက်အားသာချက်ရရှိလာအောင် ကူညီပေး ခြင်း
၎။ လုပ်ငန်းအဖွဲ့အစည်းကြီးများ၏ Campus များသို့ B2B connectivity services များတိုးချဲ့ထည့်ပေးနိုင် အောင် LAN ၊ Wi-Fi နှင့် အခြားသော ခန့်ခွဲစီမံနိုင်သည့် ၀န်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးရန်အတွက် တယ်လီကွန်းလုပ်ငန်းများနှင့်အတူလက်တွဲလုပ်ကိုင်ခြင်း
၅။ ကုန်ပစ္စည်းစူးစမ်းရှာဖွေခြင်းမှသည် Customer များဝယ်ယူသုံးစွဲသည်အထိ Customer များနှင့် တောက်လျောက်လက်တွဲလုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများကို ဖြန့်ဝေပေးရင်း တယ်လီကွန်းလုပ်ငန်းများ အား leased line လုပ်ငန်းသစ်တွင် အသားကျအောင်ကူညီပေးခြင်း
Xu က " cloud services အော်ပရေတာတွေရဲ့ leased line business မှာ အခွင့် အလမ်းရော စိန်ခေါ်မှုအခက်အခဲရော နှစ်မျိုးလုံးကို ဖြစ်ပေါ်လာစေပါတယ်။ cloud service providers တွေ ဆီကလာတဲ့ အထင်ရှားဆုံး စိန်ခေါ်မှုအခက်အခဲတွေထဲက တစ်ခုကတော့ သူတို့ဟာလည်း B2B ဈေးကွက်ကို မျက်စိကျနေကြတာပါပဲ။ မဖြစ်မနေလိုအပ်တဲ့ Customer အတွေ့အကြုံတွေနဲ့ သွက်လက်ပေါ့ပါးတဲ့ leased line services တွေကို တည်ဆောက်ဖို့ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း Customer တွေနဲ့အတူ ကျွန်တော်တို့ရဲ့ ထိပ်တန်းနည်းပညာတွေ၊ Solution တွေကို အရှိန်မြှင့်တင်သွားမှာပါ။ ကျွန်တော်တို့အတူတွဲပြီး အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်၊ အခွင့်အလမ်းသစ်တွေကို တွယ်ဖက်သွားမယ်။" ဟုမှတ်ချက်ပြုပြီး သူ၏မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါသည်။