ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

အရှေ့တောင်အာရှဒေသအတွင်း Huawei ကုမ္ပဏီ၏ ၀ယ်ယူရေးအသုံးစရိတ်မှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀၈ သန်းတန်ဖိုးရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၆၅၂ သန်းအထိ မျှော်မှန်းထား

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Huawei SEA အဓိကမိတ်ဖက်များတွေ့ဆုံပွဲသို့ အရှေ့တောင်အာရှဒေသတွင်း ဈေးကွက်နေရာ ၁၀ ခုမှ မိတ်ဖက်လုပ်ငန်းပေါင်း ၁၉၀၀ ကျော်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့။
2019.03.14

Read English Version 

[ဘန်ကောက်၊ ထိုင်း၊ ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်] -  ကမ္ဘာ့ထိပ်တန်း ICT ဆိုင်ရာအခြေခံအဆောက်အအုံနှင့် Smart Devices ထုတ်လုပ်ဖြန့်ဖြူးသူဖြစ်သည့် Huawei က အရှေ့တောင်အာရှဒေသ အဓိကမိတ်ဖက်များတွေ့ဆုံပွဲကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဘန်ကောက်မြို့ရှိ The Conrad ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ပစ္စည်းဝယ်ယူရေး အသုံးစရိတ်ရလဒ် ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် Huawei ရုံးခွဲများနှင့် ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများမှ ရရှိသည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင်း ၀ယ်ယူရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၆၀၈ သန်းရှိခဲ့ပြီး၊ ၁၉၆ ဒသမ ၃ သန်းဖြင့် ထိုင်းနိုင်ငံက ပထမနေရာတွင် ဦးဆောင်နေပြီး၊ ဒုတိယနေရာတွင် ၁၄၆ သန်းဖြင့် အိန္ဒိယ၊ ၁၀၅ ဒသမ ၃ သန်းဖြင့် ဟောင်ကောင်က တတိယနေရာတွင် ရှိနေသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒေသတွင်း ၀ယ်ယူရေးအသုံးစရိတ် စုစုပေါင်းမှာ ဒေါ်လာ ၂ ဒသမ ၀၉ ဘီလျံဖြစ်သည်။

 မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ပစ္စည်းဝယ်ယူရေးအသုံးစရိတ် ၆၀ ဒသမ ၈ သန်းတန်ဖိုးရှိခဲ့ပြီး၊ အိမ်နီးချင်းနိုင်ငံများဖြစ် သည့် ဘင်္ဂလားဒေ့ရှ်က ၂၉ ဒသမ ၃ သန်း၊ ဗီယက်နမ် ၁၅ ဒသမ ၈ သန်း၊ ကမ္ဘောဒီးယား ၆ ဒသမ ၁ သန်းတို့ကို ကျော်တက်နိုင် ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း ၀ယ်ယူရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၆၅၂ သန်းအထိ  တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။

“အောင်မြင်မှုများဝေမျှရန်  ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ လွတ်လပ်စွာ ဆောင်ရွက်ခြင်း” စသည့် ခေါင်းစဉ် များဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါမိတ်ဖက်များတွေ့ဆုံပွဲတွင် အထက်ပါ ကိန်းဂဏန်းအချက်အလက်များကို ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါပွဲသို့ အရှေ့တောင်အာရှဒေသတွင်းရှိ ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အင်ဂျင်နီယာ    လုပ်ငန်း ဝန်ဆောင်မှု၊   လုပ်ငန်းစုကွန်ရက်များ၊ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများနှင့် အခြားသော နယ်ပယ်များမှ      ‌ထောက်ပံ့ရေး ကုမ္ပဏီပေါင်း ၁၉၀၀ ကျော်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့သည်။



