ဘာစီလိုနာမြို့တွင် ကျင်းပလျက်ရှိသည့် MWC 2019 တွင် Huawei ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ ဥက္ကဌ James Wu က ဒေသတွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြော ကြားသည်များအနက်မှ ကောက်နုတ်ချက်များ
Huawei နှင့် အရှေ့တောင်အာရှ 2018 နှင့် 2019 ခုနှစ်
၂၀၁၈ ခုနှစ်ဟာ Huawei အတွက် အဖြစ်အပျက်များစွာနဲ့ ပြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရှေ့ကိုသွားနေခြင်းကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး။ နောက်ပြီး ကျွန်တော်တို့လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ခိုင်မာနေဆဲဖြစ်ပါတယ်။ Huawei ရဲ့ ၂၀၁၈ ခုနှစ် တစ်ကမ္ဘာလုံးရောင်းအားဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀၈.၅ ဘီလျံထိရှိပြီး နှစ်စဉ် ၂၁% တိုးတက်နှုန်းဖြစ်ပါတယ်။
အရှေ့တောင်အာရှ Huawei မှာ ကျွန်တော်တို့ရဲ့ တိုးတက်နှုန်းဟာ အတော်လေး အားရစရာကောင်းခဲ့ပါတယ်။ carrier business ပိုင်းမှာ တည်ငြိမ်နေခဲ့ပြီး၊ enterprise နဲ့ consumer business အပိုင်းတွေမှာတော့ စိတ်လှုပ်ရှားစရာ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေသတွင်း consumer business ဟာ ၂၀၁၈ ခုနှစ်အတွင်း ၄၂% တိုးတက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Huawei Cloud ၀န်ဆောင်မှုကို အရှေ့တောင်အာရှတစ်ဝှမ်း ကျွန်တော်တို့ စတင်ခဲ့ပြီး ဟောင်ကောင်နဲ့ ထိုင်းမှာ Cloud data centers တွေကို ဖွင့်လှစ်ခဲ့ကာ ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်။
James Wu, president of Huawei Southeast Asia has an interview of media Sunday in Barcelona during MWC 2019
MWC 2019 ပွဲအခမ်းအနားတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် အရှေ့တောင်အာရှဆိုင်ရာ ဥက္ကဌ James Wu
ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ ပါတနာတွေ၊ သုံးစွဲသူတွေနဲ့ ဒေသတွင်းမှာရှိတဲ့ အစိုးရတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အတူတကွ ရယူနိုင်ခဲ့တာက နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဒစ်ဂျစ်တယ်အမြင် (digital vision) ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ကြိုးစား အားထုတ်မှုဖြစ်တဲ့ ရှေ့ဆောင်တီထွင်ဆန်းသစ်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်လူမှုဘ၀ တည်ဆောက် နိုင်ခဲ့ခြင်း အတွက်လည်း ဂုဏ်ယူပါတယ်။
အရှေ့တောင်အာရှဟာ အလားအလာကောင်းတွေနဲ့ ထွက်ပေါ်လာတဲ့ ဈေးကွက်ဖြစ်ပြီးတော့ တီထွင်ဆန်းသစ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အင်ဂျင်ကောင်းတစ်ခုဖြစ်ပါတယ်။
- ကျွန်တော်တို့ဟာ အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်အပိုင်းကို တီထွင်ဆန်းသစ်မှုနဲ့ ပေါင်းကူး နိုင်အောင်နဲ့ ဒေသတွင်း တယ်လီကွန်းဆိုင်ရာကိစ္စရပ်များကိုလည်း သတ်မှတ် ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အလွန်မြန်ဆန်ထိရောက်တဲ့ အန်တင်နာဝန်ဆောင်မှု “Bangkok Platform” နဲ့ အလွန်လျှင်မြန်တဲ့ LTE services တို့ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်များပြီး အသုံးချမှုနှုန်းနည်းနေတဲ့ LTE spectrum ကို ဖြေရှင်းနိုင်ဖို့အတွက် CloudAir နည်းပညာနဲ့ အပို bandwidth ၄၀%နဲ့ အသုံးပြုသူအတွေ့အကြုံ ပိုကောင်းလာမှုတို့အတွက် အရွေ့တစ်ခုတို့ကို ဖန်တီးနိုင်ခဲ့ပြီး ကြိုးမဲ့ဆက်သွယ်ရေးစွမ်းရည်နှစ်ဆပိုရှိတဲ့ 5G microwave ကို အိန္ဒိယမှာ မိတ်ဆက်နိုင်ခဲ့ပါတယ်။
- ကျွန်တော်တို့ဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နဲ့ ပါတနာလုပ်ငန်းတွေနဲ့အတူ ဒစ်ဂျစ်တယ် သက်ရှိတည်ဆောက်မှုစနစ်ကို တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်ပါတယ်။ ကျွန်တော်တို့ဟာ 100G SDN Campus Network for KMITL (ထိုင်းနိုင်ငံ) ကို ရှေ့ဆက်ပြီး သုတေသနနဲ့ တီထွင်ဆန်းသစ် မှုများ လုပ်ဆောင်ရန်အတွက် တည်ဆောက်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှု အခြေခံ အဆောက်အအုံကို Thailand PEA အတွက် ဒစ်ဂျစ်တယ်ပြောင်းလဲမှု လုပ်ငန်း အရှိန်မြှင့်တင် လုပ်ဆောင်နိုင်ရန် ပေးအပ်ခဲ့ပြီး ဟောင်ကောင် နှင့် Thailand EEC တို့မှာ Huawei ရဲ့ ပထမဆုံး international cloud service