ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

‘ကနေဒါကို ကျွန်မတို့ယုံတယ်’

Huawei ကုမ္ပဏီဘုတ်အဖွဲ့ဝင်နှင့် အကြီးတန်းဒုတိယဥက္ကဌဖြစ်သူ ကက်သရင်းချန်နှင့် အင်တာဗျူး
2019.03.14

Read English Version  

၂၀၁၉ ခုနှစ် မတ်လ ၅ ရက် နေ့လယ်ပိုင်းတွင် Huawei ကုမ္ပဏီဘုတ်အဖွဲ့ဝင်နှင့် အကြီးတန်းဒုတိယဥက္ကဌဖြစ်သူ ကက်သရင်းချန်သည် CBC သတင်းဌာနမှ သတင်းထောက်ဖြစ်သူ Saša Petricic ၏ တွေ့ဆုံမေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူး အမေးအဖြေ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မေးခွန်း ၁။      ။မေးချင်တဲ့ မေးခွန်းတစ်ခုက ကနေဒါလူမျိုးတော်တော်များများလည်း သိချင်နေကြတဲ့ Meng Wanzhou နဲ့ ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။ သူမအဖမ်းခံရတုန်းက သင့်အနေနဲ့ အံ့သြခဲ့ပါသလား၊။

ကက်သရင်းချန်။    ဟုတ်ကဲ့။ အံ့သြတုန်လှုပ်ခဲ့ပါတယ်။ ယုံလည်း မယုံကြည်နိုင်ခဲ့ပါဘူး။ Huawei မှာ သူမနဲ့ အတူတူ ၂၅ နှစ်လောက် အလုပ်လုပ်ခဲ့တာပါ။ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်ဆိုတာထက် သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူမအကြောင်းကို ကျွန်မကောင်းကောင်း သိပါတယ်။

ကုမ္ပဏီကို ပထမဆုံးစရောက်ခဲ့ကြတုန်းက ကျွန်မတို့ နှစ်ယောက်စလုံးအရမ်းကိုငယ်ရွယ်ကြပြီး၊ အသက် ၂၀ စွန်းစွန်းလေးတွေပဲ ရှိပါသေးတယ်။ သူမက အရမ်းအလုပ်ကြိုးစားပြီး စာအရမ်းဖတ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်မတို့ အစည်းအဝေးတွေ အတူတကွတက်တဲ့အခါ ကျွန်မသတိထားမိတယ်။ သူမဟာ သူမရတဲ့အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ပြီး ရေးစရာရှိတာတွေ အကြမ်းချရေးနေတာမျိုး၊ အင်္ဂလိပ်စာစာလုံးပေါင်းကျက်နေတာမျိုးတောင် လုပ်နေတတ်ပါတယ်။

သူမအဖမ်းခံရပြီးတဲ့နောက် ကျွန်မသားက ကျွန်မကို တစ်ခုပြောပါတယ်။ ဘာလဲဆိုတော့ ပြီးခဲ့တဲ့နှစ်တုန်းက သူ တက္ကသိုလ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့အချိန်တုန်းက ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး သူသိချင်တာတစ်ခုရှိခဲ့တာ ကြောင့် Meng Wanzhou ဆီ စာပို့ပြီး မေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်မသားအံ့သြခဲ့တာက သူမက ချက်ချင်းပဲ စာပြန်ခဲ့ပါတယ်။ သူမဟာ အရမ်းကို ကြင်နာတတ်ပြီး နွေးထွေးတဲ့ နှလုံးသားရှိသူ ဖြစ်ပါတယ်။ အမြဲတမ်း ကူညီပေးလိုစိတ်ရှိပြီး အရေးမကြီးတဲ့ ကိစ္စသေးသေးလေးဆိုရင်တောင် ကူညီပေးလိုစိတ်ရှိပါတယ်။

သူမရဲ့ ပညာရှင်ဆန်ဆန် ပြုမူဆောင်ရွက်တတ်ပုံကိုလည်း ကျွန်မလေးစားပါတယ်။ သူမဟာ Huawei ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာပြုပြင်ပြောင်းလဲရေးကိုလည်း ဦးဆောင်ခဲ့တယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ပြောင်းလဲရေးလုပ်ဆောင်နေရင်းနဲ့ရင်းမြစ်ခွဲဝေသုံးစွဲမှု အကျိုးရှိရှိဆောင်ရွက်နိုင်ဖို့၊ လုပ်ငန်းလည်ပတ်မှု အကျိုးရှိ စေဖို့နဲ့ အဖွဲ့အစည်းအတွင်း ထိန်းချုပ်ရေးဆိုင်ရာတွေမှာ တိုးတက်ကောင်းမွန်လာဖို့အတွက်ပါ ကူညီလုပ်ဆောင် ပေးခဲ့ပါတယ်။ သူမဟာ Fortune Global စာရင်းဝင်ကုမ္ပဏီ ၁၀၀ ရဲ့ အတော်ဆုံး CFO စာရင်းမှာ တစ်ယောက် အဖြစ် သတ်မှတ်ဖို့မခဲယဉ်းပါဘူး။

ဗန်ကူးဗားလေဆိပ်မှာ သူမအထိန်းသိမ်းခံရပြီး သူမရဲ့ အခွင့်အရေးတွေဟာလည်း အကြီးအကျယ် ထိန်းချုပ် ကန့်သတ်ခြင်းခံနေရတယ်ဆိုတဲ့ အကြောင်းတွေကို ကြားခဲ့စဉ်က ကျွန်မအလွန်အမင်းစိတ်ထိခိုက်ကြေကွဲမိပါ တယ်။ သူမဟာ ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်ရုံမကဘူး အကောင်းမြင်စိတ်ရှိသူလည်း ဖြစ်ပါတယ်။ အဲဒါ ကြောင့်လည်း ကျွန်မကို စိတ်အားတက်စေခဲ့ပြီး  Huawei မှာရှိတဲ့သူတွေဟာ ခံစားချက်တွေကြောင့် စိတ်ဓါတ်ကျ မနေခဲ့ပါဘူး။ ကျွန်မတို့ဟာ အခြေအနေမှန်ကို ရင်ဆိုင်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အမေရိကန်အစိုးရရဲ့ အရေးယူ ဆောင်ရွက်ချက်တွေနဲ့ အလွန်ကို ဆန့်ကျင်ပါတယ်။ ကုမ္ပဏီတစ်ခုကို အရေးယူရမယ့် ကိစ္စအတွက် အဲဒီကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိကို ဖမ်းဆီးတယ်ဆိုတာကတော့ အရမ်းကိုရှားပါးလွန်းပြီး တွေ့ရခဲပါတယ်။

တချိန်တည်းမှာပဲ ကျွန်မတို့ဟာ ဓမ္မဓိဋ္ဌာန်ကျပြီး ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်သလို ယခုကိစ္စကို ဖြေရှင်းဖို့ ကျွန်မတို့ဟာ ဥပဒေကိုပဲ အားကိုးရမှာဖြစ်ပါတယ်။ ကျွန်မတို့ဟာ အမေရိကန်အစိုးရရဲ့ အရေုးယူဆောင်ရွက်ချက်တွေကို ဆန့်ကျင်ပါတယ်။ ကျွန်မအမြင်တော့ ဒါဟာ တရားရေး လုပ်ငန်းစဉ်တွေကို အလွဲသုံးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ကနေဒါအစိုးရဟာ မျှတပြီး အရည်အချင်း ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ လွတ်လပ်တဲ့ အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတာ ကျွန်မတို့ ယုံကြည်ပါတယ်။ ကနေဒါနိုင်ငံရဲ့ တရားစီရင်ရေးဟာ သမာသမတ်ရှိပြီး မျှတတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင် လိမ့်မယ်လို့ Huawei က ယုံကြည်ပါတယ်။

