ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
မိုဘိုင်း ကဏ္ဍတွင် “ အပြောင်မြောက်ဆုံး ပံ့ပိုးထောက်ပံ့နိုင်ခြင်း” 2018 GSMA ဆုကို Huawei ရရှိ
[ဘာစီလိုနာ၊ စပိန်၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈] မိုဘိုင်း ကဏ္ဍတွင် “ အပြောင်မြောက်ဆုံးပံ့ပိုးထောက်ပံ့နိုင်ခြင်း” ဆုကို GSMA မှ Huawei Technologies အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ဆုကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၅ရက်ညနေတွင်ကျင်းပသော အထူးအခမ်းအနား၌ လက်ခံရရှိခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်း နည်းပညာသစ် စံနှုန်းများ၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း နှင့် ဒစ်ဂျစ်တယ် ဂေဟစနစ် တည်ထောင်ခြင်းများအတွက်လည်း အသိအမှတ်ပြုခံခဲ့ပါသည်။
ထိုအခမ်းအနားတွင် Huawei ၏ အလှည့်ကျအမှုဆောင်အရာရှိချုပ် Ken Huမှ ကုမ္ပဏီ ကိုယ်စား ဆုကို လက်ခံရယူခဲ့ပါသည်။ “နှစ်ပေါင်းများစွာကြာအောင် 3G ၊ 4G အခုဆိုရင် 5G နဲ့အခြား အိုင်စီတီ နည်းပညာတွေ တိုးတက်အောင် Huawei နှင့် မိတ်ဖက်များစွာက လုပ်ဆောင်ခဲ့တာကြောင့် လူပေါင်းများစွာ ချိတ်ဆက် ဆက်သွယ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ရရှိခဲ့ပါတယ်။ အခုချိန်မှာ ကမ္ဘာပေါ်ရှိ လူဦးရေ သုံးပုံ တစ်ပုံကို Huawei မှ ချိတ်ဆက်ပေးနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုရရှိခဲ့တဲ့အတွက်လည်း အရမ်းဂုဏ်ယူပါတယ်။ ဒါပေမယ့် မိုဘိုင်းလုပ်ငန်းကလည်း အမြဲပြောင်းလဲနေပါတယ်။ မကြာမီ မိုဘိုင်းတွေဟာ အပြည့်အဝ ချိတ်ဆက်ကောင်းမွန်ပြီး အသိဉာဏ်မြင့်တဲ့ကမ္ဘာဖြစ်စေဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာ ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးရှိပါသေးတယ်။” ဟု Huawei ၏ အလှည့်ကျ CEO Ken Huက ပြောကြားခဲ့ပါသည်။

Huawei ၏ အလှည့်ကျ CEO Ken Hu ( ဘယ်ဘက်) မှ GSMA ဆုအား GSMS ၏ ဥက္ကဋ္ဌ Sunil Bharti Mittal (ညာဘက်) ထံမှ ဘာစီလိုနာတွင် လက်ခံရယူနေစဉ်
GSMA ဆုသည် အိုင်စီတီ လုပ်ငန်းနှင့် မိုဘိုင်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် သိသာထင်ရှားစွာ အထောက်အပံ့ပေးခဲ့သော တစ်ဦးချင်း၊ ကုမ္ပဏီ နှင့် အဖွဲ့အစည်းများအား အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပါသည်။ Huawei သည် နည်းပညာအားဖြင့် အထောက်အပံ့ပေးမှုအပြင် ဒစ်ဂျစ်တယ်ဂေဟစီးပွားရေး ပိုမိုကျယ်ပြန့်စွာဖြစ်ထွန်းရန်ပျိုးထောင်ရာတွင်အခရာကျသော စံအဖွဲ့အစည်း(၃၆၀)၊ ဆက်သွယ်ရေးနှင့်နည်းပညာကဏ္ဍတွင်းအဖွဲ့အစည်းများနှင့် အများဆိုင်အသင်းအဖွဲ့များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်သည့်၎င်း၏စွဲမြဲလုပ်ကိုင်မှုကြောင့် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။
“ဒီကဏ္ဍကြီးတစ်ခုလုံးရှေ့ရောက်အောင်တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့မှုအတွက် GSMA ကိုယ်စား Huawei ကို ဂုဏ်ပြုချင်ပါတယ်။ နှစ် ၃၀ အတွင်းမှာ Huawei ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မိုဘိုင်းကွန်ယက်ချိတ်ဆက်ပစ္စည်းတွေ ထုတ်လုပ်သူဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ စံနှုန်းများ၊ တီထွင်ဆန်းသစ်မှုများ၊ သုံးစွဲသူနဲ့ မိတ်ဖက်များ အောင်မြင်မှုရရှိရေးအတွက် အထောက်အပံ့ပေးမှုတွေဟာ အနာဂတ်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်ပါလိမ့်မယ်” ဟုGSMA ၏ ဥက္ကဋ္ဌ၊ Bharti Enterprises ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ Sunil Bharti Mittal က ပြောကြားခဲ့ပါသည်။
Huawei ကိုစတင်တည်ထောင်ခဲ့သော ၁၉၈၇ ခုနှစ်မှစတင်၍ telephone exchange ပစ္စည်းများကို ပြန်လည်ရောင်းချသည့် အသေးစား ကုမ္ပဏီအဆင့်မှ ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းသုံး ကွန်ယက်ဖြေရှင်းနည်းများနှင့် ၊ တစ်ကိုယ်ရေသုံးနည်းပညာပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများတွင် နိုင်ငံတကာ ဈေးကွက်ဦးဆောင်သူဖြစ်အောင် တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။
Huawei သည် သုတေသနနှင့် တီထွင်ထုတ်လုပ်မှုလုပ်ငန်းကို အလေးအနက်ထားဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သုတေသနနှင့် တီထွင်ထုတ်လုပ်မှုလုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံ ကျော်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်အတွင်း ရင်းနှီးမြှပ်နှံမှုမှာ ၁၁ ဘီလီယံရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် Huawei သည် အနာဂတ် ဒစ်ဂျစ်တယ်အခြေခံများဖြစ်သော cloud၊ artificial intelligence နှင့် 5G နည်းပညာတီထွင်မှုများတွင် အားရုံစူးစိုက်ထားပါသည်။ နှစ်စဉ် ဝင်ငွေ၏ ၁၀% မှ ၁၅% ကို သုတေသနနှင့် တီထွင်ထုတ်လုပ်မှုလုပ်ငန်းတွင် ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါသည်။
၂၀၁၈ GLOMO ဆုအကြောင်းအသေးစိတ်ကို သိရှိရန်- https://www.globalmobileawards.com/ ကိုဝင်ရောက်လေ့လာပါ။