ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei သည် Second-Phase 5G Technology R&D Test တွင် အမြင့်ဆုံးစွမ်းဆောင်မှုကို ရရှိ

2017.11.22

[ဘေဂျင်း၊တရုတ်၊ စက်တ င်ဘာ ၂၇၊ ၂၀၁၇ခုနှစ်] Huawei သည် IMT-2020 (5G) Promotion Groupက စီစဉ်ထားသည့် second phase of 5G technology R&D စမ်းသပ်မှုတစ်ခုလုံးကို ပြီးမြောက်စေသည့် ပထမဦးဆုံး ICT Solutions provider ဖြစ်ခဲ့ပါသည်။ စမ်းသပ်မှုကာလအတွင်းက ရလာခဲ့သည့် ယခုရလဒ်များကို PT/Expo China 2017 ပွဲတွင် ပြသထားခဲ့ပါသည်။

စမ်းသပ်မှုပြီးမြောက်သည်အထိ ဦးဆောင်နေခဲ့သည့် Huaweiနှင့် အသစ်တဖန် ထပ်ကာထပ်ကာ ဆည်းပူးခဲ့ခြင်း၏ ရလဒ်များသည် 5G technology R&D ဖြစ်စဉ်ကို အရှိန်မြှင့်ပြီး တရုတ်၏ 5G စမ်းသပ်မှု ဒုတိယအဆင့်ကို အထင်ကြီးလေးစားစရာ ကောင်းစွာဖြင့် အပြီးသတ်၍ကမ္ဘာလုံးဆိုင်ရာမှ  စုစည်းသတ်မှတ်ထား  သော အဆင့်များကို တစ်စုတစည်းတည်း ဖြစ်ပေါ်လာရန် ကူညီပေးပါသည်။

ဓာတ်ပုံ- Huawei က Beijing မြို့တော် Huairou ခရိုင်တွင် 5G နည်းပညာဆိုင်ရာ R&D စမ်းသပ်မှုများပြုလုပ်နေပုံ

Huawei သည် အကောင်းဆုံး Air Interface စမ်းသပ်မှုရလဒ်နဲ့ ဦးဆောင်နေသည့်  industry-leading dominance ကို စိတ်ချလုံခြုံစေမည့် အကောင်းဆုံး air interface စမ်းသပ်မှု ရလဒ် ကို ရရှိပိုင်ဆိုင်ခဲ့ပါသည်။  C-band ပေါ်တွင် 200 MHz bandwidth ကို အသုံးပြုခြင်းသည် ယခုdownlink cell အမြန်ဆုံးနှုန်းကို 32 Gbps ထိပိုမိုတိုးလာစေခဲ့ပါသည်။ Huawei မှ ယခုတီထွင်မှုဖြင့် 5G New Radio (NR) နည်းပညာအားလုံး ကို တစ်စုတစ်စည်းတည်းပေါင်းစပ်ရန် မျှော်လင့်ခဲ့ပါသည်။ ယင်းတွင် F-OFDM ၊ဖွဲ့စည်းပုံအသစ်၊ ကုတ်အသစ်( Polar Code ကဲ့သို့)၊ parameter set အသစ်များ၊ Massive MIMO နှင့် SCMA တို့ပါရှိကြပါသည်။ ဒုတိယအဆင့် စမ်းသပ်မှုအတွင်း အပြတ်အသတ် ဦးဆောင်နိုင်စွမ်းသည် နည်းပညာတီထွင်မှုတွင်  Huawei ၏ ခေတ်အမီဆုံးအားသားချက်ကို ထပ်မံ၍ ဖော်ပြလိုက်ခြင်းဖြစ်သည်။ 3GPP စံနှုန်းနှင့် ထပ်မံပေါင်းစပ်ထားပါသည့်

ယင်းပထမအဆင့် စမ်းသပ်မှုပေါ်တွင်အခြေခံပြီး ရရှိလာသည့် ယခုရလဒ်များပေါ်တွင် အခြေခံထားသော  အောင်မြင်သည့် verification of multiple core နည်းပညာများနှင့်အတူ ပေါင်းစပ်ထားပါသည်။  

