ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei Wi-Fi 6 က မြောက်အမေရိကအပြင်ဘက်တွင် ကမ္ဘာ့အဆင့်တစ် အဖြစ် ရပ်တည်လျက် ရှိကြောင်း Dell’Oro Group ၏ အစီရင်ခံစာက ဖော်ပြ

2020.01.09

[ရှန့်ကျန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ - ဇန်နဝါရီလ ၃ရက်၊ ၂၀၂၀]  Huawei Wi-Fi 6 က (မြောက်အမေရိကတိုက်မှ လွဲ၍) ကမ္ဘာ့ဈေးကွက်တွင် အဆင့်တစ်အဖြစ် ရပ်တည်လျက် ရှိကြောင်း ဈေးကွက်သုတေသနနယ်ပယ်တွင် ထိပ်တန်းမှ ဦးဆောင်နေသည့် တသီးပုဂ္ဂလအဖွဲ့အစည်းဖြစ်သည့် Dell’Oro Group ၏ ၂၀၁၈ တတိယလေးပိုင်းစိတ်မှ ၂၀၁၉ တတိယလေးပိုင်းစိတ်အထိ ကမ္ဘာ့ အိမ်/လုပ်ငန်းသုံး Wi-Fi 6 AP ဈေးကွက်ဝေစုဆိုင်ရာ အစီရင်ခံစာက ဖော်ပြခဲ့သည်။ 

၂၀၁၈ခုနှစ် အောက်တိုဘာတွင် Wi-Fi Alliance အဖွဲ့အစည်းက Wi-Fi မျိုးဆက်များအတွက် အမည်ပေးစနစ်သစ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပြီး Wi-Fi 6 သည် IEEE 802.11ax ကို ရိုးရှင်းစွာ ခေါ်ဆိုသည့် အမည်ဖြစ်သည်။Wi-Fi 6 သည် Wi-Fi 5 ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီး သုံးစွဲသူတစ်ဦးလျှင် ရရှိသည့် အမြန်နှုန်း (bandwidth) နှင့် တပြိုင်တည်း သုံးစွဲနိုင်သည့် လူ အရေအတွက်တွင် Wi-Fi 5 ထက် လေးဆကျော်ပိုမိုများပြားကာ ဒေတာအကူးအပြောင်းကြာချိန် (latency) သုံးဆကျော်ပိုမိုနည်းပါးသည်။ ယင်းအဆင့်မြှင့်တင်မှုများကြောင့် enterprise လုပ်ငန်းများ၊ ကျောင်းများ၊ ဆေးရုံများနှင့် အခြားဆန်းသစ်မှုကို လိုလားသူများက ယင်းတို့၏ လုပ်ငန်းကွန်ရက်များတွင် ချိတ်ဆက်မှုများ ပြုလုပ်ထားနိုင်ရန်အတွက် Wi-Fi 6ကို ပြောင်းလဲ အသုံးပြုလာကြသည်။ ထိုသို့ပြောင်းလဲအသုံးပြုလာသူများက ဆန်းသစ်သည့် အသုံးပြုမှုပုံစံများဖြစ်သော 4K/8K ဗီဒီယိုသုံး အစည်းအဝေးပြုလုပ်ခြင်း၊ VR/AR တို့ဖြင့် အပြန်အလှန် ချိတ်ဆက်သင်ကြားခြင်း၊ ကွန်ရက်ချိတ်ဆက်မှုနည်းပညာသုံး ဆေးဝါးကုသခြင်းနှင့် ဉာဏ်ရည်မြင့် စက်ရုပ်သုံး လုပ်ငန်းများ စသည်တို့တွင် Wi-Fi 6 ကို အသုံးပြုလာကြသည်။

