ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
Huawei မှ Care Myanmar အစီအစဉ်ဖြင့် လမ်းခင်းရန်နှင့်ပညာရေးအတွက်ကျပ်သိန်း(၆၀)လှူဒါန်း
ရန်ကုန်၊မြန်မာ (၈၊ဇွန်၊၂၀၁၇)။ ။ Huawei Myanmar သည်နိုင်ငံတော်သံဃမဟာနာယကတွဲဖက်အကျိုးဆောင်ဆရာတော်ဘဒ္ဒန္တ ကုဏိကာဘိဝံသနှင့် ဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာလင်္ကာရအားအမှူးပြုပြီး မင်္ဂလာဒုံမြို့နယ်၊ ၁/ကရပ်ကွက်ရှိလမ်းပြုပြင်ရေးအတွက်လိုအပ်သည့် ဘိလပ်မြေ၊ သဲ၊ကျောက်စသည်များနှင့် မော်လမြိုင်ကျွန်း(၉)ရပ်ကွက်ရှိ မစ္ဆိမာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် လိုအပ်သည့် ဆန်၊ဆီ၊ဆားနှင့်စာရေးကိရိယာများကို ယခုလအတွင်းလှူဒါန်းခဲ့ကြသည်။။ Huawei Myanmar သည် မေလအတွင်း သံလျင်မြို့ရှိ သီလရှင်သင်ပညာရေးကျောင်းသို့လှူဒါန်းမှုပြုခဲ့ပြီးနောက် မိုးရာသီအတွင်း နောက်ဆက်တွဲအလှူဒါန(၂)ခုကိုဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ကံသုံးဆင့်ကျောင်းမှာကျွန်တော်တို့ လမ်းခင်းဖို့လိုအပ်တာလှူပါတယ်။ အဲ့ဒီလမ်းကနိမ့်ပြီး မိုးရွာတိုင်းဘုန်းကြီးကျောင်းနဲ့အနီးတ၀ိုက်ကိုအမြဲရေ၀င်၊ရေကြီးတာမျိုးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကျွန်တော်တို့မိုးမကျခင်လှူနိုင်အောင်ကြိုးစားပြီးလှူခဲ့ပါတယ်။တကယ်လိုအပ်နေချိန်မှာတကယ်လိုအပ်တာမျိုးလှူလိုက်ရတဲ့အတွက် ၀မ်းသာရပါတယ်။ နောက်တစ်ခုက ပညာရေးနဲ့ဆိုင်တာပါ။ ကျောင်းပြန်ဖွင့်တဲ့လမှာပဲ ကလေးတွေအတွက်လိုအပ်တဲ့စာရေးကိရိယာပစ္စည်းတွေလှူဒါန်းနိုင်ခဲ့တာပါ။ပစ္ဆိမာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာဒေသစုံကကလေးငယ်လေးတွေလည်းအများကြီးတွေ့ခဲ့ပါတယ်။ ကျောင်းမှာကလေး အရေအတွက်လည်းများတော့ နေ့စဉ်မရှိမဖြစ်လိုအပ်မယ့်ဆန်အိတ်(၁၀၀)နဲ့ဆီ(၁၀)ပုံးလည်းလှူဒါန်းခဲ့ပါသေးတယ်။ တိုင်းပြည်အတွက်အရေးအကြီးဆုံးလို့ပြောလို့ရမယ့် ကဏ္ဍတွေမှာတစ်တပ်တစ်အားပါဝင်ခွင့်ရတယ်လို့ခံစားမိပါတယ်။ ဒီမိုးရာသီအတွင်းမှာပဲ နောက်ထပ်လိုအပ်တဲ့နေရာတွေကိုလှူဒါန်းမှုတွေဆက်လုပ်သွားဦးမှာပါ။” ဟု Huawei Myanmar ၏ ဒုမန်နေးဂျင်းဒါရိုက်တာ Mr. Zhu Bo ကပြောကြားခဲ့သည်။
ဓာတ်ပုံ - Huawei Myanmar ၏ ဒုမန်နေးဂျင်းဒါရိုက်တာMr. Zhu Boနှင့် တာဝန်ရှိသူများက ခေမာရာမသီလရှင်စာသင်တိုက်သို့လှူဒါန်းမှုပြုလုပ်စဉ်
