ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

အာရှပစိဖိတ်ဒေသတွင် AI ဂေဟစနစ်ကို ဖန်တီးတည်ထောင်ရန်အတွက် Huawei က Ascend Partner အစီအစဉ်ကို မိတ်ဆက်

2020.06.19
Daniel Zhou

Daniel Zhou

[စင်ကာပူ၊ ဇွန် ၁၈ - ၂၀၂၀]  ကမ္ဘာတွင် ဦးဆောင်လျက် ရှိသည့် ICT ပံ့ပိုးသူဖြစ်သော Huawei က ပြီးခဲ့သည့် ကြာသပတေးနေ့၊ အွန်လိုင်းထိပ်သီးအစည်းအဝေးတွင် ယင်း၏ အာရှပစိဖိတ်ဒေသ Ascend Partner အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် ဉာဏ်ရည်မြင့်စနစ်သို့ ပြောင်းလဲခြင်းတို့ကို ဖော်ဆောင်နိုင်စေမည့် ဆန်းသစ်၍ ရေရှည်ဖွံ့ဖြိုးသော AI ဂေဟစနစ်တစ်ခု တည်ထောင်နိုင်ရန် ဖြစ်သည်။

Huawei က ဦးဆောင်ကျင်းပခဲ့သော “ဉာဏ်ရည်မြှင့်စနစ်ကို ဖြန့်ကျက်မြှင့်တင်ခြင်း (Ascend to Pervasive Intelligence)” ဟု အမည်ပေးထားသည့် အွန်လိုင်းထိပ်သီးအစည်းအဝေးသို့ အစိုးရ အရာရှိများ၊ လုပ်ငန်း ခေါင်းဆောင်များ၊ ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ အကဲဒမစ်နယ်ပယ်မှ ပညာရှင်များ တစုတဝေး တက်ရောက်ခဲ့ကြပြီး လုပ်ငန်းနယ်ပယ်ဆိုင်ရာ လေ့လာသုံးသပ်ချက်များနှင့် ယင်းတို့၏ AI ဆိုင်ရာ အောင်မြင်မှုများ အကြောင်းကို မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းထိပ်သီးအစည်းအဝေးတွင် တရားဝင် မိတ်ဆက်ခဲ့သော APAC Ascend Partner အစီအစဉ်တွင် တသီးပုဂ္ဂလ ဆော့ဖ်ဝဲ ရောင်းချသူများဆိုင်ရာ AI ပူးပေါင်းမှု၊ AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အဆင့်မြင့်သင်ယူမှု (IHL) သိပ္ပံကျောင်းနှင့် အစိုးရ AI ကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်မှု ဟူ၍ အစီအစဉ်ခွဲ သုံးခု ပါဝင်သည်။

ယင်းအစီအစဉ်ခွဲများမှ တဆင့် Huawei နှင့် မိတ်ဖက်များက ယင်းတို့၏ AI ဖွံ့ဖြိုးရေး ဆောင်ရွက်မှု၊ အသိပညာ မျှဝေမှု၊ ဈေးကွက်သို့ ပို့ဆောင်မှုနှင့် မဟာဗျူဟာအရင်းအမြစ်များ ဆိုင်ရာ အားသာချက်များကို အသုံးပြုပြီး အာရှပစိဖိတ်နိုင်ငံများအတွက် ပံ့ပိုးကူညီသွားမည် ဖြစ်သည်။

ဥပမာအနေဖြင့် တသီးပုဂ္ဂလ ဆော့ဖ်ဝဲ ရောင်းချသူ(ISV)များဆိုင်ရာ AI ပူးပေါင်းမှု အစီအစဉ်က ISV များ၊ ဖန်တီးသူများနှင့် စွန့်ဦးတီထွင်သူများအတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အထူးရန်ပုံငွေ (NREs)များ၊ Cloud ရင်းမြစ် voucher များ၊ Ascend AI အဖွဲ့အစည်းမှတဆင့် အသိပညာမျှဝေမှုများ၊ Huawei HCIA-AI အသိအမှတ်ပြု စာမေးပွဲ voucher များ၊ ဈေးကွက်အတွင်း ပါဝင်ရောင်းချနိုင်စေရန် အကူအညီများကို ပေးသွားမည် ဖြစသည်။.

AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် အဆင့်မြင့်သင်ယူမှု (IHL) သိပ္ပံကလည်း အဆင့်မြင့် တက္ကသိုလ်များကို  AI ဘာသာရပ်များ ဖန်တီးလာနိုင်စေရန်၊ AI ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်စေရန်နှင့် Huawei ၏ အဘက်ဘက်မှ ပြည့်စုံသည့် Atlas AI နည်းပညာ ကျွမ်းကျင်မှုများကို အခြေခံကာ အကဲဒမစ် သုတေသနများကို မြှင့်တင်ဆောင်ရွက်သွားနိုင်စေရန်အတွက် အကူအညီပေးသွားမည် ဖြစ်သည်။

