DCIG မှ All-Flash Storage များကို စီစစ်အကဲဖြတ်ရာတွင် ထောက်ခံချက်ရရှိသော အဆင့်ကို Huawei မှ ထိုက်ထိုက်တန်တန်ရရှိ
[ရှန်ကျန်း၊ တရုတ်၊ မေ၊ ၂၁၊ ၂၀၁၈] ကမ္ဘာ့နာမည်ကြီး နည်းပညာစီစစ်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် DCIG မှ ၂၀၁၈-၁၉အတွက် All-Flash Array ဝယ်ယူမည့်သူများအတွက် လမ်းညွှန်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုလမ်းညွှန်တွင် Huawei ၏ all-flash array သည် ထောက်ချက်ခံရရှိသော အဆင့်ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါသည်။ ထိုသို့ရရှိခြင်းသည် ဈေးကွက်တွင်း အသိအမှတ်ပြုခံရမှု နှင့် Huawei ၏ all-flash array များဖြစ်သော the OceanStor Dorado serie များနှင့် နောက်ဆုံးပေါ် OceanStor F V5 serie များ၏ ဈေးကွက်တွင်း နည်းပညာယှဉ်နိုင်စွမ်းကို ပြသနေပါသည်။
DCIG ဝယ်ယူသူလမ်းညွှန်သည် ဝယ်ယူသူများအတွက် ပြည့်စုံသော အသေးစိတ်လေ့လာစမ်းစစ်မှုများနှင့် နည်းပညာပိုင်းအရ အကြံဉာဏ်များပေးထားပါသည်။ အကဲဖြတ်ရာတွင်လည်း စီးပွားရေးလုပ်ငန်းအတွက်တန်ဖိုး၊ ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးသက်ရောက်မှု၊ သတင်းအချက်အလက်များယုံကြည်စိတ်ချရမှု စသည့်အချက်အလက်များအပါအဝင် ရှူထောင့်မျိုးစုံကသုံးသပ်ပြထားပါသည်။ ထိုအချက်အလက်များသည် CIO များဒေတာစင်တာ အခြေခံအဆောက်အအုံများဝယ်ယူရန် ရှာဖွေရာတွင် အရေးကြီးသော ကိုးကားချက်များဖြစ်သည်။
DGIG သည် storage ရောင်းချနေသော ကုမ္ပဏီ ၇ခုမှ လက်ရှိခေတ်စားနေသည့် all-flash storage ၃၂ခုကို စီစစ်လေ့လာပြီး အဆင့်သတ်မှတ်ခဲ့ပါသည်။ DCIG အနေဖြင့် ကုန်ပစ္စည်းများ၏ လုပ်ဆောင်ချက်၊ စီမံခန့်ခွဲမှုနှင့် ဆော့ဝဲလ်၊ hardware၊ virtualization နှင့် နည်းပညာအထောက်အပံ့များ စသည့် ၅၇ ခုသောအပိုင်းများကို လေ့လာစီစစ်ခဲ့ပါသည်။ သေချာ အမျိုးအစားခွဲခြားခြင်း၊ စီစစ်လေ့လာခြင်းများပြုလုပ်ပြီးသည့်နောက် DCIG သည်ရရှိသည့်အမှတ်များပေါ်မူတည်၍ ထောက်ခံချက်ပေးသောအဆင့်နှင့် ထူးကဲသောအဆင့်ဟူ၍ နှစ်မျိုးခွဲခြားသတ်မှတ်ခဲ့ပါသည်။ အကောင်းဆုံးလုပ်ဆောင်ရည်နှင့် အမှတ်ရရှိသော all-flash storage ပစ္စည်းများကသာ ထောက်ခံချက်ပေးသောအဆင့်တွင်ပါဝင်ခဲ့ပါသည်။
နောက်ဆုံးထွက်ရှိခဲ့သော DCIG ၂၀၁၈-၁၉ အတွက် All-Flash Array ဝယ်ယူသူလမ်းညွှန်တွင် Huawei ၏ OCeanStor Dorado V3 storage စနစ်များ (မော်ဒယ် ၃ခု) နှင့် OceanStor F V5 storage စနစ်များ (မော်ဒယ် ၅ခု) တို့သည် ထောက်ခံချက်ပေးသောအဆင့်ကို ရရှိခဲ့ကြပါသည်။
OceanStor Dorado V3 all-flash arrayများကို စတင်မိတ်ဆက်သည့် ၂၀၁၆မှစတင်၍ ဈေးကွက်ထဲတွင် အခိုင်အမာနေရာယူထားပါသည်။ ခိုင်လုံသော third-party အကြံပေးအစီရင်ခံစာအရ Huawei ၏ all-flash storage မှ ၂၀၁၇ ခုနှစ်အတွက် ရရှိသော အမြတ်ငွေ တိုးတက်နှုန်းသည် ကမ္ဘာလုံးဆိုင်ရာ AFA ဈေးကွက်တွင် အမြင့်ဆုံးဖြစ်သည်။ မတ်လ ၂၀၁၈ခုနှစ်တွင် Huawei သည် ၎င်း၏ တတိယမြောက် AFA OceanStor F V5 series ကိုမိတ်ဆက်ခဲ့ပြီး သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုအထောက်အပံပေးနိုင်ခဲ့ခပါသည်။ Huawei ၏ all-flash storage သည် တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများဖြစ်သော Russia Post ၊ Brazil Caixa ဘဏ် နှင့် China Pacific Insurance များ၏ ယုံကြည်မှုကို ရရှိခဲ့ပါသည်။
Huawei သည် flash နည်းပညာကို ၂၀၀၅ ခုနှစ်မှစတင်၍ သုတေသနပြုလုပ်ခဲ့ပြီး “ Data on Demand” ဟူသော အမြင်သဘောထားကို လက်ကိုင်ထားဆဲဖြစ်ပါသည်။ ၁၃နှစ်ဆက်တိုက်ရင်းနှီးမြှပ်နှံမှုကြောင့် ယခုအခါတွင် enterprise လုပ်ငန်းများ၏ mission-critical အပလီကေးရှင်းများအတွက်ရည်ရွယ်ထားသော ပြီးပြည့်စုံသည့် all-flesh storage များ Huawei တွင်ရှိပါသည်။ All Flash၊ All Cloud နှင့် All Intelligence ဟူသောဒေတာသိုလှောင်မှုရေစီးကြောင်း၏ ရှေ့တန်းတွင် ဆက်လက်ရပ်တည်နိုင်အောင် Huawei Storage ကိုအသုံးပြုလိုက်ပါ။
DCIG ၂၀၁၈-၁၉ All-Flash Array ဝယ်ယူသူလမ်းညွှန်အကြောင်းကို အသေးစိတ်သိရှိလိုပါက ကျေးဇူးပြု၍ ဖော်ပြပါလင့်ခ်တွင်ဝင်ရောက်လေ့လာပါရန်-http://e.huawei.com/en/material/onLineView?MaterialID=716b050f43f24b4fbb02ad03076eb9d2.