ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲမှ မြန်မာ့ ICT နယ်ပယ်၏ အနာဂတ်အတွက် ပါရမီရှင်များ ပေါ်ထွက်လာပြီဖြစ်

2019.09.07

Read English Version 

[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၇ ရက်] - Huawei ကုမ္ပဏီ၏ အထောက်အပံ့ဖြင့်  မြန်မာနိုင်ငံ ပါမောက္ခချုပ်များကော်မတီ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် မြန်မာကွန်ပျူတာအသင်းချုပ်တို့မှ ပူးပေါင်းစီစဉ်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲ၏ အနိုင်ရရှိသူရွေးချယ်ခြင်း နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT ခန်းမတွင် စက်တင်ဘာလ (၇) ရက်နေ့၌ ကျင်းပပြုလုပ်သွားခဲ့သည်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံအဝှမ်းရှိ  ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ လာရောက်ယှဉ်ပြိုင်ကာ ရွေးချယ်ခံခဲ့ရသည့်  ဆန်ခါတင်ထိပ်တန်း (၁၁)သင်းမှ  ကဏ္ဍအမျိုးမျိုးအတွက် ဖန်တီးရေးသားထားသည့်solutionများကို အကဲဖြတ်  ဒိုင်လူကြီးများ၊ ဧည့်သည်တော် များနှင့် သတင်းမီဒီယာစာနယ်ဇင်းများရှေ့မှောက်တွင် ရှင်းလင်းတင်ပြသွားခဲ့  သည်။ အနိုင်ရရှိသည့်အသင်းများကို ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများနှင့်အညီရွေးချယ်ခဲ့ပြီး အခမ်းအနားပြီးဆုံး သည့်အချိန်တွင် ဆုချီးမြှင့်ခဲ့သည်။

ဆုရရှိသွားသောအသင်းသူအသင်းသားများ၊ မြန်မာကွန်ပျူတာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပါမောက္ခများ  ကော်မတီ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာနနှင့် Huawei မှ တာဝန်ရှိသူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးစဉ်

ဘွဲ့လွန်အသင်းအုပ်စု နှင့် ဘွဲ့ကြိုအသင်းအုပ်စုများမှ အနိုင်ရရှိသွားသည့်အသင်းများမှာ အောက်ပါအတိုင်း  ဖြစ်သည်။

ဘွဲ့လွန်အသင်းအုပ်စု

ပထမဆု

Team DataJook

ဒုတိယဆု

Team Spirit

တတိယဆု

Team Binary

Team TNC Stars

Team Taohm_Thu


ဘွဲ့ကြိုအသင်းအုပ်စု

ပထမဆု

Team UCS (Taungoo)

ဒုတိယဆု

Team YCSM

Team UCSY_Virus

တတိယဆု

Team SKL

Team Travel

Team Info


အနိုင်ရရှိသည့်အသင်းများကို နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့်အမြော်အမြင်ရှိမှု၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ solution၏ ဆင့်ကဲတိုးတက်နိုင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာအမြင်ရှိမှု၊ စီးပွားရေးဆိုင်ရာတွေးခေါ်နိုင်မှု၊ နှစ်ဦးနှစ်ဖက်အကျိုးပြုနိုင်သောဒီဇိုင်းပုံစံနှင့် တီထွင်ကြံဆမှုဟန်ပန် အစရှိသော အသေးစိတ်ကျသည့် စံချိန် စံညွှန်းများအပေါ် မူတည်ဆုံးဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင်အသုံးပြုခဲ့သည့် Cloud နှင့် AI နည်းပညာအားလုံးကို ကမ္ဘာ့ဦးဆောင် Huawei Cloud Platform က ထောက်ပံ့ပေးထားသည်။ အနိုင်ရရှိသော ပြိုင်ပွဲဝင်အသင်းများက Huawei တွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အရေး၊ Huawei ထုတ်ကုန်များ၊ Huawei Certificate voucher များ နှင့် ပညာရေးဝန်ကြီဌာန၏ဂုဏ်ပြုလက်မှတ်များကို မတူညီသည့်ဆုအမျိုးအစားများအတွက် အသီးသီး ချီးမြှင့်ပေးခဲ့သည်။

Postgraduate အသင်းများအနက်မှ ပထမဆုအနိုင်ရရှိသွားသော Team DataJook အသင်းအား အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ် မှ ဆုချီးမြှင့်စဉ်

