ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ၏ “Seeds For The Future” ပညာသင်ဆုဒုတိယအသုတ်ရွေးချယ်စေလွှတ်ခြင်းစတင်

Huawei သည် တရုတ်ပြည်နှစ်ပတ်ကြာသင်ကြားရေးခရီးစဉ်အတွက် ရန်ကုန်နှင့်မန္တလေးတိုင်းတို့ရှိ နည်းပညာတက္ကသိုလ်များမှထူးချွန်ကျောင်းသား(၁၀)ဦးအား ရွေးချယ်ခဲ့
2018.04.06

ရန်ကုန်၊ မြန်မာ [၆ ဧပြီ ၂၀၁၈]: မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်ကစတင်ခဲ့သည့် Huawei Seeds for the Future အစီအစဉ်၏ ဒုတိယအကြိမ်မြောက်အဖြစ် Huawei နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ ရန်ကုန်နှင့်မန္တလေးတိုင်းတို့ရှိ ကွန်ပြူတာနှင့်နည်းပညာတက္ကသိုလ်များမှ ထိပ်တန်းကျောင်းသား(၁၀)ဦးကိုရွေးချယ်ပြီး တရုတ်နိုင်ငံသို့ နှစ်ပတ်ကြာလေ့လာသင်ကြားရေးစေလွှတ်မည့် အစီအစဉ်ကို Huawei Myanamr ရုံးချုပ်တွင် ဧပြီ (၆)ရက်က မိတ်ဆက်ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ကျွန်တော်ဒီနေရာမှာပဲ မနှစ်တုန်းက ပထမဆုံးကျောင်းသားအသုတ်ကိုစေလွှတ်တဲ့ပွဲတက်ခဲ့တာကိုအမှတ်ရဆဲပါ။  အဲ့ဒီကျောင်းသား(၁၀)ယောက်ဟာ သူတို့ရဲ့ အသက်မွေးပညာအတွက်အလွန်အကျိုးဖြစ်ထွန်းစေတဲ့ သူတို့ပညာသင်ခရီးစဉ်ကိုအောင်အောင်မြင်မြင်ပြီးဆုံးစေခဲ့တာမြင်ရတာအရမ်းဝမ်းမြောက်မိပါတယ်။ သူတို့ထဲက (၂)ယောက်ကတော့ ကျောင်းပြီးချိန်မှာ Huawei မှာအလုပ်ဝင်နေပါပြီ။ ဒီနှစ်မှာလည်း ဒီအဓိပ္ပါယ်ပြည့်ဝလှတဲ့အစီအစဉ်ကိုဆက်လက်ဖော်ဆောင်ပြီး ထူးချွန်လူငယ်တွေကိုဆက်ပြီးအခွင့်အရေး ပေးသွားချင်ပါတယ်။ ICT စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သစ်နဲ့အတူ မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍဖွံ့ဖြိုးရေးအတွက် အိုင်စီတီကျွမ်းကျင်လူငယ်တွေပိုမိုပြုစုပျိုးထောင်ပေးသွားဖို့ Huawei က ကတိပြုပါတယ်။ “ ဟု Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Zhang Liman ကပြောကြားခဲ့သည်။

Mr. Zhang Liman၊ အမှုဆောင်အရာရှိချုပ်၊ Huawei Myanmar

ဓာတ်ပုံ - Mr. Zhang Liman၊ အမှုဆောင်အရာရှိချုပ်၊ Huawei Myanmar

Huawei Myanmar ၏ Seeds For The Future 2018 ဒုတိယအသုတ်စေလွှတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အထူးသံတမန် Mrs. Li Xiaoyan လည်းတက်ရောက်ခဲ့ပြီး “အနာဂတ်မျိုးစေ့များ ဆိုတာ Huawei ကုမ္ပဏီမှ လူမူရေးတာဝန် ကျေပွန်စွာဖြင့် တစ်ကမ္ဘာလုံးမှာ ဖော်ဆောင်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ မနှစ်က ဒီစီမံကိန်းကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖော်ဆောင်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက်အားပေးမှုကြောင့် ဒုတိယအကြိမ် အနာဂတ်မျိုးစေ့များ ကျောင်းသားကိုယ်စားလှယ်တွေ ရွေးချယ်ခြင်းပြီးမြောက်ခဲ့ပါပြီ။ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံရာမှာ ပြည်သူချင်း ချစ်ခင်ရင်းနှီးမှုကို အခြေခံရပါတယ်။ ပြည်သူချင်းချစ်ခင်ရင်းနှီးမှု စိတ်ချင်းဆက်နွယ်မှုကို အခြေခံရပါတယ်။ အနာဂတ်မျိုးစေ့များစီမံကိန်းဟာ Huawei Myanmar ကုမ္ပဏီမှ နှစ်နိုင်ငံဆက်ဆံရေးအနာဂတ်ကို ကိုရှေးရူပြီး ဆောင်ရွက်ခဲ့တဲ့ အကျိုးရှိတဲ့ စွမ်းဆောင်မှုတစ်ခုဖြစ်ပါတယ်။”  ဟု Seeds For The Future နှင့်ပတ်သက်ပြီးသူမ၏အမြင်ကိုပြောကြားခဲ့သည်။

