ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ၏ Care Myanmar အစီအစဉ်ကို အထက်မြန်မာပြည်တိုင် တိုးချဲ့

Huawei Myanmar သည် ကတိကဝတ်ပြုထားသည့်အတိုင်း အများအကျိုးပြုလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံတဝန်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများသို့ ကျပ်သိန်း ၂၇၀ လှူဒါန်း
2017.06.19

မန္တလေး၊ မြန်မာ၊ ဇွန်လ ၁၉ ရက်၊ ၂၀၁၇။  ။Huawei ၏ လျာထားချက်အတိုင်း “Care Myanmar”  အများအကျိုးပြု လုပ်ငန်းစဉ်များကို အကောင်ထည်ဖော် ဆောင်ရွက်သည့်အနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ်မှ သာသနာ့အောင်မြေ မူလတန်းလွန် ဘုန်းတော်ကြီး စာသင်ကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ လှည်းသွင်းရွာ စာသင်ကျောင်းတို့တွင် လိုအပ်သည်များကိုလှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံတဝန်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများကို ကျပ်သိန်း ၂၇၀ လှုဒါန်းရန် ပေးထားသည့် ကတိကဝတ်များအတိုင်းHuawei ၏ လူထုအကျိုးပြု အစီအစဉ်မှ ထောက်ပံ့လှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယခုမန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လှူဒါန်းမှုများကို Huawei ၏ ဒေသခံလူမှု အဖွဲ့အစည်းများကို ထောက်ပံ့ ကူညီလိုသည့် ဆန္ဒဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ 

 “အခုလှူဒါန်းတာဟာ ၂၀၁၇ ခုနစ် Care Myanmar အစီအစဉ်ရဲ့ စတုတ္ထအကြိမ်နဲ့ ပဉ္စမအကြိမ် လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ပေးထားသည့် ကတိကဝတ်များအတိုင်း မြန်မာနိုင်ငံအတွင်းက လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီဖို့ပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့က ပညာရေးဘက်ကို ဦးစားပေးပြီး ဆောင်ရွက်နေတဲ့အတွက် အခုကျွန်တော်တို့ လှူဒါန်းလိုက်တဲ့ အလှူငွေနဲ့ အစားအသောက်တွေက ကျောင်းသားတွေရဲ့ နေ့စဉ်ဘဝ လိုအပ်ချက်တွေကို အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Huawei Myanmar ၏ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Zhu Bo မှ ပြောကြားသွားပါသည်။

 သာသနာ့အောင်မြေ မူလတန်းလွန် ဘုန်းတော်ကြီးစာသင်ကျောင်းတွင် ကျပ်သိန်း ၃၀ တန်ဖိုးရှိသည့် ကျောင်းသုံးပစ္စည်းများ၊ ဆန်၊ ဆီနှင့် အခြားစားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ပါသည်။ ကျောင်းသားများကို ပညာသင်ကြားပေးရန် နှင့် ကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် လှူဒါန်းမှုကို ကျောင်းတာဝန်ခံများမှ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံခဲ့ပါသည်။ လှည်းသွင်းရွာ အခြေခံပညာကျောင်းတွင်  ကျပ်သိန်း ၃၀ တန်ဖိုးရှိသည့် အုတ်နှင့် ဘိလပ်မြေတို့ကို လှူဒါန်းခဲ့ပြီး ဤကဲ့သို့ လှူဒါန်းရခြင်းမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ

ဘဒ္ဒန္တ ဥတ္တမဉာဏာဘိဝံသ၏ မိန့်ကြားမှုဖြင့် ကျောင်းအုတ်တံတိုင်းတည်ဆောက်ပြုပြင်ရေးအတွက် အသုံးပြုရန် ဖြစ်ပါသည်။ 

 “ ဒီလှူဒါန်းမှုဟာ ဆရာတော် တစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး လှူဒါန်းတာမျိုး မဟုတ်ဘဲ အများအတွက် ရည်ရွယ်တဲ့ ထာဝရအလှူ ဖြစ်ပါတယ်။ အုတ်တံတိုင်းဆိုတာ ပြင်ပက၀င်လာမယ့်