Huawei Cloud နှင့် AI နည်းပညာပြိုင်ပွဲပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ IoT၊ 5G၊ Cloud နှင့် AI အပါအဝင် နည်းပညာရေစီးကြောင်းများအတွင်းလျှောက်လှမ်းရန်ရည်ရွယ်ထားသည့် အနာဂတ် ICTနယ်ပယ်၏   မျိုးဆက်သစ်လူငယ်များကို တိုးတက်ဖွံ့ဖြိုးစေမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ပံ့ပိုးပေးရန်ဖြစ်သည်။ အပြည့်အဝချိတ်ဆက်ပြီး အသိဥာဏ်မြင့်မားသော ကမ္ဘာကြီး တည်ဆောက်မည်ဆိုသော ကတိကဝတ်နှင့်အညီ Huawei က မြန်မာနိုင်ငံရှိ ICT နယ်ပယ်တွင် အလားအလာရှိသူများမွေးထုတ်ပေးရန်အတွက် လှုပ်ရှား  ဆောင်ရွက်မှုအမြောက်အမြားကို ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါလှုပ်ရှားဆောင်ရွက်မှုများ တွင် Huawei နှင့် မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီတို့အကြား သဘောတူလက်မှတ်ရေးထိုးခြင်းနှင့် မြန်မာနိုင်ငံ၏ ICTကဏ္ဍ အတွင်း  အလားအလာရှိသူများလိုအပ်ချက် မြင့်တက်လာမှုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် မျိုးဆက်သစ်ICT ပညာရှင်များ  မွေးထုတ်ပေးနိုင်ရန် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ICT Talent Development Scholarships ပညာသင်ဆုများ  ပေးအပ်ခြင်းတို့ ပါဝင်သည်။

Undergraduate အသင်းများအနက်မှ ပထမဆုအနိုင်ရရှိသွားသော Team UCS (Taungoo) အသင်းအား မြန်မာနိုင်ငံ ပါမောက္ခများကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝေစိုး မှ ဆုချီးမြှင့်စဉ်

အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌ ဖြစ်သူ ဒေါက်တာမျိုးကြွယ်က “ဒီလိုပွဲဟာ မြန်မာနိုင်ငံပညာရေးရဲ့  ရှေ့အလားအလာအတွက် အကျိုးရှိစေလို့ ကျွန်တော်တို့အနေနဲ့ အားပေးရမယ့်ပွဲတစ်ပွဲပါပဲ။ အဖွဲ့ပေါင်း ၁၁၇ သင်း စာရင်းသွင်းခဲ့ကြပြီး ဒီထဲကမှ ဆန်ကာတင် ၁၁ ဖွဲ့ကို ရွေးချယ်ခဲ့တာပါ။ ပြိုင်ပွဲဝင်ကျောင်းသားတွေအနေနဲ့ အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်မှု၊ ခေါင်းဆောင်မှု စိတ်ဓါတ်တွေ၊ ဆန်းသစ်တဲ့အတွေးအခေါ်တွေ ရရှိလာမှာဖြစ် တဲ့အပြင် ခေတ်မီနည်းပညာတွေဖြစ်တဲ့ AI နည်းပညာ၊ cloud နည်းပညာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ အခွင့်အလမ်းကောင်းပါပဲ။ ဒါကြောင့် ဒီပွဲဖြစ်မြောက်လာအောင် ပံ့ပိုးပေးတဲ့ Huawei၊ ပူးပေါင်းစီစဉ်ပေး ကြတဲ့ မြန်မာနိုင်ငံပါမောက္ခများကော်မတီ၊ မြန်မာကွန်ပျူတာအသင်းချုပ်နဲ့ သုတေသနှင့် ဆန်းသစ်တီထွင်မှု ဦးစီးဌာနတို့ကို ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်မှ အဖွင့်အမှာစကားပြောကြားစဉ်


မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးမှလည်း “ဒီနေ့ပြိုင်ပွဲဝင်သွားတဲ့ ခေါင်းစဉ်  တွေရော၊ သုံးသွားတဲ့နည်းပညာတွေရောက Cloud နဲ့ AI ကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် အသုံးဝင်တဲ့ နည်းပညာတွေကို ဖော်ထုတ်ပေးနိုင်တာကို မြင်ရတာ တကယ်ဝမ်းသာတယ်။ စိတ်လှုပ်ရှားတယ်၊ ဂုဏ်လည်းယူ ပါတယ်။ ကျွန်တော်တို့ ကျောင်းသားလေးတွေဟာ အခွင့်အရေးရရင် ရသလောက် အစွမ်းပြနိုင်တဲ့ကလေးတွေ  ဖြစ်တယ်ဆိုတာကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ဒီလိုပြခွင့်ရတဲ့အတွက်လည်း ကျေးဇူး တင်တယ်။ ဒီလိုပွဲတွေကို ဆက်ပြီးဆောင်ရွက်သွားဖို့ လိုအပ်သလိုပဲ ဒီပြိုင်ပွဲကနေ ထွက်ပေါ်လာတဲ့ အရည်အချင်းရှိ ကျောင်းသားကျောင်းသူတွေအတွက်လည်း နောက်ထပ်အစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။

