ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

GSMA ‘Best Mobile App for Business’ Award ကို Huawei Video Conference Cloud Service မှ ဆွတ်ခူးရရှိခြင်း

2018.06.28

Read English Version

[ရှန်ဟိုင်း၊ တရုတ်၊ ဇွန်လ ၂၈ရက်၊ ၂၀၁၈] 2018 Asia Mobile Awards (AMO) အခမ်းအနားကို Mobile World Congress Shanghai တွင် ကျင်းပခဲ့သည်။ Huawei Video Conference Cloud Service သည် Best Mobile App Award ရရှိခဲ့ကာ ယင်းတွင် cloud service များအတွက် လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများအတွင်း Huawei ၏ တီထွင်ဆန်းသစ်သော အသွင်ကူးပြောင်းမှုနှင့် အောင်မြင်သော ကျင့်ထုံးလုပ်ငန်းစဉ်များကို လက်တွေ့ ထင် ရှားစွာ ပြသထားလျက်ရှိသည်။

Huawei Cloud Core Network Marketing Execution Dept. ၏ ဒါရိုက်တာဖြစ်သူ Zhang Qin (အလယ်) မှ ဆုလက်ခံရယူစဉ်

Huawei Cloud Core Network Marketing Execution Dept. ၏ ဒါရိုက်တာဖြစ်သူ Zhang Qin (အလယ်) မှ ဆုလက်ခံရယူစဉ်

GSMAက ထုတ်ပြန်ပေးအပ်သော Asia Mobile Award သည် အာရှမိုဘိုင်းလ်ဖုန်းလုပ်ငန်းတွင် လွှမ်းမိုးမှု အားကောင်းသော ဆုတစ်ခုဖြစ်သည်။ ယင်းသည် အာရှမိုဘိုင်းလ်ဖုန်းလုပ်ငန်း၏ ထင်ရှားထူးချွန်သော အောင် မြင်မှုများနှင့် တီထွင်ဆန်းသစ်မှုများကို အသိအမှတ်ပြုရန်ရည်ရွယ်ကာ ယင်းသည် အာရှအတွင်း အကောင်းဆုံး ဖြစ်ခြင်း၊ တီထွင်ဆန်းသစ်မှုနှင့် အောင်မြင်မှုတို့ကို ဦးဆောင်မည့် စင်မြင့်တစ်ရပ်လည်းဖြစ်သည်။ Best Mobile App for Businessဆုသည် သေးငယ်သော၊ အလယ်အလယ်အရွယ်အစားရှိသောနှင့် ကြီးမားသော ကော်ပိုရေး ရှင်းများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသုံးပြုသူများ (enterprise users)ကို ကူညီပံ့ပိုးရန် တီထွင်ဆန်းသစ်မှု အကောင်းဆုံးသော မိုဘိုင်းလ်သုံး ကိရိယာများကို မိတ်ဆက်ပေးသည့် လုပ်ငန်းနှင့် ထုတ်လုပ်မှုစွမ်းအားဆိုင်ရာ application များကို အသိအမှတ်ပြုသော ဆုဖြစ်သည်။

Huawei video conference cloud service သည် cloud platform နှင့် အတွဲလိုက် terminal များ (series of terminals) အပေါ် အခြေခံထားသည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသုံးပြုသူများ (enterprise users) အတွက် ရိုးရှင်းကာ ထိရောက်မှုရှိသော၊ အကောင်းဆုံးသော ဗွီဒီယိုကွန်ဖရင့်များကို ပေးစွမ်းလျက်ရှိကာ အင်တာပရိုက်စ်၏ သတင်းအချက်အလက်ဆိုင်ရာ ဆက်သွယ်မှုနှင့် လက်ရှိအချိန်တွင် ရုတ်ချည်း ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို ပံ့ပိုးကူညီသည့် အခြေခံ ရုံးသုံး ကိရိယာတစ်ခု ဖြစ်လာပါသည်။

