ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ပိုမိုချိတ်ဆက်ကောင်းမွန်လာမည့် မြန်မာနိုင်ငံအတွက် ပေါင်းကူးတံတား သို့မဟုတ် Huawei
ကမ္ဘာကြီးနဲ့သင် ပထမဦးဆုံး ဆက်သွယ်မိတယ်လို့ ခံစားမိတဲ့အချိန်အခိုက်အတံ့လေးကို မှတ်မိပါသေးလား။
နိုင်ငံရပ်ခြားခရီးနဲ့ အဝေးမှာရောက်နေစဉ်က မိမိချက်ပြုတ်ထားတဲ့ ဟင်းလျာဓာတ်ပုံတွေကို ကျန်ရစ်ခဲ့တဲ့မိသားစုနဲ့ ဝေမျှခဲ့စဉ်အခါတုန်းက ဒါမှမဟုတ် အချိန်အကြာကြီးအဆက်အသွယ်ပြတ်နေတဲ့ မိမိငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဗီဒီယိုချက်ကတစ်ဆင့် အဆက်အသွယ်ပြန်ရတုန်းကလိုမျိုးပေါ့။ မိမိချစ်ရသူတွေနဲ့ မိုင်ပေါင်းများစွာ ဘယ်လောက်ပဲဝေးကွာ အချိန်မည်မျှကြာညောင်းခဲ့ပါစေ စိုးရိမ်ပူပန်ပေးမှုတွေ ချစ်မြတ်နိုးမှုတွေနဲ့အတူ ကွန်ရက်အဆက်အသွယ်များကြောင့် အချိန်တိုင်း နေရာတိုင်းမှာ နှလုံးသားနှစ်ခုဟာ အမြဲနီးစပ်နေမှာပါ။
ဒါကြောင့် ကျွန်တော်ဟာ ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ ကမ္ဘာလောကကြီးကို ဖန်တီးတည်ဆောက်ချင်ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်းဖျားတဲ့ မြောက်ပိုင်းဒေသက တောင်ပေါ်ရွာလေးတွေက ကလေးတွေအတွက် ကျွန်တော်ပူပန်မိပါတယ်။ သူတို့လေးတွေဟာဆိုရင် မြို့ပေါ်မှာအလုပ်လုပ်ကြတဲ့ မိဘတွေနဲ့ ခေတ္တခဏလေးတောင် ဆုံဆည်းခွင့်မရကြပါဘူး။ ကျွန်တော့်ရဲ့စိတ်အစဉ်ဟာ ရွှံထူထူဗွက်ညစ်ညစ်တို့နဲ့သာ တန်ဆာဆင်ထားတဲ့ ရှည်လျားကွေ့ကောက်လှတဲ့ခရီးလမ်းတို့က ပြင်ပလောကကမ္ဘာကြီးအကြောင်း မိုက်မှောင်တဲ့ညများမှာ အတွေးပုံဖော်နေကြည့်တတ်ကြတဲ့ ရွာလေးတွေဆီကို ပျံ့လွင့်လို့သွားပါတယ်။ အဲ့ဒီရွာက ကလေးငယ်တွေ ဖုန်းကိုလက်ဝယ်ကိုင်ကြည့်ပြီး ပြုံးသွားကြတာကို မြင်မှ ကျွန်တော်စိတ်သက်သာရာရခဲ့ပါတယ်။ ဖုန်းနဲ့အဆက်အသွယ်တစ်ခုလုပ်နိုင်တာပဲ သူတို့အတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပိုင်ဆိုင်သွားသလိုနှယ်ပါ။


ကျွန်တော်ကတော့ Huawei ပါ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်ဟာ ကံကောင်းထောက်မစွာနဲ့ မြန်မာနိုင်ငံရဲ့ အဓိကတယ်လီကွန်းအော်ပရေတာတွေနဲ့ ချိတ်ဆက်မိပြီး မိတ်ဖက်ဖွဲ့နိုင်ခဲ့ပါတယ်။ ဆင်းမ်ကတ်တစ်ကတ်ကို ဒေါ်လာရာချီပြီး ပေးခဲ့ရတာတွေဟာ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး ဈေးကွက်ပွင့်လာတဲ့အခါမှာ အတိတ်တစ်ခုသာဖြစ်ခဲ့ပါပြီ။ Huawei နဲ့ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ မိတ်ဖက်ဖွဲ့နိုင်ခဲ့မှုကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံဟာ ယခင်ကနဲ့မတူတဲ့အမြန်နှုန်းနဲ့ မိုဘိုင်းအင်တာနက်ခေတ်သစ်ကြီးဆီသို့ အရောက်လှမ်းချီနေပါပြီ။ တစ်ဖက်မှာလည်း စမတ်ဖုန်းတွေဟာ လူတွေရဲ့နေ့စဉ်လူနေမှုဘ၀အတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်လို့လာပါပြီ။