Wi-Fi 6 သည် ကမ္ဘာအနှံ့ အဖွဲ့အစည်းများအကြားတွင် ပိုမိုလူကြိုက်များလာကြောင်းကို Dell’Oro Group ၏ နောက်ဆုံးထွက်ရှိလာသည့် အစီရင်ခံစာက သက်သေပြနေသည်။ ယင်းအစီရင်ခံစာအရ ကမ္ဘာ့ Wi-Fi 6 ဈေးကွက်မှ ရရှိသည့် စုစုပေါင်း အမြတ်ပမာဏသည် ၂၀၁၉ ခုနှစ်၏ အစောပိုင်း လေးပိုင်းစိတ် သုံးခုတွင် အကြီးအကျယ် တိုးပွားလာပြီး ၂၀၁၈ခုနှစ် ယင်းအချိန်ကထက် အဆ ၃၀ အထိ များပြားလာသည်။ တချိန်တည်းမှာပင် Wi-Fi 4 နှင့် Wi-Fi 5 ဈေးကွက်များမှ အမြတ်များမှာလည်း အနည်းငယ် လျော့ကျလာခဲ့သည်။ ၂၀၁၉ ခုနှစ် သည် Wi-Fi 6ကို စီးပွားရေးလုပ်ငန်းတွင် တွင်ကျယ်စွာအသုံးပြုလာသည့် ပထမဆုံး နှစ်ဖြစ်ကြောင်း ယင်း ဈေးကွက်ရလဒ်များက ဖော်ပြနေသည်။

Huawei သည် Wi-Fi 6 ဈေးကွက်တွင် ဦးဆောင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ Huawei သည် ယင်း၏ AirEngine Wi-Fi 6 ဖြင့် ၂၀၁၈ခုနှစ်ကတည်းက ရှန်ဟိုင်း enterprise လုပ်ငန်းအဆင့် Wi-Fi 6 ကွန်ရက်သို့  စောစီးစွာ ဝင်ရောက်ဦးဆောင်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ Huawei 5G စွမ်းအင်ဖြင့် ပံ့ပိုးထားသည့် Huawei AirEngine Wi-Fi 6 သည် ကမ္ဘာအနှံ့ လုပ်ငန်းနယ်ပယ်များစွာတို့မှ သုံးစွဲသူများ၏ ဦးစားပေးရွေးချယ်မှုဖြစ်ပြီး ယင်းလုပ်ငန်းများကို လွှမ်းခြုံမှု အလစ်အလပ်မရှိ၊ စောင့်ဆိုင်းရခြင်း မရှိ၊ roaming ပြုလုပ်အသုံးပြုရာတွင် packet ဆုံးရှုံးမှုမရှိစေသည့် ပြည့်စုံသော Wi-Fi 6 ဝန်ဆောင်မှုများ ပေးခဲ့သည်။. အသုံးပြုသူများတွင် တရုတ်နိုင်ငံရှိ Shenzhen Metro ရထားစနစ်၊ ဆွစ်ဇာလန်နိုင်ငံရှိ Basel St. Jakob-Park အားကစားရုံ၊ အီတလီနိုင်ငံရှိ Agos ဘဏ်၊ စပိန်နိုင်ငံရှိ Mondragon တက္ကသိုလ်၊ တောင်အာဖရိကနိုင်ငံရှိ Johannesburg တက္ကသိုလ်တို့ ပါဝင်သည်။

“Huawei AirEngine Wi-Fi6 ကို ပညာရေး၊ အစိုးရလုပ်ငန်း၊ enterprise လုပ်ငန်းကြီးတွေနဲ့ ထုတ်လုပ်ရေးစတဲ့ လုပ်ငန်းကြီးတွေမှာ ကျယ်ပြန့်စွာ အသုံးပြုလာတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ Huawei AirEngine Wi-Fi 6 ဟာ အရွယ်အစား အသီးသီးရှိတဲ့ enterprise  လုပ်ငန်းတွေကို အသုံးပြုသူ အတွေ့အကြုံပိုမိုကောင်းမွန်စေနိုင်မယ့် ကွန်ရက်တွေ တည်ဆောက်လာနိုင်အောင် ကူညီပေးပြီး ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ငန်းပြီးမြောက်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးပါတယ်။ ဒီဂျစ်တယ် ဝန်ဆောင်မှုများစွာအတွက် လမ်းကြောင်းတစ်ရပ်ကို ဖွင့်လှစ်ပေးပြီး ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို အရှိန်အဟုန်မြင့်စေပါတယ် “ ဟု  Huawei ၏ ဒေတာဆက်သွယ်ရေးထုတ်ကုန်များဆိုင်ရာ ဌာန၊ လုပ်ငန်းကွန်ရက် domain ဥက္ကဌ Steven Zhao က ဆိုသည်။

