ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

မြန်မာနိုင်ငံအတွက် အိုင်စီတီခေါင်းဆောင်များမွေးထုတ်ပေးရန် HAINA ကအသင့်ရှိ

2018.06.04

Read English Version

ကျွန်တော်တို့နေထိုင်ရာ အဆုံးအဆမရှိကျယ်ပြောလှတဲ့ စကြ၀ဠာလောကကြီးတွင် စူးစမ်းရှာဖွေမှုများပြုလုပ်ရာမှာ သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး တည်နေရာတွက်ချက်လေ့ရှိပါတယ်။

ရှေးခေတ်ကာလများကတည်းက ယနေ့အချိန်အထိ လူသားများရဲ့ ပြောင်းလဲဖြစ်တည်လာမှု လျှို့ဝှက်ချက်များရဲ့ အဖြေကိုဖွေရှာဖို့ မိုးကောင်းကင်ယံထက်ကို မော့မော့ပြီး လှမ်းကြည့်နေတတ်သူများလည်း အမြဲရှိပါတယ်။ အဖြေရှာရင်း ရှုံးနိမ့်မှုပေါင်း ရာထောင်ချီမက သူတို့ ကြုံတွေ့နိုင်ပါတယ်။ အငြင်းပွားဖွယ်ရာအဖြေများကလည်း အမြဲလိုလို ရှိနေတတ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အဖြေညှိနိုင်ကောင်းရဲ့လို့ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည်သဲ့သဲ့လေး တစ်ခုကြောင့် နောက်မဆုတ်စတမ်း ခရီးဆက်လက်နှင်ခဲ့ကြပါတယ်။ သူတို့ရဲ့ခြေရာတွေက ကြီးမြတ်လှတဲ့ လူသားတို့ရဲ့ ယဉ်ကျေးမှုသမိုင်းမှတ်တမ်းများပေါ်က စာမျက်နှာများ ဖြစ်လာပါတယ်။ ဇွဲလုံ့လ၀ီရိယတွေနဲ့ မမှိတ်မသုန် ကြိုးစားအားထုတ်မှုတွေက အခက်အခဲ အတားအဆီးတွေအားလုံးကို ရင်ဆိုင်ကျော်လွှားစေခဲ့ပါတယ်။ လမ်းစသိတဲ့ ခရီးမှာတောင် ဤမျှခရီးနှင်ရရင် တည်နေရာအတိအကျပင်မသိတဲ့ နယ်မြေခရီးမှာ ကျွန်တော်တို့အနေနဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်ရမယ်ဆိုရင် ဒီထက်မကတဲ့ ကြိုးစားအားထုတ်မှုတွေ အထူးလိုအပ်မယ်ဆိုတာ စဉ်းစားစရာတောင် မလိုတော့ပါဘူး။

ဒါပေမယ့် ယနေ့ခေတ်ကမ္ဘာမှာ အိုင်စီတီနည်းပညာတွေက ကျွန်တော်တို့ကို ရှေ့သို့အစဉ်လျှောက်လှမ်းနိုင်စေဖို့ အမှောင်ထဲလမ်းပြပေးနေမယ့် မီးတိုင်လေးနှယ် အလင်းဆောင်ပေးနိုင်ပါတယ်။ အိုင်စီတီနည်းပညာအသုံးချလာနိုင် မှုတွေနဲ့အတူ အပြောင်းအလဲလှိုင်းလုံးကြီးများ ဖြစ်ပေါ်လျက်ရှိတဲ့၊ တစ်မျိုးသားလုံးရဲ့ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာစေရေးအတွက် ရှေ့ဆောင်လမ်းပြပေးမယ့် နိုင်ငံသားနည်းပညာခေါင်းဆောင်များ အဆောတလျင် လိုအပ်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်မျိုးမှာ အထက်ပါအဆိုက ပို၍ပင် မှန်နေပါတယ်။

HAINA opening ceremony

ကျွန်တော်က ကမ္ဘာ့ဦးဆောင် အိုင်စီတီနည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတဲ့ Huawei ပဲ ဖြစ်ပါတယ်။

