ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Myanmar 5G Forum 2018

Huawei က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းကာ အနာဂတ်ဒီဂျစ်တယ်မြန်မာနိုင်ငံတည်ဆောက်ရေးတွင် 5Gနည်းပညာ၏ အရေးပါမှုကို ထုတ်ဖော်ပြသ

Read English Version

[နေပြည်တော်၊ မြန်မာ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်] “အနာဂတ်ဒီဂျစ်တယ်ကမ္ဘာနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်ပေးမည့် 5G နည်းပညာ” ခေါင်းစဉ်ဖြင့် မြန်မာ5Gဆွေးနွေးပွဲ ၂၀၁၈ ကို Huawei နှင့် မြန်မာဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အစိုးရအဖွဲ့ဝင်များတက်ရောက်လာကြသည့်အဆိုပါဆွေးနွေးပွဲတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် Huaweiတို့က 5G နည်းပညာ၊ 5G နည်းပညာ တိုးတက်လာမှုများ နှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေရှိသည့် အချက်များကို အဆိုပါနည်းပညာ အသုံးပြုပုံများနှင့်တကွ ပြသခဲ့ကြသည်။

The honorable guests from Ministry of Transport and Telecommunications, international organizations, together with the officials from Huawei at Myanmar 5G Forum 2018, held in Nay Pyi Taw on 19th December 2018

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Myanmar 5G Forum 2018 ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အထူးဧည့်သည်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဧည့်သည်တော်များနှင့် Huawei မှ တာဝန်ရှိသူများအား အတူတကွတွေ့ရစဉ်

 

ပွဲသို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးချစ်ဝေ၊ ITU မှ အာဆီယံဒေသဆိုင် ရာအကြီးအကဲ Dr Ismail Shah၊ Huawei Global Carrier စီးပွားရေးလုပ်ငန်းစု၏ ဒုဥက္ကဌဖြစ်သူ Mr. Zhou Jianjun၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးစိုးသိန်းအပါအဝင် အခြားသော နိုင်ငံ တကာအဖွဲ့အစည်းများ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ နှင့် မီဒီယာမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြသည်။

 

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးချစ်ဝေ က အဖွင့်အမှာစကားပြောကြား ကာဖွင့်လှစ်ပေးခဲ့သည့် အဆိုပါဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ 4G/5Gတို့၏ အနာဂတ်  ဈေးကွက်အခြေအနေများကို ဆွေးနွေးရန်၊ 4G/4.5G နည်းပညာ မှတဆင့် 5G နည်းပညာကို အောင်မြင်စွာ အစားထိုးလဲလှယ်အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ထားသည့် Myanmar National Broadband White Paper 2019 နှင့် အသစ်ပြင်ဆင်ထားသော spectrum roadmap 2019၊ ဒီဂျစ်တယ်မြန်မာနိုင်ငံဖြစ်လာ စေရေးအတွက်တွန်းအားပေးရန် နှင့်  ဖြန့်ကျက်မှုလမ်းကြောင်း၊ အခြေခံအဆောက်အအုံ၊ စက်ပစ္စည်း၊ ဖိုင်ဘာ နှင့် နိုင်ငံသားများ၊ အိမ်ထောင်စုများနှင့်  နယ်ပယ်ကဏ္ဍများစွာအတွက် ဘရော့ဘန်း ပံ့ပိုးမှု မူဝါဒများ ပါဝင်သည့်မြန်မာ5Gဂေဟစနစ်တည်ဆောက်  ရေးအတွက် လိုအပ်သည်များ ကို ကြိုတင်ပြင်ဆင်ထားရန် တို့ ဖြစ်ကြသည်။ APT700MHz၊ TDD 2.6GHz၊ 2.3GHz နှင့် C band 3.5GHz တို့ကို 4Gနှင့် လာမည့်၂နှစ်အတွင်းအကောင်အထည်ဖော်ဆောင်တော့မည့် 5Gကွန်ရက်အတွက် အဓိကကျသည့်ကြိမ်နှုန်းများအဖြစ် သတ်မှတ်ဆောင်ရွက်နေသည်။  ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ၏စီးပွားရေးအသွင်ပြောင်းမှုဖြစ်စဉ်အတွက် လိုအပ်ချက်ဖြစ်သည့်အပြင် နိုင်ငံတွင်းလုပ်ဆောင် ချက်များအတွက် 5G မှ ဆောင်ယူလာပေးမည့် သိသာထင်ရှားသည့်ပြောင်းလဲမှုများကို ပြသသည့်အနေဖြင့် mobile broadbandတွင်သာမက fixed wireless access နှင့် Internet of Things တို့တွင် အသုံးပြုနိုင်မည့် 5Gနည်းပညာအသုံးချမှုများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

