Huawei Cloud မှ ဆန်းသစ်တီထွင်ဖန်တီးထားသော နည်းပညာဖြေရှင်းနည်း ၆ ခု ကို HUAWEI CONNECT 2017 ပွဲတွင် ထုတ်ဖော်ပြသ
[ရန်ကုန်၊ မြန်မာ၊စက်တင်ဘာ ၁၃၊ ၂၀၁၇] HUAWEI CONNECT 2017 တွင် Huawei မှ IT Product Line ၏ ဒုတိယဥက္ကဌဖြစ်သူ Joy Huang မှ "All Connected, All Cloud, All Intelligent” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် လုပ်ငန်းစုကြီးများအား ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတွင် အကူအညီပေးရန် ဒီဇိုင်းရေးဆွဲထားသော ဆန်းသစ်တီထွင်ထားသည့် solution ၆ ခု ကို ထုတ်ဖော်ကြေငြာခဲ့ပါသည်။ Solution အသစ်များတွင် hardware၊ software၊ data၊ connection၊ ဖွဲ့စည်းတည်ဆောက်ပုံ နဲ့ hybrid cloud တို့၏ ဆန်းသစ်တီထွင်မှုများ ပါဝင်ပါသည်။
တချိန်တည်းမှာပင် Huawei သည် ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုနှင့် ပတ်သက်၍ Industrial and Commercial Bank of China (ICBC) နှင့် Dongfeng Peugeot Citroen Automobile Company Ltd. တို့နှင့် အတူ အလုပ်လုပ်ကိုင်စဉ်က သင်ယူရရှိခဲ့သည့် အကောင်းဆုံးသော တွေ့ရှိချက်များ နှင့် အောင်မြင်သည့် ဇာတ်လမ်း အဖြစ်အပျက် တို့ကိုလည်း မျှဝေခဲ့ပါသည်။
ဓာတ်ပုံ- Huawei မှ IT Product Line ၏ ဒုတိယဥက္ကဌ ဖြစ်သူ Joy Huang မှ မိန့်ခွန်းပြောကြားစဉ်။
“နယ်ပယ်တော်တော်များများမှာ ဖြစ်ပေါ်နေတဲ့ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဟာ အနာဂတ်မှာ လူသားတွေအတွက် အသိဥာဏ်ရှိတဲ့ ကမ္ဘာတစ်ခုဆီ ကို သယ်ဆောင်လာပေးတာပါ။ ပြီးတော့ဆန်းသစ် တီထွင်မှုကလည်း ဒီပြောင်းလဲမှုကြီး အတွက် တွန်းအားတစ်ခုဖြစ်လာပါလိမ့်မယ်။”ဟု Joy Huang က ပြောကြားသွားခဲ့ပါသည်။ “ဆန်းသစ်တီထွင်မှုတွေက cloud မှာ ပိုပိုပြီး နေရာယူလာမှာ ဖြစ်သလို cloud ကလည်း ဘက်ပေါင်းစုံမှအင်အားကို လိုလာပါလိမ့်မယ်။ Huawei Cloud ဟာ Customerအတွက် သူတို့ရဲ့ဒီဂျစ်တယ်အသွင်ပြောင်းလဲရာမှာ အောင်မြင်စေဖို့ ကူညီပေးနိုင်မယ့် Huawei Cloudရဲ့ စွမ်းဆောင်ရည်တွေ နဲ့ စဉ်ဆက်မပြတ်တဲ့ ဖြစ်ပေါ်နေတဲ့ နည်းပညာတီထွင်ဖန်တီးမှုတွေ က ဆောင်ယူလာမယ့် အသိဥာဏ်ရှိတဲ့ကမ္ဘာကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့သူ ဖြစ်လာပါလိမ့်မယ်” ဟု ကတိကဝတ်ပြုခဲ့ပါသည်။
ဓာတ်ပုံ-Huawei Cloud ကထုတ်ဖော်ကြေငြာလိုက်သော ဆန်းသစ်တီထွင်ထားသည့် solution ၆ ခု
HUAWEI CONNECT 2017 တွင် ၎င်းတို့၏တီထွင်ဖန်တီးထားသည့် hardware၊ software၊ data၊ connection၊ ဗိသုကာနဲ့ hybird cloud တို့ ပါဝင်သည့် Huawei Cloud မှ ထုတ်ပြန်ကြေငြာခဲ့သော solution (၆) ခု မှာ