ခေမာရာမသီလရှင်စာသင်တိုက်မှာသံလျင်မြို့၊အောင်ချမ်းသာ(၁)လမ်းတွင်တည်ရှိပြီးကျောင်းနေ၊ကျောင်းစား သီလရှင်အပါး(၃၈၀)နှင့်ပြင်ပမှကျောင်းသား(၇၀၀)နီးပါးကိုတက္ကသိုလ်ဝင်တန်းအထိအခမဲ့ပညာသင်ကြားပေးလျှက်ရှိသည်။သီလရှင်အပါး(၃၈၀)တွင်စစ်ဘေးဒဏ်သင့်ကချင်ပြည်နယ်မှကလေးငယ်များအပါအ၀င် ပအို့ဝ်၊ရခိုင်၊ကရင်၊ချင်း စသည့်တိုင်းရင်းသားကလေးငယ်လေးများလည်း ပါဝင်သည်။
ဓာတ်ပုံ - ခေမာရာမသီလရှင်တိုက်မှ ဆရာလေးများအားနေ့ဆွမ်းလောင်းလှူစဉ်
“ဒီမှာတစ်နေ့ကိုဆန်(၁)အိတ်နှုန်းကုန်ပါတယ်။တခြားစားသောက်ကုန်ကုန်ကျစရိတ်ကလည်းကြီးပါတယ်။အခုလို Huaweiကသဒ္ဒါတရားထက်သန်စွာနဲ့အဓိကလိုအပ်နေတဲ့အရာတွေကိုလာလှူပေးတာကျေးဇူးတင်ပါတယ်။ မပြည့်စုံမှုကနေပိုမိုကောင်းမွန်တဲ့လူမှုအသိုက်အ၀န်းကိုဖန်တီးဖို့ဆရာကြီးတို့ရဲ့ကြိုးစားမှုမှာများစွာအထောက်အကူဖြစ်စေတဲ့ဘယ်လိုလှူဒါန်းမှုမျိုးကိုမဆိုကြိုဆိုပါတယ်။”ဟုခေမာရာမသီလရှင်စာသင်တိုက်၏ပဓာနနာယကဆရာကြီး မဟာသဒ္ဓမ္မဇောတိကဓဇဒေါ်စန္ဒာက မိန့်ကြားခဲ့သည်။
လှူဒါန်းပွဲကို မေလ၊၁၁ ရက်မနက်(၁၀)နာရီကကျင်းပခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် Huawei Myanmar မှတာဝန်ရှိသူများက အကျိုးဆောင်ဆရာတော်ထံတွင်ရေစက်ချတရားနာခဲ့ကြသည်။
Huawei သည် တာဝန်သိ၊ လူမှုစိတ်ဓာတ်ရှိရှိဖြင့် 'Huawei, Care Myanmar' အမည်ရ အဆိုပါလူထုအကျိုးပြုအစီအစဉ်တစ်ရပ်ကို တစ်စိုက်မတ်မတ် ဆောက်ရွက်လျက်ရှိသည်။ Huawei သည် မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်ကဖြစ်ပွားခဲ့သော ရေကြီးမှုအတွက် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ နှင့် ထောက်ပံ့ကယ်ဆယ်ရေးအိတ်များ ၁၀၀၀ ခန့်ကိုလည်းကောင်း၊ ၂၀၁၆ ၈လပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခါခဲ့သော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသများ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော အထောက်အပံ့၊အကူအညီများကို လည်းကောင်း၊ ၂၀၁၆ သီတင်းကျွတ်လတွင် မိဘမဲ့ကလေးကျောင်းနှင့်ဘိုးဘွားရိပ်သာ(၆)ခုသို့မြန်မာကျပ်ငွေသိန်း(၁၃၀၀)နှင့်ညီမျှသောနေ့စဉ်အသုံးအဆောင်နှင့် ဆေးဝါးများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။