ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
Huawei Customer Service Center ကို မန္တလေးမြို့တွင် ဖွင့်လှစ်
၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်၊ မန္တလေးမြို့။ ။ Huawei ၏ Customer Service Center ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲသို့ မန္တလေးမှ မီဒီယာများ၊ ဧည့်သည်တော်များနှင့် Huawei မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Huawei ၏ SEA Region Device Service Manager မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အခမ်းအနားမှူးက Huawei မှ ပေးအပ်လျက်ရှိသော ၀န်ဆောင်မှုများကို ရှင်းပြခြင်းများပြုလုပ်ခဲ့ပြီး Huawei မှ တာဝန်ရှိသူများက Huawei Customer Service Center ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
Huawei မှ သုံးစွဲသူများ၏ လိုအပ်ချက်များကို အစဉ်အလေးပေးလျက်ရှိရာ Huawei ၏ ပထမဆုံး Service Center ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာက ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မူဆည်၊ ပြည်စသောမြို့တို့တွင် (၁၁) ဆိုင်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ Huawei ၏ တရားဝင်ဟန်းဆက်များအတွက် တစ်နှစ်အာမခံပေးအပ်ထားပြီး တစ်နှစ်အတွင်း လာရောက်ပြုပြင်ပါက လက်ခအခမဲ့ဖြင့် ပြုပြင်ပေးခြင်း၊ ၁၀၀% original အပိုပစ္စည်းများအသုံးပြုခြင်း၊ original ဘက်ထရီများအသုံးပြုခြင်း၊ လာရောက်ပြုပြင်သော သုံးစွဲသူများအား လက်ဆောင်များပေးခြင်း စသော ၀န်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
ထို့ပြင် Service Center မရှိသောမြို့များမှ သုံးစွဲသူများ ပြုပြင်လိုပါက အဆင်ပြေချောမွေ့စေရန်အတွက် မြို့ပေါင်း (၁၆) မြို့တို့တွင် Collection Points (၃၄) ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ Huawei VIP Service ကိုလည်းပေးအပ်လျက်ရှိပြီး မော်ဒယ်လ်မြင့်ဖုန်းများဖြစ်သည့် Mate7၊ P8၊ G7Plus တို့သည် သီးသန့် VIP Service ကို ရရှိနိုင်မည်ဖြစ်ပါသည်။ VIP Service တွင် VIP ၀န်ဆောင်မှု ကောင်တာသီးသန့်ထားရှိပေးထားသည့် အတွက် စောင့်ဆိုင်းရန်မလိုဘဲ မိမိဖုန်းကို ပြသနိုင်ခြင်း၊ ဖုန်းပြင်ဆင်ချိန် တစ်ရက်သာ ကြာမြင့်ခြင်း၊ ဖုန်းကို စမ်းသပ်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ Version Update ပြုလုပ်ပေးခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို အခမဲ့နှစ်ကြိမ်ပြုလုပ်ပေးခြင်းတို့ပါဝင်ပါသည်။
ယခု Customer Service Center ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ဇန်န၀ါရီလ (၃၁)ရက်နေ့အတွင်း လာရောက်ပြုပြင်သော သုံးစွဲသူများအတွက် အထူးအစီအစဉ်များအဖြစ် ကံစမ်းမဲဖောက်ပေးခြင်းများ၊ ဖုန်းသန့်စင်ပေးခြင်း၊ version update ပြုလုပ်ပေးခြင်း၊ application များသွင်းပေးခြင်း၊ ဟန်းဆက်များကို စမ်းသပ်ပေးခြင်းများကို အခမဲ့ပြုလုပ်ပေးခြင်း၊ အာမခံသက်တမ်းကျော်လွန်သွားသော ဟန်းဆက်များကိုလာရောက်ပြုပြင်ပါက (၂၀%) လျှော့ပေးခြင်း စသော အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိပါသည်။
Huawei Device Myanmar က SEA Region Device Service Manager, Mr. Cloudy Jiang မှ “ဈေးကွက်ထဲမှာတွေ့ရှိ နေတဲ့တရားမ၀င်ဟန်းဆက်အချို့ကိုလည်း Huawei သုံးစွဲသူတွေအနေနဲ့ နစ်နာမှုမဖြစ်ပွားရအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တားဆီးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Huawei တရားဝင်ထုတ်ကုန်တွေကို အဆင့်ဆင့်အကြိမ်ပေါင်း ထောင်သောင်းချီ အရည်အသွေးစမ်းသပ်စစ်ဆေးပြီးမှ ဈေးကွက်ထဲကိုဖြန့်ချိတာဖြစ်တဲ့အတွက် အရည်အသွေးကို ယုံကြည်စိတ်ချနိုင်ပါတယ်။ Huawei သုံးစွဲသူပြည်သူများအတွက် ပိုမိုအဆင်ပြေချောမွေ့တဲ့ ၀န်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားကို Huawei၊ Super Mobile နှင့် MK မှ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်

Huawei Customer Service Center ဖွင့်လှစ်ခြင်း

Huawei ကို အစဉ်တစိုက်သုံးစွဲသူ Huawei Fans များမှလည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဆင်နွှဲ