ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်သောကမ္ဘာ၌ အတူတကွရှင်သန်ခြင်း

၂၀၁၀ ခုနှစ် ဧပြီလက စတင်ပြီး ကျွန်တော် Huawei မှာ Fixed Netwok Product Manager တစ်ယောက်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာ Wireless Network Solution Sales ဌာနမှာ Vice Director အဖြစ် Huawei မှာပဲ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ Huawei မတိုင်မီ စင်ကာပူနိုင်ငံရဲ့ ဆက်သွယ်ရေး လုပ်ငန်းတစ်ခုမှာလည်း ကျွန်တော် လုပ်ကိုင်ခဲ့ပါသေးတယ်။ အိုင်စီတီခေတ်ပြောင်းကာလ စတင်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အိုင်စီတီရဲ့အကျိုးကျေးဇူးတရားတွေကို မြန်မာနိုင်ငံသားတွေ ခံစားနေရပြီ ဖြစ်သလို broadband ကဏ္ဍကလည်း လျင်လျင်မြန်မြန် တိုးတက်ဖွံ့ဖြိုးလာတဲ့အတွက် ရှေးယခင်က မရှိခဲ့ဖူးတဲ့ အပြောင်းအလဲကြီးတွေမှာ မိမိလည်း တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ဖို့ ကျွန်တော်စိတ်ဆုံးဖြတ်ချက်ချပြီး မွေးရပ်မြေဖြစ်တဲ့ အမိမြန်မာနိုင်ငံကို ပြန်လည်ခြေချခဲ့ပါတယ်။ အဲ့ဒီအချန်က Huawei ဟာ မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးတယ်လီကွန်းလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ Huawei နဲ့အတူ မြန်မာနိုင်ငံကို ပြင်ပကမ္ဘာလောကကြီးနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ချိတ်ဆက်ပေးနိုင်ခဲ့ပြီး အိုင်စီတီ ခေတ်ပြောင်းကာလရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက်တည်ရှိနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ကျွန်တော်မှတ်မိသလောက်ပြန်ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့ ၆ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုဟာ အချို့ လူတွေအတွက် သိပ်အရေးမပါကောင်း မပါနိုင်ပေမယ့် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရေးတည်ဆောက် နိုင်ဖို့ လိုလားတောင်းတခဲ့ကြတဲ့ မြန်မာနိုင်ငံကလူအတွေအတွက်တော့ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့နှစ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော် Huawei မှာ အလုပ်စ၀င်တဲ့ ၂၀၁၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာဆိုလို့ ၀န်ဆောင်ခဈေးမြင့်ပြီး ကွန်ရက်ကို အကန့်အသတ်နဲ့သာ ပေးနိုင်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တစ်ခုပဲ ရှိခဲ့ပါတယ်။ ဆက်သွယ်ရေးနည်းပညာနဲ့ အင်တာနက်ကို ရန်ကုန်လိုမြို့ကြီးမှာတောင် လုံလုံလောက်လောက်မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ အိမ်ဂေဟာတွေမှာ အင်တာနက်လိုက်လံတပ်ဆင်ခ တစ်ခုတည်းကိုပဲ ၁၅ သိန်းကျော်ကျသင့်ခဲ့ပါတယ်။ ဒါ့အပြင် တစ်လချင်း အလိုက်လည်း ၁ သိန်းကျော် ထပ်မံပေးဆောင်ရပါသေးတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် Wi-Fi အခမဲ့လွှင့်ပေးတဲ့ ကော်ဖီဆိုင်တစ်ခုမှာ ထိုင်ရင်း ကော်ဖီသောက်ရင်း ဒီအဖြစ်အပျက်တွေကို ပြန်ပြောင်း ပြောကြရင်း ၅ နှစ် ၆ နှစ်တာကာလအတွင်း 3G ကွန်ရက်ပေါ်ပေါက်လာပြီး ၀န်ဆောင်ခဈေးနှုန်းများမှာ တစ်လ ၁၅၀၀ ကျပ်သာသာအထိ ရုတ်ချည်းထိုးကျဆင်းသွားကြောင်း သတိပြုမိကြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက အကြောင်းတစ်ခုရှိရင် လူအချင်းအချင်းသာ သတင်းလွေ့လွေ့ရှိခဲ့ကြသော်လည်း ယနေ့ခေတ် ယနေ့ အခါမှာတော့ အင်တာနက်အသုံးပြုပြီး Facebook လူမှုကွန်ရက်စာမျက်နှာတစ်ခွင်မှာ ဓာတ်ပုံတွေ၊ emoji ကာတွန်းရုပ်လေးတွေနဲ့ သတင်းတွေကို ချက်ချင်းဆိုသလို ဝေမျှလာကြပါတယ်။ သို့သော်လည်း ၎င်းတို့ကိုင်ဆောင်ထားတဲ့ ဖုန်းမျက်နှာပြင် သေးသေးလေးပေါ်မှာ ရုပ်ပုံတွေထင်ပေါ်လာစေဖို့ နောက်ကွယ်မှာ ကျွန်တော်တို့ Huawei က E2E ကွန်ရက်အဆောက်အအုံကို တည်ဆောက်ခဲ့ရကြောင်း သတိပြုမိသူ အရေအတွက်မှာ မရှိသလောက်ပင်ဖြစ်ပါတယ်။ Huawei ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ လိုအပ်ချက်တွေ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ထိပ်သီးလုပ်ငန်းကြီးတစ်ခုပင် ဖြစ်ပါတယ်။ Huawei မှာအခုလို တာဝန်ထမ်းဆောင်ရင်း အခုလို မိမိတိုင်းပြည်အတွက် တတ်စွမ်းသမျှ အကျိုးပြုနိုင်ခဲ့ခြင်း ကိုပဲ ကျွန်တော် ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။