“သုတေသနနဲ့ အရည်အချင်းမြှင့်တင်ရေးအတွက် စင်္ကာပူ နိုင်ငံတော် တက္ကသိုလ်နဲ့ Huawei တို့ကြား မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုဟာ အခု AI ခေတ်သစ်ထဲက လူ့အဖွဲ့အစည်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာပါ “ ဟု စင်္ကာပူ နိုင်ငံတော် တက္ကသိုလ် စီးပွားရေး သုံးသပ်မှုစင်တာမှ လက်ထောက်ဒါရိုက်တာ Huang Zhiyong က ဆိုသည်။

အာရှပစိဖိတ်ဒေသ Ascend Partner အစီအစဉ်က အစိုးရများအတွက်လည်း Ascend နည်းပညာကို အသုံးပြု၍ ဒေသတွင်းနိုင်ငံများ၏ AI ဆန်းသစ်တီထွင်မှုများအတွက် နည်းနာဆိုင်ရာ ထောက်ပံ့ပူညီမှုများ ပြုလုပ်ပေးသည်။ Huawei က အကောင်းဆုံး လုပ်ငန်းလုပ်ထုံးများနှင့် စပ်လျဉ်း၍ ယင်း၏ အတွေ့အကြုံများကို မျှဝေပြီး AI လုပ်ငန်းကဏ္ဍဆိုင်ရာ စံနှုန်းများ စသည့် မူဝါဒရေးရာများတွင်လည်း အကူအညီပေးသွားမည် ဖြစ်သည်။

နည်းပညာစစ်တမ်းပြုစုမှုနှင့် အသုံးပြုမှု ကိုယ်စားလှယ်အဖွဲ့ (BPPT) ၏ ခေါင်းဆောင် Dr.Ir.Jammam Riza ၊ M.Sc က ယခုကဲ့သို့ ဆိုသည်။ “ BPPT က ပံ့ပိုးဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံတော်အဆင့် AI မဟာဗျူဟာက အင်ဒိုနီးရှားရဲ့ ၂၀၄၅ ခုနှစ် ရွှေရောင်မျှော်မှန်းချက်အတိုင်း ဆန်းသစ်တီထွင်မှု အသားပေးတဲ့ နိုင်ငံတော်တစ်ရပ် ဖြစ်လာစေမယ့် အရေးအကြီးဆုံး သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ပါတယ်။ နေရာအနှံ့ ၊ ရှောင်လွှဲမရနိုင်အောင် အားကောင်းလာမယ့် AI ဟာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goals) တွေကို ရောက်ရှိနိုင်စေဖို့ ကျွန်တော်တို့ နိုင်ငံကို အကူအညီပေးသွားမှာပါ “

ယခုအခါတွင် အစီအစဉ်များနှင့် ဂေဟစနစ်မှ ရရှိလာသည့် မြောက်များစွာသော စီးပွားရေး အခွင့်အလမ်းများကို APAC ဒေသက နှစ်သက်သဘောကျနေကြသည်။ နိုင်ငံများစွာ၏ ဒေသများအတွင်း AI ဖွံ့ဖြိုးမှုများ၊ လူဦးရေ ထူထပ်မှုအလိုက် အကျိုးအမြတ် ခွဲဝေမှုများနှင့် ပံ့ပိုးမှုဆိုင်ရာ မူဝါဒတို့က AI computing အတွက် ဈေးကွက်အခွင့်အလမ်းများကို ဖန်တီးပေးလျက် ရှိသည်။

“AI- ဂေဟစနစ် အခြေပြု ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လာရင် Huawei က အခြေခံအဆောက်အအုံပေါ်မှာ အမြဲတမ်း အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး AI ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တာမို့ နည်းပညာနဲ့ လုပ်ငန်းကဏ္ဍနှစ်ရပ်လုံးကို ပိုမိုတိုးတက်စေမှာပါ။ အန္တိမပန်းတိုင်အနေနဲ့ ကျွန်တော်တို့က ကွာဟချက်တွေကို တံတားထိုးရင်း အောင်မြင်မှုကို  အမြန်ဆုံး အတူရယူနိုင်ဖို့ ကြိုးစားသွားမှာပါ၊ ကျွန်တော်တို့ရဲ့ Connectivity+ Computing+ Cloud သုံးခုပေါင်းစပ်မှုကို အကောင်းဆုံး အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ content တွေ၊ application တွေ၊ algorithm တွေအတွက် ဉာဏ်ရည်မြင့်မားပြီး အလိုအလျောက်လည်ပတ်တဲ့၊ သတင်းအချက်အလက်ကို အခြေပြုထားတဲ့ ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ အောင်မြင်ဖြစ်ထွန်းနေတဲ့ ဂေဟစနစ်တစ်ခုကို ကျွန်တော်တို့ အတူတည်ဆောက်ရင်း အပြည့်အဝချိတ်ဆက်ပြီး ဉာဏ်ရည်မြင့်မားတဲ့ ကမ္ဘာကြီးကို ဖန်တီးကြမှာ ဖြစ်ပါတယ်” ဟု Huawei Cloud နှင့် AI Business Group ၏ ဥက္ကဌ Daniel Zhou က ဆိုသည်။