Brand eins မှ သတ်မှတ်သော “ဆန်းသစ်တီထွင်သူ” ဆု နှင့် LinkedIn မှသတ်မှတ်သော “ထိပ်တန်း အလုပ်ရှင်”ဆုနှစ်ခုဖြင့် ဂျာမနီတွင် Huawei နှစ်ထပ်ကွမ်း ဂုဏ်ပြုခံရ
[Düsseldorf ဂျာမနီ၊ မတ်လ ၂၂ ၂၀၁၈] ယခုနှစ်၏ တီထွင်မှုဆိုင်ရာဦးဆောင်သူများ အဆင့်ရွေးချယ်သက်မှတ်ရာတွင် Huawei သည် တီထွင်မှုအရှိဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်ဟု Brand eins Innovation မှ သတ်မှတ်ခဲ့ပါသည်။ ရလဒ်အား အကဲဖြတ် ဆုံးဖြတ်ရန်အတွက် Statisic Portal Statista မှလုပ်ငန်းကျွမ်းကျင်သူ အယောက် ၂၂၀၀၀ ကျော်အား အင်တာဗျူးပြုလုပ်ခဲ့ပါသည်။ နည်းပညာနှင့် ဆက်သွယ်ရေးလုပ်ငန်းခေါင်းစဉ်အောက်တွင် လုပ်ငန်းနယ်ပယ်များစွာမှ ကုမ္ပဏီ ၃၄၀၀ ကျော် လျာထားခံရပြီး ဆန်ခါတင်စာရင်းဝင် ကုမ္ပဏီ ၂၈၅ခုမှ ကြယ်ပွင့်လေးပွင့် ထိပ်တန်းအဆင့်ကို Deutsche Telekom ၊ Vodafoen ၊ SAP နှင့် IBM ကုမ္ပဏီများနှင့်တန်းတူ Huawei မှရရှိခဲ့ပါသည်။ ဆုရရှိသူများစာရင်း အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။ လင့်ခ်- https://www.brandeins.de/magazine/brand-eins-thema/innovation-2018/interaktive-karte-ranking-bestenliste
ဆက်လက်၍ Huawei သည် LinkedIn ၏ “ထိပ်တန်း ကုမ္ပဏီ ၂၀၁၈” ဆုစာရင်းတွင် ပါဝင်ခဲ့သောကြောင့် ၎င်း၏အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့လည်း ဂျာမနီတွင် အသိအမှတ်ပြုခြင်းလည်းခံခဲ့ပါသည်။ Huawei သည် ဂျာမန်လူမျိုးများဝင်ရောက် အလုပ်လုပ်ကိုင်လိုသော ထိပ်တန်းအလုပ်ရှင်ဖြစ်သည်ဟု LinkedIn မှဖော်ပြခဲ့ပါသည်။ LinkedIn မှဖော်ပြသော စာရင်းတွင် Huawei သည် McKinsey၊ Alphabet နှင့် Amazon ကုမ္ပဏီတို့ပြီးနောက် လေးနေရာမြောက်တွင် ရပ်တည်နေပြီး Boston Consulting Group ၊ Apple ၊ BMW ၊ IBM နှင့် Cisco ကုမ္ပဏီတို့၏ အရှေ့မှ ရပ်တည်နေပါသည်။
ထိုသို့ ဆုနှစ်ဆုရရှိခြင်းအပေါ် “ တီထွင်ဆန်းသစ်သူ နှင့် ထိပ်တန်း အလုပ်ရှင်အဖြစ် ဆုရရှိခြင်းအပေါ်မှာ ဂုဏ်ယူပါတယ်။ Huawei က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇နှစ်ကတည်းက ဥရောပမှာ သုတေသနအဖွဲ့အစည်း ၁၈ခုကို တည်ထောင်ခဲ့ပြီး၊ ၁၅၀ သော အဖွဲ့အစည်းများနှင့်လည်း နည်းပညာပူးပေါင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် Huawei ဟာ ဥရောပရဲ့ ဒစ်ဂျစ်တယ်အသွင်ဖြစ်ပေါ်ရေး လွယ်ကူချောမွေစေဖို့ အထူးကြိုးစားခဲ့ပါတယ်။ အဲလိုကြိုးစားတဲ့အခါမှာ ပန်းတိုင်ကို ရောက်ရှိဖို့ ထူးချွန်သူတွေက အဓိကပါဘဲ။ ဥရောပမှာ ဝန်ထမ်းပေါင်း ၁၁၀၀၀၀ ရှိရာ ၇၀%က ဒေသခံတွေဖြစ်ပါတယ်။ တော်တော်များများက Huawei မှာလုပ်သက် ၁၀ နှစ် ကျော်နေပြီဖြစ်ပြီး ရာထူးမြင့်တဲ့နေရာတွေမှာ လက်ရှိလုပ်ကိုင်နေကြပါတယ်။ ဉရောပမှာရှိတဲ့ Huawei ရဲ့အနာဂတ်က လုပ်ငန်းခွင်နဲ့ကိုက်ညီတဲ့ သူတွေကို ခေါ်ယူပြီး တက်ကြွစွာဝင်ရောက်လုပ်ကိုင်ဖို့ ကျွန်တော်တို့လှုံဆော်ခြင်းနိုင်ခြင်းအပေါ်မှာမူတည်ပါတယ်။ အရာအားလုံးချိတ်ဆက်တဲ့ခေတ်ကိုရောက်လာတာနဲ့အမျှ ပိုမိုကြီးမားကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်အသွင် ဥရောပဖြစ်ပေါ်ရေးအတွက် ထူးချွန်သူတွေကို ကြိုဆိုပါတယ်” ဟု Huawei ၏ အနောက်ဥရောပ ဥက္ကဌ Vincent Pang မှ ပြောကြားခဲ့ပါသည်။