မေးခွန်း ၂။      ယခုကိစ္စမှာ တရုတ်အစိုးရထက်တောင်မှ သင်က ပိုလို့ယုံကြည်မှုရှိနေတယ်လို့ ထင်ရပါ တယ်။ ဘာကြောင့်ပါလဲ။ ကနေဒါရဲ့ တရားစီရင်ရေး ဘယ်လောက်မျှတမှု ရှိကြောင်း သင်ပြောသွားခဲ့ပါတယ်။ အဲဒါဟာ သင့်အနေနဲ့ ကနေဒါတရားစီရင်ရေးအပေါ်မှာ တရုတ်အစိုးရထက်တောင် ပိုပြီးတော့ ယုံကြည်မှု ရှိနေ ပါသေးတယ်။ ဘာကြောင့်ပါလဲ

ကက်သရင်းချန်။ ဆောရီးပါ။ ကျွန်မအဲလိုနှိုင်းယှဉ်ချက်မျိုး မပြောမိပါဘူး။ ကျွန်မက ယုံကြည်မှု ပိုရှိနေတယ်လို့ သင်ထင်လို့လား။

မေး။    ဟုတ်ကဲ့။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရက ယခုဖြစ်စဉ်တစ်ခုလုံးဟာ နိုင်ငံရေးအရ အမြတ် ထုတ်ပြီး ခြယ်လှယ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကနေဒါရဲ့ တရားစီရင်ရေးဟာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရမှာမဟုတ်ဘူးဆိုတာကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။ သင့်အနေနဲ့ကတော့ သူတို့ရဲ့ တရားစီရင်ရေးကို ယုံကြည်မှုရှိနေတယ်လို့ ထင်ရပါတယ်။ ကျွန်ုပ်သိချင်တာက ဘာကြောင့်များ သင့်အနေနဲ့ ဒီလောက်ထိ ယုံကြည်နေရတာပါလဲ။

ကက်သရင်းချန်။ ကောင်းပါပြီ။ ဒီကိစ္စဟာ နိုင်ငံရေးအရဖြစ်လာတယ်ဆိုတဲ့အချက်ကို ကျွန်မလက်ခံပါတယ်။ သမ္မတထရမ့်ကလည်း ဒါကို သဘောထားမှတ်ချက်ပြောခဲ့ပြီးဖြစ်ပါတယ်။ ကနေဒါသံတမန်တွေ အနေနဲ့လည်း သဘောထားတူကြမှာဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားမှတ်ချက်တွေကိုယ်တိုင်ကလည်း ဒါဟာ နိုင်ငံရေး လှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ကနေဒါမှာ တရားဥပဒေစနစ်ကလွဲလို့ ကျန်တာဘာကိုများ ကျွန်မတို့အနေနဲ့ အားကိုးရမှာပါလဲ။ နောက်ဆုံးမှာ တရားရုံးအနေနဲ့ မျှတပြီး သမာသမတ်ကျတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

မေးခွန်း ၃။      Meng Wanzhou နဲ့ပတ်သက်တဲ့အကြောင်း ပြန်သွားကြရအောင်။ ဒီကိစ္စကို ကြည့်တဲ့အခါမှာ ဘာဖြစ်လာမယ်၊ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံအောင် သမာသမတ်ကျကျ ဘက်လိုက်မှုကင်းအောင် ဘယ်လို လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုပြီး ပြောပါတယ်။ သင့်အနေနဲ့ အဲဒီလို လုပ်ဆောင်နိုင်ပါရဲ့လား။ အဲလိုပြောခြင်းဟာ သင်ဟာ စိတ်ခံစားလွယ်တယ်ဆိုတာကို အထင်းသားမြင်နိုင်ပါတယ်။

ကက်သရင်းချန်။ အမျိုးသမီးတစ်ယောက်အနေနဲ့ သူမဖြစ်ပျက်နေတာတွေအပေါ်မှာ ကျွန်မအရမ်း စိတ်ခံစားလွယ်ပြီး စာနာတာပေါ့။ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုကိစ္စကြီးနဲ့ သူမ ရုတ်တရက် ရင်ဆိုင်ခဲ့ရတယ်။ အဲဒါဟာ သူမအတွက် အရမ်းကို ခက်ခဲတဲ့ အတွေ့အကြုံ ဖြစ်ပါလိမ့်မယ်။ သူမမှာ သားသမီးလေးယောက်ရှိပြီး သားသုံးယောက်နဲ့  အငယ်ဆုံးက သမီးလေးတစ်ယောက် ရှိပါတယ်။ သူမရဲ့ သားသမီးတွေကို သူမဘယ်လောက်လွမ်းနေမယ်ဆိုတာကို ကျွန်မမှန်းဆကြည့်နိုင်ပါတယ်။

ဒါကြောင့် မှန်ပါတယ်။ ဒီမေးခွန်းဟာ ကျွန်မအတွက် အရမ်းကိုစိတ်ထိခိုက်စေပါတယ်။ ဒါပေမယ့် ကျိုးကြောင်း မှန်ကန်အောင် ကျွမ်မသုံးသပ်နိုင်ပါတယ်။

မေး။    ။ သူမအဖမ်းခံရပြီးနောက်မှာ သူမနဲ့ စကားပြောခွင့် ရခဲ့သေးလား။ 

ကက်သရင်းချန်။ ကျွန်မတို့ စကားပြောခဲ့ရပါတယ်။ ခဏခဏတော့ မဟုတ်ဘူးပေါ့။ ကျွန်မတို့ စကားပြောရ တဲ့အခါ သူမရဲ့ ခွန်အားနဲ့ အကောင်းမြင်စိတ်ကို ကျွန်မခံစားလို့ရပါတယ်။ ဒီအခြေအနေအထိ သူမဘယ်လို ရပ်တည်နေလဲလို့ ကျွန်မတစ်ခါမှ မမေးဖြစ်ပေမယ့် ကျွန်မသူမကို တကယ်လေးစားမိပါတယ်။

 မေး။    သူမအနေနဲ့ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မယ်လို့ သင်ထင်ပါသလား။ ကျွန်ုပ်ဆိုလိုတာက သူမအနေနဲ့ ဒီကိစ္စကနေ ရုန်းထွက်နိုင်ဖို့ ခွန်အားတွေ ရှိပါရဲ့လား။ ဘယ်လိုခွန်အားမျိုးကနေ ရုန်းထွက်နိုင် မယ်လို့ သင်ထင်ပါသလဲ။

ကက်သရင်းချန်။ ကျွန်မတို့အနေနဲ့ ယုံကြည်မှုရှိရမှာဖြစ်ပါတယ်။

မေးခွန်း ၄။      ။ သူမကို တရားခံအဖြစ် အပြစ်ရှာခံလိုက်ရတယ်လို့ ထင်ပါသလား။ သူမဟာ တစ်စုံတစ်ခု အမှားလုပ်ခဲ့တာကြောင့် မဟုတ်ဘဲ တစ်စုံတစ်ခုရဲ့ပြယုဂ်ဖြစ်နေတာကြောင့် အဖမ်းခံရတာလို့ သင်ထင်ပါ သလား။

