Huawei မှ တွက်ချက်ခြင်းဆိုင်ရာ(computing) မဟာဗျူဟာ ကို ထုတ်ပြန်ကြေညာခြင်းနှင့်အတူ ကမ္ဘာ့အမြန်ဆုံး AI လေ့ကျင့်သင်ကြားခြင်းစနစ် Atlas 900 ကို မိတ်ဆက်
[ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနစ် စက်တင်ဘာ ၁၉ ရက်] - Huawei က တွက်ချက်ခြင်းဆိုင်ရာ(computing) မဟာဗျူဟာ နှင့် ကမ္ဘာ့ အမြန်ဆုံး AI လေ့ကျင့်သင်ကြားခြင်းစနစ် Atlas 900 ကို HUAWEI CONNECT 2019 တွင် မိတ်ဆက်ခဲ့သည်။ AI computing ၏ စွမ်းအားအပေါင်းအစု ဖြစ်သော Atlas 900 က သိပ္ပံဆိုင်ရာ သုတေသနနှင့် စီးပွားရေးဆိုင်ရာ ဆန်းသစ် ထွင်မှုစသည့် မတူညီသောနယ်ပယ်များတွင် လုပ်ငန်းအသင့်ဆောင်ရွက်နိုင်သည့် AI ကို ရရှိစေရန် ကူညီပေးမည် ဖြစ်သည်။
HUAWEI CONNECT 2019 တွင် Huawei ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Ken Hu က “တွက်ချက်ခြင်းနည်းပညာ(computing)ရဲ့ အနာဂတ်ဟာ အမေရိကန် ဒေါ်လာ ၂ ထရီလျံကျော်တန်ဖိုးရှိတဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။ အဓိကနယ်ပယ် (၄) ခုကို ဦးတည်သွားတဲ့ နည်းဗျူဟာနဲ့ ကျွန်တော်တို့ ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာပါ။ ကျွန်တော်တို့က ဒီဇိုင်းဖန်တီးမှု တွေမှာ တွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားဖို့၊ အခြေအနေတိုင်းမှာ အသုံးပြုနိုင်တဲ့ processor တွေ ထုတ်လုပ်ရာမှာ ရင်းနှီးမြှုပ်နှံဖို့၊ စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေကို ဖယ်ရှားပေးဖို့နဲ့ ပွင့်လင်း မြင်သာပြီး အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ ဂေဟစနစ်တစ်ခု ဖန်တီးတည်ဆောက်ပေးဖို့တွေကို ဆက်လက်ဆောင် ရွက်သွားမှာပါ” ဟု ၎င်း၏ အမှာစကားတွင် Huawei ၏ တွက်ချက်ခြင်းဆိုင်ရာ(computing) မဟာဗျူဟာ အကြောင်းကို အဓိက အလေးထား ပြောကြားခဲ့သည်။
Huawei ၏ တွက်ချက်ခြင်းဆိုင်ရာ (computing) မဟာဗျူဟာ
တွက်ချက်ခြင်း(computing)လုပ်ငန်းစဉ်အား နည်းပညာနယ်ပယ်၏ ချည်းကပ်မှုသည် machine learning ၏ အခြေခံများ ဖြစ်ကြ သည့် စည်းမျဉ်းပေါ်အခြေခံသောပုံစံမှ ကိန်းဂဏန်းပေါ်အခြေခံသောပုံစံများအဖြစ် တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲ လာခဲ့သည်။ လာမည့် နောင် (၅) နှစ်တွင် ကိန်းဂဏန်းပေါ်အခြေခံသည့်စနစ်ကို လူသုံးများလာမည်ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းတွင် အသုံးပြုနေသော computing power ၏ ၈၀% ကျော်သည် AI computing ကို အသုံးပြုလာကြမည်ဟု Huawei မှ ခန့်မှန်းထားသည်။
အဆိုပါဈေးကွက်တွင် နေရာတစ်နေရာ ရရှိရန်အတွက် Huawei ၏ မဟာဗျူဟာက အဓိကနယ်ပယ် (၄) ခု ကို ဦးတည်ထားသည်။
- ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်ဆောင်ရွက်နိုင်သော ဂေဟစနစ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း ။ ။ လာမည့် (၅) နှစ်တွင် Huawei က ၎င်း၏ developer များအတွက် စီမံချက်တွင် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီလျံ ထပ်မံ ရင်းနှီးမြှပ်နှံသွားမည်ဖြစ်သည်။ အဆိုပါစီမံချက်သည် developer ဦးရေ ၅သန်းကို အထောက်အပံ့ပေးရန် နှင့် ကမ္ဘာအရပ်ရပ်မှ Huawei ၏ မိတ်ဖက်များအနေဖြင့် အသိဥာဏ်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်သော မျိုးဆက်သစ် app များနှင့် solution အသစ်များကို ဖန်တီးနိုင်ကြရန် ရည်ရွယ်သည်။