အဆိုပါတွေ့ဆုံပွဲတွင် Huawei SEA ဥက္ကဌ Mr. James Wu ၏ အဖွင့်အမှာစကားပြောကြားပြီး၊ Huawei ၏ စီးပွားရေးလုပ်ငန်း များအကြောင်းမိတ်ဆက်ခြင်း၊ အရှေ့တောင်အာရှဒေသအတွင်း ၀ယ်ယူသုံးစွဲမှုနှုန်းဆိုင်ရာအခြေအနေများကို တင်ပြခဲ့သည်။ Huawei ၏ မဟာဗျူဟာမိတ်ဖက်များဖြစ်ကြသည့် ထိုင်းနိုင်ငံမှ Turnkey Communications Services (TKC) နှင့် Cummins DKSH တို့ကလည်း ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှခဲ့သည်။ တက်ရောက်လာသည့် ကုမ္ပဏီများ၏ ထူးချွန်ပြောင်မြောက် သည့် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက်    စီမံမှုဝယ်ယူခြင်း၊ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများဝယ်ယူခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်းကဏ္ဍများတွင် ဆုများစွာ ပေးအပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ Huawei မိတ်ဖက်ကုမ္ပဏီများလည်း တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ABC Telecom ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ ဒေါ်ဖြူဖြူဝင်းက “Huawei နဲ့ တွဲလုပ်နေတာကြာပါပြီ။ Huawei ဆီကနေ ပညာတွေလည်း အများကြီးရပါတယ်။ အလုပ်တွေလည်း ရပါတယ်။ Huawei က ကျွန်မတို့ကို အမြဲသင်ပြီးတော့ သွားပါတယ်။ လက်တွဲခေါ်ပါတယ်။ နှစ်ဖက်စလုံး အဆင်ပြေအောင်လည်း အမြဲတမ်း စဉ်းစားပေးပါတယ်။ အရမ်းကောင်းတဲ့ Vendor တစ်ခု ပါ။ အခုလက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ Elite Tech Manufacturing ကုမ္ပဏီ၏ CEO ဖြစ်သူ ဦးချမ်းငြိမ်းဇော်ကလည်း “Huawei နဲ့က ကျွန်တော်တို့ ၂၀၀၉ ခုနှစ်မတိုင်ခင်ကတည်းက အတူတူလက်တွဲလုပ်ခဲ့တာပါ။ ဒီနေ့ဒီအချိန်ထိလည်း Huawei နဲ့ အတူတူတွဲလုပ်နေတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ နှစ်ဖက်စလုံးအကျိုးရှိအောင် win-win situation ဖြစ်အောင်လည်း ကြိုးစားလုပ်နေပါ တယ်ခင်ဗျ။” ဟု ပြောသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း Huawei က မိတ်ဖက်ပေါင်း ၁၉၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၎င်း၏ ထောက်ပံ့    ရေးကုမ္ပဏီ များတွင် အလုပ်အကိုင်နေရာပေါင်း၄၅,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့သည်။ ဒေသတွင်းရှိ  ဆက်သွယ်ရေးအင်ဂျင်နီယာပေါင်း ၁၂၅,၀၀၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့ပြီး အင်ဂျင်နီယာပေါင်း ၉၈,၀၀၀ ကျော်ကိုအသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှု လက်မှတ်များ ထုတ်ပေးနိုင်ခဲ့သည်။ Huawei က မိတ်ဖက်များအတွက် အရည်အသွေးစစ်ဆေးရေးစနစ်ပေါင်း ၃၀၀ ကျော်ကို ဆောင်ရွက်ပေးခဲ့ကာ ကုမ္ပဏီပေါင်း ၁၃၀ ကျော်ကို ISO သို့မဟုတ် အခြားသက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်များ ရရှိစေရန် ကူညီပေးခဲ့သည်။

