ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei မှ ၂၀၂၅ အတွက် အလားအလာကြီး ၁၀ ခုအား ခန့်မှန်း

2019.08.09

Read English Version

[ရှန်ကျန်း၊ တရုတ်၊ ၂၀၁၉ခုနှစ်၊ သြဂုတ်လ၊ ၈ရက်] Huawei က နည်းပညာနှင့် စက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်မှုအကြောင်းကို ၂၀၂၅ ခုနှစ်အထိ ခန့်မှန်းထားသော ၎င်း၏ Global Industry Vision (GIV) အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် အစီရင်ခံစာသည် စက်မှုလုပ်ငန်းများသို့ အသိဉာဏ်မြင့်နည်းပညာ ပြန့်နှံစိမ့်ဝင်လာမှုနှင့် ပတ်သက်သည့် Huawei ၏ ကိုယ်ပိုင်အချက်အလက်များနှင့် ကမ္ဘာတွင် အမှန်တကယ်အသုံးပြုနေသည့်အကြောင်းအရာများကို အခြေခံ၍ လူမှုဘ၀နေထိုင်မှုနှင့် အလုပ်ကိုင်များကို လက်ရှိတွင်ပုံဖော်ပေးနေသည့် အလားအလာ ၁၀ မျိုးအား ခွဲခြားဖော်ပြထားပါသည်။ GIV သည် 5G ကွန်ရက်လွှမ်းခြုံမှု၊ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုမှု၊ အိမ်တွင်းစက်ရုပ်များ စတင်အသုံးပြုလာမှုနှင့် စမတ်နည်းပညာအထောက်အပံ့အသုံးပြုနှုန်းများ အပါအ၀င် နည်းပညာဆိုင်ရာ အလားအလာများကို ၂၀၂၅ အထိ ခန့်မှန်းထားပါသည်။

၂၀၂၅ အတွက် နည်ပညာအလားအလာကြီး ၁၀ခုနှင့် GIV ၏ အဓိကခန့်မှန်းချက်များ၏ ဥပမာများမှာ  အောက်ပါအတိုင်းဖြစ်သည်။

၁။ စက်ရုပ်များနှင့် နေထိုင်ခြင်း။  ။ရုပ်ဝထ္ထုဆိုင်ရာသိပ္ပံပညာတိုးတက်လာမှုများ၊ အသိဉာဏ်မြင့် ဉာဏ်ရည်တု နည်းပညာ(AI) နှင့် ကွန်ရက်နည်းပညာများသည် အိမ်တွင်း နှင့် တစ်ကိုယ်ရည်သုံးအခြေအနေများတွင် စက်ရုပ် များ အသုံးပြုလာစေရန် တွန်းအားပေးနေသည့် အရာများပင်ဖြစ်သည်။ ကမ္ဘာအနှံ့တွင် အိမ်တွင်းစက်ရုပ်များ ထိုးဖောက်ဝင်ရောက်မှုနှုန်းသည် ၁၄% ရှိလာမည်ဟု GIV မှ ခန့်မှန်းထားပါသည်။ 

၂။ ထိပ်တန်း မြင်နိုင်စွမ်း။ ။ 5G၊ VR/AR ၊ machine learning နှင့် အခြားပေါ်ပေါက်လာသည့် နည်းပညာများ ပေါင်းဆုံမှုသည် သာမန်မြင်နိုင်သော အကွာအဝေး၊ ပုံပျက်နေမှု၊ မျက်နှာပြင်နှင့် သမိုင်း စသည် တို့ကို ကျော်လွန်၍ မြင်လာနိုင်စေမည်ဖြစ်ပြီး လူသားများ၊ စီးပွားရေးလုပ်ငန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ  မြင်ကွင်းအသစ်ကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။ AR/VR ကို အသုံးပြုနေသော ကုမ္ပဏီအရေအတွက်သည် ၁၀% အထိ မြင့်တက်လာလိမ်မည့်ဟု GIV မှ ခန့်မှန်းထားပါသည်။

၃။ Zero Search         ။အချက်အလက်အခြေခံလုပ်ငန်းဆောင်ရွက်နိုင်ပြီး အာရုံခံကိရိယာ တပ်ဆင်ထား  သော အသုံးအဆောင်ပစ္စည်းများသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို စတင်၍ ဖြည့်ဆည်းဆောင်ရွက်  ပေးပြီး သတင်းအချက်အလက်များကိုလည်း ရှာဖွေဆောင်ရွက်နိုင်သည်။ အနာဂတ်တွင် ယင်းကဲ့သို့ရှာဖွေမှုများ အတွက် ခလုတ်နှိပ်ရန် မလိုတော့ဘဲ ကိုယ်ပိုင်လူမှုကွန်ရက်များကို သက်တောင့်သက်သာ ဖြစ်အောင် တီထွင် လာမည်ဖြစ်ပြီး နယ်ပယ်တစ်ခုလုံးသည် “zero-search maintenance” မှ အကျိုးအမြတ်များရလာလိမ့်မည်။ စမတ်စက်ပစ္စည်း အသုံးပြုသူများ၏ ၉၀%သည် အသိဉာဏ်မြင့် ကိုယ်ပိုင်အထောက်အကူပြုမှုများ (intelligent personal assistants)ကို အသုံးပြုလာလိမ့်မည်ဟု GIV မှ ခန့်မှန်းထားပါသည်။

