ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
အပြည့်အ၀ချိတ်ဆက်ပြီး၊ အသိဉာဏ်မြင့်ကမ္ဘာကြီးတည်ဆောက်ရန် Huawei ၏ ဦးဆောင်တီထွင် ဆန်းသစ်မှု
[ရှန်ကျန်း ၊ တရုတ် ၊ ဧပြီ လ ၁၆၊ ၂၀၁၉ ] နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Huawei ၏ ၁၆ ကြိမ်မြောက် Global Analyst Summit ကို တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယခုနှစ်ထိပ်သီးဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ “အပြည့်အဝချိတ်ဆက်ပြီးအသိဉာဏ်မြင့်ကမ္ဘာကြီးတည်ဆောက်ခြင်း” ဖြစ်သည်။ အိုင်စီတီနယ်ပယ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်သူများ၊ အဓိကထင်မြင်ချက်ပေးသူခေါင်းဆောင်များ (Key opinion leaders) နှင့် ဆက်သွယ်ရေး၊ အင်တာနက်၊ ဘဏ္ဍာရေးလုပ်ငန်းများနှင့် မီဒီယာများစသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၆၈၀ ကျော်တက်ရောက်ခဲ့ကြသည်။ စဉ်ဆက်မပြတ်တီထွင် ဆန်းသစ်မှုများဖြင့် အပြည့်အ၀ချိတ်ဆက်ပြီး အသိဉာဏ်မြင့်ကမ္ဘာကြီးအဖြစ် မည်သို့ တည်ဆောက်နိုင် သွားမည်ကို ပါဝင်တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

၁၆ ကြိမ်မြောက် နှစ်စဉ် Global Analyst Summit တွင် Huawei ၏ ဒုတိယဥက္ကဌဖြစ်သူ မစ္စတာ Ken Hu မှ အဖွင့်အမှာစကားပြောကြားစဉ်
Huawei ၏ ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ Ken Hu က လုပ်ငန်းအလားအလာများ၊ မဟာဗျူဟာကျသော စိစစ်သတ်မှတ်ချက်များနှင့်ပတ်သတ်၍ မျှဝေပေးခဲ့ပြီး “အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးက ဒီမှာ ရှိနေပါပြီ။ ကျွန်တော်တို့ ထိတွေ့လို့ ရနေပါပြီ။ အိုင်စီတီလုပ်ငန်းမှာ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို တွေ့ကြုံနေရတာပါ။”ဟု ပြောကြားခဲ့သည်။ “ 5G ကို မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန် ဆန်ဆန်အသုံးချနေကြပါတယ်။ 5G ဆိုင်ရာ ထုတ်ကုန်ပစ္စည်းဖွံ့ဖြိုးတိုးတက်မှုနဲ့ 5G ကွန်ရက်ဖွံ့ဖြိုးတိုးတက်မှုတို့တန်းတူမျှတနေတာကလည်း သမိုင်းမှာ ဒါပထမဦးဆုံးတစ်ကြိမ်ပါပဲ။ ၂၀၂၅ ခုနှစ်တွင် 5G အသုံးပြုသူပေါင်း ကမ္ဘာပေါ်မှာ ၂.၈ ဘီလျံရှိလာလိမ့်မယ်လို့ Huawei က ခန့်မှန်းထား ပါတယ်။ ဒီလိုများပြားလှတဲ့ အသုံးပြုသူတွေကို ပံ့ပိုးပေးဖို့ ရိုးရှင်းပြီး စွမ်းဆောင်ရည်နဲ့အသိဉာဏ် မြင့်မားတဲ့ ကွန်ရက်တွေတည်ဆောက်ကာ တန်ဖိုးတွေအမြဲမပြတ်ဖန်တီးပေးနိုင်ဖို့ Huawei က ရည်မှန်း ထားပါတယ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဉာဏ်ရည်တု (AI) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခြင်းသည် စီးပွားရေးလုပ်ငန်းများ တွင် Cloud နည်းပညာအသုံးပြုနိုင်မှုကို အရှိန်မြင့်စေသည်။ Huawei ၏ ကျယ်ပြန့်သော ဈေးကွက် နေရာတစ်စိတ်တစ်ပိုင်းအဖြစ် Cloud နည်းပညာယှဉ်ပြိုင်မှုကို အမှန်တကယ် AI နည်းပညာယှဉ်ပြိုင်မှု အဖြစ် ယူဆထားကြောင်းလည်း Hu က ရှင်းပြခဲ့သည်။ “AI နည်းပညာမှာ မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် Cloud နည်းပညာလမ်းကြောင်းသစ်တွေမှာလည်း ကျွန်တော်တို့ ဦးဆောင် နိုင်မယ်ဆိုတာ ယုံကြည်ထားပါတယ်” ဟု Hu က ပြော သည်။
အီလက်ထရွန်းနစ်အသုံးအဆောင်ပစ္စည်းများနှင့် အပလီကေးရှင်းများကို ပိုမိုရရှိအသုံးပြုလာနိုင်သည် နှင့်အမျှ ဒစ်ဂျစ်တယ်အသုံးပြုမှုအတွေ့အကြုံသည်လည်း ပိုမိုများပြားလာလျက်ရှိသည်။ သုံးစွဲသူများ တောင့်တသည့် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် အသိဉာဏ်မြင့်ပြီး ဟာကွက်မရှိသည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများပေးစွမ်းနိုင်ရန် Huawei က စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ၎င်းအားဖြင့် ၀န်ဆောင်မှုရှာဖွေခြင်းကို ကောင်းစွာပြုလုပ်နိုင်မည်ဟုလည်း Hu က ပြောသည်။
Huawei အနေဖြင့် တီထွင်ဆန်းသစ်မှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ လက်ရှိပစ္စုပ္ပန်ကာလ အတွက်သာမကပဲ အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံသွားမည်ဟု Hu က အလေးအနက်ထား ပြောကြား ခဲ့သည်။ စီးပွားရေးအောင်မြင်မှုတစ်ခုတည်းအတွက်မဟုတ်ဘဲ အိုင်စီတီနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘ၀တိုးတက်ရေးအတွက်လည်း ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Huawei ၏ အန္တိမရည်မှန်းချက်မှာ အပြည့်အ၀ချိတ်ဆက်မှုရှိသည့် အသိဉာဏ်မြင့်ကမ္ဘာကြီးမှ ရရှိ လာမည့် အကျိုးကျေးဇူးများကို လူသားများ၊ နေအိမ်များနှင့် အဖွဲ့အစည်းများအတွက် ယူဆောင်ပေး ရန် ဖြစ်သည်။
Huawei သည် တီထွင်ဆန်းသစ်မှု ‘2.0’ ခေတ်ကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း Huawei ဘုတ်အဖွဲ့ ညွှန်ကြားရေးမှူးနှင့် မဟာဗျူဟာသုတေသနအင်စတီကျူ့ဥက္ကဌဖြစ်သူ William Xu က ကြေညာခဲ့ သည်။
တီထွင်ဆန်းသစ်မှု 2.0 ဆိုသည်မှာ အမြင်နှင့်သီအိုရီဆိုင်ရာထိုးဖောက်အောင်မြင်မှုနှင့် တီထွင် ထုတ်လုပ်မှုများပင်ဖြစ်သည်။ “Huawei မဟာဗျူဟာသုတေသနအင်စတီကျူ့ လာမယ့် ငါးနှစ် ဒါမှမဟုတ် ဒီထက်ပိုတဲ့ နှစ်တွေအတွင်း နောက်ဆုံးပေါ်နည်းပညာတွေကိုပဲ အဓိကထားသုတေသနပြု သွားမှာပါ။ အခြေခံသိပ္ပံနဲ့ နည်းပညာဆိုင် ရာလက်တွေ့သုတေသနလုပ်ငန်းတွေနဲ့ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေအတွက် နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၃၀၀ အထိ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံ လျက်ရှိပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ သုတေသနဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အရေးကြီးတဲ့ အပိုင်းပါပဲ။” ဟု Xu က ပြောကြားသည်။ Huawei က တက္ကသိုလ်တွေ၊ သုတေသနအဖွဲ့အစည်း တွေနှင့်အတူပူးပေါင်းပြီး သီအိုရီနှင့်အခြေခံနည်းပညာပိုင်းတွေမှာ တီထွင်ဆန်းသစ်မှုတွေရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး လုပ်ငန်းတွေနှင့် ကမ္ဘာကြီးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့သည်။
လုပ်ငန်း၏ တီထွင်ဆန်းသစ်မှုနှင့် အဆင့်မြှင့်တင်ရေးတို့ကိုလုပ်ဆောင်ရန် နယ်ပယ်ငါးခုရှိ လုပ်ငန်းများ ကို ဦးဆောင်ရန် Huawei က ကတိပြုထားသည်။ ၎င်းတို့မှာ နည်းပညာဆိုင်ရာတည်ဆောက်ပုံကို ပြန်လည်ဖော်ဆောင်ရေး၊ ထုတ်ကုန်ပစ္စည်းတည်ဆောက်ပုံကို ပြန်လည်ဖော်ဆောင်ရေး၊ လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုကို ဦးဆောင်ရေး၊ လုပ်ငန်းဦးတည်ချက်သစ်ချမှတ်ရေးနှင့် လုပ်ငန်းသစ်မြှင့်တင်ရေးတို့ ဖြစ် သည်။
“ချိတ်ဆက်မှု၊ Computing နဲ့ Cloud တို့က အသိဉာဏ်မြင့်မားသော ကမ္ဘာကြီးရဲ့ အခြေခံ အဆောက်အအုံတွေဖြစ်ပြီး၊ ဉာဏ်ရည်တု (AI) နည်းပညာက အသိဉာဏ်မြင့်ဒစ်ဂျစ်တယ်ကမ္ဘာကြီးကို ဖြစ်ပေါ်လာစေရန် အရေးပါသော တွန်းအားတစ်ခုဖြစ်သည်။ အနာဂတ်မှာ Moore’s ဥပဒေကို ကျွန်တော်တို့ ပြန်လည်ဖော်ဆောင်မှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ချိတ်ဆက်မှုတွေကို ပေးပို့နိုင်ဖို့ Shannon ကန့်သတ်မှုကို စိန်ခေါ်မှာပါ။ computing စွမ်းအင်ပိုမို သုံးစွဲနိုင်ဖို့နဲ့ ပိုမိုသက်သာ တတ်နိုင်စေဖို့အတွက်လည်း computing တည်ဆောက်ပုံကိုလည်း ပြန်လည်ဖော်ဆောင်သွားမှာပါ။ လုပ်ငန်းတွေ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းနိုင်ဖို့နဲ့ ဉာဏ်ရည် (AI) နည်းပညာနေရာအနှံ့ လွှမ်းခြုံစေရန် အလုံးစုံပါဝင်တဲ့ AI solutions တွေကို အသုံးပြုနိုင်ဖို့အတွက် အကောင်းဆုံး hybrid cloud ကိုလည်း ကျွန်တော်တို့ တည်ဆောက်သွားမှာပါ” ဟုHuawei ဘုတ်အဖွဲ့ ၏ အလုပ်အမှုဆောင် ဒါရိုက်တာ၊ ရင်းနှီးမြှပ်နှံမှုပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာဘုတ်အဖွဲ့ဥက္ကဌနှင့် အိုင်စီတီမဟာဗျူဟာနှင့် ဈေးကွက်ချဲ့ထွင်ရေးဥက္ကဌဖြစ်သူ David Wang က ပြောကြားခဲ့သည်။
“Huawei က သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုတွေမှာ ပိုမို ရင်းနှီးမြှပ်နှံသွားမှာဖြစ်ပြီး ဦးဆောင် နေရာမှာ အရှည်သဖြင့် ရပ်တည်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကန့်သတ်ချက်ဘောင်တွေကို ကျော်လွှားပြီး အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်မားတဲ့ ကမ္ဘာကြီးကို မိတ်ဖက်များနဲ့အတူ လက်တွဲကာ ဆက်လက်တည်ဆောက်သွားမှာပါ” ဟု နိဂုံးချုပ်အနေနှင့် Wang က ဖြည့်စွက်ပြောကြားခဲ့သည်။