- ဆန်းသစ်သော ဒီဇိုင်းဖန်တီးမှု။ ။ ကုန်ကျစရိတ်သက်သာပြီး တည်ငြိမ်များပြားသည့် တွက်ချက်မှုစွမ်းအင်များ ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် ဆန်းသစ်စွာဒီဇိုင်းဖန်တီးပြုလုပ်ထားသည့် processor ဖြစ်သော Da Vinci architecture ကို ပြီးခဲ့သည့်နှစ်တွင် Huawei မှ မိတ်ဆက်ပေးခဲ့သည်။ အခြေခံသုတေသနများတွင်လည်း Huawei က ဆက်လက်ရင်းနှီးမြှပ်နှံသွားမည်ဖြစ်သည်။
- အခြေအနေအရပ်ရပ်တိုင်းတွင် အသုံးပြုနိုင်သော processors များ ဖန်တီးထုတ်လုပ်ရာတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ၊ Huawei တွင် processor အမျိုးအစားစုံလင်စွာ ရှိသည်။ ၎င်းတို့မှာ အထွေထွေတွက်ချက်မှုအတွက် ရည်ရွယ် သော Kunpeng processor များ၊ AI အတွက် Ascend processor များ၊ ခေတ်မီစမတ်စက်ပစ္စည်းများအတွက် Kirin processor များ နှင့် smart screen များ အတွက် Honghu processor များဖြစ်ကြသည်။
- စီးပွားရေးလုပ်ငန်းများအတွက် အတားအဆီးများကို ဖယ်ရှားပေးခြင်း။ ။ Huawei သည် ၎င်း၏ ကိုယ်ပိုင် processor များကို တိုက်ရိုက် ရောင်းချသွားမည်မဟုတ်ဘဲ Huawei ၏ ဝန်ဆောင်မှုသုံးစွဲသူများအတွက် cloud ဝန်ဆောင်မှုအသွင်ဖြင့်လည်းကောင်း၊ မိတ်ဖက်များအတွက် ဝန်ဆောင်မှုအစိတ်အပိုင်းအဖြစ်လည်းကောင်း ပံ့ပိုးသွားမည်ဖြစ်ကာ ပေါင်းစပ် solutions များအတွက် ဦးစားပေးပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကမ္ဘာ့အမြန်ဆုံး AI လေ့ကျင့်သင်ကြားခြင်းစနစ် Atlas 900
လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း အခိုင်အမာ တည်ဆောက်ထားသော Huawei ၏ နည်းပညာပိုင်းဆိုင်ရာ အားသာချက်များပေါ် အခြေခံကာ ဖန်တီးထားသည့် Atlas 900 တွင် ထောင်ပေါင်းများစွာသော Ascend processor များ၏ စွမ်းဆောင်ရည်များ ပေါင်းစည်းထားသည့် စွမ်းရည်ရှိသည်။ Atlas 900 သည် ResNet-50 ကို လေ့ကျင့် သင်ကြားပေးရန် ၅၉.၈ စက္ကန့်သာကြာမြင့်ပြီး AI လေ့ကျင့်သင်ကြားပေးသည့် လုပ်ဆောင်ချက်ကို တိုင်းတာရာတွင် ထိပ်ဆုံးရွှေအဆင့်ဖြစ်သည်။ ထိုကြာချိန်သည် ပြီးခဲ့သည့် ကမ္ဘာစံချိန်ထက် ၁၀ စက္ကန့် ပိုမိုမြန်ဆန်သည်။
Atlas 900 သည် AI တွက်ချက်ခြင်းစွမ်းအင်အပေါင်းအစုဖြစ်ပြီး သိပ္ပံသုတေသနနှင့် စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်လာမှုတို့၏ မတူညီသည့် နယ်ပယ်များဖြစ်သော - နက္ခတ္တဗေဒမှစ၍ ရာသီဥတုကြိုတင်ခန့်မှန်းခြင်း လုပ်ဆောင်ချက်များ၊ အလိုအလျောက်မောင်းနှင်ခြင်း နှင့် ရေနံရှာဖွေခြင်း စသော အရာအားလုံးအတွက် ဖြစ်နိုင်ချေ အသစ်များကို ယူဆောင်လာမည်ဖြစ်သည်။ မတူညီသောနယ်ပယ်အသီးသီးရှိ သုံးစွဲသူများအတွက် တမူထူးခြားသော တွက်ချက်မှုစွမ်းရည်ကို ပိုမိုပြီးကျယ်ကျယ်ပြန့်ပြန့် ရရှိအသုံးပြုနိုင်ရန်အတွက် Huawei က Atlas 900 ကို ဝန်ဆောင်မှု အပေါင်းအစုပုံစံဖြင့် Huawei Cloud ပေါ်တွင် ဖြန့်ကျက်ထားရှိသည်။ Huawei သည် ထိုကဲ့သို့သော ဝန်ဆောင်မှုများကို ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များနှင့် သိပ္ပံသုတေသနများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့များအတွက် အလွန်ချိုသာ သော ဈေးနှုန်း သတ်မှတ်ကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။
