ဒစ်ဂျစ်တယ်လူမှုအဖွဲ့အစည်းကို အားပေးမြှင့်တင်မည့် Gigaband City

ဓာတ်ပုံ- Smart Cities နှင့် e-Government ဆိုင်ရာ တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသ Forum များ
Smart city သည် အနာဂတ်မြို့တော်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဖြစ်ပြီး၊ ပြည်တွင်းဌာနများ၏ သတင်းအချက်အလက်စနစ်များ၊ ကျောင်းများ၊စာကြည့်တိုက်များ၊သယ်ယူပို့ဆောင်ရေးစနစ်များ ၊ဆေးရုံများ၊ လျှပ်စစ်စက်ရုံများ၊ ရေအထောက်အပံ့ကွန်ရက်များ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုများ၊ တရား ဥပဒေအာဏာတည်စေမှုများနှင့် အခြားသောလူထုအဖွဲ့အစည်းဆိုင်ရာ ဝန်ဆောင်မှုများ အပါအဝင် မြို့တော်ကို စီမံခန့်ခွဲရန်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)နှင့် Internet of things (IoT) တို့ကို ဘေးကင်းလုံခြုံသောပုံစံဖြင့် ပေါင်းစည်းမြှင့်တင်နိုင်ရန် မြို့ပြဖွံ့ဖြိုး တိုးတက်မှုအမြော်အမြင်တစ်ရပ်ဖြစ်သည့် ထိပ်တန်းမြို့တော်များ၏အချက်အခြာကျသော မဟာဗျူဟာ တစ်ခုလည်း ဖြစ်လာပါပြီ။ ICT က မြို့တော်၏အရာထမ်းများကို လူထုအဖွဲ့အစည်းများ၊ မြို့တော် အခြေခံအဆောက်အအုံများနှင့် တိုက်ရိုက်တုံ့လှယ်ဆက်ဆံနိုင်စေပြီးမြို့တော်အတွင်းဖြစ်ပျက်မှုများမြို့တော်၏အဆင့်ဆင့်ပြောင်းလဲတိုးတက်မှု အရည်အသွေး မြင့်မားလာစေနိုင်ပုံများကို စောင့်ကြည့်စစ်ဆေးနိုင်စေပါသည်။ Smart city ကိုပြီးမြောက် အကောင်အထည်ဖော်နိုင်မှု အဆင့်ဆင့်သည် မြို့တော်များ ယှဉ်ပြိုင်မှု၏ အချက်အခြာဖြစ်လာမည်မှာ သံသယ ဖြစ်ဖွယ်မရှိပါ။
Ultra-broadband သည် ICT အခြေပြု Smart City ၏ အခြေခံအုတ်မြစ်ဖြစ်လာ
Forumကျင်းပစဉ်ကာလအတွင်းထိပ်တန်းလုပ်ငန်းဦးဆောင်သူများက ဒစ်ဂျစ်တယ်အစိုးရနှင့် ဒစ်ဂျစ် တယ်အများပြည်သူပိုင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် Smart city များ၊ ဒစ်ဂျစ်တယ်လူမှုအဖွဲ့အစည်းနှင့် ဆန်းသစ်တီထွင်မှုများဆိုင်ရာ ရှုထောင့် အမြင်များ၊ အကြံဉာဏ်များကို ဝေမျှကြပါသည်။ Smart city ဖော်ဆောင်ရန် လိုအပ်ချက်များထဲမှ တစ်ခု ဖြစ်သော ultra-broadband ကွန်ရက်သည် ICT အထောက်အကူပြု smart city ၏ အခြေခံအုတ်မြစ် အဆောက်အအုံဖြစ်သည်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ယူကေ၊ စင်ကာပူနှင့် တရုတ်စသော ထိပ်တန်း နိုင်ငံများတွင် ultra-broadband ကို အမျိုးသားရေးမဟာဗျူဟာအဖြစ်အဆင့်မြှင့်တင်ထားကြပြီးဖြစ်ပါသည်။ထို့ကြောင့်ဒစ်ဂျစ်တယ်ခေတ်မြို့တော်တစ်ခု အဖြစ်ရည်မှန်းပါက မြို့တော်အဆင့် ultra-broadband strategy သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၏ ပထမဆုံးအဆင့်ဖြစ်သင့်ပါသည်။ Huawei ၏ အတွေ့အကြုံမျှဝေမှုများမှ smart city တစ်ခုအဖြစ် ဖြစ်မြောက်လာစေမည့် Gigaband City မဟာဗျူဟာကျင့်သုံးမှုများစွာကို တွေ့မြင်ကြရပါသည်။
Gigaband City က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အထောက်အကူပြု