 “အရှေ့တောင်အာရှဟာ တဖြည်းဖြည်းပိုပြီးကျယ်ပြန့်လာတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး စီးပွားရေးနဲ့ ဆန်းသစ်တီထွင်ရေးကို ပေါင်းကူးပေးတဲ့ စွမ်းအားမြင့်အင်ဂျင်တစ်ခုလည်း ဖြစ်ပါတယ်။ Huawei နဲ့ ဒေသတွင်းမိတ်ဖက်တွေက   တစ်ဦးနဲ့တစ်ဦး လိုအပ် တာတွေကို တက်တက်ကြွကြွ အပြန်အလှန် ဖြည့်ဆည်းပေးနေကြပါတယ်။ တန်ဖိုးမြင့်မားလာအောင် လုပ်ဆောင်ပြီး နယ်ပယ် တစ်ခုလုံးကို မျှဝေဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါပဲ။ ပြိုင်ဆိုင်မှုတွေတိုးတက်မြင့်မားလာဖို့ ကျွန်တော်တို့မှာရှိနေတဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းရည်ရင်းမြစ်တွေကို ပူးပေါင်းပြီး အရည်အသွေးမြင့် ရင်းမြစ်ပေါင်းချုပ်တစ်ခုကို ဖန်တီးသင့်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက်က တစ်ခုတည်းပါ။ အပြည့်အဝချိတ်ဆက်နိုင်ပြီး အသိဥာဏ်မြင့်မားတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးဖို့ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းအတွက် ဒစ်ဂျစ်တယ်ကိုဆောင်ယူလာပေးဖို့ပါပဲ။ ဒီရည်မှန်းချက်ကို အကောင်

အထည်ဖော်ဖို့အတွက် Huawei က မိတ်ဖက်တွေအားလုံးနဲ့ ပူးပေါင်းပြီး လွတ်လပ်ခြင်း၊ ကွဲပြားခြင်းနဲ့ ပူးပေါင်းစွမ်းအင်တို့ကို တွန်းအားပေးမယ့် ဂေဟစနစ်တစ်ခု တည်ဆောက်သွားလိုပါတယ်။” ဟု Mr. James Wu က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်သည် 5G နှစ် ပင်ဖြစ်သည်။ နိုင်ငံအတွက် အရေးပါဆုံးသော ICT အခြေခံအဆောက်အအုံဖြစ်သည်နှင့်အညီ 5G သည် အရှေ့တောင်အာရှဒေသအတွက် ၁.၂ ထရီလီယံ ဒေါ်လာတန်ဖိုးရှိနယ်ပယ်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ယူလာပေးမည်ဖြစ်သည်။ ဒေသတွင်းရှိ 5G အသုံးပြုသူအရေအတွက်သည် ၈၀ မီလီယံအထိရှိလာမည်ဖြစ်ပြီး အင်တာနက်လမ်းကြောင်းများသည်လည်း ၅ ဆ အထိမြင့်တက်လာမည်ဖြစ်သည်။ Smart cities ၂၀ ထွက်ပေါ်လာမည်ဖြစ်ပြီး ကြိုးမဲ့၊ ဒစ်ဂျစ်တယ်နှင့် အခြေအနေအပေါ်မူတည်ကာ အလိုအလျောက်အကောင်းဆုံးဆောင်ရွက်ပေးနိုင်သည့် စက်ပစ္စည်းများ က လူမှုထုတ်လုပ်မှုကို ပျမ်းမျှ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ မြင့်မားလာစေမည်ဖြစ်သည်။

“5G ကဏ္ဍမှာ ကမ္ဘာ့ဦးဆောင်ဖြစ်တဲ့ Huawei နဲ့ ပူးပေါင်းဆောင်ရွက်တာက နောက်ထပ်ပန်းတိုင်တစ်ခုကို ရောက်ဖို့ ပထမဆုံး ထွက်တဲ့ ကားကို စီးတာနဲ့ သဘောတရားချင်းတူပါတယ်။ Huawei က အရှေ့တောင်အာရှမှာ နှစ်ပေါင်း   ၂၀ ကျော် လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ကျွန်တော်တို့မိတ်ဖက်တွေရဲ့ အံ့အားသင့်စရာကောင်းလောက်တဲ့  အထောက်အပံ့တွေကြောင့် ကျွန်တော်တို့ မှာဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်လို့ အနှုတ်သဘောဆောင်တဲ့ မှတ်တမ်းမှတ်ရာတစ်ခုမှမရှိထားပါဘူး။ သူတို့ကြောင့်ပဲ Huawei က စိတ်ချယုံကြည်ရပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်တဲ့ မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ် ပါတယ်လို့ ကမ္ဘာကို ပြောနိုင်ခဲ့တာပါ”   လို့ Mr. James Wu က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။