H.E U Chit Wai, Permanent Secretary, Ministry of Transport and Communications, giving welcome speech at Myanmar 5G Forum 2018, held in Nay Pyi Taw on 19th December 2018

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Myanmar 5G Forum 2018 ပွဲတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်သူ ဦးချစ်ဝေမှ အဖွင့်အမှာစကားပြောကြားစဉ်

5G နည်းပညာသည် 4Gနည်းပညာ၏သဘာဝအတိုင်းတိုးတက်ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး  5Gနည်းပညာ  ကို အသုံးပြုခြင်းခြင့် အချိန်တိုအတွင်းဒေတာအမြောက်အများရယူအသုံးပြုနိုင်မှု၊ များစွာယုံကြည်စိတ်ချရခြင်း၊ လုပ်ဆောင်ချက်နှောင့်နှေးမှု များကို   လျော့ချပေးနိုင်ခြင်း၊ စွမ်းအင်အသုံးပြုမှုသက်သာခြင်း၊ ကုန်ကျ စရိတ်နည်းပါးခြင်း၊ စွမ်းဆောင်ရည်  ပိုမိုမြင့်မားခြင်း နှင့် တစ်ချိန်တည်းတွင်စက်ပစ္စည်းများပိုမို များပြားစွာချိတ်ဆက်နိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး  မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အပံ့ဖြစ်လာနိုင်စေမည်လည်း  ဖြစ်သည်။ ကွန်ရက်မြန်နှုန်း၊ အသုံးပြုသူများ၏အတွေ့အကြုံများ နှင့် ကွန်ရက်လုံခြုံရေးတို့ကို ထည့်သွင်းမစဉ်းစားလျင်ပင် 5G ရရှိအသုံးပြုလာနိုင်မှုကြောင့် ရရှိလာနိုင်မည့်  ပိုမိုကြီးမားသည့် အနာဂတ်ပန်းတိုင်လမ်းကြောင်းများအတွက် 4G နည်းပညာတွင် ဖြစ်နိုင်သမျှ အဆင့်မြှင့်တင်မှုများမြန်မာနိုင်ငံတွင် ဆောင်ရွက်ရန်လိုအပ်သည်။

 

မြန်မာနိုင်ငံအား ဒီဂျစ်တယ်စနစ်ဖြင့်ချိတ်ဆက်ထားသည့်နိုင်ငံတစ်ခုဖြစ်လာစေရေးဟူသော အစိုးရအဖွဲ့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင်လည်း နည်းပညာသည် မရှိမဖြစ်ပါဝင်နေသည်။ အဆိုပါရည်မှန်းချက်သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေသော အရေးပါသည့်အကြောင်းအရာ (၃) ခုအပေါ် အခြေခံထားသည်။ ၎င်းအကြောင်းအရာများမှာ (၁)  နိုင်ငံတွင်း ဘရော့ဘန်း အခြေခံအဆောက်အအုံများ   ဆောက်လုပ်နေစဉ်အတွင်း နောင်လာမည့်၅နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဦးဆောင် လှုပ်ရှားမှုအချို့နှင့် မူဝါဒတိုင်းတာချက်များမှတစ်ဆင့် မြန်မာနိုင်ငံသားများကို နည်းပညာနှင့် ချိတ်ဆက်ပေး ခြင်း၊ (၂) နယ်ပယ်ကဏ္ဍများစွာ၏ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ဆန်းသစ်တီထွင်မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်ပြီး နိုင်ငံသားအားလုံးက မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်စေရန် ကူညီ  ပေးမည့် အခြေခံအဆောက်အအုံများ တည်ဆောက်နေခြင်း (၃) e-Government လုပ်ငန်းများကို အကူအညီ ဖြစ်စေရန် မြန်နှုန်းမြင့်ချိတ်ဆက်ခြင်းများနှင့် ဒီဂျစ်တယ်နည်းပညာများကို အဆင့်မြှင့်တင်ခြင်းများ   ဆောင်ရွက်ခြင်းဖြင့် အများပြည်သူအတွက် ဝန်ဆောင်မှုနှင့်အချက်အလက်များပိုမိုအဆင်ပြေချောမွေ့စွာ  ပေးအပ်နိုင်ပြီး   ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိ  ရောက်အကျိုးရှိစေ မည် လည်း ဖြစ်သည်။

