ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ရှင်သန်ခြင်းအတွက် အန္တရာယ်များဆီချီတက်ခြင်း
ဘေးဒုက္ခနဲ့ ကြုံတွေ့လာချိန်မှာ တစ်ကိုယ်ရေလွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်ချင်ကြ တာ လူသားတိုင်းလိုလိုပါပဲ။
ဒါပေမဲ့ ကျွန်တော်က Huawei ပါ။
ဆိုးရွားတဲ့ကပ်ဘေးတွေ ကမ္ဘာပေါ်ကျရောက်လာရင်တောင် ကျွန်တော်ကတော့ ပစ္စည်း ကိရိယာတွေ အပြည့်အသိပ်ယူဆောင်ပြီး အဆိုးရွားဆုံး ခံစားနေရတဲ့နေရာတွေကို အပြေးသွားဦးမှာပါ။
ဒီလိုဆိုလို့ ကျွန်တော့်မိသားစုဘ၀ကို အလေးမထားတယ်တော့ မဟုတ်ပါဘူး။ အများပြည်သူ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်၊ အားငယ်နေချိန်မှာ သူတို့ဘေးကနေ မားမားမတ်မတ်ရပ်ပြီး အသက်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့သူတို့တွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက် တွေ ကောင်းမွန်စွာစီးဆင်းနိုင်ဖို့ လမ်းကြောင်းတွေ တည်ဆောက်ပေးရမှာက ကျွန်တော်ရဲ့ အမြဲတမ်းတာဝန်ပဲလို့ ခံယူထားလို့ပဲဖြစ်ပါတယ်။
ကမ္ဘာ့ဦးဆောင်အိုင်စီတီနည်းပညာထောက်ပံ့သူကုမ္ပဏီကြီးတစ်ခုအနေနဲ့ သုံးပုံတစ်ပုံမကသော ကမ္ဘာ့လူဦးရေကို ၀န်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်ပေးခဲ့တဲ့အန္တရာယ်ကြားက၀န်ဆောင်မှုတွေကိုလည်း အောက်ပါအတိုင်းတွေ့နိုင်ပါသည်။
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့၊ ကြီးမားပြီးကြောက်ဖို့ကောင်းတဲ့ဆူနာမီနဲ့ မြေငလျင်တွေ ဂျပန်နိုင်ငံမှာ ရိုက်ခတ်ခဲ့ပြီး နိုင်ငံတကာမှကုမ္ပဏီအတော်များများ ဘေးလွတ်ရာဆီကို ရှောင်ပြေးခဲ့ ကြပါတယ်။ ဒါပေမယ့် Huawei အဖွဲ့သားတွေကတော့ နျူကလိယဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားနိုင်တဲ့ ကြားကနေ အထုတ်အပိုးတွေပြင်ဆင်ပြီး လူအများထွက်ပြေးလာကြတဲ့ အန္တရာယ်အရှိဆုံး နေရာတွေဆီကို အရောက်ချီတက်ခဲ့ကြပါတယ်။ ဆူနာမီ၊ မြေငလျင်၊ နျူကလိယအရည်ပျော်ခြင်း အစရှိတဲ့ ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံးလို့ ဆိုစမှတ်ပြုရတဲ့ အဖြစ်ဆိုးကြီးတွေအားလုံး တစ်စုတစ်စည်းတည်း ဖြစ်နေတဲ့အရပ်ဆီကိုပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ မြို့နယ်တွေ၊ ကျေးရွာတွေမှာ Huawei အဖွဲ့သားတွေဟာ နေ့နေ့ညည မနားတမ်းအလုပ်လုပ်ရင်း တယ်လီဖုန်းလိုင်းတွေ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တာဝန်ဝတ္တရားအရ လုပ်ဆောင်နေခြင်းလို့ ဆိုတာထက် အန္တရာယ်မြေက မိမိတို့ရဲ့ ချစ်သူခင်သူတို့ရဲ့ သတင်းကို စိုးရိမ်တကြီးနဲ့ စောင့်မျှော်နေကြသူတွေအတွက် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
ချီလီမှာဆိုရင် အဆင့် ၉ အခြေအနေရှိတဲ့ မြေငလျင်တစ်ခုကြောင့် Huawei အဖွဲ့သား ၃ ဦး ပိတ်မိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး သူတို့အသက်အန္တရာယ်ကနေ ပြန်လည် လွတ်မြောက်လာချိန်မှာတောင် အနားယူဖို့မတွေးဘဲ ပစ္စည်းတွေကိုသယ်ပြီး အဆိုးရွားဆုံး ခံစားနေရတဲ့နေရာတွေကနေ မိုက်ခရိုဝေ့ဗ်အခြေစိုက်စခန်းတွေဆီကို ပြန်လည်ပြုပြင်ရေးတွေလုပ်ဖို့ ဆက်လက် ချီတက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရေလွှမ်းမိုးမှုနဲ့ မြေငလျင်တွေကြောင့် ကျေးရွာများနဲ့ သမိုင်းဝင်အမွေ အနှစ်ရှိရာဒေသတွေ ပျက်စီးဆုံးရှုံးခဲ့ချိန်မှာလည်း