 မြန်မာနိုင်ငံပါမောက္ခများကော်မတီ ဥက္ကဌ ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားစဉ်

"ပထမဆုံးအနေနဲ့ ဒီပွဲဖြစ်မြောက်လာဖို့အတွက် စီစဉ်သူ အသင်းအဖွဲ့တွေ၊ ကူညီပေးတဲ့ Huawei နဲ့ ပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ကျောင်းသားကျောင်းသူအားလုံးကို ဂုဏ်ယူပါတယ်လို့ ပြောကြားချင်ပါတယ်။ ဒီနေ့ ဆုရသွားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့  ကျောင်းသားကျောင်းသူ အားလုံးက ကျွန်တော်တို့ရဲ့ ချန်ပီယံတွေပါပဲ။  Cloud၊ AI၊ IoT စတဲ့နည်းပညာတွေက နောက်ပိုင်း အပြောများ လာကြတဲ့ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆန်းသစ်တဲ့စီးပွားရေးစနစ်တို့ရဲ့ ဗဟိုဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေကို သုံးပြီး လူမှုစီးပွားရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတဲ့ solution တွေကို ဒီနေ့ ကျောင်းသားတွေ တင်ပြသွားတာကို မြင်ရတာ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။” ဟု  ပြိုင်ပွဲ၏အကဲဖြတ်ဒိုင် လူကြီးတစ်ဦး ဖြစ်သူ  MCF ၏  တွဲဖက်ဥက္ကဌ ဒေါက်တာထွန်းသူရသက်မှ  ပြောကြားခဲ့သည်။

မြန်မာကွန်ပျူတာအဖွဲ့ချုပ်၏ ဒုဥက္ကဌ ဒေါက်တာထွန်းသူရသက်မှ အဖွင့်အမှာစကားပြောကြားစဉ်

Huawei Myamar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က " အနိုင်ရရှိသွားတဲ့ အသင်းအားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။ ဒီကျောင်းသားတွေဟာ အနာဂတ်မြန်မာ ICT နယ်ပယ်ရဲ့ အခြေအနေကို ဒီထက်ပိုပြီး  မြှင့်တင်ပေးနိုင်တဲ့ ICT ပညာရှင်တွေ ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ အသိဥာဏ်အမြင့်မားဆုံးဖြစ်တဲ့ HUAWEI CLOUD က အလုံးစုံပါဝင်ပြီး အခြေအနေတိုင်းအတွက် အသုံးပြုနိုင်တဲ့ AI solution တွေကို ထောက်ပံ့ပေးပါ တယ်။  Stanford University ရဲ့ တရားဝင်အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက် platform အရ end-to-end deep-learning model training တွေနဲ့ ဆင်ခြင်ဆောင်ရွက်နိုင်စွမ်းတွေကို တိုင်းတာရာမှာ   Huawei Cloud EI ModelArts development platform က သူရဲ့ ပုံရိပ်သိမှတ်နိုင်စွမ်းကြောင့် ကမ္ဘာ့နံပါတ် (၁) နေရာကို ရရှိ ထားပါတယ်။ HUAWEI CLOUD က cloud ဂေဟစနစ်ကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးမယ်လို့ ကတိကဝတ်  ပြုထားပြီးတော့ မိတ်ဖက်ပေါင်း ၆,၀၀၀ ကျော်၊ အင်တာနက်ပေါ်ကနေအသုံးပြုနိုင်တဲ့ ထုတ်ကုန်ပေါင်း ၂,၈၀၀ ကျော်နဲ့ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို လမ်းညွှန်ကူညီပေးနေပါတယ်။  မြန်မာ  နိုင်ငံအပါအဝင် အခြားသောနိုင်ငံပေါင်း ၁၇၀ မှာ ဖြန့်ကျက်ထားတဲ့ HUAWEI CLOUD ကို အသုံးပြုသူတွေ အတွက် နယ်မြေခံအဖွဲ့ဖြစ်တဲ့ Huawei Myanmar ရဲ့ အကူအညီနဲ့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေနဲ့ အထောက်အပံ့တွေ ပေးအပ်နေပါတယ်။ လက်ရှိ HUAWEI CLOUD ကို ကမ္ဘာတဝှမ်းက ဒေသပေါင်း ၂၃ ခုရဲ့ ဇုန်ပေါင်း ၄၀ လောက်မှာ အသုံးပြုနိုင်ပြီး တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအတွက် တူညီတဲ့platform ပေါ်ကနေ ဝန်ဆောင်မှုပေးနေပါတယ်။" ဟု ပြောကြားခဲ့သည်။

Myanmar National Cloud & AI ပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက Huawei Myanmar Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/huaweitechmm နှင့် ဝက်ဘ်ဆိုက် https://intl.huaweicloud.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး myanmarcloud@huawei.com သို့လည်း အီးမေးလ်ပေးပို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။