Site Training

သို့သော် အရှေ့တောင်အာရှဒေသက ကျန်နိုင်ငံတွေကို မဆိုသာဘဲ ကျွန်တော်တို့နိုင်ငံကနေ ၄၀၀ ကီလိုမီတာသာ ကွာဝေးတဲ့ ထိုင်းနိုင်ငံနဲ့ယှဉ်ရင်ပဲ ကျွန်တော်တို့ အများကြီးနောက်ကျကျန်နေဆဲ ဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘ၀ပုံစံကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ အခြားနိုင်ငံတွေကို လေ့လာရင်း အိုင်စီတီကဏ္ဍမှာ တိုးပြီးရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ဖြစ်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုပြဿနာဟာ မြန်မာနိုင်ငံမှာ ကြီးမားဆဲဖြစ်ရာ နိုင်ငံမှာ အိုင်စီတီနည်းပညာကောင်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုအားကောင်းကောင်းသာ ရှိမယ်ဆိုရင် ဆင်းရဲမွဲတေမှုပြသနာကိုလည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိုင်စီတီနည်းပညာတွေ လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးနေတဲ့အလျောက် လူမှုကွန်ရက် မီဒီယာတွေကို အတော်အတန် အသုံးပြုလာနိုင်သော်လည်း ဤမျှနဲ့ မလုံလောက်သေးပါ။ အွန်လိုင်းပေါ်မှာ ရုပ်ရှင်ဗွီဒီယိုကြည့်ရှုတာတွေ၊ သွားရင်းလာရင်း OTT နဲ့ ဗွီဒီယိုကြည့်ရှုတာတွေအတွက်ရော နည်းပညာ ရှိပါပြီလား။ အခုရရှိထားတဲ့ Bandwidth၊ အမြန်နှုန်း၊ နည်းပညာတွေနဲ့တော့ ထိုအရာတွေကို ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်သေးပါဘူး။ ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်မယ်ဆိုရာမှာ LTE နဲ့ FTTH ကဲ့သို့ MBB နဲ့ FBB မျိုးဆက်သစ်နည်းပညာတွေကို မြှင့်တင်အားပေးသွားရန်မှာ ပထမဦးစားပေး လိုအပ်ချက်ပါ။ အစိုးရအာဏာပိုင်တွေကလည်း Huawei လို အိုင်စီတီနည်းပညာထောက်ပံ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးကာ နည်းပညာတွေဖွေရှာရင်း အိုင်စီတီကျွမ်းကျင် သူတွေကို မွေးထုတ်သွားသင့်ပါတယ်။ ယင်းသို့ဖြစ်ရန်မှာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း အတွက် ခရီးရှည်ကြာဦးမှာ ဖြစ်ပါတယ်။

