Huawei မှ ၎င်း၏ Mobile Data Center ကို HUAWEI CONNECT 2018 တွင် ပွဲဦးထွက် မိတ်ဆက်ခဲ့
[ရှန်ဟိုင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်] – Huawei က ၎င်း၏ Mobile Data Center (MDC) ကို HUAWEI CONNECT 2018 တွင် စတင်မိတ်ဆက်ပေးခဲ့သည်။ chip များ၊ platform များ၊ လုပ်ငန်းဆောင်ရွက်မှုစနစ်များ နှင့် development framework များအပြည့်အစုံပါဝင်သော software နှင့် hardware ၂ မျိုးပေါင်း solution ကို မောင်းသူမဲ့ယာဉ်စနစ်အတွက် အဓိကကျသည့်နေရာတွင် ထည့်သွင်း အသုံးပြုထားခြင်းဖြစ်သည်။
Huawei မှ Mobile Data Center ကို စတင်မိတ်ဆက်ခဲ့
“မောင်းသူမဲ့ စနစ်တွေဟာ နောင်လာမယ့်ဆယ်စုနှစ်တွေမှာလူမှုဘဝတွေကို သိသိသာသာပြောင်းလဲပေးနိုင် လာပါလိမ့်မယ်။ တီထွင်ဆန်းသစ်မှုတွေဟာ ဒီလိုပြောင်းလဲမှုတွေကို နောက်ကွယ်ကနေ တွန်းအားပေးမယ့် အရာတွေ ဖြစ်လာမှာပါ။ မောင်းသူမဲ့ယာဉ်ဟာ အလိုအလျောက်မောင်းနှင်နိုင်ဖို့ အာရုံခံစနစ်ကနေပေးပို့လိုက်တဲ့ အချက်အလက်ပေါင်းများစွာကို စုစည်းပြီး ဆုံးဖြတ်ချက်ချလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မောင်းသူမဲ့ယာဉ်ဆို တာလည်း Mobile Data Center တစ်ခုပါပဲ။ ဒါပေမယ့် ရာစုနှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်နဲ့ အိုင်စီတီနယ်ပယ်တွေအတွက်တောင်မှ မောင်းသူမဲ့ယာဉ်စနစ်ဟာခက်ခဲနေတုန်းပါပဲ။ မောင်းသူမဲ့ယာဉ်စနစ်ကို ဖန်တီးတဲ့နေရာမှာ အဆင့်ဆင့်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးမယ့် bottom-layer chip တွေ ၊ ပလက်ဖောင်းတွေ၊ ယာဉ်တွင်းလုပ်ငန်းဆောင်ရွက်ရေးစနစ်တွေနဲ့ upper-layer development framework တွေ စုပေါင်းထားပြီး ရှုပ်ထွေးခက်ခဲတဲ့ အင်ဂျင်နီယာနည်းပညာရပ်တွေ ပါဝင်နေပါ တယ်။ Huawei က မောင်းသူမဲ့ယာဉ်စနစ် ကို တည်ဆောက်နိုင်တဲ့သူတစ်ဦးဖြစ်ဖို့ကြိုးစားနေပြီး စဉ်ဆက်မပြတ် ဖန်တီးမှုတွေကနေတစ်ဆင့် မောင်းသူမဲ့စနစ်ရဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ဖို့အတွက် ယာဉ်ထုတ်လုပ်ရေးနယ်ပယ်က သုံးစွဲသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Huawei IT Product Line ၏ ဒုတိယ ဥက္ကဌဖြစ်သူ Mr. Joy Huang က “AI ၏ တမူထူးခြားသောနည်းပညာများဖြင့် အသိဥာဏ်မြင့်လုပ်ငန်းစုများအား စွမ်းရည်မြှင့်တင်ခြင်း” ဟူသည့် ခေါင်းစဉ်နှင့်မိန့်ခွန်းပြောကြားခဲ့သည်။
ယခုမိတ်ဆက်သော MDC သည် Huawei ၏ MDC 600 အမျိုးအစားဖြစ်သည်။ ကားထုတ်လုပ်မှုကဏ္ဍတွင် လက်ရှိအသုံးပြုလျှက်ရှိသော မောင်းသူမဲ့စနစ်ဆောင်ရွက်ရေးပလက်ဖောင်းများနှင့် နှိုင်းယှဉ်ပါက Huawei ၏ MDC သည် အောက်ပါအချက်များကို ပိုမိုအထောက်အပံ့ပေးနိုင်ပါသည်။
