ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei Internship အစီအစဉ်ကို လာရောက်လျှောက်ထားသည့် နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူ များပြား

2019.03.11

Read English Version

[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်] – ယခုနှစ်တွင် Huawei Myanmar ၏ Internship အစီအစဉ်ကို လာရောက်လျှောက်ထားသည့် နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ပိုမိုများပြားခဲ့သည်။ Huawei Myanmar ၏ Internship အစီအစဉ်သည် နှစ်စဉ်ခေါ်ယူနေကြဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များနှင့် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအနေဖြင့် ကမ္ဘာ့ထိပ်တန်း ICT နည်းပညာကုမ္ပဏီကြီး တွင် တန်ဖိုးရှိသော လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်သည်။  

Huawei Myanmar ၏ အလုပ်သင်ခေါ်ယူခြင်းဆိုင်ရာ Internship အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ICT ကဏ္ဍကို အထောက်အကူပြုနိုင်ရေးအတွက် နည်းပညာဆိုင်ရာ လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုနှစ်တွင် Huawei Myanmar တွင် အလုပ်သင် ၀င်ရောက်ရန် လာရောက်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၄၀ ဦးရှိပြီး၊ ရန်ကုန်မြို့ရှိ Huawei Myanmar ရုံးချုပ်တွင် အလုပ်သင်ခန့်အပ်ရန် ယခုသီတင်းပတ်အတွင်း စတင်ရွေးချယ် နေပြီဖြစ်သည်။

အင်တာဗျူးဖြေဆိုရန် စောင့်ဆိုင်းနေသော ကျောင်းသားကျောင်းသူများ

အဆိုပါ အလုပ်သင်ခေါ်ယူခြင်းအစီအစဉ်ကို Huawei Myanmar က သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ နိုင်ငံခြား ဘာသာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အချိန် ၃ လမှ ၆ လအထိကြာမြင့်မည့် အလုပ် သင်ကာလအတွက် ကျောင်းသားကျောင်းသူ ၆၅ ယောက်ကို ရွေးချယ်သွားမည်ဖြစ်ပြီး၊ အလုပ်သင်ကာလပြီးမြောက်ပါ က ကျောင်းသားကျောင်းသူ ၂၀ ဦးကို Huawei Myanmar ၀န်ထမ်းအဖြစ် ခန့်အပ်သွားမည်ဖြစ်သည်။

Huawei Myanmar တွင် အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ရန် လာရောက်လျှောက်ထားသည့် ကျောင်းသား ကျောင်းသူများအနက် နည်းပညာတက္ကသိုလ် (မှော်ဘီ)မှ မနှင်းအိခိုင်လည်း အပါအ၀င်ဖြစ်သည်။ “အလုပ်သင်အဖြစ် လာရောက်လျှောက်ထားရတဲ့အကြောင်းကတော့ Huawei ကုမ္ပဏီဟာ နိုင်ငံတကာကုမ္ပဏီကြီးဖြစ်တဲ့အတွက် အတွေ့ အကြုံတွေ အများကြီးရမယ်လို့ မျှော်လင့်ထားပါတယ်။ အလုပ်သင်ဆင်းပြီးသွားရင်လည်း Huawei ကုမ္ပဏီမှာပဲ အလုပ် ဆက်လုပ်ချင်ပါတယ်။ Huawei အကြောင်း အစကသိပ်မသိခဲ့ဘူး။ ဒီရောက်မှပဲ အရမ်းအထင်ကြီးစရာ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုဆိုတာ သိရတယ်။ Huawei မှာ အလုပ်လုပ်ချင်တယ်”ဟု မနှင်းအိခိုင်ကပြောသည်။

မနှင်းအိခိုင်

မထက်ဝေေ၀ဖူးသည်လည်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်တွင် Huawei Internship အစီအစဉ်ကိုလာရောက်လျှောက်ထားပြီး အရွေးချယ်ခံခဲ့ရသူဖြစ်သည်။ မထက်ဝေေ၀ဖူးသည် လက်ရှိတွင် Networking Design အင်ဂျင်နီယာတစ်ယောက်အဖြစ် Huawei Myanmar တွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။ “ပြီးခဲ့တဲ့နှစ်က Internship လာလျှောက်တယ်၊ အဲဒါပြီးတော့ Huawei မှာ အလုပ်ရတယ်။ ဒီမှာ အလုပ်လုပ်ရတာ ပျော် တယ်။ လုပ်ငန်းခွင်ဝန်းကျင် ကောင်းသလို အစစ အရာရာ ကောင်းကောင်းလည်း ထောက်ပံ့ဖြည့်ဆည်းပေးထားတယ်။ Huawei မှာ ကျွန်မရဲ့အနာဂတ် တောက်ပလာမယ်လို့ မြင်မိတယ်။ အနာဂတ်မှာ Product မန်နေဂျာတစ်ယောက် ဖြစ် ချင်ပါတယ်” ဟု မထက်ဝေေ၀ဖူးက ပြောသည်။


မထက်ဝေဝေဖူး

Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Zhang Liman က ပြောကြားသည်မှာ “ထူးချွန်ထက် မြက်သူမရှိရင် အနာဂတ်ဆိုတာလည်း မရှိပါဘူး။ လူငယ်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ။ ICT ကဏ္ဍမှာ မြန်မာနိုင်ငံ သားတွေရဲ့ နည်းပညာကျွမ်းကျင်တက်မြောက်မှုကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ Huawei ကုမ္ပဏီက ကတိပြုထား ပါတယ်။ ICT နည်းပညာထူးချွန်သူတွေ မွေးထုတ်ပေးနိုင်ဖို့ ‘ICT Talent Development’ ဆိုတဲ့ တာဝန်သိလူမှုရေး လုပ်ငန်းစဉ် (CSR) တစ်ခုကို ၂၀၁၃ ခုနှစ်ကတည်းက ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်ခုကိုလည်း ပြီးခဲ့တဲ့နှစ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာသင်ကြားရေး မပြီးဆုံးခင် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံနဲ့ နည်းပညာဗဟုသုတတွေ ပေးနိုင်ဖို့ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။”