ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Interop Tokyo 2017 တွင် Huawei က ဆုတံဆိပ် ခြောက်ဆုဆွတ်ခူး

2017.07.03

ရန်ကုန်၊ မြန်မာ။ ဇူလိုင် ၃, ၂၀၁၇။ – ဇွန်လအစောပိုင်းကကျင်းပခဲ့သည့် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ICT ပြပွဲဖြစ် သော Interop တိုကျို ၂၀၁၇ တွင် "သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသစ်ကို ဦးဆောင် ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု လမ်းကြောင်းဆီသို့ - Leading New ICT, the Road to Digital Transformation” ဟူသော အဓိက Theme ဖြင့် Huawei က ၀င်ရောက်ပြသခဲ့ပါသည်။   ယခုနှစ်တွင် Huawei  အနေဖြင့်  သရုပ်ပြ ကဏ္ဍ ၌ Grand Prize ၊ Server & Storage Category ၌ Grand Prize အပါ အ၀င် ဆုပေါင်း ခြောက်ဆုကို ရရှိခဲ့ပါသည်။

ယခုနှစ်အတွက် Interop ၏ Theme မှာ "The REAL" ဖြစ်ပြီး အင်တာနက် နှင့် ပတ်သက်သည့် အကြောင်းအရာများ နှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် အင်တာနက်က ဆောင်ကြဉ်းလာမည့် အရာများကို လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။ ပိုမိုကောင်းမွန်ပြီး အချိတ်အဆက်မိသော ကမ္ဘာဖြစ်လာစေရန် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဦးဆောင်နေသည့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်နေရသူ များအတွက် လမ်းညွှန်ဆိုင်းဘုတ်အဖြစ်လည်း Interop  က ပံ့ပိုးပေးပါ သည်။

ဓာတ်ပုံ-Huawei သည် Interop Tokyo 2017 တွင် "သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသစ်ကို ဦးဆောင်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆီသို့လမ်းကြောင်း Leading New ICT, the Road to Digital Transformation” ဟူသော အဓိက Theme ဖြင့် ၀င်ရောက်ပြသနေစဉ်။

Huawei သည် "New ICT" vision ဖြင့် အားပေးသူများရရှိလာပြီး Grand Prize ဆု နှစ်ဆုဆွတ်ခူးခဲ့

Huawei သည် "New ICT" vision ဖြင့် အားပေးသူများရရှိလာပြီး Grand Prize ဆု နှစ်ဆုဆွတ်ခူးခဲ့

နောက်ဆုံးပေါ် သတင်းအချက်အလက် နည်းပညာတိုးတက်မှုများ နှင့် ခေတ်အမီဆုံး နည်းပညာ ဖော်ထုတ်ပြသမှု များကို စောင့်ကြည့်ရသည့် နေရာတစ်ခုအဖြစ် Interop ပြပွဲကို လုပ်ငန်းနယ်ပယ် တစ်ခုလုံးက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ထားကြပါသည်။ Huawei သည် လွန်ခဲ့သော ငါးနှစ်ကျော်ကာလမှစပြီး Interop Tokyo တွင် ဆု ပေါင်းများစွာကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါသည်။

Interop Tokyo ၂၀၁၇ တွင် ချီးမြှင့်သည့် အကောင်းဆုံးဆုများကို  Industry မှ ကျွမ်းကျင်ပညာရှင်အဖွဲ့က အကဲဖြတ်ဆုံးဖြတ်ကြပြီး Huawei ၏ ဆန်းသစ်သောထုတ်ကုန်များနှင့် Solution များ၏ တစ်မူထူးခြားသော နည်း ပညာစွမ်းအားကို သတိပြုမိကြကာ Huawei အား ဆုငါးဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ Huawei OceanStor Dorado V3 All Flash Storage သည် သူ၏ စွမ်းဆောင်ရည် ထူးခြားပြောင်မြောက်ခြင်း၊ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု မြင့်မားခြင်း၊ လုပ်ဆောင်ချက် များစွာပါဝင်ခြင်းနှင့် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုရှိခြင်း တို့ကြောင့် Server & Storage Category တွင် Grand Prize ကို ရရှိခဲ့ပါသည်။ ဤထုတ်ကုန်သည် သူ့အမျိုးအစားတွင် ပထမဆုံး ဖြစ်ပြီး လုံးဝအတိမ်းအစောင်း မခံသော ၀န်ဆောင်မှု လုပ်ငန်းများကို ထောက်ပံ့ပေးနိုင်သည့် စွမ်းဆောင်မှု နှင့် ယုံကြည်စိတ်ချရမှု နှစ်ခုလုံးနှင့် ပြည့်စုံကြောင်း အကဲဖြတ်အဖွဲ့က ပြောကြားခဲ့ပါသည်။ 