ရှန်ကျန်း၊ စင်ကာပူ၊ ဟောင်ကောင်နှင့်အခြားသောထိပ်တန်းမြို့တော်များတွင် Gigaband City က ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးခြင်းဖြင့် မြို့တော်များ၏ဒစ်ဂျစ်တယ်အလားအလာများကို မြှင့် တင်ပေးခြင်း၊ စတင်ခါစလုပ်ငန်းအသစ်များအား စိတ်ကူးဉာဏ်သစ်များကွန့်မြူးရရှိစေရင်း ဒစ်ဂျစ်တယ် စွမ်းရည်များနှင့် အနာဂတ်အတွက် မှတ်ကျောက်တင်ခံနိုင်သည့် ဆက်သွယ်ရေးအခြေခံအဆောက်အ အုံများကို တိုးတက်ဖွံ့ဖြိုးအောင် တိုက်တွန်းအားပေးခြင်း၊လမ်းအလင်းရောင်ပေးသည့် smart street lighting ၊ HD CCTV ၊ ယာဉ်အသွားအလာစီမံခန့်ခွဲမှုစနစ်များနှင့် စာသင်ကျောင်းများ၏ e-learning အခွင့်အလမ်းများကဲ့သို့သော smart city ဆန်းသစ်ဆောင်ရွက်မှုများအတွက် လမ်းဖွင့်ပေးခြင်း တို့ကို လုပ်ဆောင်ပေးပြီး လုပ်ငန်းကြီးများနှင့်စီးပွားရေး တည်ဆောက်ပုံများကို ပုံဖော်နိုင်ရန်ကူ ညီပေးပါသည်။ နေအိမ်အားလုံး fiber broadband ရာနှုန်းပြည့်ရရှိသော စူးကျိုးတွင် ၂၀၁၁-၂၀၁၆ ကာလအတွင်း GDP တိုးတက်မှု ၆၀ ရာခိုင်နှုန်း၊ တစ်ဦးချင်းအသုံးပြုသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစုစုပေါင်း ၃၀ ရာခိုင်နှုန်း၊ အစိုးရလုပ်ငန်း ကိစ္စရပ်များအတွက် အချိန် ၉၀ ရာခိုင်နှုန်းသက်သာခြင်းတို့ ရရှိလာပါသည်။
Gigaband city တစ်ခုအဖြစ်ရောက်ရှိရန် အုပ်ချုပ်သူများအနေဖြင့် broadband တိုးတက်ဖွံ့ဖြိုးမှုကို အဓိကဦးတည်ချက်အဖြစ်ထားပြီး အမြင့်မားဆုံးဦးစားပေးဆောင်ရွက်သင့်ပါသည်။ ဒုတိယအနေဖြင့် Fiber စတင်ထိထိရောက်ရောက်အသုံးချစဉ်ကာလအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အတား အဆီးများကိုဖြေရှင်းပေးနိုင်သည့်အထောက်အကူပြုပေါ်လစီများလိုအပ်ပါသည်။ ဥပမာအားဖြင့် မြို့တော်အုပ်ချုပ်သူများသည် အခြေခံအဆောက်အအုံဆိုင်ရာ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ် ကို တိုးတက်အောင်ဆောင်ရွက်နိုင်ပြီး ဖြတ်လမ်းများရရှိနိုင်သည့်လုပ်ငန်းစဉ်ကို လွယ်ကူရိုးရှင်းအောင်ပြုလုပ်နိုင်ပါသည်။ အဆောက်အအုံသစ်များနှင့် Fiber ဆက်သွယ်မှုများအပါအဝင် ပြန်လည်မွမ်းမံ ပြင်ဆင်မှုစီမံချက်များကို သေချာအောင်ဆောင်ရွက်ခြင်း၊ ထင်ရှားသော Domain များနစ်နာမှုအတွက် ပြည့်စုံရှင်းလင်းသော စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်း၊ ကမ္ဘာတလွှားဝန်ဆောင်မှုဘဏ္ဍာငွေ များစတင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ထို့အပြင် သတင်းအချက်အ လက်ဆက်သွယ်ရေးနည်းပညာ အတွက် ပြည့်စုံကျယ်ပြန့်သော ဥပဒေမူဘောင်များ ရေးဆွဲပြဌာန်းနိုင်ပါသည်။ တတိယအနေဖြင့် ထိပ်တန်းမြို့တော်များ၏ အောင်မြင်မှုများအရ gigaband city ၏ broadband ဖြန့်ဝေမှုအတွက် operator များ သည် အကောင်းဆုံးကဏ္ဍတွင် ရှိနေသည့်အတွက် အစိုးရနှင့် telecom operator များကြား ပူးပေါင်း ဆောင်ရွက်မှုသည် အောင်မြင်မှု၏အခြေခံသော့ချက်ဖြစ်ပါသည်။
ဓာတ်ပုံ- Huawei Southern-East Aisa ၏ Director of broadband business ဖြစ်သူ Mr. Su Peng
Huawei Southern-East Aisa ၏ Director of broadband business ဖြစ်သူ Mr. Su Peng က “ကမ္ဘာလွှမ်းခြုံ broadband အဖြစ်ရောက်ရှိဖို့အတွက် မျှဝေပေးခြင်းက အရေးအပါဆုံးနည်းလမ်းတွေ ထဲက တစ်ခုဖြစ်ပါတယ်။ smart city တစ်ခုနဲ့ ပိုမိုကောင်းမွန်စွာချိတ်ဆက်မိတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ ဆောင်ရွက်တဲ့ခရီးလမ်းမှာ အစိုးရခေါင်းဆောင်သူတွေနဲ့ ကြား ဝင်ဆောင်ရွက်သူတွေအနေနဲ့ broadband ဖြန့်ဝေ မှုအရှိန်အဟုန်ကို တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။