- Hardware တီထွင်ဆန်းသစ်မှု - Atlas သည် Huawei ၏ အသိဥာဏ်ရှိသော မျိုးဆက်သစ် hardware platform တစ်ခုဖြစ်ပါသည်။ ယခု public cloud ဖြစ်စဉ်များတွင် ဥာဏ်ရည်တု နှင့် စွမ်းဆောင်ရည်မြင့်မားသော computing (HPC)၊ Atlas pools resources of graphics processing units (GPUs) များ၊ hard disk drives (HDDs)များသာမက အသွင်မတူသော resource pools နှင့် အသိဥာဏ်ရှိသော orchestration ကိုအသုံးပြုထားသော solid state drives (SSDs) များ ပါဝင်ပါသည်။ ယင်း Platform သည် အရင်းအမြစ်များကို နှစ်ဆတိုး၍အသုံးချလျက် ကွဲပြားခြားနားသော ဝန်ဆောင်မှုပုံစံများ၏ စံနှုန်းများကို ဖြည့်ဆည်းပေးရန် အတွက် လိုအပ်သော hardware အရင်းအမြစ်များ အထောက်အကူပေးပါသည်။
- Software တီထွင်ဆန်းသစ်မှု - Huawei DevCloud သည် လုပ်ငန်းစုကြီးများမှ ရယူစုဆောင်းထားသည့် တိုးတက်မှု အတွေ့အကြုံများကို Huawei Cloud ပေါ်တွင်မျှဝေထားပြီး Tool များ၊ လုပ်ဆောင်နိုင်စွမ်းများ နှင့် ဝန်ဆောင်မှုနည်းလမ်းများ ကို လုပ်ဆောင်ပေးနိုင်ပါသည်။
- Data ဆန်းသစ်တီထွင်မှု - လုပ်ငန်းစုကြီးများအတွက် အသိဥာဏ်ရှိသောကမ္ဘာတစ်ခု ဖန်တီးရန် data ဆန်းသစ်တီထွင်မှု ကို Huawei Cloud enterprise intelligence (EI) ဝန်ဆောင်မှုများ က အကူအညီပေးပါသည်။ Huawei Cloud သည် deep learning၊ graph analysis၊ နှင့် search တို့ကဲ့သို့သော platform ဝန်ဆောင်မှုများသာမက image tagging၊ intelligent audits၊ graph rebuilding၊ Optical Character Recognition (OCR) ကိုအသုံးပြုထားသော automated handling of customs declarations နှင့် ပိုမိုတိုးတက်ကောင်းမွန်သော လုပ်ငန်းစုကြီးများဖြစ်အောင် ပြုလုပ်ပေးနိုင်သော intelligent packing ကဲ့သို့သော AI ဝန်ဆောင်မှုများ ကို ပါ ဆောင်ရွက်ပေးပါသည်။ တည်ဆောက်ဖြန့်ကျက်ထားပြီးသော IT ဖွဲ့စည်းပုံစနစ် တစ်ခုအတွက် လုပ်ငန်းသုံးအဆင့်စံချိန်စံနှုန်းများကို ပြည့်မှီရန် ဖြန့်ကျက်ထားပြီးသော Online Analytical Processing (OLAP) enterprise data warehouse LibrA၊ ဖြန့်ကျက်ထားပြီးသော Online Transaction Processing (OLTP) enterprise database Derecho နှင့် ဖြန့်ကျက်ထားပြီးသော MySQL database Taurus တို့ပါဝင်နေသည့် Huawei Cloud ပေါ်ရှိ ဖြန့်ကျက်ထားပြီးသည့် လုံခြုံစိတ်ချယုံကြည်ရသော database ဝန်ဆောင်မှု ၃ ခုကို Huawei မှ မိတ်ဆက်ပေးခဲ့ပါသည်။
- Connection ဆန်းသစ်တီထွင်မှု - Huawei Cloud ၏ Internet of Things (IoT) platform သည် လုံခြုံစိတ်ချရသော connection တွင်ပါဝင်သည့် အချက်အလက်များဖြစ်သည့် SIM card စီမံခန့်ခွဲမှု၊ device စီမံခန့်ခွဲမှု နှင့် application enablement layer တို့အပြင် cross-industry ဂေဟစနစ်နှင့် easy integeration တို့ပါဝင်သည့် full-stack platform တစ်ခုဖြစ်ပါသည်။ ယခုplatformသည် ပုံစံငယ်များ ကို တစ်စုတစ်ဝေးတည်း ပြုလုပ်ပေးထားသည့် ကျယ်ပြန့်သည့်ရောင်စဉ်တန်းတစ်ခု ကို ပေးထားပါသောကြောင့် IoT နှင့် Internet of Vehicles (IoV) ဖြစ်စဉ်များ ဖြင့် ပိုမိုကိုက်ညီလိုက်ဖက်ပါသည်။
- ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်တီထွင်မှု - Huawei Cloud သည် FusionCloud Stack solution ကို ထုတ်ဖော်ပြသခဲ့ပြီး ၉၉.၉၉၉၉ ရာခိုင်နှုန်း စိတ်ချယုံကြည်မှုရှိသော လုပ်ငန်းသုံး storage ဝန်ဆောင်မှုများကို မိတ်ဆက်ပေးခဲ့ပါသည်။ Public cloud ၏ ပိုမိုချဲ့ထွင်ထားသော အပိုင်းတစ်ခုအဖြစ် Fusion Cloud Stack ကို လုပ်ငန်းစုကြီးများ၏ data centre များတွင် ပြောင်းရွှေ့အသုံးပြုနိုင်ပါသည်။ အကယ်၍ public cloud ကို ချိတ်ဆက်ထားသော ကွန်ရက် ပြတ်တောက်သွားလျှင် local system မှ ယင်းလုပ်ငန်းများကို ဆက်လက်၍ ဝန်ဆောင်မှုပြုပေးမည်ဖြစ်ပါသည်။ ယခု solution သည် public cloudကို ပုံမှန်အသုံးပြုသူတစ်ယောက်၏ အတွေ့အကြုံ၊ ပိုမိုစိတ်ချလုံခြုံသော data စွမ်းအား၊ အသုံးမပြုနိုင်သောအခြေအနေများ လျှော့ချပေးခြင်း နှင့် လုပ်ငန်းစုကြီးများ မှ စိတ်ချလုံခြုံစွာ cloud တည်နေရာပြောင်းရွှေ့ရာတွင် အကူအညီပေးနေသည့် zero local maintenance တို့ကို ထိန်းသိမ်းပေးပါသည်။
- Hybrid cloud ဆန်းသစ်တီထွင်မှု - The FusionBridge hybrid cloud solution အသွင်တူသော သို့မဟုတ် အသွင်မတူသော hybrid cloud ကို အကောင်အထည်ဖော် ဖန်တီးရာတွင်အသုံးပြုသည့် ဆန်းသစ်တီထွင်ထားသော injection cascading၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့်အတူ OpenStack cloud platform ပေါ်တွင် အခြေခံထားပါသည်။ ယင်း solution သည် HyperContainer ကိုအသုံးပြုထားသော ခွဲခြား၍မရနိုင်သည့် cross-cloud ဝန်ဆောင်မှု ပုံရိပ်၊ cross-cloud Overlay network automation နှင့် ပေါင်းစပ်ထားသော Vapp deployment ဝန်ဆောင်မှု တို့ဖြင့် customer ဝန်ဆောင်မှုများ ၏ လိုအပ်ချက်များကို တိုးချဲ့ပေးခြင်း နှင့် ဖြန့်ကျက်ထားသော cross-cloud ရွှေ့ပြောင်းမှုကို လွယ်ကူစွာ အကောင်အထည်ဖော်ပေးပါသည်။ Fusion Bridge သည် customer များ၏ လုပ်ငန်းဝန် ကိုလျော့ချရန် နှင့် cross-cloud management ကို ရိုးရှင်းစေဖို့ အကူအညီပေးရန်အတွက် Graphical User Interface (GUI) သို့မဟုတ် Operation and Management (O&M) portal တို့ကိုလည်း ထောက်ပံ့ပေးပါသည်။
Cloud 2.0 ၏ Era တွင် cloud computing၊ big data၊ AI နှင့် IoT တို့ကဲ့သို့ နည်းပညာများသည် data အသုံးပြုမှုနှင့် ကဏ္ဍစုံမှ လုပ်ငန်းစုကြီးများ၏ ဖြစ်နိုင်ချေရှိသည့် ဆန်းသစ်တီထွင်မှု များကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။ Huawei Cloud သည် ရှုပ်ထွေးသောအခြေအနေ တိုးလာသည့်အလျောက် customer ၏ လိုအပ်များကို ဖြည့်ဆည်းပေးရန်အတွက် မတူညီသည့် cloud၊ big data နှင့် AI ဝန်ဆောင်မှုများကို ထောက်ပံ့ပေးရန် မိတ်ဖက်များ နှင့် အလုပ် အတူလုပ်ကိုင်လျက်ရှိပါသည်။