 Huawei’s booth displaying 5G use cases for attendees at the Myanmar 5G Forum 2018, held in Nay Pyi Taw on 19th December 2018

 ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် Myanmar 5G Forum 2018 ပွဲတွင် တက်ရောက်လာသူများကို Huawei မှ ၎င်း၏ 5G နည်းပညာများကို ပြသထားသည့် Huawei ပြခန်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှုးဖြစ်သူ ဦးမျိုးဆွေက “ ပထမဆုံးနေနဲ့ပြောချင် တာကတော့ ကျွန်တော်တို့ အသစ်ပြင်ဆင်ထားတဲ့ sprectrum roadmap ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန က စစ်ဆေးကြည့်ရှုပြီးရင် ၂၀၁၉ ခုနှစ် ရဲ့ ပထမသုံးလပတ်မှာ တရားဝင်ထုတ်ပြန်မှာပါ။ ဒီနေ့ပွဲတက်  ရောက်လာတဲ့သူတွေရဲ့အကြံပေးချက်တွေ၊ ထင်မြင်ချက်တွေကိုလည်း လေးလေးနက်နက်ထည့်သွင်းစဉ်း စားပေးသွားမှာပါ။ ဒုတိယအချက်အနေနဲ့ Myanmar National Broadband Whitepaper 2019 ကိုလည်း မိတ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ထုတ်ပြန်ဦးမှာပါ။  4G နဲ့ 5G အခြေခံထားတဲ့ fixed wireless access တို့ရဲ့ စုပေါင်းစွမ်းရည်က နိုင်ငံတွင်း broadband ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့နေရာကနေ တွန်းအားပေးလိမ့်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ယခုကျင်းပသည့်ပွဲ၏ရည်ရွယ်ချက်များကို နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

 

မျိုးဆက်သစ် 5G ကွန်ရက်အား ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများနှင့်နည်းပညာအဖွဲ့အစည်းများအားလုံးက အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြခြင်းကြောင့် 5G နည်းပညာဖြန့်ကျက်မှုတွင် အဆင်မပြေမှုများ ရှိနေဆဲပင်  ဖြစ်သည်။ သို့သော်လည်း အဆိုပါအခက်အခဲများသည် ကမ္ဘာနေရာနှံ့အပြားသို့ 5G မရောက်မီ အဆင့်မြင့်  ဈေးကွက်များတွင် 5Gနည်းပညာဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်လာသည်နှင့်အမျှ ဖြေရှင်းပြီးဖြစ်သွားမည် ဖြစ်သည်။  အဆိုပါမျိုးဆက်သစ်ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ၏ အဆင့်မြှင့်တင်မှုများဖြစ်ကြသည့် တစ်စက္ကန့်လျှင် ၁၀၀မီဂါဘိုက်အထိ ရရှိနိုင်သော မြန်နှုန်းမြင့်အင်တာနက်၊ fixed wireless access၊ မှတ်ဥာဏ်တုနည်းပညာ (AI)၊ virtual reality (VR)၊ Internet of Things (IoT)၊ smart cities နှင့် အခြားသောနည်းပညာများ  ဆောင်ရွက်နိုင်မှုများသည်လူမှုဝန်းကျင်နှင့်စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် တွင် ကောင်းသောအကျိုးသက်ရောက်မှုရှိနိုင်မည်ဟု မျှော်လင့်သည်။

