ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဦးဆောင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အလေ့အကျင့်များကို ဖွင့်ဟပြသရန် ဒုတိယအကြိမ်မြောက် Myanmar ICT Congress 2018 ကို Huawei ကျင်းပ

2018.08.15

 Read English Version

[ရန်ကုန်၊ မြန်မာ၊ ၁၄ ၊ သြဂုတ်လ ၊ ၂၀၁၈ ] သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) အခြေခံ အဆောက်အအုံပံ့ပိုးရေးဆိုင်ရာ နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သည့် Huawei သည် မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်ပေးနိုင်မည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာ နည်းပညာအလားအလာများနှင့် ခေါင်းစဉ်များကို ၂၀၁၈ သြဂုတ် ၁၅ မှ ၂၀၁၈ သြဂုတ် ၂၄ ရက်နေ့အထိ Huawei Myanmar ICT Congress 2018 တွင် ပြသလျက်ရှိပါသည်။ Huawei Yangon ရုံးချုပ်ရှိ Customer Solution Innovation and Integration Experience Center ၌ ပြုလုပ်နေသည့် ယင်းအခမ်းအနားသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုအရှိန်မြှင့်တင်ပေးပြီး ကျွန်ုပ်တို့၏နေထိုင်လုပ်ကိုင်မှုနည်းလမ်းများကိုလည်း အခြေခံအားဖြင့်ပြောင်းလဲစေမည့် Public Safety, Financial Service Industry, ISP နှင့် Smart City တို့တွင့်ကျင့်သုံးသည့် ဦးဆောင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာအလေ့အကျင့်များကို ဖွင့်ဟပြသသွားမည်ဖြစ်ပါသည်။

ံHuawei holds Myanmar ICT Congress 2018

Huawei Myanmar ၏ CEO မစ္စတာ Zhang Liman က “Huawei Myanmar ICT Congress 2018 ဟာ အခြား အခွင့်အလမ်းသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ ဝန်ဆောင်မှုသစ်တွေနဲ့ အသုံးချမှုသစ်တွေကို ဖန်တီးပေးနိုင်မယ့် ကျန်းမာတဲ့ဂေဟစနစ်တစ်ခုဖန်တီးဖို့ရာ အဓိကမိတ်ဖက်လုပ်ငန်းတွေ၊ ထိပ်တန်းအိုင်စီတီအဖွဲ့အစည်းတွေ၊ မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီတွေ၊ အခြားပါဝင်ပတ်သက်သူတွေအားလုံးနဲ့ ပူးပေါင်းဖို့နည်းလမ်းတွေ ဆွေးနွေးမျှဝေကြမယ့်၊ မရှိမဖြစ်လိုအပ်တဲ့ ညီလာခံတစ်ခုပဲ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင်းရှိ နှစ်ပေါင်းများစွာသော အတွေ့အကြုံများနဲ့ သုံးစွဲသူရဲ့ လိုအပ်ချက်ကို အလေးအနက်နားလည်မှုတို့ကို အသုံးပြုကာ  Huawei က အားကောင်းတဲ့ အိုင်စီတီလုပ်ငန်းပတ်ဝန်းကျင်တည်ထောင်ရေး နဲ့ မြန်မာနိုင်ငံတိုးတက်ဖို့ ကူညီရာမှာ အားသွန်ခွန်စိုက်အဓိကထားလုပ်ဆောင်မှာဖြစ်ပြီး အပြည့်အဝ ချိတ်ဆက်ထားပြီး အသိဉာဏ်ရှိတဲ့ ကမ္ဘာကြီးဖြစ်ပေါ်စေဖို့အတွက် လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းဆီကို ဒစ်ဂျစ်တယ် ယူဆောင်လာပေးမှာပဲဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြား ခဲ့ပါသည်။

ဤညီလာခံသည် ပြည်တွင်း မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီများအတွက် ရည်ရွယ်ပြီး ဇွန်လတွင်ကျင်းပခဲ့သည့်အစီအစဉ်၏ နောက်ဆက်တွဲ ဖြစ်သည်။ ယခု ဒုတိယပိုင်း အစီအစဉ်သည် enterprise လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆန်းသစ်သောနည်းပညာများကိုအသုံးပြု၍ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ကာ အဆင်ပြေချောမွေ့မှုနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးဖွံဖြိုးတိုးတက်မှုများ ရရှိစေရန် အဓိက နည်းပညာအလားအလာများ၊ ခေါင်းစဉ်များ၊ ဖြေရှင်းနည်းများ နှင့် ထိပ်တန်းနည်းပညာများကို ပြသသွားမည်ဖြစ်သည်။ ပွဲအစီအစဉ်တွင် ISP လုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း၊ Public Safety နှင့် အခြားခေါင်းစဉ်များ ဟူ၍အဓိကအပိုင်းလေးပိုင်းခွဲကာ ပြသသွားမည်ဖြစ်ပါသည်။

ံHuawei holds Myanmar ICT Congress 2018

အခမ်းအနားတွင် ကျွမ်းကျင်သူများမှ  ထိပ်တန်းထုတ်ကုန်များနှင့် စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေများအတွက် ရည်ရွယ်သော ဖြေရှင်းနည်းများဖြစ်သည့် data center ၊ any media giga acess ၊ ဘဏ္ဍာရေး cloud solution၊ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း၊ public safety ၊ smart city ၊ e-government နှင့် ဒစ်ဂျစ်တယ်လုပ်ငန်းဖြေရှင်းနည်းများအကြောင်းကို မျှဝေသွားမည်ဖြစ်သည်။ Myanmar ICT Congress 2018 သည် လုပ်ငန်းများစွာ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုင်ရာ အကြောင်းအရာများနှင့် လုပ်ဆောင်မှုများကို ကမ္ဘာလုံးဆိုင်ရာပြသမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ပြသသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ မှ မတ် ၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော Mobile World Congress 2018 တွင် Huawei က ထုတ်ကုန်သစ် ၂၀ ကျော် မိတ်ဆက်ခဲ့ပြီး လုပ်ငန်းရလဒ်များအား မိတ်ဖက်ပေါင်း ၃၀၀ ကျော်နှင့်လက်တွဲ၍ ပြသ ခဲ့ကာ ၎င်း၏အတွေ့အကြုံနှင့် စိတ်ကူးစိတ်သန်းများအား အိုင်စီတီကဏ္ဍတစ်ခုလုံးသို့ ဝေမျှခဲ့သည်။  Huawei သည် တီထွင်ဆန်းသစ်မှုနှင့် အိုင်စီတီကဏ္ဍအထောက်အကူပြုသော ဆောင်ရွက်မှုတို့နှင့် ပတ်သက်၍  Outstanding Contribution to the Mobile Industry Award၊ Best Mobile Technology Breakthrough Award၊ CTO’s Choice Award၊ Best Mobile Innovation for Emerging Markets Award၊ Green Mobile Award၊ Best Mobile Infrastructure Award၊ Best Mobile Innovation Award နှင့် Best Network Software Breakthrough Award အစရှိသည့် GSMA Global Mobile Awards ၈ ခုကိုလည်း ရရှိခဲ့ပါသည်။