“သိပ္ပံနဲ့နည်းပညာဟာ ပင်မစွမ်းဆောင်နိုင်တဲ့ အင်အားများဖြစ်တယ် ဆိုတဲ့အခြေခံ အချက်ကိုလက်ကိုင်စွဲထားတဲ့ ICBC ဟာ future-oriented smart bank ၏ တိကျသေချာမှုကို သတ်မှတ်ရာတွင် ကျွမ်းကျင်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အထူးဂရုပြုပြီးဖြစ်သည့်အပြင် တီထွင်ဆန်းသစ်ထားသည့် သိပ္ပံစမ်းသပ်ခန်း အမြောက်အမြား ကိုလည်း တည်ဆောက်ပြီးဖြစ်ပါသည်။” ဟု ICBC ၏ Software Development Center နှင့်အတူလက်တွဲလုပ်ကိုင်နေသူ Wang Xiaoping က ပြောကြားခဲ့ပါသည်။ “ICBC ၏ အရေးကြီးသောလုပ်ငန်းတူမိတ်ဖက်များ ထဲမှ တစ်ယောက်ဖြစ်တဲ့ Huawei ဟာဆိုရင် ICBC နဲ့အတူ ပေါင်းစပ်ဖန်တီးထားသော ဆန်းသစ်တီထွင်မှုများ ကို ပြုလုပ်ပြီး ICBC ၏ မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ big data platform ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကြီးမားတဲ့အထောက်အပံ့ကိုလည်း ပေးမှာဖြစ်တဲ့အတွက် customer marketing၊ risk control၊ customer service၊ နဲ့ operating management တို့လိုများပြားတဲ့လုပ်ငန်းတွေကိုပိုပြီးကောင်းမွန်တဲ့ ဝန်ဆောင်မှုကိုပေးနိုင်မှာပဲဖြစ်ပါတယ်။” ဟု ဆိုပါသည်။
Dongfeng Peugeot Citroen Automobile ကုမ္ပဏီ၏ Product Planning မှ ဒုတိယဥက္ကဌဖြစ်သူ Tang Teng က ၎င်းတို့၏ "5A+" နည်းဗျူဟာအသစ်နှင့် mobililty ဝန်ဆောင်မှုများအဖြစ်သို့ အသွင်ပြောင်းလဲသွားသော အဓိကကျသည့် ဝန်ဆောင်မှုများ၏အစီအစဉ်ပုံစံ ကို မိတ်ဆက်ပေးခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် Dongfeng Peugeot Citroen Automobile သည် social ride sharing၊ car sharing နှင့် infotainment တို့သာမက fleet management mobility ကဲ့သို့သောဝန်ဆောင်မှု အများအပြား ကို စတင်မိတ်ဆက်ပေးရန် နှင့် ICT Integerated IoV platform ကိုတည်ဆောက်ရန် အတွက် သတင်းအချက်အလက်နည်းပညာကဏ္ဍ နှင့် အင်တာနက်နယ်ပယ်တွင် ဦးဆောင်နေသောလုပ်ငန်းမိတ်ဖက်တို့နှင့် အတူလက်တွဲ လုပ်ဆောင်သွား မည်ဖြစ်ပါသည်။
Cloud computing နှင့်ပတ်သက်သည့် ၁၀နှစ်ကျော်အတွေ့အကြုံရှိသည့် Huawei သည် စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော နည်းပညာတိုးတက်နှင့်အတူ customer အရေအတွက်ပါ ကြီးထွားလာပါသည်။ Cloud ရုံးချုပ်ကို မတ်လ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်စဉ်ကတည်းက Huawei Cloud ၏ User base မှာ ၂၃၈ ရာခိုင်နှုန်းထိ တိုးမြှင့်လာသည်ကို တွေ့မြင်ခဲ့ရပြီး data warehouse ဝန်ဆောင်မှု၊ အဆင့်မြှင့်တင်ထားသော DDoS ဝန်ဆောင်မှုနှင့် CDN ဝန်ဆောင်မှုတို့အပါအဝင် cloud ဝန်ဆောင်မှုအသစ်ပေါင်း ၄၀ ခု ကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအချိန်တွင် Huawei တွင် cloud ဝန်ဆောင်မှုပေါင်း ၈၅ ခုထိ ရှိနေပြီ ဖြစ်ပါသည်။ တချိန်တည်းမှာပင် feature အသစ်ပေါင်း ၄,၅၀၀ ကျော်ကိုလည်း Huawei Cloud ထဲသို့ ထပ်မံပေါင်းထည့် ပြီးဖြစ်ပါသည်။ ဒီကနေ့မှာ Fortune Global ၅၀၀ စာရင်းတွင်ပါဝင်သော ကုမ္ပဏီ ၁၉၇ ခု နှင့် Fortune Global ၁၀၀ တွင် ပါဝင်သော ကုမ္ပဏီ ၄၅ ခုတို့သည် Huawei ကို ဒစ်ဂျစ်တယ်အသွင်ကူးမှု၏ မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။