5G အခြေံ core network နှင့် access network တို့သည် verification ကို ပထမဦးစွာ အောင်မြင်ခဲ့ပါသည်။ ဒုတိယအဆင့် စမ်းသပ်မှုတွင် Huawei သည် ပထမဆုံးအကြိမ်အဖြစ် telecom infrastructure တစ်စုံကို အသုံးပြုပြီး 5G NR မှ ကွန်ရက်များ ဆီသို့ တသီးတခြားဆီရှိနေသည့် end-to-end ကွန်ရက်အခွဲများ ကို ပံ့ပိုးခဲ့ပါသည်။ Network slicing သည် ultra-large bandwidth၊ high reliability၊ low latency နှင့် massive connections ပြုလုပ်ပေးနိုင်ပါသည်။ စမ်းသပ်မှုရလဒ်များသည် ITU က သတ်မှတ်ထားသည့်အတိုင်း များစွာသော vertical industries ၏ 5G လိုအပ်ချက်များထက်ပင် ပိုနေခဲ့ပါသည်။

ဘေဂျင်းမြို့တော် Huairou ခရိုင်က စမ်းသပ်နေရာတွင် 4K ဗီဒီယို၏ Channel ၁၀၀ ကျော်မှာ အနာဂတ် C-band eMBB အတွက် သာလွန်ကောင်းမွန်သည့် အတွေ့အကြုံကို ပြသထားသော vehicle-mounted mobile scenarios များတွင် ချောချောမွေ့မွေ့ထုတ်လွှင်နိုင်ခဲ့ပါသည်။ Huawei သည် စမ်းသပ်မှုအခြေအနေများ အတွင်း (vehicle platooning နှင့် emergency braking ကဲ့သို့သော) ကျော် ယုံကြည်စိတ်ချရမှု ၉၉.၉၉၉ ရာခိုင်နှုန်း ကျော်ရှိသည့် air interface ပေါ်တွင် the industry record of 0.3 ms one-way latency ကို မကြာသေးခင်က အဆင့်မြှင့်တင်ခဲ့ပါသည်။ Huawei အတွက် ယင်းအောင်မြင်မှုသည် မောင်း သူမဲ့ယဉ် မောင်းနှင်မှုတွင် အထင်ကရ တီထွင်ဖန်တီးမှုတစ်ခုအဖြစ် အသိအမှတ်ပြုပြီး 5G နည်းပညာများ တိုးတက်လာမှုကို သတိပြုမှုစေရန် ပိုမို၍အကူအညီ ပေးနေပါသည်။

ထို့အပြင် Huawei သည် 5G ecosystem ၏ maturity ကို အရှိန်မြှင့်ရန် industry interoperability စမ်းသပ်မှုများကို တိုးမြှင့်ရေးရန်အတွက် ကတိကဝတ်ပြုထားပါသည်။ဒုတိယအဆင့် စမ်းသစ်မှုအတွင်း Huawei သည် NTT DOCOMO နှင့် MediaTek တို့ကဲ့သို့သော upstream နှင့် downstream လုပ်ငန်းများနှင့် ပူးပေါင်းရာတွင် device-pipe interoperability စမ်းသပ်မှုကို ပထမဦးစွာ အောင်မြင်ခဲ့ပါသည်။ ယင်းသည် 5G commercial deployment အတွက် စွမ်းဆောင်နိုင်ရည်ကို ၂၀၂၀ မတိုင်ခင်အချိန်တွင် ဘက်ပေါင်းစုံ မှ တိုးတက်လာစေပါသည်။

Huawei သည်  မော်တော်ယာဉ်နှင့် Drones များကို မောင်းနှင်ခြင်း၊ holographic calls၊ smart manufacturingနှင့် အခြားအသုံးပြုရသည့် ကိစ္စများကို 5G အသုံးပြု၍အဝေးမှ ထိန်းချုပ်နိုင်ရန် vertical industry များနှင့် ပူးပေါင်းပါဝင်ထားသည့် 5G နည်းပညာ R&D စမ်းသပ်မှုအတွင်း စိတ်အားထက်သန်စွာ အဓိကကျသော ဝန်ဆောင်မှုများကို ရှာဖွေလျက်ရှိနေပါသည်။ 5G Mobile Edge Computing(MEC) ၏ ဒုတိယအဆင့် စမ်းသပ်မှုရလဒ်များ မှ 5G သည် ကျောင်းပုရဝုဏ်၊ အားကစားရုံ နှင့် ရုံးပတ်ဝန်းကျင် ကဲ့သို့ smart နည်းပညာသစ်များအသုံးပြုနိုင်ရန် operators ကို ထပ်မံကူညီပေးလိမ့်မည် ဆိုသည်ကို ပြသခဲ့ပါသည်။