ကက်သရင်းချန်။ ။ ကောင်းပါပြီ။ Meng Wanzhou ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ကျွန်မသိထားပြီး သူမဟာ ဘာမဟုတ်တာတစ်ခုမှ လုပ်ဆောင်ထားမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ လေးလေးနက်နက် ယုံကြည် ပါတယ်။ သူမဟာ တရားခံအဖြစ် အပြစ်ရှာခံရတာလား ဘာလားတော့ ကျွန်မမသိပါဘူး။ ဒါပေမယ့် သမ္မတ ထရမ့်ကလည်း အခုလို ခပ်ဆင်ဆင်ပြောခဲ့ဖူးပါတယ်။

တနင်္ဂနွေနေ့က သတင်းမှာ သူမနဲ့ သူမရဲ့ ရှေ့နေဟာ တော်ဝင်ကနေဒါ ရဲအရာရှိအဖွဲ့ဝင်တွေ၊ ကနေဒါ နယ်စပ် အေဂျင်စီတွေနဲ့ ကနေဒါအစိုးရကို တရားမကြောင်းအရ တရားစွဲခဲ့တယ်ဆိုတာကို သင်သိပြီးဖြစ်မှာပါ။ သူမမှာ အဲလိုလုပ်နိုင်စွမ်းတဲ့ သတ္တိရှိပြီး တရားဥပဒေအရ သူမရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် ယခုလို ဥပဒေ နဲ့အညီလုပ်ဆောင်ချက်ကို ကျွန်မအလွန်ပဲ လေးစားပါတယ်။

မေးခွန်း ၅။      ။ သူမကကိစ္စနှင့်ပတ်သက်ပြီး ကနေဒါ အစိုးရကို သင့်အနေနဲ့ ဘာများပြောချင်ပါသလဲ?

ကက်သရင်းချန်။ ကနေဒါအစိုးရဟာ လုပ်ငန်းစဉ်တလျှောက်မှာ ပွင့်လင်းမြင်သာမှုရှိလိမ့်မယ်ဆိုတာ ကျွန်မတို့ ယုံကြည်မှုရှိပါတယ်။ ယခုကိစ္စဟာ ဆက်လက်ဖြစ်ပျက်နေတာနဲ့အမျှ ကနေဒါအစိုးရအနေနဲ့ သူတို့ရဲ့ ဥပဒေအရ အရေးယူမှုကို အများပြည်သူရှေ့ကို ချပြမှာဖြစ်ပြီး အခုကိစ္စနဲ့ပတ်သက်နေတဲ့ အချက်အလက် တော်တော် များများကို ဖွင့်ဟပြလာရတော့မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

Huawei ရဲ့ 5G ဟာ တကယ်တော့ ကနေဒါကနေ မွေးဖွားလာတဲ့ နည်းပညာဖြစ်ပါတယ်။

မေးခွန်း ၆။      5G နဲ့ ပတ်သက်ပြီး မေးပါရစေ။ 5G အတွက် Huawei ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ အထူး ဆောင်ရွက်ချက်တွေက ဘာတွေပါလဲ။ Huawei တင်မကဘဲနဲ့ တခြားသူတွေကလဲ Huawei 5G ကောင်းကြောင်းကို ပြောနေကြတာပဲ၊ 5G လို့ ပြောလိုက်တာနဲ့ Huawei ကို ပြောသလိုတောင်ဖြစ်နေပြီ။ ဘာကြောင့်လဲ၊ Huawei ရဲ့ 5G နည်းပညာဘာတွေအဲဒီလောက်တောင် ကောင်းနေ တာလဲ။

ကက်သရင်းချန်။ Huawei ဟာ 5G သုတေသနကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး 5G နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံလောက်အထိ ရင်းနှီးမြှပ်နှံထားပြီးပါပြီ။ အခုအချိန်ထိ Huawei က 5G နဲူ့ပတ်သက်တဲ့ မူပိုင်ခွင့်ပေါင်း ၂၅၀၀ ကျော်ကို ပိုင်ဆိုင်ထားပြီး စီးပွားဖြစ်စာချုပ်ပေါင်း ၃၀ ကို လက်မှတ်ရေး ထိုးထားနိုင်ခဲ့ပါတယ်။ 5G အခြေစိုက်စခန်းပေါင်း ၄၀၀၀၀ ကျော်အတွက်လည်း ပစ္စည်းတင်ပို့ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေအကြောင်း ကြားနေရတာ တော်တော်လေးပျင်းစရာကောင်းမှာပါ။ ဒါပေမယ့် ကျွန်မပြော နေတာတွေနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုလောက် ပြောပါရစေ။ တယ်လီကွန်းအော်ပရေတာ တော်တော်များများ က Huawei ရဲ့ 5G ပစ္စည်းတွေကို ဈေးသက်သာတာကြောင့် ရွေးချယ်တယ်လို့ ပြောကြပါလိမ့်မယ်။ ဘာကြောင့် လဲ။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ နည်းပညာဆန်းသစ်တီထွင်မှု ပိုကောင်းလို့ ဖြစ်ပါတယ်။ Huawei ရဲ့ 5G အခြေစိုက်စခန်းတွေဟာ ကျစ်လစ်သိပ်သည်းပြီး ပေါ့ပါးပါတယ်။ Huawei ရဲ့ 5G အခြေစိုက်စခန်းတစ်ခု တပ်ဆင်ဖို့ လူတစ်ယောက်ပဲ လိုအပ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီ base station တစ်ခု တပ်ဆင်ဖို့ ကရိမ်းတွေ၊ လူသားအရင်းအမြစ်တွေ အများကြီးခန့်နေစရာမလိုဘဲ ဒီအခြေစိုက်စခန်းတည်ဆောက်ဖို့ တစ်လမ်းလုံးကို ပိတ်လိုက်စရာလည်း မလိုအပ်ပါဘူး။ ကျွန်မတို့ တွက်ချက်မှုအရ ကနေဒါမှာ Huawei ရဲ့ 5G အခြေစိုက်စခန်းတစ်ခု တပ်ဆင်မယ်ဆိုရင် ဒေါ်လာတစ်သောင်းလောက် သက်သာစေမှာ ဖြစ်ပါတယ်။

5G နည်းပညာဟာ ပိုပြီးလုံခြုံစိတ်ချမှု ရှိတယ်လို့ ဘာကြောင့် ကျွန်မတို့တွေ ပြောနိုင်တာလဲ။ 3G နဲ့ 4G တုန်းက ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေ သက်သာလျော့ပါးစေဖို့ ကျွန်မတို့အနေနဲ့ 5G အတွက် သုတေသနတွေ စတင် တဲ့အခါမှာ စံချိန်စံညွှန်းတွေ၊ နည်းပညာတွေ ဖွံ့ဖြိုးမှုရှိလာဖို့ များစွာ အားထုတ်ဆောင်ရွက်ခဲ့ရပါတယ်။ ဥပမာ အားဖြင့် ဒေတာတွေထုတ်လွှတ်တဲ့အခါ အချက်အလက်များကာကွယ်လုပ်ဆောင်ပေးခဲ့တာတွေရှိလို့ quantum computers ဖြင့် တိုက်ခိုက်မှုတွေကိုတောင် ခုခံနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကျွန်မတို့က ကာကွယ်ပေးထားပြီးဖြစ်တာကြောင့် အသုံးပြုသူရဲ့ တည်နေရာ အချက်အလက်တွေကို နှောင့်ယှက်ဝင်ရောက်ခိုးယူတာတွေကနေ ကာကွယ်ပေးထားပါတယ်။