ဒီအရာတွေအားလုံးကို လွယ်လွယ်နဲ့ပြောင်းလဲနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ အမှန်တကယ်တော့ ဒီနေ့အခြေအနေထိ ရောက်ရှိလာဖို့ ကျွန်တော်တို့ဟာ ရွှံ့အလူးလူးနဲ့ဖြတ်ကျော်ခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာ Huawei ပရောဂျက်အဖွဲ့ကို ဝေးသီခေါင်ဖျားလှတဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ MPT ကွန်ရက်ဆောက်လုပ်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ပုံမှန်နှုန်းထားဖြင့်ဆိုရင် ဆိုက် ၃၀ လောက်သာပြီနိုင်မယ့်အချိန်မှာ ကျွန်တော်တို့ဟာ ပရောဂျက်ကာလတစ်လအတွင်းမှာ ဆိုက် ၁၀၀ ပြီးဖို့ လိုအပ်ခဲ့တဲ့အတွက် လိုအပ်ချက်ပြည့်မှီဖို့ဆိုတာ မဖြစ်နိုင်လောက်တဲ့ တာဝန်တစ်ခု ပဲဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေကို ရွာအရောက်သယ်ဆောင်တာနဲ့တင် ၁၀ ရက် ကြာမြင့်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ အလုပ်သမားအင်အား ရှားပါးတာပါပဲ။ Supplier တွေကတောင် ကျွန်တော်တို့ရဲ့ ပရောဂျက်ကို စိတ်ကူးယဉ်အိပ်မက်သာသာပဲဆိုပြီး ကူညီဖို့ငြင်းဆန်ခဲ့ကြပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ Huawei ဟာ မဖြစ်နိုင်ဘူးဆိုတဲ့တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ အမြဲအဆင်သင့်ဖြစ်ခဲ့ပါတယ်။ သုံးစွဲသူတွေကို ဗဟိုပြုပြီး Huawei ဟာ သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထပ်မံ ကတိက၀တ်ပြုခဲ့ပါတယ်။ လမ်းမရှိတဲ့ လမ်းတွေကို ဖောက်ရင်း၊ ကားပျက်သွားရင် နွားလှည်ပေါ်တင်ရင်း၊ နွားလှည်းမ၀င်နိုင်တဲ့ခရီးတွေမှာ လက်ဗလာနဲ့ သယ်ယူရင်း မကြာခဏဆိုသလိုပဲ ၀န်ပစ္စည်းတွေသယ်ယူဖို့ လှေတွေကိုလည်း သုံးခဲ့ရပါသေးတယ်။ မိုင်ပေါင်းများစွာရှည်လျားတဲ့ ရွှံ့ညွှန်လမ်းခရီး၊ သယ်ဆောင်ရမယ့် ရာပေါင်းများစွာသော ဆက်သွယ်ရေးတန်ဆာပလာတွေက ကျွန်တော်တို့ကို အလုပ်သမားအင်အား အပြည့်အစုံနဲ့ တကွ ရွာလေးဆီသို့ အရောက်သွားဖို့ မဟန့်တားနိုင်ခဲ့ပါဘူး။


