Huawei က ပညာရေးဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုကူညီရန်ကတိပြု
[ရန်ကုန်၊ မြန်မာ၊၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၂၉ ရက်]။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) အခြေခံ အဆောက်အအုံပံ့ပိုးရေးဆိုင်ရာ ကမ္ဘာဦးဆောင်ကုမ္ပဏီဖြစ်သည့် Huawei နှင့် ပါမောက္ခချုပ်များကော်မတီတို့သည် ပညာရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဒီဂျစ်တယ်လ် အပြည့်အ၀ ဆက်သွယ်မှုတည်ဆောက်ရန် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံ့ ICTကဏ္ဍ စွမ်းရည်လိုအပ်မှုများကြီးထွားလာမှုဖြည့်ဆည်းရေးကြိုးပမ်းမှုများအား ကူညီရန် ICT Talent Development Program အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို Huawei ကိုယ်စားပြု မြန်မာနိုင်ငံ Huawei ၏ အမှုဆောင်အရာရှိချုပ် Mr.Zhang Liman နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး တို့နှင့်အတူ Melia ဟိုတယ်၊ ရန်ကုန်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးကြွယ် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ H.E. Minister Counselor Ms. Li Xiaoyan တို့လည်းတက်ရောက်ခဲ့ကြသည်။
ICT Talent Development Program နားလည်မှုစာချွန်လွှာအရ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု ဧရိယာ ခြောက်ခုပါဝင်ပြီး ယင်းတို့မှာ ပထမအကြိမ် အိုင်စီတီ ဒီပလိုမာသင်ရိုးစနစ် စတင်ခြင်း၊ “Seeds for the future” ပံ့ပိုးပေးခြင်း၊ Huawei Authorized Information and Network Academy (HAINA) တည်ထောင်ခြင်း၊ ထူးချွန်တက္ကသိုလ်ကျောင်းသား (၅ဝ)ဦး ကို ICT Talent Scholarship ချီးမြှင့်ခြင်း၊ ICT နှင့်သက်ဆိုင်သည့် သိပ္ပံဆိုင်ရာ သုတေသနပံ့ပိုးမှုနှင့် Huawei Customer Solution Innovation & Integration Center (CSIC) ၏ Youth Open Day တို့ဖြစ်ကြသည်။
၂၀၁၄ ခုနှစ်တွင် Huawei နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(ယခု ပညာရေး ၀န်ကြီးဌာနနှင့်ပူးပေါင်း ထားသည်) တို့သည် "ICT Talent Development MOU" လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအချိန်မှစ၍ Huawei ၏ "ICT Talent Development Program" သည် ICT စွမ်းရည်များစွာလိုအပ်သော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် အကူအညီပေးလျှက်ရှိသည်။ လွန်ခဲ့သော လေးနှစ်ခန့်က မြန်မာနိုင်ငံအတွက် ICT ကျွမ်းကျင်သူ ၁၅၀၀ ကျော်ကိုလေ့ကျင့် ပေးခဲ့သည်။ "ICT talent Development MOU" သည် ယခင်ပုံစံအား အဆင့်မြှင့်ထားသော ပုံစံဖြစ်သည်။
Huawei မြန်မာ ၏ အမှုဆောင်အရာရှိချုပ် Mr. Zhang Liman က "သတင်းနည်းပညာသည် ကဏ္ဍအားလုံးကို ထူးထူးခြားခြားအသွင်ပြောင်းလဲပေးကြောင်း၊ အာရုံခံသော အရာအားလုံး ဆက်သွယ်သော အရာအားလုံးကို ကိုယ်စားပြုသော သတင်းကမ္ဘာကြီးအတွင်းသို့ ၀င်ရောက်လျှက်ရှိကြောင်း၊ ယင်းတို့အားလုံးသည် အရေအတွက် များလှသော ICT စွမ်းရည် အထောက်အကူနှင့် ကင်းကွာမရနိုင်ကြောင်း၊ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ICT စွမ်းရည်ကွာဟမှုလူပေါင်း နှစ်သိန်းကျော်ရှိကြောင်း ၊ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ICT မျိုးစုံ ကျွမ်းကျင်သူများအတွက် လိုအပ်မှုသည် ၁.