သုံးစွဲသူများက Huawei Wi-Fi 6 ကို ယုံကြည်အားထားရခြင်းမှာ Huawei က တိုးတက်နေသော Wi-Fi 6 လုပ်ငန်းတွင် အဆက်မပြတ် ရင်းနှီးမြုပ်နှံမှုနှင့် အလေးထားဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည်။ ယင်းအတွက် အဓိကဖြစ်စဉ်များတွင် အောက်ပါတို့ပါဝင်သည်။
  • ၂၀၁၄ ခုနှစ်တွင် Huawei ၏ ထိပ်သီးပညာရှင် Osama Aboul Magd က IEEE 802.11ax လုပ်ငန်းအဖွဲ့၏ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး စပ်လျဉ်း၍ ယင်း၏ ထက်သန်သည့် အမြင်များဖြင့် Wi-Fi 6 လုပ်ငန်း စံနှုန်းများအား အဆက်မပြတ် မြှင့်တင်နိုင်ခဲ့သည်။
  • Wi-Fi 6 စံနှုန်းဆိုင်ရာ လျှောက်ထားချက် (proposal)များတွင် Huawei ၏ ထည့်ဝင်မှုများသည် ကိရိယာ ရောင်းချသူများတွင် အမြင့်မားဆုံးဖြစ်သည်။
  • ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် Huawei က Wi-Fi လုပ်ငန်းနယ်ပယ်၏ ပထမဦးဆုံးဖြစ်သော စီးပွားရေး လုပ်ငန်းသုံး Wi-Fi 6 AP ကို စတင်မိတ်ဆက်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ Huawei သည် မတူညီသည့် အခြေအနေအသီးသီးအတွက် သင့်လျော်အောင် ဖန်တီးထားသော ဆန်းသစ်သည့် ထုတ်ကုန်များ ၊ ဖြေရှင်းမှုနည်းလမ်း (solutions)များတို့အား ဆက်တိုက် ဖန်တီးမိတ်ဆက်ပေးခြင်းဖြင့် ယင်း၏ Wi-Fi 6 ဝန်ဆောင်မှု အခန်းကဏ္ဍကို ချဲ့ထွင်ခဲ့သည်။
  • Huwaei နှင့် Wireless Broadband Alliance (WBA) တို့ ပူးပေါင်းကာ Wi-Fi 6 အခြေပြု သင်ကြားရေးဆိုင်ရာ ဆန်းသစ်မှုများကို ရှာဖွေဖော်ထုတ်ခဲ့ပြီး တွေ့ရှိချက်များကို စပိန်နိုင်ငံ၊ Mondragon တက္ကသိုလ်တွင် အသုံးပြုခဲ့ကြသည်။

အနာဂတ်တွင် Huawei သည် လုပ်ငန်းနယ်ပယ်များစွာမှ ကိရိယာပံ့ပိုးသူများ၊ ဖြန့်ဖြူးသူများတို့နှင့် ပူးပေါင်းလုပ်ကိုင်ကာ နယ်ပယ်အလိုက် အသေးစိတ် ဝန်ဆောင်မှုများပေးနိုင်ရန် အာရုံစူးစိုက်လုပ်ကိုင်၍ ဒီဂျစ်တယ် အသုံးပြုမှုအသစ်များအတွက် ပြီးပြည့်စုံသည့် Wi-Fi 6 ကွန်ရက် ဖြေရှင်းမှုနည်းလမ်း (soultions) များ ပေးသွားမည် ဖြစ်သည်။ Huawei 5G အသုံးပြုထားသည့် AirEngine Wi-Fi စီးရီး ထုတ်ကုန်များ၊ ဖြေရှင်းမှုနည်းလမ်းများဖြင့် အနာဂတ် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော၊ အပြည့်အဝ ချိတ်ဆက်ထားသည့် လုပ်ငန်းကွန်ရက်များ တည်ဆောက်နိုင်ရန်အတွက် enterprise လုပ်ငန်းများကို Huawei က ဆက်လက်အကူအညီပေးသွားမည် ဖြစ်သည်။

ပိုမိုအသေးစိတ်သိရှိနိုင်ရန် Huawei AirEngine Wi-Fi 6 website တွင် ဝင်ရောက်ကြည့်ရှုပါ။