ကျွန်တော် မှတ်မိပါသေးတယ်။ ၂၀၁၃ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံမှာ ဆင်းမ်ကတ်တစ်ကတ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၀၀ ကျော်ထိ ပေါက်ဈေးရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းက တယ်လီကွန်းအော်ပရေတာတွေနဲ့ ကျွန်တော်တို့ Huawei ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခဲ့ရာကနေ အခုဆိုရင် သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို လွယ်လွယ်ကူကူနဲ့ ကုန်ကျစရိတ်သက်သာစွာ ဆောက်လုပ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေကလည်း အခုဆိုရင် ရှားပါးထွက်ကုန် မဟုတ်တော့ပါ။ နေရာတိုင်း အချိန်တိုင်းမှာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းနဲ့ ရယူသုံးစွဲနိုင်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍဟာ ၃ နှစ်တာကာလတိုအတွင်း ဤကဲ့သို့အပြောင်းအလဲကြီးများ မျက်ဝါးထင်ထင် မြင်တွေ့နိုင်ခဲ့ခြင်းကပင် ဆက်သွယ်ရေုးသမိုင်းတစ်လျှောက်မှာ မကြုံဖူးတဲ့ ထူးခြားအံ့ဖွယ်တစ်ရပ် ဖြစ်ပါတယ်။ အလုံအလောက် ပြောင်းလဲလာပြီလိုတော့ မဆိုနိုင်သေးပါဘူး။

ဒီနေရာမှာ အင်တာနက်လို့ဆိုရမှာ Facebook သုံးနိုင်ရုံမျှသက်သက်ကို ဆိုလိုရင်းမဟုတ်ပါ။ နောင်လာမယ့် ဆယ်စုနှစ် နှစ်ခု၊ သုံးခုအတွင်း လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်းကို Virtual Reality ၊ Augmented Reality နဲ့ Artificial Intelligence တို့အပါအ၀င် အသိဥာဏ်ပညာမြင့်မားတဲ့ application တွေနဲ့ အင်တာနက်ပေါ်မှာ ပုံဖော်အသက်သွင်း လာနိုင်တော့မှာ ဖြစ်ပါတယ်။ ထိုအခါ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို လျှပ်တစ်ပြတ်အတွင်း နှောင့်နှေးကြန့်ကြားမှု အနည်းဆုံးနဲ့ ရွှေ့ပြောင်းဝေမျှနိုင်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ အိုင်စီတီနည်းပညာ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်လာစေဖို့ နည်းပညာဆန်းသစ်မှုများ စူးစမ်းရှာဖွေမှု၊ သီအိုရီပိုင်းဆိုင်ရာ နည်းပညာရပ်များ သုတေသနပြုမှု၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ သိပ္ပံနည်းပညာရပ်များ၊ ဗိသုကာပညာရပ်များ အစရှိတဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေ နိုင်ငံတွင်းမှာ အထူးလိုအပ်ပါတယ်။

သတင်းအချက်အလက် လူ့အဖွဲ့အစည်းအတွက် ဆန်းသစ်တီထွင်မှုတွေ ဆောင်ကျဉ်းပေးနေသူ၊ အိုင်စီတီနယ်ပယ် မှာ အကျိုးပြုနေသူ Huawei က တာဝန်သိစိတ်ဓာတ်နဲ့ ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ ကမ္ဘာလောကကြီးတစ်ခု တည်ဆောက်အကျိုးပြုနိုင်ဖို့ ရည်သန်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးရဲ့အစိတ်အပိုင်းငယ်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အိုင်စီတီကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးရန်မှာ သူရဲ့တာဝန်လို့ ခံယူထားပါတယ်။

Huawei ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစတင်ပြီး ဒီနေ့ချိန်ထိ အိုင်စီတီ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၆၀၀ ထက်မနည်းကို လိုအပ်တဲ့သင်တန်းတွေပို့ချပေးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တွေက Huawei ဟာ ထူးချွန်တက္ကသိုလ်ကျောင်းသား ၅၀ ကို အိုင်စီတီပညာသင်ဆုတွေ ချီးမြှင့်ပေးခြင်း၊ လေ့ကျင့် သင်ကြားရေးစင်တာတွေ ဖွင့်လှစ်ပေးခြင်း၊ Huawei အသိအမှတ်ပြု သတင်းအချက်အလက်နဲ့ ကွန်ရက် အကယ်ဒမီ (HAINA) ကို သန်လျင်နည်းပညာတက္ကသိုလ်နဲ့ ပူးပေါင်းဖွင့်လှစ်ခြင်း၊ MCC နဲ့ပူးပေါင်းပြီး သက်မွေးပညာရပ်သင်တန်း ကျောင်းများ ဖွင့်လှစ်ခြင်း အစရှိတာတွေကို လုပ်ဆောင်ပေးခဲ့သလို အိုင်စီတီပစ္စည်းများ လှူဒါန်းခြင်း၊ အိုင်စီတီ နည်းပညာရပ်များ သင်ကြားပို့ချပေးခြင်း၊ အိုင်စီတီအတွေ့အကြုံများ မျှဝေပေးခြင်း၊ အိုင်စီတီသင်ကြားရေးဆရာများအား သင်တန်းပြန်လည်ပို့ချခြင်း၊ လေ့ကျင့်ခြင်း၊ ဖလှယ်ခြင်း၊ သက်မွေးပညာရပ်လက်မှတ်များပေးခြင်း အစရှိတဲ့ ပြည်တွင်း အိုင်စီတီကဏ္ဍဖွံ့ဖြိုးရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။