  • တစ်နေရာတည်းတွင် လုပ်ငန်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်ကို ပြီးပြည့်စုံစေသော cloud service (one-stop enterprise communication cloud service)ကို လုပ်ငန်း၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု၊ customer ၀န်ဆောင်မှု၊ ရွေ့လျားရုံး၊ ထုတ်လုပ်မှုနှင့် လည်ပတ်မှု အစရှိသည်တို့၏ ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အသုံးပြုသည်။ ကွန်ဖရင့်ဆိုင်ရာ ၀န်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ဆင်ခြင်အသုံးချနိုင်ရန် (intelligent)၊ အသုံးပြုသူအတွက် အသုံးပြုရ ရင်းနှီးလွယ်ကူစေရန်နှင့် ဒီဂျစ်တယ်လုပ်ငန်းခွင်နှင့် အခြေအနေ အမျိုးမျိုးတွင် ဆင်ခြင်အသုံးချနိုင်သော လုပ်ငန်းဆောင်ရွက်မှု (intelligent working)ကို ရရှိစေရန် AI နည်းပညာကို ထည့်သွင်းမိတ်ဆက်ပေးထားသည်။
  • မိုဘိုင်းလ်ဗွီဒီယိုကွန်ဖရင့်၊ အသံနှင့် ရုတ်ချည်း စာပို့မှုများ (instant messaging)၊ စသည်တို့အားလုံးကို ဆောင်ရွက်နိုင်သည့်၊ နေရာဒေသမရွေး ရွှေ့လျားအသုံးပြုနိုင်သည့် CloudLink (mobile soft client CloudLink)ကို ပံ့ပိုးအသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် မည်သည့်အချိန်တွင်မဆို မည်သည်နေရာကိုမဆို ရွေးချယ်ကာ ၎င်း၏ ဒီဂျစ်တယ်ပုံများကို (ပရော်ဖက်ရှင်နယ် siteများ အပါအ၀င်) အကြီးချဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပြီး အကောင့်တစ်ခုတွင် တစ်မျိုးတည်းသာ အသုံးပြုနိုင်ခြင်းမှ ကင်းလွတ်သည့် အမျိုးမျိုးသော ကွန်ဖရင့်များနှင့် ချိတ်ဆက်သောပုံစံများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပထ၀ီဝင်တည်နေရာများကြောင့် ၀န်ထမ်းများအကြား ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အား ကန့်သတ်ခံထားခြင်း ဖြစ်ပေါ်တော့မည် မဟုတ်ပါ။
  • "six-in-one" cloud video conferencing endpoint TE10 (ကင်မရာ၊ codec ၊ မိုက်ခရိုဖုန်း၊ စပီကာ၊ Bluetoothနှင့် Wi-Fi၊ နှင့် bracket) ကဲ့သို့သော အိတ်ဆောင်သယ်ယူသွားနိုင်သည့် ကွန်ဖရင့်ဆောင်ရွက်နိုင်ရန် လိုအပ်သောပစ္စည်းများ (portable conference endpoints) ၊ plug-and-play (အသုံးပြုသူက တကူးတက တပ်ဆင်အမိန့်ပေးရန်မလိုဘဲ plugတပ်ရုံဖြင့် အသုံးပြု နိုင်သော ပစ္စည်း)၊ စသည်တို့ဖြင့် မည်သည့်အချိန်တွင်မဆို ပရော်ဖက်ရှင်နယ် ဗွီဒီယို ကွန်ဖရင့်ကို ပြုလုပ်နိုင်သည်။

Huaweiသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများ (enterprise communications) လုပ်ငန်းခွင်တွင် နှစ် ၃၀နီးပါး ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာအ၀ှမ်းရှိ နိုင်ငံများနှင့် ဒေသများ ၁၀၀ကျော်ရှိ customer များထံ ၀န်ဆောင်မှုပေးအပ်လျက်ရှိကာ တရုတ်နိုင်ငံတွင် အကြီးဆုံးသော ဈေးကွက်ပမာဏဝေစုကို နှစ်ပေါင်းများစွာ ရရှိထားသည်။ အနာဂတ်တွင် Huaweiသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများ (enterprise communications)၊ cloud serviceများနှင့် artificial intelligence တို့တွင် ဆက်လက်ရင်းနှီးမြှပ်နှံမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကျိုးဖြစ်မြောက်မှုကို ပိုမို တိုးမြှင့်ရာနှင့် လုပ်ငန်း၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ပိုမို အရှိန်အဟုန်မြှင့်တင်ရာတွင် ကူညီပံ့ပိုးနိုင်ရန်ဖြစ်သည်။

MWC Shanghai 2018 ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇွန်လ ၂၇ရက်မှ ၂၉ရက်အထိ ကျင်းပမည်ဖြစ်သည်။ Huaweiသည် Shanghai New International Expo Centre (SNIEC)တွင် booth အမှတ် N3.B40နှင့် Innovation Cityတွင် booth အမှတ် N5.ICA01တို့၌  ၎င်း၏ ထုတ်ကုန်များနှင့် ဖြေရှင်းနည်းများ (solution)ကို ပြသသွားမည်ဖြစ်သည်။ အချက်အလက် ပိုမိုရရှိလိုပါက အောက်ပါလင့်ခ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ http://carrier.huawei.com/en/events/mwcs2018