တချို့သုံးစွဲသူတွေက မေးကောင်းမေးပါလိမ့်မယ်။ သူတို့အနေနဲ့ ဒီနည်းပညာအသစ်တွေကို ဘာလို့လိုအပ်ရမှာ လဲဆိုပြီး မေးနိုင်ပါတယ်။ အဖြေကတော့ နည်းပညာအသစ်တွေက ပိုကောင်းတဲ့ အတွေ့အကြုံတွေကိုပေးပါ တယ်။ ဥပမာအားဖြင့် သူတို့အနေနဲ့ ပိုကောင်းတဲ့ ပုံတွေကို မြန်မြန်ဆန်ဆန်ဒေါင်းလုတ်လုပ်နိုင်မယ်။ မူးတာနောက်တာတွေမရှိဘဲ VR အသုံးပြုနိုင်လိမ့်မယ်။ အန္တရာယ်များတဲ့ နေရာမှာ အလုပ်လုပ်နေရတဲ့ သူ တွေအတွက် 5G နည်းပညာကို အခြေခံထားတဲ့ အဝေးထိန်းစနစ်ဖြင့် အသက်အန္တရာယ်ကာကွယ်နိုင်တယ်။

Huawei ရဲ့ 5G နည်းပညာဟာ ကနေဒါနဲ့ ပတ်သတ်မှုများစွာ ရှိပါတယ်။ ကျွန်မတို့ရဲ့ 5G နဲ့ပတ်သက်တဲ့ သုတေသနအဖွဲ့အစည်းတွေက ဂျာမနီ၊ ယူကေနဲ့ တရုတ်အပါအ၀င် တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်ထားတယ်ဆို ပေမယ့် တာဝန်ရှိသူနှစ်ယောက်ဟာ ကနေဒါလူမျိုးတွေဖြစ်ပါတယ်။  အမျိုးသမီးတစ်ယောက်၊ အမျိုးသား တစ်ယောက်ပါ။ နှစ်ယောက်စလုံး ဒေါက်တာဘွဲ့ရရှိသူတွေဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့ တချို့သော ကနေဒါလုပ်ဖော်ကိုင်ဖက်တွေက 5G ဟာ ကနေဒါကနေ မွေးဖွားလာတာလို့ ပြောကြပါတယ်။

ကျွန်မတို့ရဲ့ 5G သုတေသနကြိုးပမ်းချက်တွေဟာ ကနေဒါကနေ စတင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကနေဒါ အတွက် အထူးပြုလုပ်ထားတဲ့ solutions တွေလည်း ကျွန်မတို့အနေနဲ့ ဆောင်ရွက်ထားပါတယ်။ ဥပမာအားဖြင့် ကနေဒါမြောက်ပိုင်းမှာပါ။ တကယ်လို့ နယ်ပယ်တစ်ခုလုံးကို ဖြန့်ကျက်ဖို့ ဂြိုလ်တုကို အသုံးပြုမယ်ဆိုရင် ကွန်ရက် အရည်အသွေးနဲ့ လိုင်းအားက အရမ်းအားနည်းနိုင်ပါတယ်။ ဖိုင်ဘာတပ်ဆင်လိုက်လို့ ကုန်ကျစရိတ် အများကြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် 5G Air Fiber လို့ခေါ်တဲ့ solution နဲ့ ဖြေရှင်းပေးထားတာမျိုးတွေရှိပါတယ်။ အဲဒါဟာ အရည်အသွေးမြင့်တဲ့ WTTx လို့ လူသိများတဲ့ အိမ်သုံး broadband ဝန်ဆောင်မှုတစ်ခုဖြစ်ပြီးတော့ ကုန်ကျစရိတ် သုံးပုံတစ်ပုံပဲ ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာဟာ ကနေဒါတစ်နိုင်ငံတည်းမဟုတ်ဘူး။ တခြားဝေးလွန်းတဲ့ နေရာတွေနဲ့ လူဦးရေ သိပ်သည်းမှု မရှိတဲ့ ဒေသတွေအတွက် အထူးသင့်လျှော်ပါတယ်။

အမေရိကန်က Huawei ရဲ့ စည်းလုံးမှုနဲ့ စိတ်ဓါတ်ခွန်အားအပေါ်မှာ အထင်သေးကာ သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အထင်ကြီးခဲ့

မေးခွန်း ၇။      Huawei အနေနဲ့ ဒီနည်းပညာတွေအတွက် ကြိုးစားအားထုတ်မှုတွေ အများကြီးနဲ့ တခြားသူတွေ 5G ရယ်လို့ မစဉ်းစားမိချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့ရပါတယ်။ ဒါဆိုရင် တကယ်လို့များ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေက Huawei ရဲ့ 5G ကို အသုံးမပြုကြဘူး။ နိုင်ငံတော်တော်များများကလည်း မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဘာတွေဖြစ်လာနိုင်ပြီး သင့်စီးပွားရေးအတွက် ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါသလဲ။

ကက်သရင်းချန်။ Huawei ရဲ့ ပုံမှန်စီးပွားရေးလည်ပတ်မှုကိုပဲ အမေရိကန်အစိုးရအနေနဲ့ နှောင့်ယှက် ဟန့်တားတဲ့ လုပ်ဆောင်ချက်တွေကို များစွာလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်မျိုးတွေ့ဖို့ ကမ္ဘာပေါ်မှာတောင် တော်တော်ရှာယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ Huawei က 5G စီးပွားဖြစ်စာချုပ်အများဆုံး ချုပ်ဆိုထားနိုင်တာဖြစ်ပြီး 5G ကွန်ရက်ကလည်းနည်းပညာရင့်ကျက်မှု အမြင့်ဆုံးမှာ ရောက်နေပါပြီ။ သုံးစွဲသူတွေ အနေနဲ့ အခုလို အဆင့်မြင့်နည်းပညာကို အမြန်ဆုံးအသုံးပြုချင်မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ နိုင်ငံတွေ၊ အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေဟာ အကောင်းဆုံး အကျိုးပြုမယ့် ရွေးချယ်မှုကို ပြုလုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်တာကြောင့် ကျွန်မအနေနဲ့တော့ သိပ်စိတ်မပူပါဘူး။

မေးခွန်း ၈။      ။ ဒါပေမယ့် တချို့နိုင်ငံတွေက Huawei ကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ခဲ့ထားခဲ့ကြပါတယ်။ ဥပမာ သြစတြေးလျနဲ့ အမေရိကန်ပေါ့။ တချို့နိုင်ငံတွေလည်း မေးခွန်းတွေရှိနေနိုင်သေးတာပဲ။ အဲဒါဟာ တကယ့် စိန်ခေါ်မှု မဟုတ်ဘူးလား။  

ကက်သရင်းချန်။ တကယ်တော့ အမေရိကန်နဲ့ သြစတြေးလျ နှစ်နိုင်ငံပဲ Huawei ကို အသုံးမပြုဖို့ ဆုံးဖြတ် ကြတာပါ။ ကနေဒါနဲ့ တခြားသော နိုင်ငံတွေမှာတော့ မတူပါဘူး။ ကျွန်မတို့ရဲ့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေဟာ ကမ္ဘာအနှံ့က လူဦးရေ ၃ ဘီလျံလောက်အထိကို ၀န်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အားကောင်းတဲ့ လုံခြုံရေးစနစ်ကိုလည်း ပြန်ကြည့်နိုင်ပါတယ်။

အော်ပရေတာတွေဟာ Huawei နဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ပညာရပ်ဆိုင်ရာ လက်တွဲလုပ်ဆောင်လာခဲ့ကြတာဖြစ်ပြီး သူတို့ဟာ လုံခြုံမှုအပေးနိုင်ဆုံး၊ နည်းပညာအမြင့်ဆုံးနဲ့ အသင့်တော်ဆုံး၊ အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူကိုပဲ ရွေးချယ်ကြမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ Huawei ကိုပဲ ဆက်လက်အသုံးပြုမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့်အခုပြောနေတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်မအနေနဲ့ အထူးတလည်စိုးရိမ်တာမျိုးမရှိပါဘူး။