နောက် ၅ နှစ်ဝန်းကျင်လောက်မှာတော့ ကျွန်တော်တို့မြန်မာနိုင်ငံကို ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်လာနိုင်ဖွယ်ရှိပါတယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ဟာ လိုင်စင်လျှောက်ဖို့ အတွက် အစိုးရရုံးများရှေ့မှာ အချိန်ကြာတန်းစီပြီး စောင့်ဆိုင်းစရာမလိုတော့ပါဘူး။ စာရွက်စာတမ်းကိစ္စ ရပ်အားလုံးကို အွန်လိုင်းပေါ်ကတစ်ဆင့်ပဲ အလိုလျောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို အားပေးစင်ရဲ့ရှေ့ဆုံးကနေကြည့်နေရသလိုပဲ အွန်လိုင်းပေါ်မှ အနှောင့်အယှက် အဟန့်အတားမရှိ ကြည့်ရှုရင်း အပျော်များကူစက်ဝေမျှနိုင်ဦးမှာပါ။ ထိုအခါမှာ တိုင်းတပါး အဝေးရောက်နေသူတွေကလည်း မိဘဆွေမျိုးသင်္ဂဟာတွေနဲ့ အွန်လိုင်းကချိတ်ဆက်ပြီး ရွှေတိဂုံ စေတီတော်ကို တိုက်ရိုက်ဖူးမျှော်နိုင်လာမှာပါ။ ဖက်ရှင်ချစ်သူတွေကလည်း မိမိတို့ရဲ့ ရိုးရာလုံချည်ထည် လေးတွေကို ကမ္ဘာအကြိုက် တီထွင်ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။ Big data analysis တွေကိုအသုံးပြုပြီး လူအများဆုံးရှုံးနစ်နာမှု ဖြစ်စေမယ့် ရေကြီးခြင်းနဲ့ မြေငလျင်လှုပ်ခြင်းတို့ကိုပင် ကြိုတင်ခန့်မှန်းလာနိုင်မှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ ဤအရာတွေအားလုံးကို ကျွန်တော်တို့ အမှန်တကယ်ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ နည်းပညာအကူအညီရှိသရွေ့ မဖြစ်နိုင်ဘူးလို့ထင်မှတ်ရလောက်အောင် ထူးခြားဆန်းပြားတဲ့အရာတွေ အားလုံးကို ပုံဖော်မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒီဆန်းပြားမှုတွေက အနာဂတ် ကျွန်တော်တို့လူနေမှုဘ၀ရဲ့ အစိတ်အပိုင်းတွေအဖြစ် အပြည့်အ၀ရောက်ရှိလာကြမှာကို ကျွန်တော်မြင်ယောင်နေပါသေးတယ်။

ကျွန်တော်ကတော့ Huawei ပဲ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ ရည်မှန်းချက်မှာ ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ ကမ္ဘာလောကကြီးကတစ်ဆင့် လူသားတို့ရဲ့ ဘ၀ကို ပြီးပြည့်စုံစေဖို့ ရည်ရွယ်ရင်းဖြစ်ပြီး တစ်ဖက်မှာလည်း အိုင်စီတီအသိုင်းအ၀ိုင်းအတွက် တာဝန်သိ လက်တွဲပူးပေါင်းတဲ့ပြည်သူအဖြစ်၊ တီထွင်ဆန်းသစ်သူအဖြစ်၊ အိုင်စီတီအကျိုးထမ်းပိုးဆောင်ရွက်နေသူ အဖြစ် ဆက်လက်တည်ရှိသွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေနဲ့ အခြားသူတွေလိုပဲ ကျွန်တော်လည်း ဒီခရီးစဉ်ကြီးမှာ ပါဝင်ပါတယ်။ ဆက်သွယ်ရေး ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ဖို့ ကျွန်တော်တို့နဲ့ လက်တွဲပါဝင်လိုက်ပါ။

 

ဖေသက်လွင်