Huawei ရဲ့ ကောင်းမွန်တဲ့ သင်ကြားရေးပစ္စည်းများ၊ ကမ္ဘာ့ထိပ်တန်း သီအိုရီများနဲ့ လေ့ကျင့်ရေး ရလဒ်များကို ပေါင်းစည်းအခြေခံကာ HAINA နဲ့ Huawei လေ့ကျင့်သင်ကြားရေးစင်တာတွေဟာ သီအိုရီပိုင်းဆိုင်ရာ အခြေခံအိုင်စီတီ ပညာရပ်နဲ့ ဆက်သွယ်ရေးအင်ဂျင်နီယာပညာရပ်များ ပို့ချသင်ကြားပေးလျက်ရှိပါတယ်။ ယင်းသင်တန်းကျောင်း တွေကနေတစ်ဆင့် အနာဂတ်မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍကို ပုံဖော်ပေးကြမယ့် အိုင်စီတီကျွမ်းကျင် ပညာရှင်တွေကို မွေးထုတ်ပေးသွားမှာဖြစ်ပြီး သူတို့ဟာ မိုးကောင်းကင်ကြီးကို မော့ကြည့်နေတတ်တဲ့ “စူးစမ်းရှာဖွေသူ” သို့မဟုတ် လမ်းမထက်ပေါ်မှာ ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ နောက်မလှည့်တမ်းလျှောက်တတ်တဲ့ “လမ်းသစ်ဖောက်သူ” တွေပဲ ဖြစ်ပါတယ်။

စူးစမ်းရှာဖွေသူတွေက လမ်းတစ်ဝက်မှာ ဘယ်တော့မှ မရပ်တန့်တတ်ပါဘူး။ အနာဂတ်ကို အိုင်စီတီ နည်းပညာရပ် တွေနဲ့ ခြယ်မှုန်းအလှဆင်နိုင်ဖို့ အစိုးရက ကောင်းမွန်တဲ့မူဝါဒတွေ ချမှတ်ပေးရပါမယ်။ အိုင်စီတီနယ်ပယ်က သုတေသန များကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ R&D က ကျောင်းသင်ကြားရေးတွေကို အားပေးလမ်းညွှန်ရမှာ ဖြစ်ပါတယ်။ ကျောင်းတွေက အိုင်စီတီ ကဏ္ဍအတွက် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ အလုပ်နယ်ပယ်၊ ကျောင်း၊ အစိုးရနဲ့ သုတေသန လုပ်ငန်းတွေအကြား ကောင်းမွန်တဲ့ အပြန်အလှန်ဆက်ဆံရေးက အိုင်စီတီကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေတဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင် Huawei က များပြားလှတဲ့ သုတေသနဆောင်ရွက်ချက်တွေနဲ့အတူ မည်သူတစ်ဦး တစ်ယောက်မျှ မကြုံဖူးသေးတဲ့ နည်းပညာနယ်မြေသစ်တွေဆီကို ရောက်ရှိခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။

Huawei က ဖွင့်လှစ်ပို့ချပေးလျက်ရှိတဲ့ သင်တန်းကျောင်းတွေနဲ့အတူ မြန်မာနိုင်ငံမှာ အိုင်စီတီခေါင်းဆောင်တွေ ပိုမိုပေါ်ထွက်လာပြီး ကမ္ဘာကြီးကို အလင်းပြလမ်းညွှန်ပေးနိုင်တဲ့ ၀င်ရိုးစွန်းကြယ်လေးတွေလို လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ကြလိမ့်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်။

ဆက်သွယ်ရေး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာလောကကြီးကို တည်ဆောက်ဖို့ ကျွန်တော်တို့နဲ့အတူ အခုပဲ ပူးပေါင်းပါဝင်လိုက်ပါ။