မြင့်မားသောစွမ်းဆောင်ရည်
Huawei ၏ ascend chip များတွင်အသုံးပြုပါက မောင်းသူမဲ့စနစ်အဆင့်(၄)အတွက် လိုအပ်သောစွမ်းဆောင်ရည် ဖြစ်သည့် တစ်စက္ကန့်တွင် လုပ်ဆောင်ချက်ပေါင်း ၃၅၂ ထရီလီယမ်အထိ ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုသည်။ မြင့်မားသောစွမ်းဆောင်ရည်ဆိုသည်မှာ ကင်မရာ၊ မီလီမီတာအလျားသာရှိသည့်သေးငယ်သော လှိုင်းငယ်လေးများကိုဖတ်နိုင်သောရေဒါ၊ လေဆာဖတ်ရေဒါ နှင့် GPS အစရှိသည်တို့ကဲ့သို့ ပြင်ပအာရုံခံစနစ်များ နှင့် ပိုမိုကောင်းမွန်စွာချိတ်ဆက်နိုင်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့မှရရှိသောအချက်အလက်များအသုံးပြုကာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့စွမ်းဆောင်နိုင်မှုကြောင့် မောင်းသူမဲ့စနစ်အသုံးပြုထားသည့် ယာဉ်များသည် ရှုပ်ထွေးသည့် လမ်းအခြေအနေများတွင် ပိုမိုလုံခြုံစိတ်ချရပြီး မြန်မြန်ဆန်ဆန်မောင်းနှင်နိုင် မည် ဖြစ်သည်။
မြင့်မားသည့်လုံခြုံစိတ်ချရမှု
MDC များကို သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အိုင်စီတီပစ္စည်းများကို ဒီဇိုင်းဆွဲခြင်းနှင့် ဖန်တီးထုတ်လုပ်ခြင်းတို့ ကို နှစ် ၃၀ ကြာ ဆောင်ရွက်ခဲ့သည့် Huawei ၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို အသုံးချကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ End-to-end redundancy backup design များကြောင့် အဆင်မပြေဖြစ်မှုတစ်ခု စီတိုင်းကို ဖယ်ရှားပေးနိုင်ပြီး ယာဉ်များတွင်တွေ့ကြုံရမည့် ကြမ်းတမ်းသည့်ပတ်ဝန်းကျင်အပူချိန်ဖြစ်သော အနှုတ် ၄၀ ဒီဂရီ စင်တီဂရိတ်မှ အပေါင်း ၈၅ ဒီဂရီ စင်တီဂရိတ်အတွင်းတွင် ကောင်းမွန်စွာအလုပ်လုပ်နိုင်သည်။ ISO 26262 standard ၏ ASIL D အဆင့်ကဲ့သို့ မောင်းသူမဲ့စနစ်အတွက်သတ်မှတ်ထားသည့် လုံခြုံစိတ်ချရမှုဆိုင်ရာ စံအဆင့်သတ်မှတ်များကိုလည်း MDC က ပြည့်မီပါသည်။
မြင့်မားသောစွမ်းအင်အသုံးပြုနိုင်မှု
Huawei ၏ MDC သည် လုပ်ငန်းဆောင်ရွက်မှုတစ်ခုလုံး၏ စွမ်းအင်အသုံးပြုနိုင်မှုအဆင့်ကိုလည်း 1 TOPS/W မှ 0.6 TOPS/W အထိ မြှင့်တင်ပေးနိုင်သည်။ မြင့်မားသောစွမ်းအင်အသုံးပြုနိုင်မှုသည် စွမ်းအင်ချွေတာခြင်း သာမက မော်တော်ယာဉ်၏ ဘတ္ထရီကိုလည်း ပိုမိုကြာရှည်ခံစေပါသည်။ အပူချိန်လျော့ကျချိန်တွင်လည်း စွမ်း ဆောင်ရည်ကျသွားခြင်းမရှိဘဲအသုံးပြုနိုင်သောကြောင့် အီလက်ထရောနစ်ပစ္စည်းအစိတ်အပိုင်းများအပေါ် ယုံကြည်စိတ်ချရမှုကိုလည်း ပိုမိုတိုးမြင့်စေပါသည်။ ထို့အပြင် Huawei ၏ MDC သည် ပန်ကာကဲ့သို့ နေရာယူ သည့်အစိတ်အပိုင်းများ မလိုအပ်သဖြင့် အရွယ်အစားအရသေးငယ်ပြီးမူလယာဉ်ဒီဇိုင်းကို ပြောင်းလဲမှုများစွာ သက်ရောက်ခြင်း မရှိပါ။
