ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ပေါ်တူဂီ၏အကြီးဆုံး အော်ပရေတာ Altic Portugal နှင့် Huawei တို့ 5G ဝန်ဆောင်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုး

ပေါ်တူဂီတွင် 5G နည်းပညာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Atlice နှင့် Huawei တို့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ကြောင်းလက်မှတ်ရေးထိုး
2018.12.07

Read English Version

[လစ်စဘွန်၊ ပေါ်တူဂီ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်] - ပေါ်တူဂီနိုင်ငံတွင် 5G နည်းပညာ ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အသုံးပြုမှုမြင့်မားလာစေရေးအတွက် ဈေးကွက်တွင်း ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Altice Portugal နှင့် Huawei တို့ အတူပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွင်း 5G နည်းပညာကိုအသုံးပြုကာ အလားအလာရှိပြီး ဆန်းသစ်  သောအသုံးပြုပုံများကို လက်တွေ့စမ်းသပ်နိုင်သည့်ကွန်ရက်ဝန်းကျင်တွင် ကုမ္ပဏီနှစ်ခုလုံးက စမ်းသပ်ရှာဖွေကြမည်ဖြစ်သည်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် Alitice Portugal ၏ လာမည့်နှစ်အတွင်း ပေါ်တူဂီတွင် 5G ဝန်ဆောင်မှုကို စီးပွားဖြစ်စတင်မိတ်ဆက်ပေးနိုင်ရန်အတွက် ပြင်ဆင်ရာတွင် အဓိကကျသောခြေလှမ်း တစ်ခုလည်း ဖြစ်သည်။

Alitice Portugal သည် ပေါ်တူဂီနိုင်ငံတွင် လက်ရှိအသုံးပြုနေသော 4G ကွန်ရက်၏ သဘာဝဆန်ဆန်တိုးတက်ပြောင်းလဲလာသည့်အနေဖြင့် Huawei ၏ ကိရိယာများနှင့် software များကို အသုံးပြုသွားမည် ဖြစ်သည်။

5G နည်းပညာသည် အော်ပရေတာများကို မိုဘိုင်းလ် broadband ကွန်ရက်များနှင့် ပိုမိုကောင်း မွန်စွာချိတ်ဆက်နိုင်စေသောကြောင့် စက်ပစ္စည်းများနှင့်သုံးစွဲသူများအနေဖြင့် စိတ်ချရပြီး နှောင့်နှေးမှု နည်းပါးသော ဆက်သွယ်ခြင်းများကို ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ယင်းသဘောတူညီမှုသည် Alitice Portugal နှင့် Huawei အကြား တစ်ဆထက်တစ်ဆ များပြားလာသည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး  ပေါ်တူဂီကုမ္ပဏီများအတွက် ဝန်ဆောင်မှုအသစ်များ ပေးအပ်နိုင်မည်ဖြစ်ကာ စီးပွားရေးပုံစံအသစ်များ ဖန်တီးနိုင်ရန်လည်း ကူညီပေးနိုင်မည် ဖြစ်သည်။

Alitice Portugal နှင့် Huawei တို့သည် ၂၀၁၆ ခုနှစ်တွင် ကွန်ရက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှ တစ်ဆင့် ပေါ်တူဂီတွင် 5G ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဂေဟစနစ် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရေးအတွက် နှစ်ဖက်လုံးမှ ကြိုးစားနေကြသည်ကို တွေ့မြင်သတိပြုမိခဲ့ကြ သည်။

Alitice Portugal ၏ CEO ဖြစ်သူ Mr. Alexandre Fonseca က “ပေါ်တူဂီနိုင်ငံမှာ 5G ဝန်ဆောင်မှု ဖွံ့ ဖြိုးလာရေးကို တွန်းအားပေးနိုင်ဖို့ Huawei နဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် တကယ်ပဲ ဝမ်းသာကျေနပ်မိပါတယ်။ Huawei က Alitice Portugal ရဲ့ ယုံကြည်ရတဲ့မိတ်ဖက်တစ်ဦးအဖြစ်နဲ့ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ရှေ့လျှောက်မှာလည်း ကျွန်တော်တို့ရဲ့သုံးစွဲသူ တစ်ဦးချင်းစီနဲ့ လုပ်ငန်းစုတွေအတွက် ပိုပြီးအကျိုးအမြတ်ရှိစေဖို့သာမက စီးပွားရေးပုံစံအသစ်တွေ၊ ဝန်  ဆောင်မှုအသစ်တွေလူသိများစေဖို့အတွက်ပါ ဒီလိုခေတ်ပြောင်းနည်းပညာအသစ်တွေကို အတူတကွ ရှာဖွေထုတ်ဖော်သွားနိုင်မယ်လို့ Alitice Portugal က မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Huawei Portugal ၏ CEO ဖြစ်သူ Mr. Chris Lu ကလည်း  “5G ဟာ နေ့စဉ်နဲ့အမျှ မကြုံစဖူး ထူးခြားတဲ့ပြောင်းလဲမှုတွေကို ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝတွေ၊ လုပ်ငန်းတွေအတွက် ဆောင်ယူ လာပေးမှာပါ။ ဒီလိုမျိုး 5G နည်းပညာဖွံ့ဖြိုးလာဖို့နဲ့ အသစ်သစ်သော နည်းပညာတွေကို ဖန်တီးဖို့အတွက် နယ်ပယ်အသီးသီးက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ အခုလိုမျိုး Altice Portugal နဲ့အတူ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခွင့် ရတာ ကျွန်တော်တို့အတွက် အင်မတန်ဝမ်းသာစရာပါပဲ။ ဒါဟာ ပေါ်တူဂီမှာ 5G ရဲ့ အနာဂတ်ဖွံ့ဖြိုးမှု အတွက် ကုမ္ပဏီနှစ်ခုလုံးရဲ့ ကတိကဝတ်ထားရှိမှုကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။