ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
Mobile AI ခေတ်သစ်ကို ဦးဆောင်ရန်အတွက် Huawei နှင့် Baidu တို့ မဟာဗျူဟာမြောက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး
ဘေဂျင်း၊ တရုတ်။ ဒီဇင်ဘာ ၂၁၊ ၂၀၁၇ - Artificial Intelligence (AI) platforms နှင့်နည်းပညာမှသည် အင်တာနက်ဝန်ဆောင်မှုနှင့် content ဂေဟစနစ်များအထိ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံဖြန့်ကြက်ပေးမည့် မဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခုကို Huawei နှင့် Baidu, Inc. (NASDAQ: BIDU) တို့က ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဤကုမ္ပဏီနှစ်ခုသည် AI applications အသစ်များ တိုးတက်ဖွံ့ဖြိုး အောင် လှုံ့ဆော်ပေးခြင်း၊ ကမ္ဘာတစ်ဝန်းမှ Consumer များအား “သင့်အကြောင်းပိုကောင်းကောင်းသိ” သည့် AI ကိုပံ့ပိုးပေးခြင်းတို့ကိုဆောင်ရွက်ရင်း အကျိုးတူဝေမျှတည်ဆောက်ထားသည့် ပွင့်လင်းလွတ်လပ်သော မိုဘိုင်းလ်နှင့် AI ဂေဟစနစ်တို့ကို စတင်အကောင်အထည်ဖော်ရန်ရည်ရွယ်ထားပါသည်။

Huawei Consumer Business Group ၏ CEO ဖြစ်သော Richard Yu (ယာ)၊ Baidu ၏ Chairman နှင့် Group CEO ဖြစ်သော Robin Li (၀ဲ) တို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ကြေညာစဉ်
ာမြောက် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ကြေညာစဉ်
Huawei Consumer Business Group ၏ CEO ဖြစ်သော Richard Yu က “လာမယ့်အနာဂတ် smart devices တွေနဲ့ပတ်သက်လို့ပြောရရင်တော့ ကျွန်တော်တို့စေခိုင်းတာကို တုံ့ပြန်ရုံတင်မဟုတ်တော့ဘဲ တက် တက်ကြွကြွနဲ့ကို ၀န်ဆောင်ဖြည့်ဆည်းပေးကြမှာပါပဲ။ သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ ခိုင်ခံ့သန်မာတဲ့ နောက်ခံရှိထားတဲ့ Huawei ဟာ Baidu နဲ့အတူတွဲပြီး ဒီလုပ်ငန်းနယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေ အရှိန် တိုး မြှင့်ဖို့၊ နောင်လာမယ့် smartphones မျိုးဆက်သစ်ကို တိုးတက်အောင်လုပ်ဖို့နဲ့ ကမ္ဘာ့ Consumer တွေကို “သင့်အကြောင်းပိုကောင်းကောင်းသိ” တဲ့ AI ပံ့ပိုးပေးဖို့တွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ ပါသည်။
Baidu ၏ Chairman နှင့် Group CEO ဖြစ်သော Robin Li က “နည်းပညာကကျွန်တော်တို့ရဲ့ DNA ထဲမှာ မြုပ်ဝင်နေတာ၊ ကိုယ်ပိုင်နည်းပညာတွေကို တိုးတက်မှုရှိအောင်တိုးမြှင့်ဆောင်ရွက်တာ ဆိုတဲ့ တူညီမှုတွေများစွာ ရှိနေတဲ့ Baidu နဲ့ Huawei တို့ အလုပ်အတူတွဲလုပ်ကြတာ အံ့သြစရာတော့မရှိပါဘူး။ အင်တာနက်ခေတ်ကနေ AI ခေတ်အဖြစ် ရွေ့လျားပြောင်းလဲနေပါတယ်။ Baidu အနေနဲ့ AI နယ်ပယ်မှာ နှစ်မြှုပ်လုပ်ဆောင်ခဲ့တာ ကာလအတော်ကြာပါပြီ။ Huawei မှာက ကြီးမားကျယ်ပြန့်တဲ့ user base တစ်ခုရှိနေပါတယ်။ Baidu နဲ့ Huawei တို့ အတူတွဲပြီး အရင်တုန်းက ကျွန်တော်တို့ မလုပ်နိုင်ခဲ့တာတွေကို အခု အများကြီးလုပ်နိုင်တော့မှာပါ။ ပန်းပေါင်းတစ်ရာဖူးပွင့်ပါစေ ဆိုတဲ့တရုတ်ဆိုရိုးစကားက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ကျူး နည်းတစ်ခုပါပဲ။ ဒီကနေ့ ကျွန်တော်တို့ မျိုးစေ့တွေချစိုက်တယ်၊ မကြာခင်မှာ ပန်းတွေအဖြစ်ဖူးပွင့်လာတော့မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