ကျွန်တော်တို့ စွတ်စိုထိုင်းမှိုင်းတဲ့တောကြီးတွေထဲမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ ဆောက်လုပ်တုန်းက မိုးရွာမှာကို ကျွန်တော်တို့ အစိုးရိမ်ဆုံးပါပဲ။ အောက်ခံအချောသတ်တာ တစ်ဝက်ပြီးပြီဆိုရင် မိုးသဲသဲမဲမဲရွာလိုက်တာနဲ့ ခါးလောက်ရှိ ရေတွေဟာ ချက်ချင်းတက်လာ တော့တာပါပဲ။ အဲဒီအခါ အောက်ခံအချောသတ်ထားတာလည်း ပျက်ဆီးသွားပြန်တာပေါ့။ Huawei ရဲ့ အင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေဟာ မိုးဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်ကာ နေ့နေ့ညည ဆိုက်မှာအချိန်ကုန်ရင်း မဆုတ်မနစ်ကြိုးစားခဲ့ကြပါတယ်။ မိုးသားတွေကင်းစင်သွားချိန်မှာ ရွှံ့နွံထဲကို ခြေအစုံခုန်ဆင်းပြီး ရေတွေတင်မကျန်နေစေဖို့ ဆောင်ရွက်ကြရပါတယ်။ ရာသီဥတုသာယာတဲ့ နေ့တွေမှာတော့ သူတို့ဟာ မိုးလင်းမှ မိုးချုပ်ထိ ဘိလပ်မြေများသွန်းလောင်းရပါတယ်။


ဟုတ်ပါတယ် ဆက်သွယ်ရေးရရှိဖို့ ဆောင်ရွက်ရာမှာ တာဝါတိုင်ဆောက်လုပ်တာတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်းဖို့ မိနစ်နဲ့အမျှ အကျိုးရှိရှိအသုံးချရပါတယ်။ Huawei ရဲ့ software နဲ့ hardware အင်ဂျင်နီယာတွေဟာ လေအေးပေးစက်မရှိ၊ ပြတင်းပေါက်လေးတစ်ပေါက်တောင်မရှိတဲ့နေရာမှာ မနက် ၆ နာရီမှ ည ၈ နာရီအထိ အလှည့်ကျ တာဝန်ယူလုပ်ကိုင်ရပါတယ်။ စားပွဲခုံ၊ ကုလားထိုင်၊ ခြင်တို့နဲ့သာ တန်ဆာဆင်ထားတဲ့အခန်းလေးမှာ သူတို့ဟာ အချက်ပြစနစ်များကို စစ်ဆေးဖို့၊ စစ်ဆေးပြီးရလဒ်တွေကို ရီပိုဒ်တင်ဖို့ အလှည့်ကျ ပြင်ဆင်ကြပါတယ်။ သူတို့ရဲ့ မမှိတ်မသုံ ကြိုးစားမှုများကြောင့်လည်း MPT ကွန်ရက်အတွက် ဆိုက်တွေကို တစ်ခုပြီးတစ်ခု ဆောက်လုပ်နိုင်ခဲ့ပါတယ်။
အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်မှုမှ အရင်းခံကြောင်း Huawei ရဲ့ ၀န်ထမ်းတွေအားလုံး ယုံကြည်ကြပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ရွာတွေဆီကို ခရီးနှင်ခဲ့ကြဖူးပါတယ်။ အခြားသူတွေ မသွားလာနိုင်ခဲ့တဲ့ လမ်းကြမ်းကြမ်းတွေပေါ်မှာ ခြေရာထပ်ခဲ့ဖူးပါတယ်။ ချွေးတွေရွှဲနစ်နေတဲ့အင်္ကျီတွေ၊ နွမ်းဟောင်းနေတဲ့ဖိနပ်တွေ၊ ကိုယ်ပေါ်မှာ ထင်ကျန်လာတဲ့ အသစ်အသစ်သော အမာရွတ်တွေနဲ့အတူ အိပ်ပျက်ညတွေကို အတူဖြတ်ကျော်ခဲ့ကြတယ်။ မြန်မာလူမျိုးတွေရဲ့ ကြင်နာစိတ်နဲ့ ကူညီရိုင်းပင်းမှုတွေနဲ့ ခင်မင်မှုသံယောဇဉ်တွေကို ကျွန်တော်တို့ရဲ့ရင်ထဲမှာ အခုထိ သိမ်းဆည်းထားလျက်ရှိပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ လည်ပတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအရောက်မှာ ကျွန်တော်တို့ ပရောဂျက်အဖွဲ့ဟာ ဆိုက်အသစ်ပေါင်း ၁၇၀၀ ထက်မနည်းကို ဆောက်လုပ်ပြီးစီးခဲ့ပြီး