Chinese Academy of Engineering ၏ အဖွဲ့ဝင် နှင့် Peng Cheng Lab ၏ ဒါရိုက်တာဖြစ်သူ Mr. Gao Wen သည် လည်း ယခုနှစ် အခမ်းအနားတွင် အမှာစကားပြောကြားခဲ့သည်။ Peng Cheng Lab ၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ exascale တွက်ချက်မှုဆောင်ရွက်နိုင်မည့်အပြင် တရုတ်နိုင်ငံ၏ ပထမဆုံးဖြစ်လာ မည့် အဆင့်ဆင့်တိုးတက်ပြောင်းလဲနိုင်သော အလွန်စွမ်းရည်မြင့် AI တွက်ချက်မှုစနစ်ကို တည်ဆောက်ရန် Huawei နှင့် မည်သို့ လက်တွဲလုပ်ဆောင်သွားမည်ဆိုသည့် အကြောင်းအရာများကို Mr. Gao Wen မှ ပြောကြားခဲ့သည်။ နှစ်ဖက် ကုမ္ပဏီများသည် AI အခြေခံ လေ့လာစမ်းသပ်မှု နှင့် တီထွင်ဆန်းသစ်မှု၏ မျိုးဆက်သစ် platform များပေါ်ပေါက်လာ ရန်အတွက် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။
Huawei Cloud BU ၏ ဥက္ကဌဖြစ်သူ Mr. Zheng Yelai သည် မတူညီသောအခြေအနေများ၌ AI ကို မည်သို့ ထည့်သွင်း အသုံးပြုသွားမည်ဆိုသည့်အကြောင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။ Mr. Zheng က နယ်ပယ် (၁၀) ခုကျော်တွင် စီမံကိန်းပေါင်း (၅၀၀) ကျော် ဆောင်ရွက်ရာမှ ရရှိလာသော Huawei ၏ အတွေ့အကြုံများအပေါ် အခြေခံကာ AI မှ စီးပွားရေးဝဲဂဟက်ကို ကျော်ဖြတ်ကာ ကုပ္မဏီများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို တွန်းအားပေးလာသည့် အဓိကအချက်ဖြစ်လာခြင်းကို ထောက်ပြခဲ့သည်။
“ဒီခေတ်ဟာ စူးစမ်းရှာဖွေခြင်းရဲ့ ခေတ်သစ် ဖြစ်ပါတယ်။ အတားအဆီးမရှိတဲ့ အလားအလာအများကြီးက စောင့်ကြို နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးတည်းဆိုရင် မဖြစ်နိုင်ပါဘူး။ တစ်ယောက်အားနဲ့ယူသော်မရ တစ်သောင်းအားနဲ့ ယူသော် ရ၏ ဆိုသလို အားလုံးအတူ ပူးပေါင်းပြီး သမိုင်းတွင်မယ့်အခွင့်အရေးကို အရယူရင်း အဆင့်မြင့်အသိဥာဏ်စနစ်ကို ပိုပြီး တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဟု Mr. Ken Hu က နိဂုံးချုပ် ပြောကြားခဲ့သည်။
HUAWEI CONNECT 2019 သည် နိုင်ငံတကာ ICT နယ်ပယ်အတွက် Huawei က နှစ်စဉ် ဦးစီးကျင်းပနေသော နည်းပညာမြင့် အခမ်းအနားတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနစ် စက်တင်ဘာလ ၁၈ ရက် မှ ၂၀ ရက်နေ့ အထိ ရှန်ဟိုင်းတွင် ကျင်းပခဲ့သည်။ ယခုနှစ်၏ ပွဲအခင်းအကျင်းပုံစံသည် "Advance Intelligence" ဖြစ်ပြီး အသိဥာဏ်ရှိလာမည့် အနာဂတ်တွင် Huawei ၏ သုံးစွဲသူများ နှင့် မိတ်ဖက်များအနေဖြင့် အသစ်သစ်သော အခွင့်အလမ်းများ ရှာဖွေတွေ့ရှိ စေရေးအတွက် ပွင့်လင်းမြင်သာပြီး အားလုံးပူးပေါင်းပါဝင်မျှဝေနိုင်သည့် platform တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထား သည်။