ဓာတ်ပုံ- Huawei OceanStor Dorado V3 All Flash Storage သည် Server & Storage Category တွင် Grand Prize ရရှိစဉ်

သရုပ်ပြ ကဏ္ဍ (Demonstration Category) တွင် Huawei ၏ SoftRadio ပါဝင်သော E2E NB-IoT Service Quick Development Kit နှင့် IoT Cloud Platform တို့က Grand Prize ရရှိခဲ့ပါသည်။ ဤ kit သည် developer များအား ရေရှည် တည်တံ့သော စီးပွားရေးဆိုင်ရာ IoT solution များကို ဖန်တီးနိုင်စေပါသည်။ ၎င်းက ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင်မှသည် ထိထိရောက်ရောက် အသုံးချခြင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ လက်တွေ့စမ်းသပ်ခန်းများအထိ လုပ်ငန်းစဉ် တစ်ခုလုံးကို အထောက်အကူ ပြုပေးပါသည်။

ဓာတ်ပုံ-Huawei ၏ SoftRadio ပါဝင်သော E2E NB-IoT Service Quick Development Kit နှင့် IoT Cloud Platform တို့သည်    သရုပ်ဖော်ပြမှု ကဏ္ဍ (Demonstration Category) တွင် Grand Prize အတွက်ဆုယူစဉ်

Huawei သည် တခြားသော Runners-up ဆုနှစ်ခုနှင့် အထူးဆု နှစ်ဆုကိုလည်း ရရှိခဲ့ပါသည်။  Huawei 4T Routing Line Card သည် Carrier/ISP ဆက်သွယ်ချိတ်ဆက်မှု ကဏ္ဍတွင် Runners-up ဆုရရှိခဲ့ပါသည်။ Huawei ၏ Cloud Video Conferencing Endpoint – the Huawei TE10 – သည် Gadget category တွင် Runners-up ဆုရရှိခဲ့ပါသည်။ Huawei ၏ Cloud Campus solution က Enterprise/SMB ဆက်သွယ်ချိတ်ဆက်မှု ကဏ္ဍတွင် အထူးသီးသန့်ဆုကို ရရှိခဲ့ပါသည်။

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာအသစ် နှင့် ဂေဟစနစ်အသစ်တို့ကို စူးစမ်းလေ့လာခြင်းက ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ပေးပါလိမ့်မည်။

Huawei ၏ Enterprise Business Group သည် ဒစ်ဂျစ်တယ်ကမ္ဘာနှင့် အသိဉာဏ်ဦးဆောင်သည့်ကမ္ဘာသို့ အရောက်ပို့မောင်းနှင်ပေးသူဖြစ်ပြီး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် လုပ်ငန်းများအားဆောင်ရွက်ပေး နိုင်သူ မိတ်ဖက်တစ်ဦးလည်း ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသစ်များ သည် ဤဖြစ်စဉ်ကို အရှိန်မြင့်တက်စေပါသည်။ Internet of Things IoT  က အချက်အလက်အဖြစ် ပြောင်းလဲပေးပြီး Cloud က Data ကို အရင်းအမြစ်အဖြစ် ပြောင်းလဲပေးပါသည်။ ကြီးမားသော အချက်အလက်များက အရင်းအမြစ်များကို   အသင့်တော်ဆုံး ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။  