၃ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းရကြောင်း ကျွန်ုပ်တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအား တန်ဖိုးများဆက်လက်ဖြည့်ဆည်းပေးရေး နှင့် ကျွန်ုပ်တို့ မျှော်မှန်းထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးတို့အတွက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများအား ကြိုဆိုပါကြောင်း" ပြောကြားသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌ ပါမောက္ခ ဒေါက်တာ မျိုးကြွယ် က "နိုင်ငံဆိုင်ရာနှင့် နိုင်ငံတကာ ဆိုင်ရာနှစ်ရပ်စလုံးပူးပေါင်းဆောင်ရွက်ရေး မိတ်ဘက်များ ထူထောင်ခြင်းသည် ဒေသ ဆိုင်ရာတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုသော အဓိကချဉ်းကပ်မှု တစ်ရပ်ဖြစ်ကြောင်း၊ အဆင့်ပညာရေးသည် ကမ္ဘာလုံးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်သော လူ့အဖွဲ့အစည်းအတွက်လိုအပ်သည့် သုတေသနလုပ်ငန်း ဆောင်ရွက်ရေးနှင့် ဆန်းသစ် တီထွင်သော အတွေးအခေါ်ရှင်သန်ပေါက်ဖွားရေးတို့တွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျှက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ ICT ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုရန် Huawei ၏ကြိုးပမ်း အားထုတ်မှုများအား အသိအမှတ်ပြု ကြိုဆိုပါကြောင်း" ပြောကြားသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister Counselor Ms. Li Xiaoyan မှ “ဒီနေ့ကျင်းပတဲ့ လက်မှတ်ထိုးပွဲနဲ့ ပညာသင်ဆုချီးမြှင့်ပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံ ပါမောက္ခများကော်မတီနဲ့ Huawei တို့ကြား ICT ထူးချွန်လူတော်များ မွေးထုတ်ပေးရေး နားလည်မှုစာချွန်လွှာရေးထိုးခြင်း အတွက်လည်း လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အခုလို နားလည်မှုစာချွန်လွှာရေးထိုးလိုက်ခြင်းက ပါမောက္ခချုပ်များကော်မတီ နှင့် Huawei တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးစနစ်ကျစေဖို့ နဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို ထောက်ပံပေးနိုင်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ် အိုင်စီတီနည်းပညာ နယ်ပယ်မှာ အရေးပါတဲ့နေရာကနေ ပါဝင်နေပါတယ်” ဟုပြောကြားသည်။
ထို့ပြင် ခုနှစ်တွင် Huawei သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နိုင်ငံအဝှမ်းရှိ နည်းပညာနှင့်ကွန်ပျူတာ တက္ကသိုလ်များမှ ထူးချွန်ကျောင်းသား စုစုပေါင်း ၅၀ ကို ရွေးချယ်ထားသည်။ ကျောင်းသားတစ်ဦးချင်းစီသည် ပဏာမပညာသင်ဆု၏ အစိတ်အပိုင်းအဖြစ် ဒေါ်လာ ၁၀၀၀ စီရရှိကြမည်ဖြစ်သည်။ ရွေးချယ်ထားသော ကျောင်းသားများအတွက် Huawei ICT ပညာသင်ဆုများကို ရန်ကုန်တွင်အခမ်းအား ဖြင့်ချီးမြှင့်ပေးအပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ထိုအစီအစဉ်က တက္ကသိုလ်စုစုပေါင်း ၆၂ ခုမှ ကျောင်းသားပေါင်း ၁၅၀ ကို ပညာသင်ဆုချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။ စနေနေ့ကကျင်းပသော အခမ်းအနားတွင် ပညာသင်ဆုရ ကျောင်းသားများ၏ ကိုယ်စားလှယ်က Huawei နှင့် ပညာရေးဝန်ကြီးဌာနတို့သို့ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။အခမ်းအနားအပြီးတွင် မြန်မာပလာဇာတွင်တည်ရှိသော Huawei ၏ရန်ကုန်ရုံးချုပ်ရှိ Huawei CISC (သုံးစွဲသူဖြေရှင်းရေး ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းမှုစင်တာ) သို့ သွားရောက်လေ့လာခဲ့ကြသည်။