 

Huawei Global Carrier စီးပွားရေးလုပ်ငန်းစု ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Zhou Jianjun က “Myanmar 5G Forum 2018 ပွဲဖြစ်မြောက်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရ တာကို Huawei က တကယ်ပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီဆွေးနွေးပွဲကနေတစ်ဆင့် 5G နည်းပညာရဲ့အရေးပါ တဲ့ကဏ္ဍတွေ၊ 4Gကို ခေတ်နဲ့အညီမဟာဗျူဟာကျကျဖြန့်ကျက်နိုင်ခြင်းက နိုင်ငံတကာအိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းကို ဘယ်လိုအားပေးတယ်ဆိုတာတွေ နဲ့ အနာဂတ်ဒီဂျစ်တယ်ပတ်ဝန်းကျင်နဲ့စီးပွား  ရေးအတွက် 5Gနည်းပညာက အခြေခံအုတ်မြစ်ဖြစ်လာမယ်ဆိုတာတွေကို မီးမောင်းထိုးပြနိုင်ဖို့ ကျွန်တော်တို့  မျှော်လင့်ပါတယ်။ 4G ကနေ 5G ကူးပြောင်းတဲ့အချိန်မှာ “Air Fiber” WTTX၊ Cloud plus 5G plus Smart Device based Cloud X စတဲ့ ဈေးကွက်တိုးချဲ့မှုတွေအတွက် 5G ကို အမှန်တကယ် လိုအပ်လာပါလိမ့်မယ်။ 5Gနည်းပညာအတွက် အသင့်ပြင်ဆင်ဖို့အဓိကကျတဲ့ ပင်မထောက်တိုင်ကြီး(၄)ခုဖြစ်တဲ့ ထောက်ပံ့ရေးမူဝါဒ၊ လုံလောက်တဲ့spectrum၊ နေရာရင်းမြစ်အများအပြား၊ နဲ့ ဖိုက်ဘာဆက်စပ်ကိစ္စရပ်တွေအပေါ်မှာ အပြု သဘောဆောင်တဲ့ဆွေးနွေးချက်တွေကို တက်တက်ကြွကြွဆောင်ရွက်ဖို့ ဒီိဆွေးနွေးပွဲကနေ တိုက်တွန်းချင်ပါတယ်။ ဒါက မူဝါဒသတ်မှတ်ရေးသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ၊ စည်းကမ်းထိန်းသိမ်းရေးဌာနတွေ၊ ဆက် သွယ်ရေးကဏ္ဍနဲ့ပညာရေးဘက်ကအကြီးတန်းစီမံခန့်ခွဲမှုအရာရှိတွေကို မြန်မာနိုင်ငံမှာဖြစ်လာမယ့်5G အနေ အထားကို ထုတ်ဖော်ပြသနိုင်မှာပါ’”  ဟု ပြောကြားခဲ့သည်။

 

မြန်မာ 5G ဖိုရမ် ၂၀၁၈ တွင် ထိပ်တန်းအဖွဲ့အစည်းများဖြစ်ကြသည့် ITU၊ GSA၊ Huawei၊ Ovum၊ Telco-economics နှင့် Quectel တို့မှ ဈေးကွက်ဦးဆောင်ကျွမ်းကျင် ဒေတာ၊သုတေသနနှင့်အတိုင်ပင်ခံများက ဒီဂျစ်တယ်ဝန်ဆောင်မှုထောက်ပံ့သူများနှင့် ၎င်းတို့၏မိတ်ဖက်အဖွဲ့အစည်းများကို အပြန်အလှန်ချိတ်ဆက်နေ သည့် ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်အတွင်း ဆက်လက်ရှင်သန်နိုင်စေရေးကို အဓိကထားကူညီဆွေးနွေး အကြံပေးခဲ့ကြသည်။

 

5G နည်းပညာနှင့် ၎င်း၏အသုံးပြုမှုများအကြောင်းပိုမိုပြည့်စုံစွာသိရှိလိုပါက  https://www.huawei.com/en /industry-insights/outlook/mobile-broadband/5g တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။