ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

5G မလေးရှား Maxis ကုမ္ပဏီနှင့် Huawei တို့ 5G ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Read English Version

[ဘာစီလိုနာ၊ စပိန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်] – မလေးရှားနိုင်ငံတွင် 5G ဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်မား လာစေရေးအတွက် 5G ဆိုင်ရာစမ်းသပ်မှုများကို ပူးပေါင်းဆောင်ရွက်ရန် မလေးရှား ဆက်သွယ်ရေးနှင့် ဒစ်ဂျစ် တယ်ဝန်ဆောင်မှုကုမ္ပဏီ Maxis နှင့် Huawei တို့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ ကမ္ဘာ့မိုဘိုင်းဆွေးနွေးပွဲ (MWC 2019) တွင် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

Maxis နှင့် Huawei တို့က မလေးရှားနိုင်ငံတွင် 5G ဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်မားလာရေးအတွက် အလုံးစုံပါဝင်သည့်စနစ်နှင့် ဝန်ဆောင်မှုများအသုံးပြု၍ အပြည့်အဝလုပ်ငန်းဆောင်ရွက်နိုင်သော5Gစမ်းသပ်မှုများ  ပူးပေါင်းဆောင်ရွက်ကြရန် နားလည်မှုစာချွန်လွှာတစ်စောင်ကို ကမ္ဘာ့မိုဘိုင်းလ်ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးနေစဉ်

Maxis ၏ CEO အဖြစ်လျာထားခြင်းခံရသူ Mr. Gokhan Ogut က “Maxis က 5G ခရီးကို လျောက်လှမ်းခဲ့တာ ကြာပါပြီ။ လူနေမှုဘဝတွေတိုင်းမှာ ခေတ်မီနည်းပညာတွေမပါမဖြစ်ပါဝင်လာမယ့်အနာဂတ်အတွက် အသင့်ဖြစ် နေစေဖို့ တိုက်ရိုက်ကွန်ရက်ဖြန့်ကျက်မှုစမ်းသပ်ချက်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကွန်ရက်အခြေခံ အဆောက်အအုံ  တွေအပေါ်မှာ အဓိကထားဆောင်ရွက်နေပါတယ်။ အခုလို ကမ္ဘာ့ဦးဆောင် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့အတူ ရေရှည်လက်တွဲလုပ်ဆောင်ပြီး မလေးရှားနိုင်ငံအတွက်  နောက်ဆုံးပေါ်နည်းပညာတွေကို  ပထမဆုံး ဆောင်ယူလာပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ အနာဂတ်မှာလည်း သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်း တွေအတွက် အကောင်းဆုံး 5G ဖန်တီးမှုတွေကို ပေးအပ်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားသည်။

Huawei Malaysia ၏ CEO ဖြစ်သူ MR. Michael Yuan က “ကျွန်တော်တို့ကို အခုအချိန်အထိ ယုံယုံကြည်ကြည် နဲ့ အထောက်အပံ့ပေးနေတဲ့ Maxis ကို ကျေးဇူးအထူးတင်ရှိပါတယ်။ 5G ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် မိတ်ဖက်အဖွဲ့ အစည်းမျိုးစုံနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဆန်းသစ်တီထွင်မှုတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အခုလို Maxis နဲ့ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ထိုးခွင့်ရတဲ့အတွက်လည်း အင်မတန်မှဝမ်းမြောက်ရသလို ဒါက မလေးရှား  နိုင်ငံမှာ 5G ဖွံ့ဖြိုးလာရေးအတွက် နှစ်ဦးနှစ်ဖက်လုံးရဲ့ ကတိကဝတ်တွေကို ဖော်ပြနေပါတယ်။ Huawei အနေနဲ့ လက်ရှိအချိန်အထိ 5G စီးပွားဖြစ်စာချုပ်ပေါင်း (၃၀) ကျော်ကို ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ဥရောပ၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းဒေသတွေကို 5G အခြေစိုက်စခန်းပေါင်း (၄၀,၀၀၀) ကျော် တင်ပို့ပေးနိုင်ခဲ့ပါတယ်။” ဟု ပြောကြား သည်။