center များကို ဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံတွင်း ၀န်ဆောင်မှုစင်တာတွေဟာ တစ်ထိုင်တည်းအပြီးဝန်ဆောင်မှုနဲ့ full-stack cloud infrastructure ကို ဒစ်ဂျစ်တယ်စီးပွားရေးကို အရှိန်မြှင့်ရန်အတွက် ၀န်ဆောင်မှုပေးပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဒေသတွင်း ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ခြင်းဟာ အမေရိကန်ဒေါ်လာ ၆၀၈ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံလိုမျိုး တချို့သောဈေးကွက်တွေမှာ Huawei ဟာ အင်တာနေရှင်နယ်ကုမ္ပဏီတွေအကြား အမြင့်ဆုံးအခွန်ပေးဆောင်သူလည်း ဖြစ်ပါတယ်။
- ကျွန်တော်တို့ဟာ ပင်ကိုယ်စွမ်းရည်တိုးတက်မှု၊ ICT ပိုအားကောင်းလာမှုနဲ့ သဘာဝ ဘေးအန္တရာယ်ကာကွယ်ခြင်းတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ကူညီနိုင်ရန် ကျွန်တော်တို့ရဲ့ အားသာချက်တွေကို အစွမ်းကုန်မြှင့်တင်ကြိုးစားလျှက်ရှိပါတယ်။ တာဝန်သိ ကော်ပိုရိတ်နိုင်ငံသားတစ်ဦးအဖြစ်နဲ့ အရှေ့တောင်အာရှ Huawei ဟာ 8000+ ICT talents ကို ၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ OpenLab၊ ICT သင်ကြားရေး၊ စကော်လားရှစ်၊ ယှဉ်ပြိုင်ခြင်းများနှင့် အနာဂတ်အတွက် မျိုးစေ့များမှတဆင့် ဖွံ့ဖြိုးလာစေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Huawei ရဲ့ eLTE အရေးပေါ်ဗီဒီယိုဆက်သွယ်ရေးဝန်ဆောင်မှုဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆယ်ကျော်သက် ဘောလုံးသမား ၁၃ ဦး ပိတ်မိနေခြင်းမှာ ကူညီ ကယ်ဆယ်နိုင်ခဲ့ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ အောင်မြင်တဲ့ ကယ်ဆယ်ရေးရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ခဲ့ရခြင်းကို များစွာဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ ဘင်္ဂလားဒေရှ့်မှာရှိတဲ့ digital training bus ဟာ ၂၀၁၈ နှစ်အကုန်မှာ အမျိုးသမီးပေါင်း ၁၆၂၀၀ ကျော်ကို ICT ဆိုင်ရာ ဗဟုသုတများ ပေးနိုင်ခဲ့ပါတယ်။
Huawei က အပြည့်အ၀ချိတ်ဆက်နိုင်ရန်နဲ့ သိမြင်စွမ်းအားပြည့်တဲ့ကမ္ဘာဖြစ်စေဖို့ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းဆီကို ဒစ်ဂျစ်တယ်ကို သယ်ဆောင်ပေးနေပါတယ်။ အဲဒီအမြင်နဲ့ပဲ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ သိမြင်စွမ်းအားရှိနိုင်ရန်အတွက် အားဖြည့်ပါဝင်ဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။
- ၂၀၁၉ မှာ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှအတွက် chipsets, hardware နဲ့ AI အတွက် software solutions တွေကို ပိုမိုဆောင်ရွက်ပေးပါမယ်။ 5G, broadband, cloud, artificial intelligence, နဲ့ smart device တွေအတွက် ပိုမိုရင်းနှီးမြှပ်နှံမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် အကျိုးကျေးဇူးများပြားစေဖို့ တိုးတက်လာတဲ့နည်းပညာနှင့် အတူ ကူညီမှာဖြစ်ပါတယ်။
- ၂၀၁၉ ခုနှစ်ဟာ အရှေ့တောင်အာရှရဲ့ 5G အတွက် ထူးခြားတဲ့နှစ်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ Huawei ဟာ 5G ဦးဆောင်ကုမ္ပဏီဖြစ်သည့်အလျှောက် ဒေသတွင်း အော်ပရေတာတွေရဲ့ 5G အိပ်မက်ကို အကောင်အထည်ဖော်ပေးပါမယ်။ 2020-2021 ဟာ ဒေသတွင်း 5G ကို ဈေးကွက်အသုံးချမှု အမြင့်ဆုံးဖြစ်မယ့်နှစ်လို့ ထင်ပါတယ်။ ဒီနှစ်မှာ အစိုးရနဲ့ အော်ပရေတာတွေဟာ ဆိုဒ်ကြိုတင်ပြင်ဆင်ခြင်းနဲ့ spectrum distribution တွေ လုပ်ဆောင်ထားသင့်ပါတယ်။
[အခြေအနေနှင့် စိန်ခေါ်မှု]
ချစ်လှစွာသော မီဒီယာမိတ်ဆွေများခင်ဗျာ သင်တို့သိထားပြီးတဲ့အတိုင်း Huawei ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါတွေဟာ နည်းပညာဆိုင်ရာ စိန်ခေါ်မှုထက် နိုင်ငံရေးနွယ်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ကျွန်တော်တို့ကို ဆက်လက်ယုံကြည်ကြပြီး ဒီနယ်ပယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပါဝင်နေတဲ့ကဏ္ဍကို အသိအမှတ်ပြုကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ ထောက်ပံ့ပေးမှုကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့အတူ ဦးဆောင်ပြီး ပြိုင်ဆိုင်မှုပြင်းတဲ့ တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး လူသားတွေ အကျိုးကို ပိုလို့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။