မေးခွန်း ၉။      ။ ဒီကိစ္စတစ်ရပ်လုံးဟာ နည်းပညာဆိုင်ရာ မဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့တွေ သိပါတယ်။ မေးခွန်းက ဒါဟာ အင်ဂျင်နီယာတွေက ဆုံးဖြတ်တာမဟုတ်ဘဲ ကိစ္စတော်တော်များများကို နိုင်ငံရေး သမားတွေက ဆုံးဖြတ်ကြပါတယ်။ အဲဒါအတွက် သင့်အနေနဲ့ ကြောက်ရွံ့မှုလုံးဝ မရှိဘူးလား။ အမေရိကန်က သူ့မဟာမိတ်နိုင်ငံတွေကို Huawei နည်းပညာကို မသုံးကြဖို့ တောက်လျှောက်ဖိအားပေးနေခဲ့ပြီး ဆက်လက်ပြီး လည်းပေးနေဆဲဖြစ်ပါတယ်။ ကနေဒါလိုနိုင်ငံမှာတောင် Huawei 5G စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို အခုထိ မချနိုင်သေးပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ အင်ဂျင်နီယာတွေကဆုံးဖြတ်တာမဟုတ်ဘဲ နိုင်ငံရေး သမားတွေက ဆုံးဖြတ်မှာကို သင့်အနေနဲ့ စိုးရိမ်မှုမရှိဘူးလား။

ကက်သရင်းချန်။ ကျွန်မမစိုးရိမ်ပါဘူး။ ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ ဒီလိုမျိုး လုပ်ဆောင်ချက်ဟာ ရှားပါတယ်။ ကျွန်မအမြင်ကတော့ Huawei ရဲ့ စည်းလုံးမှုနဲ့ စိတ်ဓါတ်ခွန်အားအပေါ်မှာ အမေရိကန်အစိုးရက အရမ်းကို လျှော့တွက်ခဲ့မိတယ်ထင်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအပေါ် ကိုလည်း တော်တော်လေးလျှော့တွက်ထားပြီး အစိုးရတွေ၊ ကုမ္ပဏီတွေ၊ လူတွေအပေါ်မှာ သူတို့ဘာသာသူတို့ ဆုံးဖြတ်သတ်မှတ်ထားပုံရပါတယ်။ အမေရိကန်မှာ ဘာအထောက်အထားမှ မရှိပါဘူး။ သူတို့မှာ ထင်မြင်ယူဆ ချက်တွေပဲရှိတာပါ။  အဲဒီထင်မြင်ချက်တွေနဲ့ပဲ လူတွေကို လွှမ်းမိုးဖို့ ကြိုးစားနေကြတာပါ။ နောက်ပြီး သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း သူတို့ထင်သလောက်မှန်းထားသလောက်မရှိဘူးလို့ ကျွန်မမြင်ပါတယ်။

ကနေဒါနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကနေဒါမှာ Huawei ၀န်ထမ်း ၁၁၀၀ ရှိပြီး ၂၀၁၉ ခုနှစ်ထဲမှာ နောက်ထပ်အလုပ်အကိုင်နေရာ ၂၀၀ လောက်အထိ ပေးနိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပါတယ်။ ကွန်ရက်ထုတ်ကုန် တွေ ၀န်ဆောင်မှုတွေအပြင် ကနေဒါမှာ သုတေသနလုပ်ငန်းတွေ ရင်းနှီးလုပ်ကိုင်ဖို့အတွက်လည်း စီစဉ်ထား ပါတယ်။ ကနေဒါမှာ သုတေသနလုပ်ငန်းအတွက် ဒေါ်လာ သန်း ၅၀၀ အထိ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်အတွင်း ကျွန်မတို့ ရင်းနှီးမြှပ်နှံထားပြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာတင် ဒေါ်လာသန်း ၁၃၇ သန်း ရင်းနှီးမြှပ်နှံ ထားပါတယ်။ ကနေဒါတက္ကသိုလ်တွေအတွက်လည်း သုတေသနလုပ်ငန်းတွေအတွက် ထောက်ပံ့မှုတွေ ဆက်ပေးဖို့လည်း စီစဉ်ထားပါတယ်။

Telus and Bell နဲ့လည်း ဆယ်နှစ်ကျော် လက်တွဲဆောင်ရွက်ခဲ့ပြီး အစိုးရဦးဆောင်တဲ့ လုံခြုံရေး သုံးသပ်ဆောင်ရွက်မှု ပရိုဂရမ် SRP ကိုလည်း ကနေဒါပြည်သူတွေအသုံးပြုတဲ့ ကြိုးမဲ့ကွန်ရက် လုံခြုံရေး အတွက် ကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ အဲဒီပရိုဂရမ်ဟာ ကနေဒါလူမျိုးတွေအတွက် လုံခြုံမှုရှိတဲ့ ၀န်ဆောင်မှုနဲ့ ထုတ်ကုန်တွေကိုပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ဘာလုပ်ပေးခဲ့တယ်ဆိုတာနဲ့ ရှေ့လျှောက်ဘာတွေ လုပ်ပေးဦးမယ်ဆိုတာ ကတိပေးနေခြင်း ဖြစ်ပါတယ်။

သင့်အနေနဲ့ အလွန်ကောင်းမွန်တဲ့ ထောက်ပြချက်ကို ထောက်ပြပေးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စဟာ နည်းပညာ ဆိုင်ရာမဟုတ်ဘဲ နိုင်ငံရေးဆိုင်ရာဖြစ်နေတယ်ဆိုတဲ့အကြောင်းပါ။ တကယ်လို့ ကျွန်မတို့ အနေနဲ့ နည်းပညာ ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကိစ္စပဲ သီးသန့်ဖြစ်နေမယ်ဆိုရင် ဒါဟာ ဖြေရှင်းရလွယ်ကူတဲ့ ရိုးရှင်းတဲ့ မေးခွန်းတစ်ခု ပဲ ဖြစ်ပါတယ်။

မေးခွန်း ၁၀။    ဒါနဲ့ သူတို့ဟာ ဘာကြောင့် သင်တို့ကို အရမ်းစိုးရိမ်ကြောက်လန့်နေကြတာလဲ။

ကက်သရင်းချန်။ အမေရိကန်လိုနိုင်ငံအစိုးရက Huawei လို ကုမ္ပဏီသေးသေးလေးကို ဘာလို့ကြောက်နေ သလဲဆိုတာ ကျွန်မစဉ်းစားလို့ကို မရပါဘူး။ ကုမ္ပဏီမှာ အဆင့်မြင့်နည်းပညာရှိနေတာဟာ ကြောက်စရာတစ်ခု လား။ အဲဒါဟာ လုံလောက်တဲ့ အကြောင်းပြချက်လို့ ကျွန်မတော့ မထင်ပါဘူး။ အမျိုးသား ဘက်စကတ်ဘော အသင်းလိုမျိုးပေါ့။ အမေရိကန်မှာ ဘက်စကတ်ဘောအသင်းတွေ အကောင်းဆုံးတွေရှိ သလိုပဲ ကနေဒါမှာလည်း Toronto Raptors က အကောင်းဆုံးကစားနိုင်ပါတယ်။ နည်းပညာကုမ္ပဏီအချင်းချင်းကြည့်ရင်လည်း အမေရိကန်ကုမ္ပဏီ၊ ဥရောပကုမ္ပဏီ၊ ကနေဒါကုမ္ပဏီဆိုပြီး အစရှိသဖြင့် ရှိကြပါတယ်။ တရုတ်ကုမ္ပဏီကော ဘာကြောင့် မရှိရမှာလဲ။