Mrs. Mrs. Li Xiaoyan၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အထူးသံတမန်

ဓာတ်ပုံ - Mrs. Mrs. Li Xiaoyan၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ အထူးသံတမန်

မြန်မာနိုင်ငံရှိအိုင်စီတီစွမ်းရည်လိုအပ်မှုကိုတစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန်၊ အိုင်စီတီပင်ကိုယ်စွမ်းရည်များကို အတူတကွပိုမိုကူညီပျိုးထောင်ပေးနိုင်ရန်၊ နောက်ဆုံးပေါ်အိုင်စီတီနည်းပညာ များသင်ယူရန်၊ တရုတ်ယဉ်ကျေးမှုအား ကြုံတွေ့ခံစားခွင့်ရရန် နှင့် ကျောင်းသားများအတွက် အခွင့်အလမ်း တစ်ရပ် ပံ့ပိုးပေးနိုင်ရန်အလို့ငှာ Huawei က နည်းပညာတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ရန်ကုန်သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်နှင့် မုံရွာကွန်ပျူတာတက္ကသိုလ်မှ ထူးချွန်သော ထိပ်တန်းကျောင်းသား ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ၄င်းတို့အား တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်နှစ်ပတ်ကြာမြင့်မည့် လေ့လာသင်ယူရေးသင်တန်းတစ်ခု ပံ့ပိုးပေး မည်ဖြစ်သည်။ ထိုအစီအစဉ်၌ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုတို့အား သီတင်းပတ်တစ်ပတ် လေ့လာသင်ယူခြင်းနှင့် ရှန်ကျန်းမြို့ရှိ Huawei ရုံးချုပ်တွင် အိုင်စီတီနည်းပညာအား သီတင်းပတ်တစ်ပတ်ကြာ လေ့လာသင်ယူခြင်းတို့ ပါဝင်သည်။

“ ဒီကနေ ကျောင်းသား/သူတွေကို ပေးချင်တဲ့ စကားလက်ဆောင်ကတော့ တိုင်းပြည်တိုးတက်ဖို့အတွက် လူငယ်တွေအနေနဲ့ နည်းပညာကို မျက်ခြေမပျက်စောင့်ကြည့်နေပါမယ်။ နည်းပညာမရှိရင် ကျွန်တော် မျှော်မှန်းထားတဲ့ ပန်းတိုင်ကို မရောက်နိုင်ပါဘူး။ ဒီအစီအစဉ်ကတော့ Huawei Myanmar မှ ကျွန်တော်တို့ တိုင်းပြည်ကို ကူညီထောက်ပံ့တဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး အခုခရီးစဉ်မှာလည်း အိုင်စီတီ ဗဟုသုတတွေကို မျှဝေသွားမှာပါ။ ထူးချွန်ကျောင်းသား/သူများအနေနဲ့ တရုတ်နိုင်ငံကို အလည်အပတ်သွားတဲ့အခါ Huawei မှ ကျွမ်းကျင်သူများဆီက သေချာလေ့လာခဲ့ဖို့ ပြောချင်ပါတယ်။ ဒီဆုက တန်ဖိုးရှိပြီး အရမ်းကောင်းတဲ့အခွင့်အရေးတစ်ခုပါပဲ။” ဟု ဦးဝင်းခိုင်မိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနဲ့ဆန်းသစ်တီထွင်မှုဦးစီးဌာန ကပြောကြားခဲ့သည်။

ဦးဝင်းခိုင်မိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနဲ့ဆန်းသစ်တီထွင်မှုဦးစီးဌာန

ဓာတ်ပုံ - ဦးဝင်းခိုင်မိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနဲ့ဆန်းသစ်တီထွင်မှုဦးစီးဌာန

“အနာဂတ်၏ မျိုးဆက်သစ်များ” သည် Huawei ၏ ကမ္ဘာ့လူသိများဆုံးနှင့် အကောင်းဆုံး CSR အစီ အစဉ်ဖြစ်သည်။ ၎င်းသည် Huawei ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး CSR လှုပ်ရှားမှုဖြစ်သည်။ ဒေသတွင်း အိုင်စီတီ ပင်ကိုယ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရန်၊ အသိပညာလွှဲပြောင်းမှုတိုးမြှင့်ရန်၊ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဌတွင် နားလည်မှုနှင့် စိတ်ဝင်စားမှု ပိုမိုမြှင့်တင်ရန်နှင့် ဒီဂျစ်တယ်အသိုက်အမြုံတွင် ဒေသဆိုင်ရာ အဆောက်အအုံနှင့် ပါဝင် ဆောင်ရွက်မှုတို့အား အားပေးတိုးတက်စေရန် Huawei က ၂၀၀၈ ခုနှစ်တွင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဇွန်လ၊ ၂၀၁၇ အထိဤအစီအစဉ်သည် တစ်ကမ္ဘာလုံး (၁၀၂) နိုင်ငံတွင် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့၍ ထူးချွန်လူငယ်ဦးရေပေါင်း (၃၀၂၆) ကျော်ပါဝင်ခဲ့ကြသည်။