မြန်ဆန်သော အချက်အလက်လွှဲပြောင်းနိုင်မှု
underlying hardware platform ကို robot operating system (ROS) ဖြင့် ပြုလုပ်ထားပြီး ပါဝင်သည့် hardware နှင့် software တို့ ပေါင်းစည်းကာ kernel scheduling latency ကို 10 μs အောက်ထိလျော့ကျစေပြီး ROS ၏ inter-node communications latency ကို 1 ms အောက်အထိ လျော့ကျစေပါသည်။ ထိုသို့ လျော့ကျ မှုများကြောင် မူလကြာချိန် 400ms မှ 500ms အတွင်းရှိခဲ့သော မောင်းသူမဲ့စနစ်လုပ်ငန်းဆောင်ရွက်ချက် တစ်ခု၏ အချက်အလက်လွှဲပြောင်းမှုကြာချိန်ကို 200ms အောက်သို့ လျော့ကျစေနိုင်ပြီး မောင်းသူမဲ့စနစ်၏ လုံခြုံ ရေးကို ပိုမိုမြင့်တက်စေပါသည်။
Huawei သည် အိုင်စီတီကဏ္ဍတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ အသိဥာဏ်ရှိသော မော်တော် ယာဉ်များအဖြစ်သို့ ပြောင်းလဲသည့်ကဏ္ဍတွင် စွမ်းဆောင်ရည်မြင့်မားသော chip များ ဖန်တီးထုတ်လုပ်ခြင်း၊ platform-level engineering capabilities၊ comprehensive development ၊ debugging နှင့် diagnosis tool chain တို့ကို ဆောင်ရွက်ပေးခဲ့သည်။ မောင်းသူမဲ့စနစ်လျင်မြန်စွာတိုးတက်လာစေရန် မော်တော်ယာဉ်ထုတ်လုပ် မှုနယ်ပယ်မှ သုံးစွဲသူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် Huawei မှ ဆန္ဒရှိပါသည်။
HUAWEI CONNECT 2018
HUAWEI CONNECT 2018 - “Activate Intelligence” ခေါင်းစဉ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာညီလာခံ ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အတွင်း Shanghai World Expo Exhibition and Convention စင်တာ၌ ပြုလုပ်ကျင်းပခဲ့သည်။
ယခုနှစ်ကျင်းပသည့် HUAWEI CONNECT နည်းပညာညီလာခံမှာ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် အဖွဲ့အစည်း များကို နည်းပညာစနစ်များပြောင်းလဲအသုံးပြုစေရေး ခြေလှမ်းအသစ်များချဲ့ထွင်စေရန်နှင့် စွမ်းဆောင်ရည်မြင့် မားသည့်နည်းပညာသုံးကမ္ဘာကြီးနှင့်ချိတ်ဆက်ရာတွင် ပါဝင်လာစေရန် အဓိကထားရည်ရွယ်ကျင်းပခြင်း ဖြစ် သည်။ အဆိုပါနည်းပညာညီလာခံသို့ ကမ္ဘာ့နည်းပညာကဏ္ဍအသီးသီးမှ ထိပ်သီးခေါင်းဆောင်များ၊ နည်းပညာ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာနယ်ပယ်နှင့်ဆက်စပ်နေကြသူများ တက်ရောက်ခဲ့ကြပြီး ဆက်လက်လုပ် ဆောင်သွားမည့် အနာဂတ်စီမံကိန်းများနှင့် အခွင့်အလမ်းများစွာအတွက် လေ့လာမှုများကို ဆောင်ရွက်ခဲ့ကြ သည်။
အသေးစိတ်အချက်အလက်များပိုမိုသိရှိရန်အတွက် https://tinyurl.com/y94nv36f သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။