MPT ရဲ့ဆက်သွယ်ရေးကွန်ရက်ကို တစ်နိုင်ငံလုံးအနေအထားဖြင့် ၈၀% မှ ၉၀% ထိ ကွန်ရက်လွှမ်းခြုံစေခဲ့ကာ မဖြစ်နိုင်ဘူးထင်ခဲ့ရတဲ့ပရောဂျက်ကို လက်တွေ့အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးတွေက ဒေသခံတွေလည်း အခုဆိုရင် ယခင်ကထက် ပိုပိုပြီး ဒစ်ဂျစ်တယ်ကမ္ဘာကြီးနဲ့ ပေါင်းကူးလာနိုင်ခဲ့ပါပြီ။ ကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ပြုလုပ်လာနိုင်ပါပြီ။
ယနေ့ဆိုရင် မြန်မာလူဦးရေသုံးပုံတစ်ပုံဟာ Huawei ရဲ့ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ရယူအသုံးပြုလျက်ရှိ တယ်ဆိုတာ လူအများသတိထားမိကောင်းမှ သတိထားမိပါမယ်။ ကြိုးမဲ့အင်တာနက်စနစ်လူကြိုက်များလာမှု၊ မိုဘိုင်းအင်တာနက်စနစ် အတွက် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာမှုတွေနဲ့အတူ ဘ၀ဟာ ပိုမိုစိုပြေလာပြီး နေပျော်ဖွယ်ဖြစ်လာပါပြီ။ စမတ်ဖုန်းတွေကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် အရောင်းအ၀ယ်၊ ငွေပေးငွေချေမှုတွေပြုလုပ်လာနိုင်ကြပါပြီ။ သွားလာရေးခက်ခဲတဲ့ ကျေးရွာလေးတွေမှာ ကလေးငယ်တို့ဟာ မြို့ပြမှာကြီးပြင်းမွေးဖွားလာတဲ့ အရွယ်တူကလေးတွေနဲ့တန်းတူ အွန်လိုင်းမှတစ်ဆင့် ပညာနို့ရည်ချိုသောက်သုံးနိုင်ပါပြီ။ အလုပ်အကိုင်ရွေးချယ်စရာပေါများလာခြင်းကြောင့် မိမိတို့ရဲ့တစ်မူထူးခြားကြတဲ့ လုပ်အားတန်ဖိုးကို နားလည်သဘောပေါက်လာကြပါတယ်။
ဟုတ်ပါတယ် ကျွန်တော်တို့ဟာ အခုလည်း 5G ခေတ်တစ်ခေတ် ပေါ်ထွန်းလာစေဖို့ လက်တွဲညီညီနဲ့ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကွန်ပျူတာကမ္ဘာကြီးဟာ အရာအားလုံးကိုဖန်ဆင်းပေးပြီး ကျွန်တော်တို့ရှေ့မှောက် အရောက်ယူဆောင်ပေးပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးနည်းပညာတွေက ယာဉ်တွေအကြား ဆက်သွယ်သွားလာရေးတွေ အဆင်ပြေစေပါတယ်။ ခေတ်မီသောမြို့က မိသားစုအချင်းချင်း၊ စွမ်းအင်အချင်းချင်း၊ စက်ရုံအချင်းချင်း ဆက်သွယ်ပေါင်းစည်းစေပါတယ်။ ဒီထက်ပိုမိုကျယ်ဝန်းကြီးမားတဲ့ ဆက်သွယ်ရေးကွန်ရက်တွေ တည်ဆောက်သွားဖို့၊ သာလွန်ကောင်းမွန်သောအမြန်နှုန်းကို ပေးစွမ်းနိုင်ဖို့၊ ကြန့်ကြာမှုတွေကို လျော့နည်းစေဖို့ အစရှိသည်တို့ကိုရည်သန်လျက် ကျွန်တော်တို့ဟာ ဦးဆောင်နည်းပညာဆန်းသစ်သူတစ်ဦးအနေနဲ့ ဆက်လက် ဆောင်ရွက်ကြိုးပမ်းလျက်ရှိပါတယ်။
ဆက်သွယ်ရေးပိုမိုချိတ်ဆက်ကောင်းမွန်တဲ့ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ကျွန်တော်တို့နဲ့အတူ ယခုပဲလက်တွဲပါဝင်လိုက် ကြရအောင်လား။