 “ Seeds for the future အစီအစဉ်အတွက် Huawei ကိုကျေးဇူးတင်ပါတယ်။ ကျောင်းသား/သူများ အလုပ်ခွင်နဲ့ ပိုမိုနီးစပ်စေဖို့အတွက် အရေးကြီးတဲ့အစီအစဉ်တစ်ခုပါ။ နိုင်ငံရဲ့စီးပွားရေးကို ပြုပြင်ပြောင်းလဲလာတာနဲ့အမျှ အရည်အချင်းရှိပြီး ပညာတတ်တဲ့ လုပ်သားတွေလိုအပ်မှုများပြားလာပါတယ်။ အရည်အချင်းရှိတဲ့ လုပ်သားတွေများပြားလာခြင်းက နိုင်ငံတကာအဆင့်ကိုတက်လှမ်းဖို့အတွက်ဖြစ်လာပါပြီ။ အဲဒါကြောင့် နည်းပညာနဲ့ နည်းလမ်းများကို လေ့လာထားသင့်ပါတယ်။ eds for the future 2018 အစီအစဉ်ကို ပြုလုပ်ခြင်းက မြန်မာနိုင်ငံနဲ့ ပညာရေးတိုးတက်ရေးအတွက် ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး အရမ်းကောင်းတဲ့ ပရဟိတအစီအစဉ်တစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟု ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်ကပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်

ဓာတ်ပုံ - ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့်

ဒုတိယအသုတ်အတွက်ရွေးချယ်ခြင်းခံခဲ့ရသော ကျောင်းသူ/သား(၁၀)ဦးကိုယ်စား ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ မသင်းဇူလိုင်ထူးက ပညာသင်ခရီးစဉ်အတွက်အခွင့်အရေးပေးခြင်းနှင့်ပတ်သက်ပြီး Huawei Myanmar ကို ကျေးဇူး တင်စကားပြောကြားပြီးနောက် “ကျွန်မတို့တွေ ဒီအခွင့်အရေးကိုတန်ဖိုးထားပြီး တရုတ်ဘာသာစကားနဲ့ယဉ်ကျေးမှုအပါအ၀င် သင်ကြားခွင့်ရမယ့် ICT နည်းပညာတွေကိုအကောင်းဆုံးကြိုးစားသင်ယူသွားပါမယ်။ ဒီပညာသင်ခရီးစဉ်က ကျွန်မတို့အနာဂတ်သင်ကြားရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အကျိုးအများကြီးဖြစ်ထွန်းမယ်လို့လည်းယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

သင်းဇူလိုင်ထူး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

ဓာတ်ပုံ - သင်းဇူလိုင်ထူး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

ပြီးခဲ့သည့်သုံးနှစ်တာအတွင်း မြန်မာ့တယ်လီကွန်းဆက်သွယ်ရေးကဏ္ဌသည် လျင်မြန်စွာ တိုးတက်လာသော် လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖော်ဆောင်မှုနှင့် ပင်ကိုယ်စွမ်းရည် အပါအ၀င် ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အခြင်းအရာများ မရှိခြင်းများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ Huawei သည် ၎င်းတို့၏ ပထမဆုံး HAINA (Huawei Authorized Information and Network Academy) ကို နည်းပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၁၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်များမှ ထိပ်တန်းထူးချွန်အဆင့် ကျောင်းသားကျောင်းသူ ၅၀ ကိုလည်း ၂၀၁၇ခုနှစ်တွင် Huawei ICT Talent ပညာသင်ဆုပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တယ်လီကွန်း ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးကူညီရန်၊ အစိုးရအရာထမ်းများနှင့် ၀န်ထမ်းများအား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များကို ဖြန့်ဖြူးပေးနိုင်ရန်အတွက် Huawei သည်  Hardware နှင့် Software များ အပြည့်အစုံတပ်ဆင်ထားသည့် Huawei IP Networking Lab တစ်ခုကို မိတ္ထီလာဗဟိုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးသင်တန်းကျောင်းသို့လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံတွင် အိုင်စီတီ အဆင့်မြှင့် မှုနှင့် ပင်ကိုယ်စွမ်းရည်ဖွံ့ဖြိုးမှုတို့ဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ၎င်း၏ အမျိုးမျိုးသော ခြေလှမ်းများဖြင့် လှုံ့ဆော်ဖြစ်ပေါ်စေခြင်းဖြင့် Huawei က မြန်မာ့ရွှေမြေတွင် အိုင်စီတီစီးပွားရေးနှင့် ဖွံ့ဖြိုးရေးအခွင့်အလမ်းများ အဆင်ပြေချောမွေ့စေရေးအတွက် အဓိကမိတ်ဖက်တစ်ခုဖြစ်လာပြီဖြစ်သည်။