ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ဖုန်းအမှတ်တံဆိပ်တစ်ခု ထက်မကတဲ့ Huawei (Huawei, More Than Just Phones)
Facebook က ရုပ်ပုံလေးတွေကို လက်တစ်ချက်ထိလိုက်တာနဲ့ သီချင်းဆိုပြိုင်ပွဲတွေ၊ ကမ္ဘာအရပ်ရပ်ကသတင်းတွေ၊ ဘောလုံးပွဲတွေကို တိုက်ရိုက် Live ကြည့်ရှုနိုင်စေဖို့ ဘယ်အရာတွေက စွမ်းဆောင်ပေးနေသလဲဆိုတာကို စဉ်းစားရင်း သင်အတွေ့များဖူးပါသလား?
လူသားတို့ရဲ့အာရုံခံစနစ်တွေကို သတိပြုမိဖို့ ခက်ခဲလှတဲ့ ကျွန်တော်တို့ကမ္ဘာကြီးမှာ နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ smart device လို့ခေါ်တဲ့ ပစ္စည်းတွေရဲ့အပေါ် လက်လေးတစ်ချက်ထိလိုက်တာနဲ့ ကုတ်နံပါတ်နှစ်လုံးတွဲတွေအဖြစ် အလိုလျောက်ကူးပြောင်းကာ အနီးဆုံးအခြေစိုက်စခန်းတွေကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းဆီသို့ သတင်းအချက်အလက်တွေ လျင်မြန်စွာဆက်လက်ပြန့်ပွားစေပါတယ်။ နက်ရှိုင်းကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာထဲ သို့မဟုတ် မိုးထိအောင်မြင့်မားလှတဲ့ ကောင်းကင်ထက်မှာ ဖြစ်လင့်ကစား အချက်ပြသင်္ကေတတွေကို ဆက်လက်ပြီး ခွဲထုတ်မြဲ၊ ပေါင်းစပ်မြဲ၊ ချုံ့မြဲ၊ ချဲ့မြဲ ရှိလျက်ပါ။ ကမ္ဘာတစ်ဖက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့အရာတွေကို တစ်ချိန်တည်းနီးပါးမှာပဲ ကျန်ကမ္ဘာတစ်ခြမ်းမှာရှိတဲ့ စမတ်ဖုန်းတွေပေါ်မှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးနေနိုင်ပါပြီ။
ထိုအရာကတော့ ဆက်သွယ်ရေးပဲဖြစ်ပါတယ်။
သင်ဟာ ကမ္ဘာမြေရဲ့ဘယ်နေရာမှာပဲရှိနေရှိနေ ဆက်သွယ်ရေးကတော့ ရှိနေမှာပါပဲ။ ရန်ကုန်၊ နေပြည်တော် အိမ်အပြန်လမ်းခရီးမှာပဲဖြစ်ဖြစ်၊ ဘေဂျင်း၊ ပဲရစ်၊ နယူးယောခ်မြို့ကြီးတွေကိုအရောက်သွားမယ့် ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ခရီးစဉ်တွေမှာပဲဖြစ်ဖြစ် ဆက်သွယ်ရေးဆိုတာရှိပါတယ်။ ဒါ့ကြောင့် လူနဲ့လူ၊ လူနဲ့စက်ပစ္စည်း၊ စက်ပစ္စည်းနဲ့စက်ပစ္စည်းအကြား ဆက်သွယ်ရေးတွေဟာ အရာရာတိုင်းကို ပေါင်းစည်းပေးမယ့်၊ မြူတစ်မှုံမျှ ကွဲပြားခြားနားခြင်းမရှိစေဘဲ ထပ်တူကျစေမယ့် ဆက်သွယ်ရေးတစ်ခုအဖြစ်သို့ရောက်အောင် နောက်ဆုံးမှာပြောင်းလဲလာမှာ ဖြစ်ပါတယ်။

ပိုမိုဆက်သွယ်ရေးကောင်းမွန်တဲ့ ကမ္ဘာကြီးဆိုတာ ဒါပါပဲ။
ဟုတ်ပါတယ် … ကျွန်တော်ကတော့ Huawei ပါ။
မိတ်ဆွေတို့ကတော့ Huawei ကို အရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးသာသာလို့ပဲ သိကောင်းသိပါလိမ့်မယ်။ ကျွန်တော်တို့ Huawei ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေက လူသားအချင်းချင်းဆက်သွယ်ရေးမပျက်အောင် ကူညီပေးလျက်ရှိတာကိုလည်း သိစေချင်ကောင်းပါရဲ့။ လက်တစ်ချောင်းချင်းဆီကနေ၊ သင်မြင်နိုင်တဲ့နည်းလမ်းကနေဖြစ်ဖြစ် သင်မမြင်သာတဲ့နောက်ကွယ်ကနေဖြစ်ဖြစ် ၀ိုင်ဖိုင်ထုတ်လွှင့်စက်တွေ၊ အခြေစိုက်စခန်းတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ ကွန်ရက်လွှဲတွေ၊ မိုဘိုင်းဆက်သွယ်ရေးယာဉ်တွေ၊ ရေအောက်ကြိုးကေဘယ်တွေ အစရှိတဲ့ မြောက်များစွာသော