၎။ လိုအပ်ချက်နှင့်အညီစီမံဆောင်ရွက်ထားသော လမ်းများ။          ။အသိဉာဏ်မြင့်ပို့ဆောင်ရေးစနစ်များသည် လူများ၊ မော်တော်ယာဉ်များနှင့် အခြေခံအဆောက်အအုံများကို ဆက်သွယ်ပေးလာမည်ဖြစ်ပြီး ယာဉ်ပိတ်ဆို့မှု မရှိခြင်း၊ လျှင်မြန်သော အရေးပေါ်တုံ့ပြန်မှု နှင့် အခြားသော လုပ်ငန်းဆောင်တာများကို ဖန်တီး၍ လူမှုဘ၀များကို ပိုမိုချောမွေ့လာစေမည်ဖြစ်သည်။ မော်တော်ယာဉ် ၁၅% တွင် Cellular Vehicle-to-Everything နည်းပညာ ရှိလာလိမ့်မည်ဟု GIV က ခန့်မှန်းထားပါသည်။

၅။ စက်ရုပ်များဖြင့် အလုပ်လုပ်ခြင်း။        ။ စမတ်နည်းပညာသုံး အလိုလျောက်စက်ဖြင့်ဆောင်ရွက်မှုကို နယ်ပယ်အများစုတွင် ပြောင်းလဲအသုံးပြုလျှက်ရှိပြီး ဘေးအန္တရာယ်ပိုများသော အလုပ်တာဝန်များ၊ ထပ်တလဲလဲ  ဆောင်ရွက်ရသော အလုပ်တာဝန်များနှင့် တိတိကျကျဆောင်ရွက်ရသော အလုပ်တာဝန်များကို  ပို၍  ဆောင်ရွက်နိုင်စေခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်းအတွက် ကောင်းကျိုးတစ်ခု ပင် ဖြစ်သည်။ နယ်ပယ်တွင်း ဝန်ထမ်း ၁၀,၀၀၀ တိုင်းအတွက် စက်ရုပ် ၁၀၃ ရုပ်ရှိလာမည်ဟု GIV က ခန့်မှန်ထား သည်။

၆။ ပိုမိုကြီးထွားလာသော တီထွင်မှု။        ။ Cloud AI သည် သိပ္ပွံဆိုင်ရာ စူးစမ်းလေ့လာမှု၊ တီထွင်မှုနှင့် အနုပညာနယ်ပယ်များတွင် ကုန်ကျစရိတ်နှင့် အထားအဆီးများကို လျော့ချဆောင်ရွက်ပေးမည်ဖြစ်ပြီး အားလုံး ရရှိနိုင်မည့် ဆန်းသစ်သည့် အလားအလာကောင်းတစ်ခုကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။ ၉၇% သော ကုမ္ပဏီကြီး များသည် AI ကို အသုံးပြုလာလိမ့်မည်ဟု GIV မှ ခန့်မှန်းထားပါသည်။

၇။ ပဋိပက္ခကင်းရှင်းသော ဆက်သွယ်ရေး။ ။ AI နှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုများ (big data analytics) သည် ကုမ္ပဏီများနှင့် သုံးစွဲသူများကြား၊ ဘာသာစကားအခက်အခဲဖြစ်မှုများကြားတွင် ချောမွေ့လွယ်ကူသည့် ဆက်သွယ်ရေးကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။ တိကျမှု၊ နားလည်မှုနှင့် ယုံကြည်မှု တို့က အနာဂတ်ကာလ ဆက်သွယ်ရေး ကို ကျောထောက်နောက်ခံပြု ဆောင်ရွက်ပေးလိမ့်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့ထုတ်လုပ်  သော အချက်အလက်များ၏ ၈၆%ကို အပြည့်အ၀ အသုံးပြုလာလိမ့်မည်ဟု GIV မှ ခန့်မှန်ထားပါသည်။