Edge computing သည် cloud computing အတွက် အရေးပါသော ဖြည့်စွက်ချက်တစ်ခုဖြစ်ပြီး လုပ်ငန်းများ အား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် မောင်းနှင်ပေးမည့် Huawei’s Network R&D Department ၏ President ဖြစ်သော Liu Shaowei က လုပ်ငန်းများ ဒစ်ဂျစ်တယ် စနစ်အသွင်ပြောင်းလဲခြင်းအတွက် နှစ်ဦးနှစ်ဖက်အတျိုးရှိစေမည့်ဂေဟစနစ်နှင့်ပတ်သက်ပြီး “ Edge Compution: စက်မှုလုပ်ငန်းများ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုအတွက် Win- Win ဂေဟစနစ်ကို ဖွင့်လှစ်ခြင်း” ခေါင်းစဉ်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။  သူက "Edge computing ဟာ လုပ်ငန်းအမြောက်အများအတွက် Internet of Things ကို လုပ်ဆောင်နိုင်ဖို့ အဓိကနည်းပညာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုနည်းပညာ (OT) ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT)  နဲ့ တစ်နေရာတည်းမှာ တွေ့ဆုံနိုင်အောင်လည်း အလွန်အရေးပါတဲ့ ကဏ္ဍကနေ ဆောင်ရွက်ပေးပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အလိုအလျောက် ဆောင်ရွက်နိုင်တဲ့ ကွန်ရက်စီမံခန့်ခွဲမှု နည်းပညာ၊ open edge computing platforms ၊ Time-Sensitive Networking နဲ့ Self-X networks တို့လို အဓိက edge computing နည်းပညာတွေအတွက်  သုတေသနနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ Huawei က ရင်းနှီးမြှုပ်နှံမှုတွေ တောက်လျောက်ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့က edge networking နဲ့ computing ဆိုင်ရာ အခြေခံ စွမ်းဆောင်ရည်တွေ တည်ဆောက်ပေးတာ၊ လုပ်ငန်းဆိုင်ရာ ဖြေရှင်းမှုတွေကို တိုးမြှင့်ဖော်ထုတ်ပေးတာ၊ ဝယ်ယူသုံစွဲသူတွေရဲ့ တန်ဖိုးထားမှုတွေရရှိအောင် ဖန်တီးပေးပြီး အောင်မြင်အောင် ကူညီပေးတာတွေအပေါ် အထူးအာရုံစိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်မြင်စေမယ့် အခြေခံ သဘောတရားထားရှိပြီး ဆောင်ရွက်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းမှုတွေနဲ့ ဂေဟ စနစ်ကို တွဲဖက် တည်ဆောက်နိုင်မယ့် လုပ်ငန်းမိတ်ဖက်တွေနဲ့အတူ တွဲပြီးတော့လည်း အလုပ်လုပ်ချင်ပါတယ်။ " ဟု ပြောကြားခဲ့ပါသည်။ 

ဓာတ်ပုံ-Huawei ၏ ဆက်သွယ် ချိတ်ဆက်မှု သုတေသန နှင့် ဖွံ့ဖြိုးရေး ဌာန (Network R&D Department) ၏ ဥက္ကဌ ဖြစ်သူ Liu Shaowei က Interop Tokyo 2017 တွင် အမှာစကားပြောကြားနေစဉ်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသစ်များနှင့် ဂေဟစနစ်များတွင် အဆက်မပြတ်ရင်းနှီး မြှုပ်နှံမှုများနှင့် နိုင်ငံတကာ အတွေ့အကြုံစုံလင်မှုများကြောင့်   ထိပ်တန်းစီးပွားရေး လုပ်ငန်းကြီးများက Huawei ကို တစ်နေ့ထက်တစ်နေ့ ပိုမိုယုံကြည်မှု ရှိလာကြပါသည်။ Fortune Global ကုမ္ပဏီ ၅၀၀ ကျော်ထဲမှ ရှေ့အမှတ်စဉ် ၁၀၀ အတွင်းမှ ၄၀ ကျော် အပါအ၀င် ကုမ္ပဏီ သုံးပုံတစ်ပုံသည်  သူတို့၏ လုပ်ငန်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် Huawei ကို မိတ်ဖက်အဖြစ် ရွေးချယ်ထားကြပြီး ဖြစ်ပါသည်။