အနှောင့်အယှက်တွေကို ကာကွယ်ပေးပြီး ကျောင်းအတွက် လှူဒါန်းတာမျိုးဖြစ်တဲ့အတွက် ကျောင်းသားတွေ အနှောင့်အယှက်ကင်းကင်း အေးချမ်းစွာ ပညာသင်ကြားနိုင်အောင် လှူဒါန်းရာ မြောက်ပါတယ်။ ကုသိုလ် အများကြီးရပါတယ်။ Huawei က ဆရာတော်တို့ကို ရုံးသစ်ပြောင်းရွှေ့ခြင်း လှူဒါန်းမှုတုန်းကလည်း ဆရာတော်(၉)ပါးကို နောက်ဆုံးပေါ် ဖုန်းတစ်လုံးစီနဲ့ ၀တ္ထုငွေအများအပြားလည်း လှူဒါန်းပြီး ဖြစ်ပါတယ်။ အခုလည်း ကတိက၀တ် ပြုထားတဲ့အတိုင်း လာလှူတဲ့အတွက် ၀မ်းမြာက်ဝမ်းသာစွာ သာဓုခေါ်ပါတယ်။ “ ဟု နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဌ ဘဒ္ဒန္တ ဥတ္တမ ဉာဏာဘိဝံသ က မိန့်ကြားခဲ့သည်။

 Huawei Myanmar မှ ယခုကဲ့သို့ မန္တတိုင်းဒေသကြီးအတွက် လှူဒါန်းမှု ၃ ခု မပြုလုပ်မီကလည်း ၂၀၁၇ ခုနှစ် ဇွန်လအစောပိုင်းတွင်လည်း ပစ္ဆိမာရုံပရိယတ္တိစာသင်ကျောင်းအတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ဇွန်လအစောပိုင်း၌ ကံသုံးဆင့် ဘုန်းတော်ကြီးကျောင်းအတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ မေလအစောပိုင်းတွင် ခေမာရာမ သီလရှင်ကျောင်းအတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း လှူဒါန်းခဲ့ပါသည်။ ဤလှူဒါန်းမှုများသည်မိုးရာသီကာလအတွင်း လှူဒါန်းမှု ၉ ခုပြုလုပ်ရန် လျာထားချက်များအနက်မှ ကနဦး လှူဒါန်းမှု ၅ ခုဖြစ်ပါသည်။ 

 Huawei သည် တာဝန်သိ၊ လူမှုစိတ်ဓာတ်ရှိရှိဖြင့် ‘Huawei, Care Myanmar’ အမည်ရ အဆိုပါ လူထုအကျိုးပြု အစီအစဉ်တစ်ရပ်ကို  တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ၈လပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခါခဲ့သော မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း အမွေအနှစ်ဒေသများ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော အထောက်အပံ့၊ အကူအညီများကို လည်းကောင်း၊ ၂၀၁၆ သီတင်းကျွတ်လတွင် မိဘမဲ့ကလေးကျောင်း နှင့် ဘိုးဘွားရိပ်သာ (၆)ခုသို့ မြန်မာ ကျပ်ငွေသိန်း (၁၃၀၀) နှင့် ညီမျှသော နေ့စဉ်အသုံးအဆောင် နှင့် ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၅ခုနှစ်က ဖြစ်ပွားခဲ့သော ရေကြီးမှုအတွက် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ နှင့် ထောက်ပံ့ကယ်ဆယ်ရေးအိတ်များ  ၁၀၀၀ ခန့်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

 Care Myanmar အစီအစဉ်များအပြင် Huawei Myanmar ၏ CSR လုပ်ငန်းစဉ်များက မြန်မာနိုင်ငံ ICT ကဏ္ဍရှိ အရာရှိများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကိုလည်း အလေးပေးပြီး ဆောင်ရွက်လျက်ရှိပါသည်။