မေးခွန်း ၁၁။    အမေရိကန်အစိုးရနဲ့ တခြားအစိုးရတွေကနေ အဓိကပြောနေကြတာက Huawei က တရုတ်အစိုးရနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး ပြောကြပါတယ်။ အရမ်းကိုနီးစပ်တယ်လို့ သူတို့တွေ ထင်ကြနေကြပါ တယ်။ Huawei အပေါ်မှာ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့က အရမ်းကို လွှမ်းမိုးမှုရှိတယ်လို့ ထင်နေကြပါတယ်။ အဓိကအားဖြင့် အမျိုးသားစုံစမ်းထောက်လှမ်းမှု အက်ဥပဒေကို ရည်ညွှန်းကြပြီး အဲဒီဥပဒေ အရ Huawei ဟာ ကွန်ရက်ထဲက သတင်းအချက်အလက်တွေကို တရုတ်အစိုးရထံကို လက်လွှဲပြောင်း ပေးအပ်မယ်လို့ ထင်နေကြပါတယ်။ သင့်အနေနဲ့ ဘာပြောလိုပါသလဲ။

ကက်သရင်းချန်။ အဲဒီစိုးရိမ်မှုတွေနဲ့ပတ်သက်လို့ ကျွန်မဖတ်ထားပြီးပါပြီ။ စိုးရိမ်မှုတွေကိုလည်း နားလည်ပါ တယ်။ ကျွန်မကိုယ်တိုင်လည်း အမေရိကန်ရဲ့ CLOUD အက်ဥပဒေနဲ့ သြစတြေးလျရဲ့ Assistance and Access ဥပဒေကြမ်းတို့ကို ဖတ်ခဲ့ရတုန်းက တုန်လှုပ်ခဲ့ဖူးပါတယ်။ အဲဒီဥပဒေတွေဟာလည်း ကုမ္ပဏီတွေက နိုင်ငံခြား တိုင်းပြည်တွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး စုံစမ်းထောက်လှမ်းပေးဖို့ ဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့အနေနဲ့လုပ်နိုင်တာက တည်ထောင်သူ Mr. Ren အပါအ၀င်က ကျွန်မတို့ရဲ့ ၀န်ထမ်းတွေအားလုံး ဘယ်အစိုးရရဲ့ စုံစမ်းထောက်လှမ်းပေးဖို့ တောင်းဆိုမှုကိုမဆို ငြင်းပယ်ပြီး ဥပဒေအရ စည်းနှောင်အားရှိတဲ့ ကတိတွေကို ပေးဖို့ဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မတို့ ပေးနိုင်တဲ့ ကတိက၀တ် ဖြစ်ပါတယ်။

မေးခွန်း ၁၂။    သင့်အနေနဲ့ အဲဒါကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ မေးခွင့်ပြုပါ။ ဘာကြောင့်လဲဆိုတော့ သင်က တရုတ်နိုင်ငံမှာရှိနေပြီး တရုတ်နိုင်ငံဥပဒေအောက်မှာ သင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ဆောင်ချက်တွေမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေတွေကို သင့်တို့လိုက်နာဆောင်ရွက်ကြောင်းကို မနေ့က သင်တို့ရဲ့ ဆိုက်ဘာလုံခြုံရေးစမ်းသပ်ခန်းတွေကို လေ့လာစဉ်က တွေ့ခဲ့ရပါတယ်။ ဒါကြောင့် တကယ်လို့ တရုတ်အစိုးရက အဲဒီဥပဒေအရ သင့်ကုမ္ပဏီက အချက်အလက်တွေ ရှာပေးရမယ်လို့ တောင်းဆိုလာရင် သင့်အနေနဲ့ ဘယ်လိုငြင်းမှာလဲ။

ကက်သရင်းချန်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ပြောခဲ့ပြီးဖြစ်ပါတယ်။ အခု ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်အကြောင်းကို ပြောရအောင်ပါ။ ပထမလုပ်ဆောင်ချက်အနေနဲ့ ကျွန်မတို့ရဲ့ ဆိုက်ဘာလုံခြုံရေး စွမ်းရည်ကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ကျွန်မတို့ software engineering ပိုင်း စွမ်းဆောင်ရည်၊ လုံခြုံရေးနဲ့ ယုံကြည်ကိုးစားစိတ်ချနိုင်မှုတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ကနဦးရင်းနှီးမြှပ်နှံမှု အကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးစွမ်းဆောင်ချက်ဟာ မြင့်မားတဲ့စံသတ်မှတ်ချက်နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တတိယအင်အားစုရဲ့စိစစ်ခြင်း ကိုလိုအပ်ပါတယ်။ ကနေဒါရဲ့ Security Review Program (SRP)၊ ယူကေရဲ့ HCSEC Oversight Board နဲ့ ဂျာမနီရဲ့ ဘွန်းမြို့ရှိ စမ်းသပ်စစ်ဆေးအားလုံးရဲ့ စိစစ်ခြင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒါတွေဟာ အစိုးရ တွေက ဦးဆောင်တဲ့ စစ်ဆေးစမ်းသပ်ချက်တွေဖြစ်ပါတယ်။  အမေရိကန်က Cigital လိုလွတ်လပ်တဲ့ တတိယအင်အားစုက အကဲဖြတ်စစ်ဆေးခြင်းကိုလည်း Huawei က လက်ခံဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ အဆိုပါအကဲဖြတ်စစ်ဆေး

ခြင်းခံခဲ့ရတဲ့ ကုမ္ပဏီအားလုံးထဲမှာ Huawei ရဲ့ ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ချက်ဆိုင်ရာ အဓိကသော့ချက် ၁၂ ခုက သာမန်ထက် သာလွန်နေပြီး ထိုအထဲမှ ၉ ခုက ထိပ်ဆုံး အဆင့်မှာ ရပ်တည်နေခြင်းဖြစ်တယ်။

နောက်ထပ်ပြီးတော့လည်း သင်ပြောခဲ့တဲ့ တရုတ်ဥပဒေနဲ့ပတ်သက်ပြီး ပြောပါမယ်။ Huawei အနေနဲ့ ဥပဒေ ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အထူးဂရုပြုပြီး တိုင်ပင်ထားပါတယ်။ ထပ်မံပြီးတော့လည်း တရုတ်အစိုးရက ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို ပြုလုပ်ထားပါတယ်။ ဥပမာအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးဖြစ်သူ Yang Jiechi ဟာ မြူးနစ်လုံခြုံရေးညီလာခံမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ အကြောင်းအရာနှစ်ခုရှိပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက အခုကိစ္စအတွက် ရှင်းလင်းပြောကြားထားကြပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် က အမျိုးသားပြည်သူ့လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရုတ်ကုမ္ပဏီ တွေကို တခြားနိုင်ငံတွေရဲ့ အချက်အလက်တွေကို ခိုးယူပေးဖို့၊ စုဆောင်းပေးဖို့နဲ့ ထောက်လှမ်းပေးဖို့ တောင်းဆိုတဲ့ ဥပဒေမျိုး တရုတ်နိုင်ငံ မှာ မရှိကြောင်းကို ပြောကြားထားပြီးဖြစ်ပါတယ်။  