Huawei ၏ HiAI platform ၊ Baidu ၏ AI assets နှင့်ဝန်ဆောင်မှုလုပ်ငန်းတို့၏ အချုပ်ဖြစ်သော Baidu Brain တို့ကို အသုံးပြုပြီး ပွင့်လင်းလွတ်လပ်သော ဂေဟစနစ်တစ်ခုကို တည်ဆောက်ရန် Huawei နှင့် Baidu တို့က စီစဉ်ထားပါသည်။ အဆိုပါ ဂေဟစနစ်သည် AI developers များအား လုပ်ပိုင်ခွင့်ပြုနိုင်ရန်နှင့် Consumer များအား AI ကမ်းလှမ်းပေးမှုများ၊ smart service အတွေ့အကြုံအသစ်များ ပံ့ပိုးပေးနိုင်ရန်အတွက် Huawei ၏ Neural Network Processing Unit (NPU) နှင့် Baidu ၏ PaddlePaddle ထဲထဲဝင်ဝင် သင်ယူမှု framework တို့ကို အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါသည်။
Artificial[SN1] Intelligence အပြင် ဤကုမ္ပဏီနှစ်ခုသည် လူသားနှင့်စက် တုံ့ပြန်ဆက်သွယ်မှု ပိုမိုချောမွေ့စေရန် Smart Devices များအတွက် အသံနှင့်ရုပ်ပုံ Processing ကို အတူတကွပူးပေါင်းလုပ်ဆောင်သွားပါမည်။ ထို့ပြင် နေ့စဉ်သုံးစွဲနေသူတိုင်းအတွက် ပိုမိုလွှမ်းခြုံရယူနိုင်သော AR experience ကို ဖန်တီးပေးရန် Hardware နှင့် Software ကိုပေါင်းစပ်သည့် Augmented Reality (AR) ဂေဟစနစ်တစ်ခုကိုလည်း ဖက်စပ်တည်ဆောက်မည် ဖြစ်ပါသည်။
အင်တာနက်ဝန်ဆောင်မှုနှင့် Content ဂေဟစနစ်များနှင့် ပတ်သက်၍မူ ဤကုမ္ပဏီများအနေဖြင့် Consumer များအတွက် အလိုလိုပိုမိုသိရှိနိုင်ပြီး အဆင်ပြေစေမည့် ၀န်ဆောင်မှုလုပ်ငန်းအတွေ့အကြုံကောင်းများနှင့်အတူ အရည်အသွေးမြင့် content အမြောက်အမြားကို ဆောင်ယူပေးနိုင်သည့် search နှင့် feed စသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေပါလိမ့်မည်။
Huawei သည် ကမ္ဘာ့ထိပ်တန်း Smartphone ထုတ်လုပ်သူတစ်ဦးဖြစ်ပါသည်။ Customer ဗဟိုပြုခြင်း၏ အရေးပါပုံကို အခိုင်အမာယုံကြည်မှုဖြင့် Huawei သည် လူအများ၏ Digital Experience ကို တိုးတက် အောင်ကူညီပေးရန်အတွက် Smart နည်းပညာများ၏ အနာဂတ်ကို တက်ကြွစွာစူးစမ်းလေ့လာနေရာ ယင်းတို့ ထဲတွင် 5G ၊ AI ၊ AR ၊ virtual reality (VR) နှင့် တခြားဆက်စပ် Domain များပါဝင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် AI chipset ဖြစ်သည့် Kirin 970 ထည့်သွင်းအားဖြည့်ထားသော ကမ္ဘာ့ပထမဆုံး Smartphone ဖြစ်သည့် Mate 10 ကို Huawei က စတင်ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ Huawei သည် ၎င်း Chips များကို အခြေခံသည့် HiAI ဂေဟစနစ်ကိုလည်း တက်တက်ကြွကြွတည်ဆောက်လျက်ရှိပါသည်။
