CEBIT 2018 တွင် Software-Defined Smart ကင်မရာများကို Huawei မိတ်ဆက်
[Hannover ၊ ဂျာမနီ ၊ ဇွန်လ ၁၉ ရက် ၂၀၁၈] Huawei သည် လိုအပ်သော scenario အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အဆင့်ဆင့် ပြုလုပ်ထားသော အသိဉာဏ်ရှိလုပ်ဆောင်နိုင်မှုများနှင့် အဆက်မပြတ် တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်ကဲ့သို့သော အင်္ဂါရပ်များပါဝင်သည့် software-defined smart ကင်မရာများကို CEBIT 2018 ပွဲတွင် စတင်မိတ်ဆက်ခဲ့ပါသည်။ ၎င်း ကင်မရာ များသည် Artificial Intelligence နယ်ပယ်တွင် လုံခြုံရေးလုပ်ငန်းများ၏ ဖွံဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပေးသွားနိုင်မည် ဖြစ်ပါသည်။
Huawei Cloud Core ကွန်ယက် ၏ ဥက္ကဌ Mr. Ma Haixu မှ software-defined ကင်မရာများကို မိတ်ဆက်ပြသနေစဉ်
Software-defined ကင်မရာ များ၏ အယူအဆသဘောတရားများအား Huawei မှ လွန်ခဲ့သည့် မတ်လတွင် အဆိုပြုခဲ့ပါသည်။ မြင်သာသော ဆော့ဖ်ဝဲ လုပ်ဆောင်မှုစနစ်၊ အကျိုးများသော ပေါင်းစည်းထားသည့် ဆော့ဖ်ဝဲ framework နှင့် device-cloud synergy အသားပေးထားသည် ဆော့ဖ်ဝဲ စီမံခန့်ခွဲမှု framework များကြောင့် ၎င်း ကင်မရာများသည် အမှန်စင်စစ် အသိဉာဏ်ရှိသည့်အတိုင်း ပြည့်စုံပြီး ၎င်း၏သက်တမ်းတစ်လျှောက်လုံး တစ်စတစ်စ ပြောင်းလဲဖြစ်ပေါ်နိုင်စွမ်းရှိပါသည်။
CEBIT 2018 တွင် Huawei မှ မိတ်ဆက်ခဲ့သည့် Software-defined ကင်မရာများသည် ဆန်းသစ်သော အယူအဆအသစ်များကို အခြေခံပြီး တီထွင်ထားခြင်းဖြစ်ပါသည်။ ၎င်းကင်မရာများသည် အမျိုးအစားကွဲပြားသော ဆော့ဖ်ဝဲများ၊ အယ်လဂိုရီသမ်များဖြင့်တွဲဖက်အသုံးပြုနိုင်အောင် scenario များစွာပြုလုပ်ထားပါသည်။ အချိန်နှင့်တပြေးညီ ပုံရိပ်လွှာများရရှိခြင်းနှင့် အကဲဖြတ်နိုင်ခြင်းစွမ်းရည်များကိုထည့်သွင်း တည်ဆောက်ထားခြင်းများကြောင့် ၎င်း software-defined ကင်မရာများသည် များစွာသော feature များနှင့် ပူးတွဲလုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။
“ အများပြည်သူ လုံခြုံရေးဟာ လူမှုပတ်ဝန်းကျင်အေးချမ်းတည်ငြိမ်ခြင်းနဲ့ ကျွန်တော်တို့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ခြင်းအတွက် အာမခံချက်ပဲဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှုနဲ့ ထိုးဖောက်ကျော်လွှားမှုများအတွက် Huawei က artificial intelligence ၊ cloud computing ၊ big data နဲ့ chip များလုပ်ဆောင်မှုများတွင် ဆက်လက်ရင်းနှီးမြှပ်နှံသွားမှာဖြစ်ပါတယ်။ မိတ်ဖက်များနဲ့အတူပူးတွဲလုပ်ဆောင်ပြီးလည်း အလုံးစုံအသိဉာဏ်မြင့်တဲ့ လုံခြုံရေး လုပ်ငန်းများနဲ့ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်ရှိတဲ့ကမ္ဘာကြီးကိုတည်ဆောက်ချင်ပါတယ်။” ဟု Huawei ၏ Huawei Cloud Core ကွန်ယက်၏ ဥက္ကဌ Ma Haixu ကပြောကြားခဲ့ပါသည်။
Huawei ၊ ၎င်း၏မိတ်ဖက်များနှင့် customer များသည် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး solution အသစ်များကို ဇွန်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဂျာမနီတွင်ကျင်းပခဲ့သော CEBIT တွင်ပြသခဲ့ပါသည်။ ထိုအပြင် Cloud Computing ၊ Artificial Intelligence (AI) ၊ Big Data ၊ Internet of Things (IoT) ၊Software Defined Networking (SDN) နှင့် ယနေ့ခေတ်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရာတွင် အရေးကြီးသည့် အကြောင်းအရာအားလုံးနှင့် ပတ်သတ်သည့် အစီအစဉ်များနှင့် အကောင်းဆုံးလုပ်ဆောင်မှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။
CEBIT ရှိ Huawei အကြောင်းကို ပိုမိုသိရှိလိုပါက http://e.huawei.com/topic/cebit2018-en/index.html သို့ဝင်ရောက်လေ့လာပါ။