ကျွန်မတို့အနေနဲ့လည်း တရုတ်အစိုးရဆီက ပြောနေကြသလိုမျိုးတောင်းဆိုမှုမျိုး တခါမှမရခဲ့ဖူးပါဘူး။ အနာဂတ် မှာလည်း တရုတ်ဖြစ်ဖြစ် တခြားဘယ်နိုင်ငံအစိုးရကဖြစ်ဖြစ် တောင်းဆိုလာရင် ငြင်းဆိုမှာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

မေးခွန်း ၁၃။    ပညာရှင်တော်တော်များများက တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးဥပဒေကို လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ဖြစ်ဖြစ် ကုမ္ပဏီတစ်ခုအနေနဲ့ဖြစ်ဖြစ် အစိုးရက အချက်အလက်ရယူဖို့ တောင်းဆိုလာရင် ပေးသင့်မပေးသင့်ဆိုတာ အဲဒီဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းရေးသားထားတာမရှိပါဘူး။ တကယ်တော့ အပြင်လူက ဘယ်လိုပဲပြောပြော၊ တရုတ်အစိုးရက အဆိုပါတောင်းဆိုမှုလုပ်နိုင်ခြေရှိတယ်လို့ပဲ ယူဆကြတယ်။ တကယ်လိုအဲလိုအခြေအနေ မျိုးဖြစ်လာခဲ့ရင် Huawei အနေနဲ့ ဘယ်လို ရင်ဆိုင်မလဲ။ တခြားကုမ္ပဏီတွေနဲ့စီအီးအိုတွေတောင်မှ ဒီလို ကိစ္စမျိုးမှာ အာမမခံနိုင်ပါဘူး။ ဘာကြောင့် Huawei က ဒီလောက်အာမခံ နိုင်ရတာလဲ။

ကက်သရင်းချန်။ ဥပဒေပညာရှင်တွေနဲ့ ကျွန်မတို့ တိုင်ပင်ထားပြီးဖြစ်ပါတယ်။ တရုတ်ရဲ့ ရာဇ၀တ်မှုဥပဒေက  “ဥပဒေထဲမှာ သိသာထင်ရှားစွာ ရေးသားထားခြင်းမရှိခဲ့ဘူးဆိုရင် အပြစ်သတ်မှတ်ထားလို့မရဘူး” လို့  ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ ဥပဒေထဲမှာ လိုအပ်ချက်တစ်ခုအဖြစ် သိသိသာသာ မဖော်ပြထားတဲ့အတွက် ကျွန်မတို့အနေနဲ့ တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပါတယ်။

ဒါ့အပြင် ကျွန်မအနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားလိုတာက Huawei ဟာ ထုတ်ကုန်ပစ္စည်းတွေကို ပံ့ပိုးတဲ့သူ ပဲဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ကွန်ရက်တွေအတွက် တာဝန်ရှိတဲ့သူတွေက တယ်လီကွန်း အော်ပရေတာတွေသာဖြစ်ပြီး Huawei မှာ တာဝန်ရှိတာ မဟုတ်ပါဘူး။

ဒီဆင်တူရိုးမှားဖြစ်နေတာလေးအတွက် ရှင်းပြပါရစေ။ ဆိုက်ဘာလုံခြုံရေးကို သေချာစေတာက ဟော်ကီကစား နေသလိုမျိုးဖြစ်ပြီး ဟော်ကီအဖွဲ့တစ်ခုမှာ အဓိကကစားသမား၊ အစွန်ကစားသမား၊ ခံစစ်နဲ့ ဂိုးသမားဆိုပြီး အားလုံးဟာ ကစားပွဲမှာ အနိုင်ရဖို့ အတူတကွလုပ်ဆောင်ကစားကြရပါတယ်။ အဲဒါဟာ တစ်ကိုယ်တော် ရှိုးပွဲမဟုတ်သလို ပါဝင်တဲ့သူအားလုံးက စည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်ကြရပါတယ်။ တစ်ယောက်တည်း က ဘယ်လိုပဲ ကောင်းအောင်ကစားပေမယ့် သူက တစ်သင်းလုံးစာ မဟုတ်ပါဘူး။ ဆိုက်ဘာလုံခြုံရေး အကြောင်းပြောရင်လည်း ထိုနည်းတူပါပဲ။

ဆိုက်ဘာလုံခြုံရေးအတွက် ကုမ္ပဏီတစ်ခုတည်းက ဒါမှမဟုတ် လူတစ်ယောက်တည်းက တာဝန်ယူတာဝန်ခံရ မယ်ဆိုတဲ့ အယူအဆဟာ လုံးဝမှားယွင်းပါတယ်။ ဒီဂေဟစနစ်တစ်ခုလုံးမှာရှိနေတဲ့ ကစားသမားတွေ အားလုံး ဟာ အစိုးရ၊ ထုတ်ကုန်ပစ္စည်းပံ့ပိုးသူ၊ တယ်လီကွန်းအော်ပရေတာတွေနဲ့ အသုံးပြုသူတွေ အပါအ၀င် အားလုံး ဟာ သူတို့ရဲ့ ကိုယ်ပိုင်ကစားကွက်တွေနဲ့ ဆိုက်ဘာလုံခြုံရေးအတွက် အတူတကွပူးပေါင်းပြီး လုပ်ဆောင်ကြရ မှာဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍနဲ့ ခြိမ်းခြောက်မှုတွေကို လိုတာထက်ပိုပြီး အထင်ကြီးထား လို့လည်း မရပါဘူး။

မေးခွန်း ၁၄။    သင်က ဟော်ကီကို ဥပမာအနေနဲ့ ပေးနေပါတယ်။ သင်ဟာ ကနေဒါလူမျိုးဖြစ်ရမယ်။

ကက်သရင်းချန်။ ကျွန်မသားက ၀ါသနာပါတာများပြီး NBA ၊ ဟော်ကီနဲ့ ရက်ပ်သီချင်းတွေကို ကြိုက်ပါတယ်။ ဒါကြောင့် သူ့ဆီကနေ တချို့အရာတွေကို ဥပမာအနေနဲ့ ကျွန်မယူသုံးတာဖြစ်ပါတယ်။ ကနေဒါရက်ပ်ပါ Drake အကြောင်းကိုလည်း သားကပဲ ကျွန်မကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Drake ကို ကျွန်မလည်း တော်တော် ကြိုက်ပါတယ်။ သူ့သီချင်းတွေထဲက "Started from the bottom, now we're here" ဆိုတဲ့ သီချင်းကို တော်တော်လေးကြိုက်နှစ်သက်ပါတယ်။ အဲဒီသီချင်းက ဒီနှစ်တွေအတွင်းမှာ Huawei ဘယ်လိုရပ်တည် လုပ်ဆောင်ခဲ့ရတယ်ဆိုတာနဲ့ တော်တော်လေးတူပါတယ်။ Huawei ကို တည်ထောင်သူ အနည်းငယ်နဲ့ အကြမ်းထည်ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အခုချိန် ကျွန်မတို့မှာ ၉၇၀၀၀ ခန့် ရှယ်ယာပိုင်ဆိုင်တဲ့ ၀န်ထမ်းတွေရှိနေပါပြီ။ သူတို့တစ်တွေဟာ ကုမ္ပဏီတွေအတွက် လုပ်ငန်းပါတနာလိုမျိုးဖြစ်ပါတယ်။ ကုမ္ပဏီ အတွက် ငွေကြေးရင်းနှီးမြှပ်နှံပေးကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Huawei က သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့် ရင်းနှီး မြှပ်နှံထားပြီး သုတေသနဖွံ့ဖြိုးမှုလုပ်ငန်း (R&D) မှာ ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး ရင်းနှီးမြှပ်နှံသူဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင်က တစ်ကမ္ဘာလုံးကို ချိတ်ဆက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကိုလုပ်ဆောင်ဖို့ကိုလည်း နည်းလမ်းများစွာ ရထားပြီးဖြစ်ပါတယ်။ ကျွန်မတို့ လုပ်ဆောင်နိုင်ခဲ့တာတွေက အံ့သြကြောက်မက်ဖွယ် ဖြစ်နေ မယ်ထင်တယ်။ တခြားသူတွေ မလုပ်ချင်တာကို ကျွန်မတို့တွေ လုပ်ဖို့ ဆန္ဒရှိတာကြောင့် ကျွန်မတို့ကိုယ်ကျွန်မ တို့ ဂုဏ်ယူပါ တယ်။ ကျွန်မတို့ဟာ စိန်ခေါ်မှုများတဲ့ ဝန်းကျင်ဒေသတွေမှာ   ကွန်ရက်တွေ တည်ဆောက်ဖို့နဲ့ ကွန်ရက်လုပ်ဆောင်ချက်တွေ တည်ငြိမ်စွာလည်ပတ်နိုင်ရေးကို လုပ်ဆောင်ပေးဖို့ စိတ်အားထက်သန်ပါတယ်။ ဥပဒေအနေနဲ့ပြောမယ်ဆိုရင် ဆင်းရဲနွမ်းပါးတဲ့ ဒေသမှာ ကွန်ရက်တည်ဆောက်တယ်၊ဘေးအန္တာရယ်ကျရောက်နေချိန်မှာလည်း ကွန်ရက် ပြတ်တောက်မသွားအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ အဲဒီအယူအဆတွေနဲ့ ပိုကောင်းတဲ့ ဘ၀တွေရဖို့အတွက် ၀န်ထမ်းတိုင်းဟာ ကြိုးစားအလုပ်လုပ်နေကြပါတယ်။ 