China Academy of Information and Communications Technology (CAICT) နှင့် IMT-2020 (5G) Promotion Group ၏ Deputy Director ဖြစ်သူ Wang Zhiqin က “ Global unified 5G စံနှုန်း များအောက်မှာ IMT-2020(5G) Promotion Group နဲ့ Huawei က ရင်းနှီးပူးပေါင်းမှုအတွက် စေ့စပ်ညှိနှိုင်းနေပါတယ်။ ဒုတိယအဆင့် စမ်းသပ်မှုအတွင်းမှာ ဒီပူးပေါင်းဆောင်ရွက်ချက်က NR နဲ့ နည်းပညာကွန်ရက်  ဖြေရှင်းချက်တွေပါတဲ့ R&D နှင့် Test နှစ်ခုလုံးကို အောင်မြင်မှုတွေ အများကြီး ဖြစ်လာစေပါတယ်။ နောက်ထပ်စမ်းသပ်မှုတွေကလည်း ပေါင်းစည်းထားတဲ့ 5G စံနှုန်းပုံစံကို ပူးပေါင်းအရှိန်မြှင့်ပေးရင်း 5G နည်းပညာ တီထွင်မှုကို ဖွံဖြိုးတိုးတက်အောင် မြှင့်တင်ရာမှာလည်း ယုံကြည်ချက်ရှိရှိ ပါဝင်ကူညီထားပါတယ်” ဟုအထူးအလေးပေး ပြောကြားခဲ့ပါသည်။

Huawei Fellow နှင့် Wireless CTO ဖြစ်သူ ဒေါက်တာ Tong Wen က “5G ဖွံဖြိုးတိုးတက်လာတဲ့    အတော်အတွင်း Huawei ရဲ့ ဦးဆောင်နိုင်စွမ်းကဏ္ဍမှာ ထူးခြားကောင်းမွန်တဲ့ လုပ်ဆောက်ချက်တွေ က အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ Huawei က Industry-leading စမ်းသပ်မှုရလဒ်ကို သတ်မှတ်ထားတဲ့ cell throughput အတွင်း ထုတ်လုပ်နိုင်ရုံမကဘဲ လိုက်လျောညီထွေရှိတဲ့ 5G စံနှုန်းတွေနဲ့ မြှင့်တင်ပေးပြီး  E2E industry chain ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုလည်း အခြေခိုင်စေခဲ့ပါတယ်။ ဘုတ်အဖွဲ့ရဲ့ အတွေးအခေါ်တွေနဲ့ နိုင်ငံတကာအမြင်တွေရှိတဲ့ Huawei က မတူညီတဲ့ နယ်ပယ် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်အောင် လုပ်ဆောင်ရင်း 5G နည်းပညာတီထွင်မှုမှာ ဆက်တိုက်ဦးဆောင်ပြီး 5G စံနှုန်းတွေနဲ့ ဗိသုကာပြိုင်ဆိုင်မှုကိုလည်း ထောက်ပံ့ပါလိမ့်မယ်။ အဲဒါက 5G စံနှုန်းတွေပုံစံကို အရှိန်မြှင့်ပေးပါလိမ့်မယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ coordinated spectrum ဂေဟစနစ် တစ်ခု ကို ဖန်တီပေးပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

တရုတ်၏ 5G နည်းပညာ R&D စမ်းသပ်မှုလုပ်ငန်းစဉ်များမှာ ၂၀၁၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များတွင် Veritication အဆင့် ၃ ဆင့်၊ဦးစွာရည်ရွယ်ထားသည့် 5G core နည်းပညာများ ထို့နောက်တွင် 5G နည်းပညာဖြေရှင်းချက်များ၊ နောက်ဆုံးအနေဖြင့် 5G စနစ် တစ်ခုလုံး ပါဝင်ပါသည်။ ပြီးခဲ့သည့် ၂နှစ်ကျော်က Huawei သည် ပထမနှင့် ဒုတိယ အဆင့် စမ်းသပ်ချက်နှစ်ခုလုံးတွင် အထင်ကရ  လုပ်ဆောင်မှုများကို အောင်မြင်ခဲ့ပြီးဖြစ်သည့်အပြင်  ဆက်လက်လုပ်ဆောင်မည့် ကြိုးစားမှုများ က ၂၀၂၀ မတိုင်ခင်တွင် စီးပွားရေးလုပ်ငန်းသုံး 5G deployment အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် အသုံးပြုမည့် 5G system verification ပေါ်တွင် အထူးအာရုံစိုက်လိမ့်မည် ဖြစ်ပါသည်။