Baidu သည် ထိပ်တန်းတရုတ်ဘာသာစကားအင်တာနက် search provider တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ကစပြီး သူ၏ မဟာဗျူဟာသည် မိုဘိုင်းလ်အခြေခံအုတ်မြစ်ကိုခိုင်မာစေခြင်းနှင့် AI တွင်ဦးဆောင်နိုင်ခြင်း ဟူသော အဓိကကဏ္ဍနှစ်ခုတွင် အထူးဦးစားပေးအာရုံစိုက်နေပါသည်။ Baidu သည် သူ၏ပင်မလုပ်ငန်းကဏ္ဍကို မြှင့်တင် ရန်အတွက် AI ကို အသုံးပြုနေသလို တစ်ပြိုင်တည်းတွင်လည်း open platform နှင့် ဂေဟစနစ်ချဉ်းကပ်မှုတို့မှ တစ်ဆင့် AI-enabled initiatives များကို တည်ဆောက်လျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် တတိယလေးလပတ် ကာလအတွက် Baidu ၏ feed မှဝင်ငွေသည် တစ်နှစ်ပျမ်းမျှအခြေခံသတ်မှတ်ထားမှုထက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့ပါသည်။ သူ၏ အထင်ကရ app တစ်ခုဖြစ်သော Mobile Baidu ကိုနေ့စဉ်သုံးစွဲကြသူ များ၏ သုံးစွဲချိန်သည် ၁၅ ရာခိုင်နှုန်းတိုးတက်လာသည်။ Mobile Baidu သည် တရုတ်နိုင်ငံ app များတွင် အလျင်မြန်ဆုံးဖြစ်ပြီး QuestMobile ၏ စာရင်းဇယားများအရ နေ့စဉ်သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိနေပါသည်။
ဆယ်စုနှစ်တစ်စုကြာ အလျင်အမြန်တိုးတက်လာပြီးသည့်နောက် မိုဘိုင်းလ်ဖုန်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသောနေရာတွင် ရောက်ရှိနေရာ လာမည့်မျိုးဆက်သစ် Smartphone အလားအလာသည် အလွန်ထွန်း ကားပြန့်ပွားလာမည်ဖြစ်သည်။ Voice ၊ Machine vision နှင့် AI အပါအ၀င် အချင်းချင်းတုံ့ပြန်ဆက်သွယ်သည့် နည်းပညာများက ဤလုပ်ငန်းကဏ္ဍကို ရှေ့သို့တိုးတက်စေပါလိမ့်မည်။ ပုဂ္ဂိုလ်ရေးတန်ဆာပလာတစ်ခုအဖြစ် မူလကတည်းကအဆင့်မြှင့်ထားသော မိုဘိုင်းလ်ဖုန်းများသည် သုံးစွဲသူများအတွက် လူ့ခန္ဓာကိုယ်နှင့် AI စွမ်းအင် သုံး အထောက်အကူများ၏ သဘာဝတိုးချဲ့မှုတစ်ခုဖြစ်လာပါလိမ့်မည်။ လုပ်ငန်းနယ်ပယ်တွင် အရေးပါသော ပြောင်းလဲမှုဖြစ်နေသည့် ဤအချိန်အခါတွင် Huawei နှင့် Baidu တို့သည် Consumer လိုအပ်ချက်များကို ဦးစားပေးရင်း နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းပူးတွဲဆောင်ရွက်မှုဖြစ်စေရန် တစ်ဦး၏အားသာ ချက်ကို တစ်ဦးက ဆက်လက်မြှင့်တင်ပေးသွားမည်ဖြစ်ပါသည်။
AI သည် လုပ်ငန်းကဏ္ဍအလှည့်အပြောင်းသစ်ကို ဦးဆောင်မောင်းနှင်ပေးနေပါသည်။ Huawei နှင့် Baidu တို့အကြား နက်နက်ရှိုင်းရှိုင်းမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုက AI နှင့်အခြားသောနည်းပညာများ၏ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဖြစ်နိုင်ခြေများကို ပိုမိုလမ်းဖွင့်ပေးပါလိမ့်မည်။ ရေရှည်တည်တံ့သောမိုဘိုင်းလ်နှင့် AI ဂေဟစနစ်အတွက် အခြေခံအုတ်မြစ်ကိုလည်း ချထားပေးမည်ဖြစ်ရာ အနာဂတ်နည်းပညာသည် သုံးစွဲသူများကို ပိုမိုနားလည်ကာ လူအများကို ပိုမိုဝန်ဆောင်မှုပေးနိုင်ပြီး ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးနှင့်လူမှုရေးရလဒ်များ ပိုမိုကောင်းမွန်လာအောင် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ပါသည်။