၈။ သဟဇီဝ စီးပွားရေး။  ။ ကမ္ဘာပေါ်ရှိ ကုမ္ပဏီများသည် ဒစ်ဂျစ်တယ်နည်းပညာနှင့် စမတ်နည်းပညာ လုပ်ငန်းသုံးပရိုဂရမ်များကို ပေါင်းစည်းထားသည့်  ပလက်ဖောင်း များပေါ်တွင် အသုံးပြုလာကြသည်။  ထိုသို့ အသုံးပြုလာခြင်းသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကြီးမားလာခြင်း၊ အရင်းအမြစ်များ မျှဝေခြင်း၊ ပိုမိုခိုင်မာသည့် ကမ္ဘာ့ဂေဟစနစ်များနှင့် ထုတ်လုပ်နိုင်စွမ်းမြင့်မားမှု တို့ကို ဖော်ဆောင်ပေးသည်။ ကမ္ဘာပေါ်ရှိ ကုမ္ပဏီများ အားလုံးသည် cloud နည်းပညာကို အသုံးပြုလာကြမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာလျှောက်ထားမှု ၈၅% သည် cloud အပေါ်တွင် အခြေခံလာလိမ့်မည်ဟု GIV မှ ခန့်မှန်းထားပါသည်။

၉။ 5G လျှင်မြန်စွာ ပေါ်ပေါက်လာမှု။       ။ 5G နည်းပညာကို စတင်အသုံးပြုလာကြပြီး  5Gသည် ယခင်ကြိုးမဲ့ ဆက်သွယ်ရေးမျိုးဆက်ထက် ပိုမိုမြန်ဆန်သောကြောင့် လူတစ်ဦးတစ်ယောက်ချင်းစီအတွက်၊ စီးပွားရေး လုပ်ငန်းများအတွက်နှင့် လူ့အဖွဲ့အစည်းအတွက် ကြီးမားသော အလားအလာဖြစ်သည်။ ကမ္ဘာ့လူဦးရေ ၅၈% သည် 5G ကို အသုံးပြုလာလိမ့်မည်ဟု GIV ကခန့်မှန်းထားပါသည်။

၁၀။ ကမ္ဘာ့ ဒစ်ဂျစ်တယ်နည်းပညာ စီမံခန့်ခွဲမှု။      ။ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှုများကို မျှဝေထားသည့် အချက်အလက်စံနှုန်းများ၊ အချက်အလက်သုံးပြုမှုအခြေခံနည်းလမ်းများ တို့ဖြင့်  မျှတစေရန်   ဆောင်ရွက်ရမည်။ နှစ်စဉ် ကမ္ဘာပေါ်ရှိအချက်အလက် ပမာဏသည် ၁၈၀ ZB (၁ ZB = ၁ trillion GB) အထိ မြင့်တက်လာ လိမ့်မည်ဟု  GIV မှ ခန့်မှန်းထားပါသည်။ 

Huawei ICT Infrastructure ၏ CMO ဖြစ်သူ Kevin Zhang က “လူသားတွေရဲ့ စူးစမ်းရှာဖွေမှုက ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြင်နိုင်တာထက်ကို ပိုပြီးမြင်နိုင်ရမယ်၊ ဆန်းသစ်မှုကနေ တီထွင်မှုကို  ပြောင်းလဲနေတဲ့ အနာဂတ်ကို ကြည့်ရမယ်။ နယ်ပယ်တိုင်းမှာ AI ၊ 5G ၊ cloud computing နဲ့ အခြား ပေါ်ပေါက်လာတဲ့ နည်းပညာတွေကို အသုံးပြုလာကြတဲ့အတွက် လူနေမှုဘ၀တွေ၊ အလုပ်အကိုင်တွေ၊ လူ့အဖွဲ့အစည်းတွေ လျှင်လျှင်မြန်မြန် ပြောင်းလဲနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။ Huawei ဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ တည်ဆောက်ဖို့၊ အသုံးပြုသူတွေအတွက် အတွေ့အကြုံကောင်းတွေ  ပေးအပ်နိုင်ဖို့နဲ့  ဘယ်လိုအခြေအနေမှာမဆို ဆက်သွယ်ဆောင်ရွက်ပေးနိုင်မယ့် အသိဉာဏ်မြင့် နည်းပညာ ကိုတည်ဆောက်ဖို့ ကတိက၀တ်ပြုထားပါတယ်။ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းကို အသိဉာဏ်မြင့် အနာဂတ်နဲ့ တိုးတက်ဖို့အတွက် အခွင့်အရေးသစ်စတဲ့ အကျိုးရလဒ်တွေကို ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော ပထမ အစီရင်ခံစာနှင့်အတူ GIV@2025 သည် နယ်ပယ်တွင်းတိုးတက်မှု အလားအလာများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ICT တိုးတက်မှုအတွက် မဟာဗျူဟာ လမ်းညွှန်တစ်ခုအဖြစ်  ဆောင်ရွက်ပေးရန်အတွက် ရေးဆွဲထားခြင်းဖြစ်သည်။

GIV@2025 အကြောင်းပိုမိုသိရှိရန်အတွက် www.huawei.com/minisite/giv/en တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါ သည်။