အရာတွေကနေတစ်ဆင့် ကျွန်တော်တို့ Huawei ဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံအတွက် ဆက်သွယ်ရေးနည်းလမ်းတွေကို စွမ်းဆောင်ပေးလျက်ရှိပါတယ်။ ခုပြောခဲ့တဲ့အရာတွေက မျက်စိပဒေသာ မဖြစ်နိုင်ပေမဲ့ လက်တွေ့လူနေမှုဘ၀မှာ ဆက်သွယ်ရေးကောင်းမွန်စေပြီး အမှန်တကယ်ကို အကျိုးကျေးဇူးများတဲ့ အရာများပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Huawei ဟာ MPT ၊ Telenor ၊ Ooredoo၊ MEC အစရှိတဲ့ တယ်လီကွန်းအော်ပရေတာတွေအတွက်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ၄၆ သန်းကျော်ပမာဏရှိတဲ့ မြန်မာပြည်သူပြည်သားတွေဟာ Huawei ၀န်ဆောင်မှုများကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ရယူနေတယ်လို့ ဆိုရပါမယ်။ မြန်မာအစိုးရနဲ့အတူ ကျွန်တော်တို့ရဲ့ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ မိုဘိုင်းအင်တာနက် ဖွံ့ဖြိုးတိုးတက်မှုအလျင်မြန်ဆုံးတိုင်းပြည်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ပြီဖြစ်ပါတယ်။ သာဓကပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ
မိုဘိုင်းအင်တာနက်သုံးစွဲသူဦးရေဟာ ၂၀၁၂ ခုနှစ်က ၁.၄ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ အခုဆိုရင် ၉၀% ကျော်ထိ သုံးစွဲသူဦးရေ တိုးတက်လာပြီဖြစ်ပါတယ်။
ပိုမိုကောင်းမွန်သောဆက်သွယ်ရေးလို့ဆိုရာမှာ လူသားတွေအကြား ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတစ်ခု၊ လူ့အဖွဲ့ အစည်းအတွင်း ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်တို့နဲ့ လုပ်ကိုင်နိုင်စွမ်း၊ ပညာရေးနဲ့စီးပွားရေး အခွင့်အလမ်းကောင်းတွေ ပိုမိုများပြားမှု၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများမှုနဲ့ ပိုမိုသာယာပျော်ရွှင်ဖွယ်လူနေမှုစနစ် တစ်ခုကို ဆိုလိုပါတယ်။
မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာကြီးနဲ့အတူ လက်ချင်းယှဉ်တွဲကာ တွဲလက်ညီညီနဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေ ပြည့်နှက်နေတဲ့ အနာဂတ်ခေတ်သစ်တစ်ခုဆီကို အရောက်လှမ်းချီနေပြီဖြစ်ပါတယ်။ သင်နဲ့ကမ္ဘာကြီးရဲ့ ဆက်ဆံရေးဟာ ယခင်ကထက် ပိုမိုကျယ်ပြန့်ပြီး အမျိုးအစားစုံလင်တဲ့ နည်းလမ်းအသွယ်သွယ်၊ လက်တစ်ကမ်းအလိုမှာရှိနေပြီဖြစ်တဲ့ ဆက်သွယ်ရေးစနစ်တို့နဲ့ တစ်စတစ်စတိုးတက်ကောင်းမွန်လျက် ရှိနေပါပြီ။ အနာဂတ်မှာလည်း ဆက်သွယ်ရေးဟာ ROADS (Real-time, On-demand, All-online, DIY and Social) နဲ့အတူ ကမ္ဘာနဲ့တစ်ဝှမ်းမှာ ချိတ်ဆက်မိလာမှာ ဖြစ်ပါတယ်။ အိုင်စီတီနည်းပညာများဖွံ့ဖြိုးတိုးတက်လာခြင်းက အသိဥာဏ်ပညာတို့နဲ့ လွှမ်းခြုံထားတဲ့ ကမ္ဘာလောကသစ်ကြီးတစ်ခုကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အိုင်စီတီနည်းပညာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးထဲက တစ်ခုဖြစ်တဲ့ Huawei ဟာ မြန်မာနိုင်ငံကိုလည်း ယင်းရည်မှန်းချက်တို့နဲ့အညီ ရှေ့သို့အရောက်လှမ်းနိုင်စေဖို့ ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။