Huawei အဖွဲ့သားတွေဟာ ကိရိယာ တန်ဆာပလာတွေကို ကျောပိုးပြီး ရွှံ့ညွှန်အထပ်ထပ်နဲ့လမ်းတွေ၊ ရေကြီးရေလျှံနေတဲ့ မြစ်ချောင်းတွေကို ရင်ဆိုင်ဖြတ်ကျော်ကာ ယင်းအရပ်ဒေသကလူအများ ပြင်ပလောကနဲ့ အဆက်အသွယ်ပြုလုပ်နိုင်ဖို့ ဖုန်းလိုင်းတွေ သွားရောက်ပြုပြင်ပေးခဲ့ပါတယ်။ သေမလား၊ရှင်မလားဖြစ်နေသူတွေဆီက “အသက်ရှင်နေတုန်းပဲ” ဆိုတဲ့စကားသံကို သူတို့ကို ချစ်သူခင်သူတွေ အကြားချင်ဆုံးဖြစ်ကြမှာပဲလို့ ကျွန်တော်တို့ အစဉ်တွေးရင်း လုပ်ဆောင်ခဲ့ ကြတာဖြစ်ပါတယ်။


“ကျွန်တော်တို့ဟာ ၀န်ဆောင်မှုပေးဖို့ အမြဲအသင့်ရှိပါတယ်” ဆိုတဲ့ Huawei ရဲ့ ကတိစကားနဲ့အညီ ဘေးအန္တရာယ်ဖြစ်ပေါ်နေတဲ့ နေရာတိုင်းကို ကျွန်တော် အရောက်သွားမှာပဲ ဖြစ်ပါတယ်။ အသက်ဆုံးရှုံးလုနီးပါးအခြေအနေတွေ မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့စေကာမူ Huawei ရဲ့ အသွေးအသားထဲမှာ သုံးစွဲသူဗဟိုပြုရေးမှာ စွဲမြဲနေပြီး Huawei ဟာ အလုပ်လုပ်ခဲ့သူ၊ အလုပ်လုပ်နေဆဲဖြစ်သူ အဖွဲ့သား ၁၇၀,၀၀၀ ဦးရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေနဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
Huawei ကို တည်ထောင်သူ Mr. Ren Zhengfei က “Huawei ဟာ စီးပွားရေး အကျိုးခံစားခွင့်များထက် လုံခြုံမှုရှိတဲ့ ကွန်ရက်တည်ဆောက်ဖို့နဲ့ ၀န်ဆောင်မှုပေးဖို့ကို ပိုမိုအလေး ထားပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အဆိုပါစကားမှာ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ လာတဲ့အခါ အားကိုးရတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေပေးဖို့ Huawei က အမြဲအသင့် ရှိပါတယ်၊ သုံးစွဲသူတွေကို အဆင်ပြေအောင် ကူညီပေးနိုင်တာကပဲ ကျွန်တော်တို့အတွက် အကြီးမားဆုံးသော အောင်မြင်မှုပဲ ဖြစ်ပါတယ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ ကတိစကား ကဲ့သို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါ တာဝန်သိနိုင်ငံသားတစ်ဦးအနေနဲ့ ဒေသခံပြည်သူလူထုအပေါ် ပြန်လည်အကျိုးပြုရမယ်လို့ အစဉ်အမြဲ စွဲမှတ်ထားပါတယ်။ ၂၀၁၅ ခုနှစ် နွေရာသီမှာ မြန်မာနိုင်ငံရဲ့ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဘေးနဲ့ ကြုံတွေ့ခဲ့ရ တဲ့အတွက် Huawei မြန်မာဟာ တရုတ်သံရုံးကနေတစ်ဆင့် မြန်မာကျပ်ငွေ ၂၀၀,၀၀၀,၀၀၀ ကျပ်(သိန်းပေါင်းနှစ်ထောင်)နဲ့တကွ လိုအပ်တဲ့ပစ္စည်းပေါင်း ၁၀၀၀ ကို ထောက်ပံ့ကူညီခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၆ ခုနှစ် သြဂုတ်လမှာလည်း အဆင့် ၆.၈ ရှိ အင်အားပြင်းမြေငလျင်တစ်ခု ဖြစ်ပွားခဲ့မှုကြောင့် သမိုင်းဝင်စေတီပုထိုးများတည်ရှိရာ ပုဂံဒေသမှာ စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့ရာ Huawei က ယင်းသမိုင်းဝင်အမွေအနှစ်များကို ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အတွက် ငွေသား သိန်း(၅၀၀)နဲ့ Huawei P9 စမတ်ဖုန်းအလုံး ၁၀၀၊ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၁၀၀၀တန်ဖိုးကို သက်ဆိုင်ရာသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကျွန်တော်တို့တတွေဟာ သဘာဝဘေးအန္တရာယ်တွေကို မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့အခါမှာ ဖြစ်ပွားရာအရပ်ဆီကို ကျွန်တော်တို့ အရောက်သွားတတ်တာကို သင်တို့ မြင်နိုင်မှာပါ။