Huawei ရဲ့သရုပ်မှန်ကို  လေ့လာဖို့  အမေရိကန် မီဒီယာတွေကိုဖိတ်ခေါ်


မေးခွန်း ၁၅။    ခုနက သင်က Huawei ဟာ ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆိုတာကို ပြောပြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေကြောင်းအရ စွပ်စွဲမှုတွေထဲက တစ်ခုက Huawei ရဲ့ ၀န်ထမ်းတွေက တခြားကုမ္ပဏီတွေဆီက ခိုးယူမှုတွေရှိတယ်လို့ ပါပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သင်ဘာ ပြောလိုပါသလဲ။  

ကက်သရင်းချန်။ ။ ဒါနဲ့ပတ်သက်ပြီး Huawei က တရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်တွေအားလုံးကို ကျွန်မတို့ ငြင်းဆိုပါတယ်။ အမေရိကန်တရားရုံးတွေကလည်း အဲဒီစွပ်စွဲမှုတွေ အတွက် ရှာဖွေမတွေ့ရှိဘူးလို့ ဆုံးဖြတ်ချက်ချလာမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စ အတွက် ဥပဒေဆိုင်ရာလုပ်ဆောင်ချက်တွေ လုပ်ဆောင်နေပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မက ပြောဆိုခွင့်ရှိတဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်အစိုးရက Huawei ရဲ့ ဂုဏ်သိက္ခာကို များစွာ ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာအတွက်ခုခံဖို့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် တာအပါအ၀င် တစ်စုံတစ်ခုကို သေချာပေါက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ပြီးခဲ့တဲ့အပတ်က အမေရိကန်မီဒီယာတွေကို ကျွန်မတို့ကုမ္ပဏီဆီလာရောက်လည်ပတ်ပြီး Huawei အကြောင်း မေးမြန်းဖို့ အိတ်ဖွင့်ပေးစာ ရေးခဲ့သလိုမျိုးပေါ့။ ကျွန်မတို့ဆီက အမှုဆောင်အရာရှိတွေ အားလုံး သူတို့မေးမြန်းတာတွေကို ဖြေပေးဖို့ ဆန္ဒရှိကြပါတယ်။ ကျွန်မတို့ နည်းပညာတွေကို ပြသဖို့ R&D စမ်းသပ်ခန်းတွေကို လိုက်ပြဖို့ရှိပါတယ်။ အဲဒီလိုလုပ်ဆောင်ဖို့အတွက် မီဒီယာအပါအ၀င် နည်းပညာကျွမ်းကျင် သူတွေ၊ ကြည့်ရှုသူတွေ၊ စာဖတ်သူတွေနဲ့ နားထောင်သူတွေအားလုံးကို လာရောက်ပေးဖို့ ၊ အကဲဖြတ်ပေးဖို့နဲ့ ဆုံးဖြတ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

မေးခွန်း ၁၆။    တကယ်လို့ တချို့ဝန်ထမ်းတွေက အဲဒီလိုလုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် အဲလို လုပ်ဆောင်ချက်မှာ ပါဝင်ခဲ့မယ်ဆိုရင် Huawei အနေနဲ့ ဘယ်လိုတုန့်ပြန်ဆောင်ရွက်မှာလဲ။ ဥပမာအားဖြင့် အဲလိုလုပ်ဆောင်ချက်တွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် သင့်အနေနဲ့ အဲဒီဝန်ထမ်းတွေကို ကုမ္ပဏီရဲ့ မူဝါဒတွေကို ချိုးဖောက်ပြီး တခြားကုမ္ပဏီဆီကနေ နည်းပညာခိုးယူခြင်းကြောင့် အကြိမ်ကြိမ် သတိပေးတာတွေ၊ တရား ရင်ဆိုင်တာတွေ ရှိဖူးပါသလား။

ကက်သရင်းချန်။ Huawei မှာ အရမ်းရှင်းလင်းတဲ့ ကော်ပိုရိတ်မူဝါဒတွေရှိပါတယ်။ ပညာပေး အစီအစဉ် တွေလည်း များစွာရှိပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက ၀န်ထမ်းတစ်ယောက်ယောက်က ဒီစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုလုပ်ဆောင်ဖို့ ကျွန်မတို့ တွန့်ဆုတ်နေမှာ မဟုတ်ပါ ဘူး။ အတိတ်မှာ ဒါမျိုးလုပ်ဆောင်ခဲ့ပြီးပါပြီ။ အနာဂတ်မှာလည်း ဒီတိုင်းဆက်သွားမှာပါ။  

မေးခွန်း ၁၇    အဲဒါက အကြိမ်ကြိမ်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းစကားမဟုတ်ဘူးလား။ အဲဒါဟာ သတင်းခေါင်းစဉ်ကြီးတွေမှာ တချိန်လုံးဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ဝန်ထမ်းတွေကို" မင်းတို့နားမလည်တဲ့ ကိစ္စထဲမှာ တခြားကုမ္ပဏီတွေဆီကနေ ခိုးယူမှုမပြုထားဘူး" လို့ ပြောဆိုလိုက်ရုံက စွပ်စွဲထားတာတွေအတွက် ကြေသွားမလား။

ကက်သရင်းချန်။ ဒီကိစ္စက စွပ်စွဲထားတာတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ စွပ်စွဲထားတာတွေ ရှိရှိ၊ မရှိရှိ ကျွန်မတို့ က ကျွန်မတို့ ၀န်ထမ်းတွေကို အမြဲတမ်းပြောနေတာဖြစ်ပြီး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တိကျရှင်းလင်းတဲ့ မူဝါဒတွေနဲ့ ၀န်ထမ်းတွေရဲ့ အသိကို အမြဲတိုးတက်နေစေပါတယ်။